【 နိုင်ငံတကာဆောင်းပါး 】 ရှီနှင့်ထရမ့်တွေ့သောအခါ အကြီးအကျယ်ပြောင်းလဲနိုင်သည်

 【  နိုင်ငံတကာဆောင်းပါး 】 ရှီနှင့်ထရမ့်တွေ့သောအခါ အကြီးအကျယ်ပြောင်းလဲနိုင်သည်

ထရမ့်နှင့် ရှီကျင့်ဖျင်တို့ ဆွေးနွေးရန် ထိုင်သည့်အချိန်အထိ ဘေ့ဂျင်းနှင့်ဝါရှင်တန်တို့သည် မိမိတို့၏ ဝှက်ဖဲများကို တဖက်ကမမြင်အောင် ဖုန်းကွယ်ထားလိုမည်ဖြစ်သောကြောင့် အိုဆာကာတွင် ကျင်းပ သည့် စက်မှုထိပ်သီး နိုင်ငံ ၂၀ အစည်းအဝေး၏ သီးခြားအစည်းအဝေးတွင် အများမျှောင်လင့်နေသော သမ္မတနှစ်ဦးအကြား တွေ့ဆုံမှုသည် မည်သို့မည်ပုံဖြစ်လာမည်ကို အတိအကျပြောရန် ခက်ခဲနေဆဲဖြစ်သည်။
 
နှစ်ဖက်စလုံးသည် အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပြီး တတ်နိုင်သမျှအကောင်းဆုံး ရလဒ်ကို ရှာဖွေရန် ရည်ရွယ်ထားပုံရသည်။ ၎င်းတို့၏ပြင်းထန်သော စကားအသီးသီးအစား နှစ်ဖက်အနေဖြင့် တစုံတရာသော အတိုင်းအတာအထိ တိုက်ခိုက်မှုရပ်စဲရန်လိုသည်။ နှစ်ဖက်စလုံးမှာ ထိခိုက်မှုများကို စတင်ခံစားနေရပြီဖြစ်သည်။ အစိုးရနှစ်ခုအကြား ထင်ရှား ကြီးမားသောကွဲလွဲမှုကို ပြန်လည် သင့်မြတ်အောင်လုပ်ဆောင်ခြင်း သို့မဟုတ် အပြီးအပြတ်သဘောတူညီမှုရရှိရေးမှာ အချိန်လိုမည်ဖြစ် သည်။

ထို့ကြောင့် နှစ်ဖက်စလုံးတွင် အရန်အစီအစဉ်ရှိနေမည်ဖြစ်သည်။ “တရုတ်နိုင်ငံနဲ့ ပတ်သက် တဲ့ ကျနော့်ရဲ့ အရန်အစီအစဉ်ကတော့ တလကို ဘီလျှံနဲ့ဘီလျှံနဲ့ချီပြီးယူပြီး သူတို့နဲ့စီးပွားရေးလျှော့ လုပ်ဖို့ပဲ” ဟု ထရမ့်က ဗုဒ္ဓဟူးနေ့ပြောသည်။ ထိုအချက်မှာ လက်တွေ့တွင်မဖြစ်နိုင်ပေ။ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် တရားဝင်သတင်းဌာကဖေါ်ပြသည့်အတိုင်း ဘေ့ဂျင်းသည် အဆုံးတိုင် တိုက်ပွဲဝင် သွားမည်ဖြစ်သည်။ ထိုသို့သော ဇာတ်ဝင်ခန်းသည် နှစ်ဖက်လုံးအတွက် အကျိုးအမြတ် နည်းသွား မည်ဖြစ်သောကြောင့် နှစ်ဖက်နစ်နာမည့်အခြေအနေဖြစ်သည်။

လာမည့်အစည်းအဝေးတွင် လက်ရှိအကျပ်အတည်းတွင် ဖေါက်ထွက်နိုင်မည်ဟု ကမ္ဘာ့ရင်းနှီးမြှုပ်နှံသူ များကမျှော်လင့်နေကြသည်။  တရုတ်နှင့်အမေရိကန်တို့သည် ခြိမ်းခြောက်ထားသော အခွန် တိုးမြှင့် မှုကို ရှောင်ရှားရန် ပဏာမ သဘောတူညီချက်ရရှိပြီးဖြစ်သည်ဟူသည့် အတည်မပြုရသေးသည့် သတင်းများကြောင့် အာရှစတော့ဈေးကွက်မှ ကြာသပတေးနေ့တွင် တက်သွားခဲ့သည်။

 အချို့မျှော်လင့်ထားသကဲ့သို့ တိုက်ခိုက်မှုရပ်စဲလာပါက ဂုဏ်ယူအောင်ခံထိုက်သောကိစ္စပင်ဖြစ်သည်။ တင်းမာမှုမြင့်မားသောကြောင့် ကုန်သွယ်ရေးပွတ်တိုက်မှုများသည် ပိုမိုကျယ်ပြန်အန္တရာယ်များသော ထိပ်တိုက်တွေ့မှုအတွက် လုံခြုံရေးစနက်တံဖြစ်နေသည်။ ထိုသို့သော ထိပ်တိုက်တွေ့မှုတွင် ကမ္ဘာ့အကြီး မားဆုံး စီးပွားရေးကြီးနှစ်ခိုတို့ တဖက်နှင့်တဖက်တိုက်ခိုက်နေမည်သာမက ကမ္ဘာ့ဈေး ကွက်နှင့် နိုင်ငံတကာအသိုင်းအဝန်းလည်း ပြိုကွဲသွားစေမည့် ထိပ်တိုက်တွေ့မှုဖြစ်သည်။

ဟွာဝေးအပေါ် အမေရိကန်အရေးယူမှု၏ သက်ရောက်မှုနှင့်ပတ်သက်ပြီ အမေရိကန် ဘာဏ္ဍာရေး ဝန်ကြီဟောင်း ဟင်နရီ ပေါလ်ဆန်က ဖိုင်နန်ရှယ်တိုင်းတွင်ရေးသားသည့် ဆောင်းပါးတွင် ပိုပိုသာသာ တွက်ထားပုံရသည်။ ဟွာဝေးသည် ပြည်တွင်းနှင့်ပြည်ပတွင် 5G ကွန်ရက်များ ရရှိနေသောကြောင့် ထိုအရေးယူမှုများသည် ဟွာဝေးအတွက် ဟေဒဏ်ချခံရခြင်းမဟုတ်ပေ။
 
  “စီးပွားရေးသံမဏိကန့်လန့်ကာကျလာမယ့် အလားအလာကို ကျနော်တို့ရင်ဆိုင်နေပြီ” ဟု သူသတိပေးသောအခါတွင်မူ သူသည်အလွန်အရေးပါသော မှတ်ချက်ကို ပေးခဲ့ခြင်းပင်ဖြစ်သည်။ နည်းပညာကို အစိတ်စိတ်အမွှာမွှာခွဲရန်နှင့် တရုတ်နှင့် ခွဲထုတ်ရန်ခြိမ်းခြောက်သည့် အမေရိကန် နည်းလမ်းသည် ပေါလ်ဆန်အကြံပြုသည့်အတိုင်း ကမ္ဘာ့နည်းပညာနှင့်စီးပွားရေးရှုခင်းကို ကွဲပြဲစေမည့် အန္တရာယ်ရှိပြီး အမေရိကန်အထီးကျန်စေကာ တီထွင်ဆန်းသစ်နိုင်သော အမေရိကန်စွမ်းရည် ထိခိုက်စေမည်ဖြစ်သည်။

သူ၏လေ့လာတွေ့ရှိချက်အတွက် ပိုမိုကျယ်ပြန့်သော ပရိသတ်လိုပြီး အထူးသဖြင့် ဘက်စုံ ကုန်သွယ်ရေး စစ်မွဲကို စိတ်လိုက်မာန်ပါ အားပေးနေသူများအကြားတွင် သူ၏အမြင်ကို သိစေရန် လိုသည်။ သို့သော် ပေါလ်ဆန်ပြောသည့်အတိုင်းပင် အန္တရာယ် ကျရောက်သွားမည်မှာ ကုန်သွယ်ရေး စစ်ထက်မကများစွာပိုမိုသောအ ရာဖြစ်သည်။ ထို့ကြောင့်ပင် ဆက်လက်သဘောထားကွဲနေသော် လည်း ဘေ့ဂျင်းနှင့် ဝါရှင်တန်တို့သည် လာမည် ထရမ်-ရှီအစည်းအဝေး အောင်မြင်ရေး အတွက် အတူလုပ်ဆောင်ရမည်ဖြစ်သည်။
 

(  Zawgyi  )

 ထရမ့္ႏွင့္ ရွီက်င့္ဖ်င္တို႔ ေဆြးေႏြးရန္ ထိုင္သည့္အခ်ိန္အထိ ေဘ့ဂ်င္းႏွင့္ဝါရွင္တန္တို႔သည္ မိမိတို႔၏ ဝွက္ဖဲမ်ားကို တဖက္ကမျမင္ေအာင္ ဖုန္းကြယ္ထားလိုမည္ျဖစ္ေသာေၾကာင့္ အိုဆာကာတြင္ က်င္းပ သည့္ စက္မႈထိပ္သီး ႏိုင္ငံ ၂၀ အစည္းအေဝး၏ သီးျခားအစည္းအေဝးတြင္ အမ်ားေမွ်ာင္လင့္ေနေသာ သမၼတႏွစ္ဦးအၾကား ေတြ႕ဆုံမႈသည္ မည္သို႔မည္ပုံျဖစ္လာမည္ကို အတိအက်ေျပာရန္ ခက္ခဲေနဆဲျဖစ္သည္။
 
ႏွစ္ဖက္စလုံးသည္ အဆိုးဆုံးအတြက္လည္း ျပင္ဆင္ထားၿပီး တတ္ႏိုင္သမွ်အေကာင္းဆုံး ရလဒ္ကို ရွာေဖြရန္ ရည္႐ြယ္ထားပုံရသည္။ ၎တို႔၏ျပင္းထန္ေသာ စကားအသီးသီးအစား ႏွစ္ဖက္အေနျဖင့္ တစုံတရာေသာ အတိုင္းအတာအထိ တိုက္ခိုက္မႈရပ္စဲရန္လိုသည္။ ႏွစ္ဖက္စလုံးမွာ ထိခိုက္မႈမ်ားကို စတင္ခံစားေနရၿပီျဖစ္သည္။ အစိုးရႏွစ္ခုအၾကား ထင္ရွား ႀကီးမားေသာကြဲလြဲမႈကို ျပန္လည္ သင့္ျမတ္ေအာင္လုပ္ေဆာင္ျခင္း သို႔မဟုတ္ အၿပီးအျပတ္သေဘာတူညီမႈရရွိေရးမွာ အခ်ိန္လိုမည္ျဖစ္ သည္။

ထို႔ေၾကာင့္ ႏွစ္ဖက္စလုံးတြင္ အရန္အစီအစဥ္ရွိေနမည္ျဖစ္သည္။ “တ႐ုတ္ႏိုင္ငံနဲ႔ ပတ္သက္ တဲ့ က်ေနာ့္ရဲ႕ အရန္အစီအစဥ္ကေတာ့ တလကို ဘီလွ်ံနဲ႔ဘီလွ်ံနဲ႔ခ်ီၿပီးယူၿပီး သူတို႔နဲ႔စီးပြားေရးေလွ်ာ့ လုပ္ဖို႔ပဲ” ဟု ထရမ့္က ဗုဒၶဟူးေန႔ေျပာသည္။ ထိုအခ်က္မွာ လက္ေတြ႕တြင္မျဖစ္ႏိုင္ေပ။ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနႏွင့္ တရားဝင္သတင္းဌာကေဖၚျပသည့္အတိုင္း ေဘ့ဂ်င္းသည္ အဆုံးတိုင္ တိုက္ပြဲဝင္ သြားမည္ျဖစ္သည္။ ထိုသို႔ေသာ ဇာတ္ဝင္ခန္းသည္ ႏွစ္ဖက္လုံးအတြက္ အက်ိဳးအျမတ္ နည္းသြား မည္ျဖစ္ေသာေၾကာင့္ ႏွစ္ဖက္နစ္နာမည့္အေျခအေနျဖစ္သည္။

လာမည့္အစည္းအေဝးတြင္ လက္ရွိအက်ပ္အတည္းတြင္ ေဖါက္ထြက္ႏိုင္မည္ဟု ကမာၻ႔ရင္းႏွီးျမႇဳပ္ႏွံသူ မ်ားကေမွ်ာ္လင့္ေနၾကသည္။  တ႐ုတ္ႏွင့္အေမရိကန္တို႔သည္ ၿခိမ္းေျခာက္ထားေသာ အခြန္ တိုးျမႇင့္ မႈကို ေရွာင္ရွားရန္ ပဏာမ သေဘာတူညီခ်က္ရရွိၿပီးျဖစ္သည္ဟူသည့္ အတည္မျပဳရေသးသည့္ သတင္းမ်ားေၾကာင့္ အာရွစေတာ့ေဈးကြက္မွ ၾကာသပေတးေန႔တြင္ တက္သြားခဲ့သည္။

 အခ်ိဳ႕ေမွ်ာ္လင့္ထားသကဲ့သို႔ တိုက္ခိုက္မႈရပ္စဲလာပါက ဂုဏ္ယူေအာင္ခံထိုက္ေသာကိစၥပင္ျဖစ္သည္။ တင္းမာမႈျမင့္မားေသာေၾကာင့္ ကုန္သြယ္ေရးပြတ္တိုက္မႈမ်ားသည္ ပိုမိုက်ယ္ျပန္အႏၲရာယ္မ်ားေသာ ထိပ္တိုက္ေတြ႕မႈအတြက္ လုံၿခဳံေရးစနက္တံျဖစ္ေနသည္။ ထိုသို႔ေသာ ထိပ္တိုက္ေတြ႕မႈတြင္ ကမာၻ႔အႀကီး မားဆုံး စီးပြားေရးႀကီးႏွစ္ခိုတို႔ တဖက္ႏွင့္တဖက္တိုက္ခိုက္ေနမည္သာမက ကမာၻ႔ေဈး ကြက္ႏွင့္ ႏိုင္ငံတကာအသိုင္းအဝန္းလည္း ၿပိဳကြဲသြားေစမည့္ ထိပ္တိုက္ေတြ႕မႈျဖစ္သည္။

ဟြာေဝးအေပၚ အေမရိကန္အေရးယူမႈ၏ သက္ေရာက္မႈႏွင့္ပတ္သက္ၿပီ အေမရိကန္ ဘာ႑ာေရး ဝန္ႀကီေဟာင္း ဟင္နရီ ေပါလ္ဆန္က ဖိုင္နန္ရွယ္တိုင္းတြင္ေရးသားသည့္ ေဆာင္းပါးတြင္ ပိုပိုသာသာ တြက္ထားပုံရသည္။ ဟြာေဝးသည္ ျပည္တြင္းႏွင့္ျပည္ပတြင္ 5G ကြန္ရက္မ်ား ရရွိေနေသာေၾကာင့္ ထိုအေရးယူမႈမ်ားသည္ ဟြာေဝးအတြက္ ေဟဒဏ္ခ်ခံရျခင္းမဟုတ္ေပ။
 
  “စီးပြားေရးသံမဏိကန႔္လန႔္ကာက်လာမယ့္ အလားအလာကို က်ေနာ္တို႔ရင္ဆိုင္ေနၿပီ” ဟု သူသတိေပးေသာအခါတြင္မူ သူသည္အလြန္အေရးပါေသာ မွတ္ခ်က္ကို ေပးခဲ့ျခင္းပင္ျဖစ္သည္။ နည္းပညာကို အစိတ္စိတ္အမႊာမႊာခြဲရန္ႏွင့္ တ႐ုတ္ႏွင့္ ခြဲထုတ္ရန္ၿခိမ္းေျခာက္သည့္ အေမရိကန္ နည္းလမ္းသည္ ေပါလ္ဆန္အႀကံျပဳသည့္အတိုင္း ကမာၻ႔နည္းပညာႏွင့္စီးပြားေရးရႈခင္းကို ကြဲၿပဲေစမည့္ အႏၲရာယ္ရွိၿပီး အေမရိကန္အထီးက်န္ေစကာ တီထြင္ဆန္းသစ္ႏိုင္ေသာ အေမရိကန္စြမ္းရည္ ထိခိုက္ေစမည္ျဖစ္သည္။

သူ၏ေလ့လာေတြ႕ရွိခ်က္အတြက္ ပိုမိုက်ယ္ျပန႔္ေသာ ပရိသတ္လိုၿပီး အထူးသျဖင့္ ဘက္စုံ ကုန္သြယ္ေရး စစ္မြဲကို စိတ္လိုက္မာန္ပါ အားေပးေနသူမ်ားအၾကားတြင္ သူ၏အျမင္ကို သိေစရန္ လိုသည္။ သို႔ေသာ္ ေပါလ္ဆန္ေျပာသည့္အတိုင္းပင္ အႏၲရာယ္ က်ေရာက္သြားမည္မွာ ကုန္သြယ္ေရး စစ္ထက္မကမ်ားစြာပိုမိုေသာအ ရာျဖစ္သည္။ ထို႔ေၾကာင့္ပင္ ဆက္လက္သေဘာထားကြဲေနေသာ္ လည္း ေဘ့ဂ်င္းႏွင့္ ဝါရွင္တန္တို႔သည္ လာမည္ ထရမ္-ရွီအစည္းအေဝး ေအာင္ျမင္ေရး အတြက္ အတူလုပ္ေဆာင္ရမည္ျဖစ္သည္။