【 နိုင်ငံတကာ ဆောင်းပါး 】တရုတ်ကုန်ထုတ်လုပ်ငန်းများ ဇန်နဝါရီလအတွင်းတည်ငြိမ်နေ

【  နိုင်ငံတကာ ဆောင်းပါး 】တရုတ်ကုန်ထုတ်လုပ်ငန်းများ ဇန်နဝါရီလအတွင်းတည်ငြိမ်နေ

ကုန်ထုတ်လုပ်ရေးကဏ္ဍ အခြေအနေကိုပြသော PMI  အညွန်းကိန်းသည် ကြားနေ ကျယ်လာခြင်း/ကျဉ်းလာခြင်းကန့်သတ်ချက် အမှတ် ၅၀ အတွင်းတွင်သာ ရှိနေသောကြောင့် တရုတ်နိုင်ငံ ကုန်ထုတ်လုပ်ရေးကဏ္ဍမှ စက်ရုံလုပ်ငန်းဆောင်တာများသည် ဇန်နဝါရီလအတွင်း တည်ငြိမ်နေကြောင်း သောကြာနေ့က ရရှိသည့် တရားဝင် သတင်းအချက်အလက်များအရ သိရသည်။

ဇန်နဝါရီလအတွက် PMI အညွုန်းကိန်းသည် ဒီဇင်ဘာလက ၅၀.၂ ထက်အနည်းငယ်ကျသွားကြောင်း အမျိုးသားစာရင်းအင်းကောင်စီ (NBS)၏ အဆိုအရ သိရသည်။ ထိုသို့ကျဆင်းရခြင်း အကြောင်းရင်း မှာ စက်မှုလှုပ်ရှားမှုများနှေးကွေးသွားစေသည့် တရုတ်နှစ်သစ်ကူး အားလပ်ရက်ကြောင့် ကုန်ထုတ် လုပ်မှု နှေးကွေးသွားခြင်းကြောင့်လည်း တစိတ်တပိုင်းပါဝင်သည်။ ထုတ်လုပ်မှုအတွက် အညွှန်းကိန်း ခွဲသည် ကျယ်ပြန့်ဇုန်အတွင်းတွင်သာရှိနေသော်လည်း ဇန်နဝါရီတွင် ယခင်လကထက် ၁.၉ မှတ် ကျဆင်းပြီး ၅၁.၃ သို့ရောက်သွားသည်။

ထိုအားလပ်ရက်ကြောင့်ပင် စစ်တမ်းကောက်ယူခဲ့သော လုပ်ငန်းများ၏ ၁၇.၆ ရာခိုင်နှုန်းက လုပ်အား မလုံလောက်မှုအတွက် ညီးညူခဲ့ပြီး ယခင်လကထက် ၂.၁ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း NBS မှဝါရင့် စာရင်းအင်းပညာရှင် ကျောင်ချင်ဟာပြောသည်။

ဇန်နဝါရီလတွင် အမှာစာသစ်များအတွက် အညွှန်းကိန်းခွဲသည်  ဝ.၂ ရာခိုင်နှုန်းတက်လာပြီး ၅၁.၄ မှတ်တွင်ရောက်နေသောကြောင့် ကုန်ထုတ်လုပ်ရေးကဏ္ဍ၏ ဈေးကွက်ဝယ်လိုအား ဆက်လက် ကျယ်ပြန့်နေကြောင်း NBS ကိန်းဂဏန်များအရသိရသည်။ ဇန်နဝါရီလတွင် အဆင့်မြင့်နည်းပညာ ကုန်ထုတ်လုပ်ငန်းများ၊ ကိရိယာ ထုတ်လုပ်ရေလုပ်ငန်းများနှင့် လူသုံးကုန်ပစ္စည်းများ အတွက် PMI အညွုန်းကိန်းသည် အမှတ် ၅၀ အထက်တွင်ရှိနေပြီး စက်မှုအသွင်ကူးပြောင်းခြင်းနှင့် အဆင့်မြှင့် တင်ခြင်း အရှိန်မြင့်မားနေကြောင်းပြသနေသည်ဟု ကျောင်ကပြောသည်။
 
တရုတ်နိုင်ငံ၏  စုစုပေါင်း PMI အညွုန်းကိန်း ဒီဇင်ဘာလက ၅၃.၄ မှတ်ရှိရာမှ ဇန်နဝါရီလတွင် ၅၃ မှတ်အထိကျဆင်းပြီး တရုတ်ကုမဏီများ၏ စုစုပေါင်းထုတ်လုပ်မှုတွင် ကျယ်ပြန့်မှု နှေးကွေးလာကြောင်း သောကြာနေ့ ကိန်းဂဏန်းများက ပြသနေသည်။ ကုန်ထုတ်လုပ်ငန်း မဟုတ်သော လုပ်ငန်း များအတွက် တရုတ်နိုင်ငံ၏ PMIသည် ဒီဇင်ဘာလတွင် ၅၃.၅ မှတ်ရှိရာမှ ဇန်နဝါရီလတွင် ၅၄.၁ မှတ်သို့တက်လာကြောင်း NBS အချက်အလက်များက ပြသနေသည်။ ဝန်ဆောင်မှုကဏ္ဍမှ စီးပွားရေး လုပ်ငန်းများအတွက် ထိုအညွုန်းကိန်းခွဲသည် ယခုလတွင် ၅၃.၁ မှတ်သို့ရောက်ပြီး ဒီဇင်ဘာလက ၅၃ မှတ်ထက်မြင့်မားနေသည်။

ကုန်ထုတ်လုပ်သောကဏ္ဍမဟုတ်သည့် စီးပွားရေးမျှော်မှန်းချက်များအတွက် အညွှန်းကိန်းခွဲသည် လည်း ထိုကဏ္ဍမှ လုပ်ငန်းများသည် ဈေးကွက်အလားအလာနှင့် ပတ်သက်ပြီး အကောင်းမြင်ကြသောကြောင့် ဇန်နဝါရီလတွင် ၅၉.၆ မှတ်သို့ တက်လာသည်။ သို့သော် PMI စစ်တမ်းကို နိုဗယ် ကိုရိုနာဗိုင်းရပ် (2019-nCoV)  ကူးစက်မှုကြောင့် ကုန်ထုတ်လုပ်ငန်းများကို ထိခိုက်သည့်ဇန်နဝါရီလ ၂၀ ရက်နေ့မတိုင်မီ ကောက်ခံခဲ့သောကြောင့် အနာဂါတ်တိုးတက်မှု ဆက်လက်လေ့လာရန် လိုကြောင်း ကျောင်ပြောသည်။

ကြာသပတေးနေ့ကုန်ဆုံးသောအခါ ပြည်နယ်အဆင့် ဒေသ ၃၁ ခုနှင့် ရှင်ကျောင် ထုတ်လုပ်ရေးနှင့် ဆောင်လုပ်ရေး ကော်ပိုရေးရှင်းတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်မှု ၉၆၉၂ ရှိကြောင်းတရုတ် ကျန်းမာရေးအာဏာပိုင်များ၏ အဆိုအရ သိရသည်။

နိုဗယ်ကိုရိုနာဗိုင်းရပ် ကူးစက်သောသောကြောင့် ရောဂါပျံ့နှံ့မှု ဆက်လက်မဖြစ်ပေါ်စေရန် တရုတ်နှစ်သစ်ကူး အားလပ်ရက်ကို တိုးမြှင့်ပြီး ပြည်သူများကို အိမ်တွင်းတွင်သာနေရန် အကြံပြုထား သဖြင့် ထုတ်လုပ်မှုနှင့် စားသုံးမှု ကျဆင်းပြီး အနာဂါတ် အကျဖက်ဖိအားကို ဘောဂဗေဒပညာရှင်များ စိုးရိမ်ကြသည်။

တရုတ်နိုင်ငံသည် နိုဗယ်ကိုရိုနာဗိုင်းရပ်ထိန်းချုပ်ရေးတွင် အရေးပါသော အချိန်ကို ဖြတ်သန်းနေသောကြောင့် ယခင်မကြုံဖူးသည့် ရှုပ်ထွေးသော အခြေအနေတွင်း စီးပွားရေးတိုးတက်မှု တည်ငြိမ်စေရန် အားထုတ်မှုများပြုလုပ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ ဖွံ့ဖြိုးရေး သုတေသနဌာနမှ သုတေသီ ကျောင်လီချင်ပြောသည်။ ယခုဖြစ်ပွားနေသော ရောဂါကူးစက်မှုသည် စက်ရုံ လုပ်ငန်း များနှင့် ဈေးကွက်ဝယ်လိုအားကို ကာလတိုအတွင်း ထိခိုက်နိုင်ပြီး ကူးစက်ရောဂါဖြစ်ပွားမှု ပြီးစီးသော အခါ ထိုကာလအတွင်း စုစည်းထားသော ဝယ်လိုအားသည် အပြည့်အဝပြန်လည်ဖြစ်လာပြီး စီးပွားရေး သည် အလျှင်အမြန်ပြန်တက်လာမည်ဟု တရုတ်ကုန်စည်ပို့ဆောင်မှု သတင်းအချက် အလက် ဌာနမှ သုတေသီ ဝန်ထောင်ပြောသည်။

တရုတ်နိုင်ငံ၏ စုစုပေါင်း အမျိုးသား ထုတ်လုပ်မှုသည် ၂၀၁၉ ခုနှစ်တွင် ယခင်နှစ်ကထက် ၆.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၉၉.၀၉ ထရီလျှံယွမ် (အမေရိကန်ဒေါ်လာ ၁၄.၂၈ ထရီလျှံ) တိုးတက်ပြီး အစိုးရ၏နှစ်စဉ် ရည်မှန်ထားသည့် ၆ မှ ၆.၅ ရာခိုင်နှုန်းအတွင်းရှိနေသည်။ ဝန်ဆောင်မှုကဏ္ဍသည် စုစုပေါင်းစီးပွားရေး၏ ထက်ဝက်ကျော်ရှိနေကြောင်း ယခုလအစောပိုင်းထုတ်ပြန်သည့် တရားဝင် အချက် အလက်များအရ သိရသည်။

(  Zawgyi  )

 ကုန္ထုတ္လုပ္ေရးက႑ အေျခအေနကိုျပေသာ PMI  အၫြန္းကိန္းသည္ ၾကားေန က်ယ္လာျခင္း/က်ဥ္းလာျခင္းကန႔္သတ္ခ်က္ အမွတ္ ၅၀ အတြင္းတြင္သာ ရွိေနေသာေၾကာင့္ တ႐ုတ္ႏိုင္ငံ ကုန္ထုတ္လုပ္ေရးက႑မွ စက္႐ုံလုပ္ငန္းေဆာင္တာမ်ားသည္ ဇန္နဝါရီလအတြင္း တည္ၿငိမ္ေနေၾကာင္း ေသာၾကာေန႔က ရရွိသည့္ တရားဝင္ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

ဇန္နဝါရီလအတြက္ PMI အၫြဳန္းကိန္းသည္ ဒီဇင္ဘာလက ၅၀.၂ ထက္အနည္းငယ္က်သြားေၾကာင္း အမ်ိဳးသားစာရင္းအင္းေကာင္စီ (NBS)၏ အဆိုအရ သိရသည္။ ထိုသို႔က်ဆင္းရျခင္း အေၾကာင္းရင္း မွာ စက္မႈလႈပ္ရွားမႈမ်ားေႏွးေကြးသြားေစသည့္ တ႐ုတ္ႏွစ္သစ္ကူး အားလပ္ရက္ေၾကာင့္ ကုန္ထုတ္ လုပ္မႈ ေႏွးေကြးသြားျခင္းေၾကာင့္လည္း တစိတ္တပိုင္းပါဝင္သည္။ ထုတ္လုပ္မႈအတြက္ အၫႊန္းကိန္း ခြဲသည္ က်ယ္ျပန႔္ဇုန္အတြင္းတြင္သာရွိေနေသာ္လည္း ဇန္နဝါရီတြင္ ယခင္လကထက္ ၁.၉ မွတ္ က်ဆင္းၿပီး ၅၁.၃ သို႔ေရာက္သြားသည္။

ထိုအားလပ္ရက္ေၾကာင့္ပင္ စစ္တမ္းေကာက္ယူခဲ့ေသာ လုပ္ငန္းမ်ား၏ ၁၇.၆ ရာခိုင္ႏႈန္းက လုပ္အား မလုံေလာက္မႈအတြက္ ညီးညဴခဲ့ၿပီး ယခင္လကထက္ ၂.၁ ရာခိုင္ႏႈန္း ပိုမိုျမင့္မားေၾကာင္း NBS မွဝါရင့္ စာရင္းအင္းပညာရွင္ ေက်ာင္ခ်င္ဟာေျပာသည္။

ဇန္နဝါရီလတြင္ အမွာစာသစ္မ်ားအတြက္ အၫႊန္းကိန္းခြဲသည္  ဝ.၂ ရာခိုင္ႏႈန္းတက္လာၿပီး ၅၁.၄ မွတ္တြင္ေရာက္ေနေသာေၾကာင့္ ကုန္ထုတ္လုပ္ေရးက႑၏ ေဈးကြက္ဝယ္လိုအား ဆက္လက္ က်ယ္ျပန႔္ေနေၾကာင္း NBS ကိန္းဂဏန္မ်ားအရသိရသည္။ ဇန္နဝါရီလတြင္ အဆင့္ျမင့္နည္းပညာ ကုန္ထုတ္လုပ္ငန္းမ်ား၊ ကိရိယာ ထုတ္လုပ္ေရလုပ္ငန္းမ်ားႏွင့္ လူသုံးကုန္ပစၥည္းမ်ား အတြက္ PMI အၫြဳန္းကိန္းသည္ အမွတ္ ၅၀ အထက္တြင္ရွိေနၿပီး စက္မႈအသြင္ကူးေျပာင္းျခင္းႏွင့္ အဆင့္ျမႇင့္ တင္ျခင္း အရွိန္ျမင့္မားေနေၾကာင္းျပသေနသည္ဟု ေက်ာင္ကေျပာသည္။
 
တ႐ုတ္ႏိုင္ငံ၏  စုစုေပါင္း PMI အၫြဳန္းကိန္း ဒီဇင္ဘာလက ၅၃.၄ မွတ္ရွိရာမွ ဇန္နဝါရီလတြင္ ၅၃ မွတ္အထိက်ဆင္းၿပီး တ႐ုတ္ကုမဏီမ်ား၏ စုစုေပါင္းထုတ္လုပ္မႈတြင္ က်ယ္ျပန႔္မႈ ေႏွးေကြးလာေၾကာင္း ေသာၾကာေန႔ ကိန္းဂဏန္းမ်ားက ျပသေနသည္။ ကုန္ထုတ္လုပ္ငန္း မဟုတ္ေသာ လုပ္ငန္း မ်ားအတြက္ တ႐ုတ္ႏိုင္ငံ၏ PMIသည္ ဒီဇင္ဘာလတြင္ ၅၃.၅ မွတ္ရွိရာမွ ဇန္နဝါရီလတြင္ ၅၄.၁ မွတ္သို႔တက္လာေၾကာင္း NBS အခ်က္အလက္မ်ားက ျပသေနသည္။ ဝန္ေဆာင္မႈက႑မွ စီးပြားေရး လုပ္ငန္းမ်ားအတြက္ ထိုအၫြဳန္းကိန္းခြဲသည္ ယခုလတြင္ ၅၃.၁ မွတ္သို႔ေရာက္ၿပီး ဒီဇင္ဘာလက ၅၃ မွတ္ထက္ျမင့္မားေနသည္။

ကုန္ထုတ္လုပ္ေသာက႑မဟုတ္သည့္ စီးပြားေရးေမွ်ာ္မွန္းခ်က္မ်ားအတြက္ အၫႊန္းကိန္းခြဲသည္ လည္း ထိုက႑မွ လုပ္ငန္းမ်ားသည္ ေဈးကြက္အလားအလာႏွင့္ ပတ္သက္ၿပီး အေကာင္းျမင္ၾကေသာေၾကာင့္ ဇန္နဝါရီလတြင္ ၅၉.၆ မွတ္သို႔ တက္လာသည္။ သို႔ေသာ္ PMI စစ္တမ္းကို ႏိုဗယ္ ကို႐ိုနာဗိုင္းရပ္ (2019-nCoV)  ကူးစက္မႈေၾကာင့္ ကုန္ထုတ္လုပ္ငန္းမ်ားကို ထိခိုက္သည့္ဇန္နဝါရီလ ၂၀ ရက္ေန႔မတိုင္မီ ေကာက္ခံခဲ့ေသာေၾကာင့္ အနာဂါတ္တိုးတက္မႈ ဆက္လက္ေလ့လာရန္ လိုေၾကာင္း ေက်ာင္ေျပာသည္။

ၾကာသပေတးေန႔ကုန္ဆုံးေသာအခါ ျပည္နယ္အဆင့္ ေဒသ ၃၁ ခုႏွင့္ ရွင္ေက်ာင္ ထုတ္လုပ္ေရးႏွင့္ ေဆာင္လုပ္ေရး ေကာ္ပိုေရးရွင္းတြင္ ႏိုဗယ္ကို႐ိုနာဗိုင္းရပ္ကူးစက္မႈ ၉၆၉၂ ရွိေၾကာင္းတ႐ုတ္ က်န္းမာေရးအာဏာပိုင္မ်ား၏ အဆိုအရ သိရသည္။

ႏိုဗယ္ကို႐ိုနာဗိုင္းရပ္ ကူးစက္ေသာေသာေၾကာင့္ ေရာဂါပ်ံ႕ႏွံ႔မႈ ဆက္လက္မျဖစ္ေပၚေစရန္ တ႐ုတ္ႏွစ္သစ္ကူး အားလပ္ရက္ကို တိုးျမႇင့္ၿပီး ျပည္သူမ်ားကို အိမ္တြင္းတြင္သာေနရန္ အႀကံျပဳထား သျဖင့္ ထုတ္လုပ္မႈႏွင့္ စားသုံးမႈ က်ဆင္းၿပီး အနာဂါတ္ အက်ဖက္ဖိအားကို ေဘာဂေဗဒပညာရွင္မ်ား စိုးရိမ္ၾကသည္။

တ႐ုတ္ႏိုင္ငံသည္ ႏိုဗယ္ကို႐ိုနာဗိုင္းရပ္ထိန္းခ်ဳပ္ေရးတြင္ အေရးပါေသာ အခ်ိန္ကို ျဖတ္သန္းေနေသာေၾကာင့္ ယခင္မႀကဳံဖူးသည့္ ရႈပ္ေထြးေသာ အေျခအေနတြင္း စီးပြားေရးတိုးတက္မႈ တည္ၿငိမ္ေစရန္ အားထုတ္မႈမ်ားျပဳလုပ္ရမည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္ေကာင္စီ၏ ဖြံ႕ၿဖိဳးေရး သုေတသနဌာနမွ သုေတသီ ေက်ာင္လီခ်င္ေျပာသည္။ ယခုျဖစ္ပြားေနေသာ ေရာဂါကူးစက္မႈသည္ စက္႐ုံ လုပ္ငန္း မ်ားႏွင့္ ေဈးကြက္ဝယ္လိုအားကို ကာလတိုအတြင္း ထိခိုက္ႏိုင္ၿပီး ကူးစက္ေရာဂါျဖစ္ပြားမႈ ၿပီးစီးေသာ အခါ ထိုကာလအတြင္း စုစည္းထားေသာ ဝယ္လိုအားသည္ အျပည့္အဝျပန္လည္ျဖစ္လာၿပီး စီးပြားေရး သည္ အလွ်င္အျမန္ျပန္တက္လာမည္ဟု တ႐ုတ္ကုန္စည္ပို႔ေဆာင္မႈ သတင္းအခ်က္ အလက္ ဌာနမွ သုေတသီ ဝန္ေထာင္ေျပာသည္။

တ႐ုတ္ႏိုင္ငံ၏ စုစုေပါင္း အမ်ိဳးသား ထုတ္လုပ္မႈသည္ ၂၀၁၉ ခုႏွစ္တြင္ ယခင္ႏွစ္ကထက္ ၆.၁ ရာခိုင္ႏႈန္းတိုးတက္ခဲ့ၿပီး ၉၉.၀၉ ထရီလွ်ံယြမ္ (အေမရိကန္ေဒၚလာ ၁၄.၂၈ ထရီလွ်ံ) တိုးတက္ၿပီး အစိုးရ၏ႏွစ္စဥ္ ရည္မွန္ထားသည့္ ၆ မွ ၆.၅ ရာခိုင္ႏႈန္းအတြင္းရွိေနသည္။ ဝန္ေဆာင္မႈက႑သည္ စုစုေပါင္းစီးပြားေရး၏ ထက္ဝက္ေက်ာ္ရွိေနေၾကာင္း ယခုလအေစာပိုင္းထုတ္ျပန္သည့္ တရားဝင္ အခ်က္ အလက္မ်ားအရ သိရသည္။