【 လက်ရှိထင်ရှား တစ်ပတ်အတွင်း မြန်မာသတင်းများ 】 ကိုဗစ်ကို မြန်မာထိန်းနိုင်တော့မလား

 လက်ရှိထင်ရှား တစ်ပတ်အတွင်း မြန်မာသတင်းများ  ကိုဗစ်ကို မြန်မာထိန်းနိုင်တော့မလား

 

ယခုရက်သတ္တပတ်အတွင်း မြန်မာသတင်းအတော်များများက ကိုဗစ်-၁၉ လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ဆက် နွယ်နေတဲ့ သတင်းတွေဘဲ ဖြစ်ပါတယ်။ ဒီသတင်းတွေနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးသတင်းတွေ ၊ကျန်းမာ ရေး သတင်းတွေ၊ ပြည်တော်ပြန်သတင်းတွေ၊ ကိုဗစ်-၁၉ အလွန်ကာလအတွက် ပြည်တွင်းစီးပွားရေးအတွက် ပြင် ဆင်ကြတဲ့သတင်းတွေက ယခုရက်သတ္တပတ်ရဲ့စိတ်ဝင်စားစရာ အခင်းအကျင်းဖြစ်လာခဲ့ပါတယ်။

 

ကိုဗစ်တိုက်ခိုက်မှု လျော့ချိန်ရောက်ပြီလား

 

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါစတင်တွေ့ရှိပြီး တစ်လကျော်အကြာ ဧပြီ ၃၀ ရက်မှာ ပထမ ဆုံး တွေ့ရှိတဲ့ချင်းပြည်နယ်တီးတိန်က လူနာအမှတ်  ဟာ ရောဂါသက်သာလာတဲ့ အတွက် ဆေးရုံက ဆင်းခွင့် ရခဲ့ပါတယ်။ မေ ရက်အထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက်က ၁၅၁ ဦးရှိခဲ့ကာ သေဆုံးသူ  ဦးရှိပြီးရောဂါကင်းစင်သဖြင့်ဆေးရုံမှ ပြန်ဆင်းခွင့်ပြုပြီး နေအိမ်မှာ အသွားအလာကန့် သတ်ထားတဲ့ သူ၁၇ ဦးထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။

 

ဒီထဲမှာ အများစုစိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြတာက ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုတွေ့ရှိသူ နေ့စဉ်အရအတွက်ကိုပါ။ ဧပြီ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်ခံရကြောင်း အတည်ပြုလူနာအမှတ် ၁၄၄ ကလှိုင်သာယာ စက်မူဇုန်ရှိချန်းရီဖိနပ်စက်ရုံဖြစ်တဲ့ အတွက် လူတိုင်း ဒီသတင်းကြောင့် စိုးရိမ်သောကရောက်ခဲ့ရသလို အဆိုပါရက်ပိုင်းအတွင်း ဒီလူနာကနေတစ်ဆင့် ကူးစက်ခံရသူအရေအတွက်က ဆောင့်တက်မလားဆိုတဲ့သောကတွေကြောင့် ရန်ကုန်မြို့တစ်ခုလုံး သာမန် သတိထားတာထက်ပို သတိထားခဲ့ကြတာကိုတွေ့ရပါတယ်။ 

 

လုပ်သားအင်အား ၈၀၀၀ ကျော်ရှိတဲ့ စက်ရုံက ဝန်ထမ်းဖြစ်တဲ့ အတွက် ဒီကနေတစ်ဆင့် ကူးစက်မယ် ဆို ရင်ဘယ်လိုမှ ထိန်းလို့ ရနိုင်မှာ မဟုတ်ဘဲ အီတလီ၊စပိန်၊အီရန်၊တောင်ကိုရီးယားတို့လို ဖြစ်တော့မလားဆိုတဲ့ စိုး ရိမ်စိတ်တွေလည်း ရှိခဲ့ပါတယ်။ ဒီမတိုင်ခင်က မရမ်းကုန်းမှာ ခွင့်ပြုချက်မရဘဲ ခိုးလုပ်ခဲ့တဲ့ ဘာသာရေး ဝတ်ပြုဆုတောင်းပွဲကနေ တစ်ဆင့် ကူးစက်ခံရသူအရေအတွက်က ၅၀ ကျော် ၆၀ ရှိခဲ့တဲ့အတွက် ဒီလို လူ ၈၀၀၀ ကျော်ဆိုရင် ဒီကနေတစ်ဆင့် နီးစပ်ရာ ကူးစက်တာက ပြန့်နှံနူန်းခုန်တက်ပြီး ထိန်းမနိုင်သိမ်းမရဖြစ်လာနိုင်ယ်ဆိုတဲ့ ဖော်ပြမှုတွေ ရှိခဲ့တဲ့ အတွက် အများပြည်သူအကြား ကြောက်လန့်မှုတွေ ရှိလာခဲ့ပါတယ်။

 

အဆိုပါ လူနာအမှတ် ၁၄၄ က ချန်းရီဖိနပ်စက်ရုံက ဝန်ထမ်းဆိုပေမယ့် အလုပ်သဘောသဘာ၀ အရ  အများစုနဲ့ထိတွေ့ရတဲ့ အလုပ်သမားမဟုတ်ဘဲ တရုတ် ဘာသာပြန်တစ်ဦးဖြစ်နေတဲ့အပြင် နေထိုင်မကောင်း တဲ့ အတွက် နေထိုင်ရာ မိုးညှင်းကို ကားစင်းလုံးပြတ်ငှားလာသူဖြစ်ကာ နေရပ်အရောက်မှာ Quarantine တန်းဝင်ခဲ့တဲ့ အတွက် လူနာထိစပ်သူရာဇဝင်ကို လိုက်ရတာ အထောက်အကူဖြစ်ခဲ့ပါတယ်။ အဆိုပါလူနာအမှတ်၁၄၄ ကြောင့် အဆိုပါ စက်ရုံမှလုပ်ကိုင်သူဝန်ထမ်းအများစုနေထိုင်ရာ အဆောင်တွေ၊ရပ်ကွက်တွေမှာ အဆိုပါနေ့က လက်မခံ ကြတာတွေ၊တားဆီးတာတွေ အိမ်ပြန်လို့မရတာတွေ ဖြစ်ခဲ့လို့ သက်ဆိုင်ရာ က ဝင်ရောက်ရှင်းလင်းရတာ တွေရှိခဲ့ ပါတယ်။ဒီနောက်မှာ ကိုဗက် ၁၉ ကူးစက်ခံရသူ အရေအတွက် ဆောင့်တက်လာတော့မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ညစဉ် ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် အတိုးကို စောင့်ကြည့်လာခဲ့သူတွေ များခဲ့ပါတယ်။ 

 

လူနာအမှတ် ၁၄၄ ကြောင့် ကြောင့်ကြခဲ့ရတဲ့ ပြီးနောက်မှာ လူနာအမှတ် ၁၃၉ နဲ့ထိစပ်ပြီး ကူးစက်ခဲ့တဲ့ လူနာအမှတ်၁၄၆ နဲ့ ပတ်သက်ပြီး ထပ်စောင့်ကြည့်စရာဖြစ်လာခဲ့ပါတယ်။ လူနာအမှတ် ၁၄၆ က လှိုင် ပါရမီ လမ်းပေါ်မှာ ဆူရှီဆိုင်ဖွင့်ထားတာဖြစ်ပြီး ၎င်းမှာ ကူးစက်ခံရကြောင်းတွေ့ရှိတာနဲ့  ဒီဆိုင်ကို ဝင်ထွက်တဲ့ foodpanda delivery သမားဆယ်ဂဏန်းလောက်ကို ကုမ္ပဏီရဲ့ အစီအစဉ်နဲ့ ဧပြီလ ၂၆ရက်နေ့ကဘဲ Home Quarantine စထားခဲ့ရပါတယ်။ ဒီကနေတစ်ဆင့် ကူးစက်ခံရမယ်ဆိုရင် အတော်လေး ပျံနှံသွားနိုင်တဲ့အတွက် ဒီကနေ တစ်ဆင့်ကူးစက်ခံရသူရှိမလားဆိုတဲ့ စိုးရိမ်မှုတွေက ထပ်တက်လာခဲ့ပါတယ်။ 

 

အဆိုပါ ၂၄ ရက် နေ့ကနေ မေ  ရက်နံနက်ပိုင်းထိ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရကြောင်းတွေ့ရှိသူအရေအတွက်က   ဦးသာ ထပ်တိုးခဲ့ပါတယ်။ တချို့ရက်တွေမှာ ထပ်တိုးလူနာမရှိခဲ့သလို တွေ့ရှိနူန်းကလည်းနည်းတဲ့ အတွက်  ချန်းရီဖိနပ် စက်ရုံဝန်ထမ်းနဲ့ ဆူရှီဆိုင်ကနေ ဆက်စပ်တဲ့ delivery ကြောင့် ခုန်တက်လာ မလား ဆိုတဲ့ သောက က အနည်းငယ် ပူပန်မှုလျော့ကျခဲ့ပါတယ်။

 

ဧပြီ ၂၆ နဲ့ ၂၇ ရက်မှာ ကူးစက်ခံရသူမတွေ့ခဲ့သလို ပြန်ကောင်းမွန်လာသူတွေလည်း ၁၇ ဦးထိရှိလာခဲ့ ပေမယ့်တခြားတစ်ဘက်မှာ သံသယလူနာ၊စောင်ကြည့်လူနာတွေထဲက သေဆုံးမှုနူန်းက လည်း မြင့်တက်လာခဲ့ပါတယ်။မကွေးတိုင်းတစ်ခုတည်းမှာဘဲ စောင့်ကြည့်လူနာတွေထဲက အခြားရောဂါနဲ့သေဆုံးသူ ၁၉ ဦးရှိခဲ့သလို ဧပြီ ၂၆ ရက်က ထုတ်ပြန်ခဲ့တဲ့ ကျန်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးရဲ့ ပန်ကြား ချက်မှာ ကိုရိုနာဗိုင်းရပ်စ်ကို ဓာတ်ခွဲစစ်ဆေးမှုတွ ပိုလုပ်လာတဲ့အခါ ရောဂါပိုး တွေ့သူ တွေ ဟာ ပိုများလာနိုင်တယ်လို့ဆိုပြီး ပြောခဲ့တာကိုတွေ့ရပါတယ်။

 

ရှစ်နာရီတစ်ကြိမ်ကို ဓာတ်ခွဲနမူနာ ၃၈၄ ခု စစ်ဆေးနိုင်မယ့် တစ်နေ့ကို လူတစ်ထောင်ကျော်စစ်နိုင်တဲ့ ရောဂါရှာဖွေရေးစက်သစ်ကြီးကို မေလ ပထမ ပတ် အတွင်း အသုံးပြုမှာဖြစ်ပြီး တပ်မတော်ဘက်က နှစ်လုံးနဲ့  သံသယလူနာတွေကို စစ်နိုင်တဲ့ အခါ ယခုရက်ပိုင်း တရုတ်ဘက်က ပြန်ဝင်လာတာ၊ ထိုင်းဘက်က ပြန်ဝင်လာ တာ၊ လာအိုဘက်က ပြန်ဝင်လာတာ တွေနဲ့ ဂျပန်ကိုရီးယားတွေကပြန်ဝင်လာတာတွေ တရစပ်ရှိလာတဲ့အခါ ဒီအထဲ ပါလာမယ့်ကူးစက်သူအရေအတွက်နဲ့ နဂိုရှိနေတဲ့ ပြည်တွင်းက ကူးစက်ခံထားရမှုအခံနဲ့ ပေါင်းပြီး ဖြစ်လာ နိုင်တဲ့ကူးစက်ရောဂါပျံနှံမှုနူန်းအခြေအနေကို ယခုအတိုင်း တစ်ရက် ခုဂဏန်းလောက်သာ ထိန်းထိန်းသိမ်း သိမ်း တွေ့ခဲ့မယ်ဆိုရင်  ကူးစက်ကပ်ဘေးမှာ မြန်မာနိုင်ငံရဲ့အခြေအနေက တစ်ခုသောအတိုင်းအတာအထိ ထိန်းနိုင် ပြီလို့  ယူဆရမှာ ဖြစ်ပါတယ်။ 

 

နိုင်ငံတော်အဆင့် ထိပ်ပိုင်းအာဏာပိုင်တွေကလည်း မေ ၁၅ ရက်အထိ နေအိမ်မှာနေခွင့် ညဘက် ၁၀ နာရီကနေမနက်  နာရီအထိ အပြင်ကို မထွက်ခွင့်တွေကို မေ ၁၅ ရက်အထိ တိုးမြှင့်ထားခဲ့တဲ့ အတွက် မေ၁၅ ရက်အ ထိသာထိန်းနိုင်ခဲ့မယ်ဆိုရင်  ကမ္ဘာကျန်းမာရေးကပ်ဆိုးကို မြန်မာနိုင်ငံက ကောင်းမွန်စွာ ဖြတ်ကျော် နိုင်မယ့်အလားအလာပါဘဲ။ 

 

ရှေ့လာမယ့်ရက်တွေမှာ ကူးစက်ခံရသူတွေ့ရှိမှုအတိုးအလျော့က မြန်မာနိုင်ငံရဲ့ ရှေ့ကံကြမ္မာ အဆုံးအ ဖြတ်လို့တောင် ပြောလို့ရတဲ့ အနေအထားပါဘဲ။ ဒီအတွက် ကိုဗစ် -၁၉ ကိုကျော်လွှားနိုင်ဖို့က   မြန်မာပြည်သူ တွေရဲ့ ကြုံလာသမျှ စိတ်ဒုက္ခကို ဘယ် လောက်သည်းခံနိုင်မလဲ၊ ဒုက္ခဆင်းရဲ့ကိုဘယ်လောက် တောင့်ခံနိုင်မလဲ နဲ့ အစိုးရဘက်က ဘယ်လောက်ထိ ပြည်သူဒုက္ခကို မျှဝေကူခံပေးနိုင်မလဲဆိုတာကိုဘဲ အဓိကထား စောင့်ကြည့်ရ တော့မှာပဲ ဖြစ်ပါတယ်။

 

မှုခင်းများ၊ လက်နက်များနဲ့ မနာခံမှုများ

 

ယခုရက်သတ္တပတ်ထဲ နောက်ထပ်စောင့်ကြည့်ရတဲ့ သတင်းတွေက လုံခြုံရေးဆိုင်ရာ သတင်းတွေပါဘဲ။မြန်မာနိုင်ငံ နေရာအနှံအပြားမှာ  ကျန်းမာရေးဆိုင်ရာ ကပ်ဘေးကြောင့် ညမထွက်ရအမိန့်ကိုထုတ်ပြန်ထားခဲ့ရာမှာသိသိကြီးနဲ့ ဒီတားမြစ်ချက်ကိုချိုးဖောက်သူတွေ နေရာအနှံရှိခဲ့ပါတယ်။ တစ်ကျောင်းတစ်ဂါထာဆန်းဆိုသလိုမန္တလေးမှာ ညဘက်ထွက်သူကို တာဝန်ရှိသူတွေက ဖမ်းဆီးခြင်းမပြုဘဲ ရိုက်နှက်အပြစ်ပေးခဲ့တဲ့ အတွက် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ ထွက်လာခဲ့အပြီးမှာ နေရာဒေသအတော်များများမှာ ညမထွက်ရအမိန်ချိုးဖောက်သူတွေကိုတရားဥပဒေအရ တရားစွဲဆို ပြစ်ဒဏ်တွေ ပေးခဲ့တာကိုတွေ့ရပါတယ်။

 

တနင်္သာရီတိုင်းထဲက မြိတ်မှာ  ညအမထွက်ရအမိန့်ဖောက်ဖျက်ကျူးလွန်သူ ၁၇ ဦးကို ယခုရက်ထဲမှာ မြိတ်မြို့နယ်တရားရုံးက တရားစွဲဆိုပြီး တစ်ဦးကို ဒဏ်ငွေ ငါးသောင်းကျပ်ချမှတ်ခဲ့တာ တွေ့ရပါတယ်။ ဧရာ၀တီ တိုင်းထဲမှာညမထွက်ရအမိန့်ကို ချိုးဖောက်ခဲ့တဲ့ သူ ၂၀၀ ကျော်ရှိခဲ့ပြီး ထောင်ဒဏ်ချခဲ့တာကို တွေ့ရပါတယ်။ တချို့နေရာတွေမှာ  ကိုဗက် ၁၉ ကြောင့် လူသူနည်းပါးမှုကိုအကြောင်းပြုပြီး ဒုစရိုက်သမားများက လုယက်တာ တွေ ဖြစ် လာခဲသလို ဒဂုံတောင်မှာ ဧပြီ ၂၃ ရက်ဖြစ်ခဲ့တဲ့ လူသတ်မှုမှာ အငှားယာဉ်မောင်းကို သတ်ပြီး ကားရော ပိုက်ဆံ တွေပါလုယက်ခဲ့တဲ့ ဆိုးရွားလွန်းတဲ့ ကိစ္စတွေလည်းဖြစ်ခဲ့တာကိုတွေ့ရပါတယ်။

 

ကိုဗစ်-၁၉ ကူးစက်ရောဂါ အတည်ပြုလူနာတွေရှိတဲ့နေရာ၊ ဖြစ်ပွားမှုများတဲ့နေရာတွေမှာ semi-Lockdown ချတာတွေရှိခဲ့ပါတယ်။ အဆိုပါနေရာတွေမှာ နေထိုင်ကြတဲ့ သူတွေနဲ့ တာဝန်ယူရတဲ့ အောက်ခြေဝန် ထမ်းများကြားမှာညွှန်ကြားချက်ထက်ပိုပြီး အခွင့်အာဏာပြလိုတဲ့ ယခင်အစိုးရခေတ်က တွင်ကျယ်ခဲ့တဲ့ လက် ကျန် လူဟောင်းတွေနဲ့အနွယ်ဝင်တချို့က ဝင်ရောက်နေရာယူလာတာတွေကြောင့် ပြဿနာအချို့ ဖြစ်လာတာကို တွေ့ရသလို လုပ်ပိုင်ခွင့်ကျော်လွန်လုပ်ကိုင်တာတွေကြောင့်  ပြဿနာများစွာကို မြင့်တွေရပါတယ်။ လမ်းထဲဝင်လို့ မရ အောင် ပိတ်ဆို့ထားခြင်း၊ လမ်းတွင်းနေသူများကို စစ်ဆေးရာတွင် ရင့်သီးခြင်းနှင့် သတ်မှတ်ချိန်မရောက်မီ လမ်းအတွင်းလိုတာထက်ပိုပြီး တင်းကျပ်ထားခဲ့သဖြင့် ကျန်းမာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာတွေမှာ အဆိုပါ ယာယီ ကြီးကြပ်သူတွေကြောင့် ထိခိုက်ဆုံးရှုံးမှုတွေရှိခဲ့လို့ ပြစ်တင်ဝေဖန်မှုတွေထွက်ခဲ့သလို့ ၁၉၈၈ ခုနှစ်က  လား တားဆီးမှုတွေရှိခဲ့လို့သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက ပြစ်တင်ထောက်ပြရတဲ့အထိ ဖြစ်ခဲ့ တာကိုလည်း ယခုကာလမှာတွေ့ခဲ့ရပါတယ်။

 

ဒီကာလမှာ ထူးထူးခြားခြား လက်နက်တွေမိတဲ့ သတင်းကလည်း ဒီလိုကာလမှာ အများပြည်သူကြား ကြောက်စရာလန့်စရာ ကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ ဧပြီ ၂၉ရက်က  ပြည်သူတစ်ဦးသတင်းပေးချက်အရ မြောက်ဥက္က လာပမြို့နယ်ထဲက နေအိမ်တစ်ခုကို  ဝင်ရောက်စစ်ဆေးခဲ့ရာမှာ သေနတ်တွေအပါအဝင် ဆက်စပ်ပစ္စည်းတွေကိုပါဖမ်းဆီးရမိခဲ့တာပါ။ ထုတ်ပြန်ချက်တွေမှာတော့ တရားမဝင်လေသေနတ် လေးလက်၊ ကော်စေ့ဖြင့်ပစ်ခတ်သည့်ကော်ပစ္စတိုသေနတ် နှစ်လက်၊  လေသေနတ်ကျည် ၂၅၄၈ တောင့်၊ သံဘောစေ့မျိုးစုံ ၅၆၅၀ စေ့၊ ဓားမျိုးစုံ ၂၅လက်၊ ပုဆိန် တစ်လက်၊ ဂျင်ကလိ ၁၉ ချောင်းနှင့် ကျည်မျိုးစုံ ၁၁၁၃ တောင့်တို့ကိုမိခဲ့တယ်ဆိုပြီး အဓိကသံသယရှိသူကို ပဲခူးမှာ နောက်တစ်ရက်မှာဖမ်းမိခဲ့တယ်ဆိုပါတယ်။

 

ဒီအမှုကို တပ်ဘက်က လာရောက်စစ်ဆေးခဲ့ပြီး ဒီလိုကာလမှာ ဒီလိုလက်နက်တွေအများကြီး စုဆောင်း ထားတဲ့ရည်ရွယ်ချက်ကလည်း သံသယရှိစရာကောင်းနေပါတယ်။ ယခုချိန်ထိစစ်ဆေးချက်တွေကို ထုတ်ပြန် ခြင်း မရှိသေးလို့ အများပြည်သူက စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ အတွက် ဒီလိုလက်နက်စုဆောင်းခြင်းရဲ့ နောက် ကွယ်က ရည်ရွယ်ချက်က ဘာလဲ ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

စီးပွားရေးနဲ့ ကိုဗစ်အလွန် ပြင်ဆင်မှု

 

မကြာမီက ဒဂုံတောင်ပိုင်းက စက်ရုံတစ်ခု ပိတ်လိုက်ရမှာ မပိတ်ခင်က စက်ရုံရှေ့မှာ ပိတ်ဆို့ပြီးဆန္ဒပြခဲ့တဲ့ အတွက်အော်ဒါတွေ အချိန်မီမပေးနိုင်လို့ နာမည်ပျက်ပြီး ပိတ်လိုက်ကြောင်းကြေညာတာကိုတွေ့ရပါတယ်။ ဒီ နောက်ပိုင်းမှာ စက်ရုံတွေဘက်က ပိတ်မယ်ဆိုတဲ့ အသံတွေ ထွက်လာသလို  မြန်မာနိုင်ငံမှာ ရှိတဲ့ ကိုရီးယား စက်ရုံ တွေ တခြားနိုင်ငံကို ရွှေ့တော့မယ်ဆိုတဲ့ အသံတွေ ထွက်လာတာကိုလည်းတွေ့လာရပါတယ်။ ဒီသတင်းအပေါ် သက်ဆိုင်ရာတာဝန်ရှိသူက မဟုတ်ပါဘူးလို့  ထွက်ငြင်းခဲ့တာကိုတွေ့ရပါတယ်။

 

ကိုဗစ်-၁၉ ကြောင့် အထိနာခဲ့တာက စီးပွားရေးကဏ္ဍပါ။ မြန်မာတစ်နိုင်ငံထဲ ဖြစ်တာမဟုတ်ဘဲ တကမ္ဘာ လုံးဖြစ်တဲ့အတွက် ဘယ်သူကို ဘယ်သူမှ မကယ်နိုင်ဘဲ တောင်မင်းမြောက်မင်းမကယ်နိုင်တဲ့ အခြေအနေဖြစ်  လို  ကမ္ဘာစက်ရုံလို့ တင်စားတဲ့ တရုတ်နိုင်ငံကနေ ဂျပန်စက်ရုံတွေ ရွှေ့ပြောင်းဖို့ထိဖြစ်လာတဲ့အတွက် ဒီစက်ရုံတွေ ကိုအိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ ဗီယက်နမ်၊ထိုင်းစတဲ့ နိုင်ငံတွေကို ရွှေ့ပြောင်းလာဖို့ အပြိုင်အဆိုင်စွဲဆောင် နေချိန် မှာမြန်မာနိုင်ငံက အလုပ်သမား အလုပ်ရှင်ပြဿနာတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက ဒီလိုလာရောက်ရင်းနှီးမြုပ်နှံသူတွေကို ဟန့်တားစေသလို ယူဆသူတွေလဲ ရှိလာခဲ့ပါတယ်။ 

 

ကိုဗစ်-၁၉ ကြောင့် အလုပ်ရုံစက်ရုံတွေကို ကျန်းမာရေးဆိုင်ရာ  ပြဿနာတွေကြောင့် ပိတ်ခဲ့ရ သလို အလုပ်လက်မဲ့အလုပ်သမားတွေလည်း များလာခဲ့ပါတယ်။ အစောပိုင်းက COVID -19 Fund အဖြစ် နိုင်ငံ တော် လှည့်ပတ်ရန်ပုံငွေမှ ကျပ် ဘီလျံ ၅၀ နှင့် လူမှုဖူလုံရေး ရန်ပုံငွေ မှ ကျပ် ဘီလျံ ၅၀ စုစုပေါင်း ကျပ်ဘီလျံ ၁၀၀ နဲ့ထူထောင်ပြီးအစိုးရက ကိုဗက် ၁၉ ကြောင့် ထိခိုက်တဲ့ ခရီးသွားလုပ်ငန်း၊ဟိုတယ်ခရီးလို့လုပ်ငန်းနဲ့ ဆက် စပ်လုပ်ငန်း တွေ၊စားသောက်ကုန်လုပ်ငန်းများ၊ အထည်ချုပ်၊ ဖိနပ်ချုပ် လုပ်ငန်းများကို ကျားကန်ပေးဖို့ ချေးငွေကို အတိုးနှုန်း ရာခိုင်နှုန်း၊ ချေးငွေကာလ တနှစ် သတ်မှတ်ကာ အနိမ့်ဆုံး ချေးငွေ သိန်း ၃၀ ကနေ သိန်း ၆၅၀ အထိ ထုတ်ချေးပေးခဲ့ပါတယ်။ ပထမအသုတ်အဖြစ် လုပ်ငန်း ၈၅ ခုကို ချေးငွေများထုတ် ပေး ခဲ့ပြီးနောက် ဧပြီ ၂၈ ရက် မှာ ဒုတိယအသုတ်အဖြစ် လုပ်ငန်း ၁၁၃ ခုကို ချေးငွေ ထုတ်ခွင့်ပြု ပါတယ်။

 

ဒါအပြင် ဧပြီ ၂၈ ရက်မှာဘဲ အစိုးရက COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှု များအပေါ်ကုစားရေး အစီအစဉ် (CERP) ကိုထုတ်ပြန်ခဲ့ပြီး ဒီထဲမှာ ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ အစိုးရ အသုံးစရိတ်များတိုးမြှင့်တာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ခိုင်မာအောင် ပြုလုပ်တာအထိပါဝင်ခဲ့ပါတယ်။ ဒီထဲမှာစီမံကိန်း ရည်မှန်းချက်  ခု၊ မဟာဗျူဟာ ၁၀ ခု၊ လုပ်ငန်း အစီအစဉ် ၃၆ ခု နှင့် ဆောင်ရွက်မှု ၇၆ ခုပါ ဝင်ပြီးအဓိက အား ဖြင့် ကမ္ဘာကပ်ရောဂါကြောင့် ဖြစ်လာတဲ့ စီးပွားရေး သက်ရောက်မှုကို မြန်မာနိုင်ငံ၏ စီးပွား ရေးမထိခိုက်စေဖို့ နဲ့ ထိခိုက်မှု သက်သာစေဖို့ဘဲ ဖြစ်ပါတယ်။ 

 

ဒီထဲမှာပါတဲ့ ပြုပြင်မှုတွေမှာ ထူးထူးခြားခြား ခေတ်အဆက်ဆက် ဆောင်ရွက်ရခက်တဲ့ ဘဏ်တိုးနုန်း လျော့ချတဲ့လုပ်ရပ်ကို ဒီကာလ ထဲ မှာဘဲ နှစ်ခါတိတိလျော့ချလုပ်ဆောင်ခဲ့တာကြောင့် ဗဟိုဘဏ်အတိုးနူန်းက တစ်နှစ်ကို ရာခိုင်နူန်းအထိ ရောက်ခဲ့ သလို သက်သာလာခဲ့တဲ့ အတွက်  ဘဏ်ထဲ ထုနဲ့ထည်နဲ့ ဝင်နေပြီး ပမာဏများတဲ့ ငွေရင်းတွေ ပြန်ထွက်လာနိုင်တဲ့ အတွက်  ငွေရင်းနည်းနေတဲ့ မြန်မာ့စီးပွားရေးအတွက် အခြေအ နေကောင်းတွေ ပြန်လည်မျှော်လင့်လို့ရလာနိုင်ပါတယ်။ 

 

တခြားတစ်ဖက်မှာလည်း ကိုဗစ်-၁၉ ကြောင့် အလုပ်သမားတွေရဲ့ ဝင်ငွေ လျော့ကျမှု၊အလုပ်လက်မဲ့ ဖြစ်မှုတွေကိုသက်သာစေဖို့  ဧပြီ ၂၈ ရက်မှာဘဲ အစိုးရက ဧပြီ ၂၀ ရက်မှ စတင်ပြီး ယာယီရပ်နားခဲ့သည့် စက်ရုံ များမှအလုပ်သမားများကို လူမှုဖူလုံရေးကြေး ၄၀ ရာခိုင်နှုန်း ထုတ်ပေးမယ်ဆိုပြီးထုတ်ပြန်ခဲ့တာကို တွေ့ရပါ တယ်။ဒါအပြင် မေ  ရက်နေ့မှာ အလုပ်သမားနေ့ပြောတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မိန့်ခွန်းမှာ ကမ္ဘာ့ကပ် ရောဂါ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ပိတ်သိမ်းသွားသော အလုပ်ဌာနများမှ လူမှုဖူလုံရေး အာမခံကြေး ထည့်ဝင် ထားသောအလုပ်သမားများအတွက် တစ်နှစ်တာ ထောက်ပံ့ရေး စီမံထားတယ်ဆိုပြီး ပြောခဲ့တာကိုလည်း တွေ့ရ ပါတယ်။

 

အစိုးရအနေနဲ့ဒီလိုမူဝါဒပိုင်းကပြင်ဆင်မှုတွေ ရှိနေပေမယ့် မြန်မာနိုင်ငံနဲ့ အဓိကကုန်သွယ်ဘက် တရုတ် နဲ့အဓိကကုန်သွယ်တဲ့ နယ်စပ်ဂိတ်တွေမှာ တရုတ်ဘက်က မြန်မာဘက်မှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေတဲ့ အတွက် တရုတ်အစိုးရက နယ်မြေဖြတ်သန်းခွင့်ကို ဧပြီ ၂၃ ရက်က ပိတ်ထားခဲ့လို့ ကုန်သွယ်ရေးမှာ ရာသီသီးနှံကုန်တွေ တင်တဲ့ မြန်မာဘက်ကုန်သည်‌တွေ ထိခိုက်မှုများနေပါတယ်။ ဒါအပြင် တရုတ်ဘက်က လာရောက်တဲ့ သူတွေကို လည်း မြန်မာဘက်မဝင်ဖို့ တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့ အတွက် ကုန်သွယ်ရေးက ခန့်မှန်းလို့မရဖြစ် နေပါတယ်။ 

 

လက်ရှိ မြန်မာစီးပွားရေးအခြေအနေက ကြိုတင်ပြင်ဆင်မှုမှာ အားနည်းနေခဲ့သလို ကျန်းမာရေးနဲ့ စီးပွား ရေး မှာမျှော့သွေးစမ်းသလို ကိုင်တွယ်ခဲ့တဲ့ အာဏာပိုင်တွေရဲ့ ကိုဗက် ၁၉ အလွန်ကြိုတင်ပြင်ဆင်မှုက အနာနဲ့ ဆေး တည့်မလား၊ ပို အခက် တွေ့ မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်သလို  ကိုဗစ်-၁၉ ကာလ ကြာရှည်လာရင် ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကိုလည်း ဆက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

 

ဒီသတင်းတွေက ယခုရက်သတ္တပတ် အတွင်းမှာ ဖြစ်ခဲ့တဲ့ သတင်းတွေ ဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းကော်မတီ ဖွဲ့စည်းလိုက် တဲ့ သတင်း၊ဘန်ကောက်မြို့မှာ  အသက် ၅၃ နှစ်အရွယ် မြန်မာအိမ်အကူ အမျိုးသမီးတစ်ဦး တိုက်ပေါ် က ခုန်ချသတ်သေမှုဖြစ်ပွားခဲ့တဲ့ သတင်း၊ COVID-19ရောဂါကို တွန်းလှန်နေချိန်မှာ  တိုက်ပွဲများရပ်ထားရန် တပ်မတော်နှင့်ရှမ်းနီအမျိုးသား တပ်ဖွဲ့(SNA)တို့ကိုသျှ မ်းနီစာပေအသင်းကမေတ္တာရပ်ခံလိုက်တဲ့ သတင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိသီလရှင်ကျောင်းအချို့တွင်  ဆွမ်းရိက္ခာပြတ်လပ်မှုများ ရှိနေတဲ့ သတင်းတွေလည်း စိတ်ဝင်စားစရာကောင်းခဲ့တယ်ဆိုတာတင်ပြရင်း….

 

မာလင်း

မေ - 

 

( Zawgyi )

 

ယခုရက္သတၱပတ္အတြင္း ျမန္မာသတင္းအေတာ္မ်ားမ်ားက ကိုဗစ္-၁၉ လို႔ေခၚတဲ့ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ဆက္ ႏြယ္ေနတဲ့ သတင္းေတြဘဲ ျဖစ္ပါတယ္။ ဒီသတင္းေတြနဲ႔ ဆက္စပ္ေနတဲ့ စီးပြားေရးသတင္းေတြ ၊က်န္းမာ ေရး သတင္းေတြ၊ ျပည္ေတာ္ျပန္သတင္းေတြ၊ ကိုဗစ္-၁၉ အလြန္ကာလအတြက္ ျပည္တြင္းစီးပြားေရးအတြက္ ျပင္ ဆင္ၾကတဲ့သတင္းေတြက ယခုရက္သတၱပတ္ရဲ႕စိတ္ဝင္စားစရာ အခင္းအက်င္းျဖစ္လာခဲ့ပါတယ္။

 
ကိုဗစ္တိုက္ခိုက္မႈ ေလ်ာ့ခ်ိန္ေရာက္ၿပီလား
 
ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ကူးစက္ေရာဂါစတင္ေတြ႕ရွိၿပီး တစ္လေက်ာ္အၾကာ ဧၿပီ ၃၀ ရက္မွာ ပထမ ဆုံး ေတြ႕ရွိတဲ့ခ်င္းျပည္နယ္တီးတိန္က လူနာအမွတ္ ၁ ဟာ ေရာဂါသက္သာလာတဲ့ အတြက္ ေဆး႐ုံက ဆင္းခြင့္ ရခဲ့ပါတယ္။ ေမ၁ ရက္အထိ  ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရသူအေရအတြက္က ၁၅၁ ဦးရွိခဲ့ကာ ေသဆုံးသူ ၆ ဦးရွိၿပီးေရာဂါကင္းစင္သျဖင့္ေဆး႐ုံမွ ျပန္ဆင္းခြင့္ျပဳၿပီး ေနအိမ္မွာ အသြားအလာကန႔္ သတ္ထားတဲ့ သူ၁၇ ဦးထိရွိလာခဲ့ၿပီ ျဖစ္ပါတယ္။
 
ဒီထဲမွာ အမ်ားစုစိတ္ဝင္တစားေစာင့္ၾကည့္ခဲ့ၾကတာက ဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း အတည္ျပဳေတြ႕ရွိသူ ေန႔စဥ္အရအတြက္ကိုပါ။ ဧၿပီ၂၄ ရက္က ထုတ္ျပန္ခဲ့တဲ့ ဗိုင္းရပ္စ္ကူးစက္ခံရေၾကာင္း အတည္ျပဳလူနာအမွတ္ ၁၄၄ ကလႈိင္သာယာ စက္မူဇုန္ရွိခ်န္းရီဖိနပ္စက္႐ုံျဖစ္တဲ့ အတြက္ လူတိုင္း ဒီသတင္းေၾကာင့္ စိုးရိမ္ေသာကေရာက္ခဲ့ရသလို အဆိုပါရက္ပိုင္းအတြင္း ဒီလူနာကေနတစ္ဆင့္ ကူးစက္ခံရသူအေရအတြက္က ေဆာင့္တက္မလားဆိုတဲ့ေသာကေတြေၾကာင့္ ရန္ကုန္ၿမိဳ႕တစ္ခုလုံး သာမန္ သတိထားတာထက္ပို သတိထားခဲ့ၾကတာကိုေတြ႕ရပါတယ္။ 
 
လုပ္သားအင္အား ၈၀၀၀ ေက်ာ္ရွိတဲ့ စက္႐ုံက ဝန္ထမ္းျဖစ္တဲ့ အတြက္ ဒီကေနတစ္ဆင့္ ကူးစက္မယ္ ဆို ရင္ဘယ္လိုမွ ထိန္းလို႔ ရႏိုင္မွာ မဟုတ္ဘဲ အီတလီ၊စပိန္၊အီရန္၊ေတာင္ကိုရီးယားတို႔လို ျဖစ္ေတာ့မလားဆိုတဲ့ စိုး ရိမ္စိတ္ေတြလည္း ရွိခဲ့ပါတယ္။ ဒီမတိုင္ခင္က မရမ္းကုန္းမွာ ခြင့္ျပဳခ်က္မရဘဲ ခိုးလုပ္ခဲ့တဲ့ ဘာသာေရး ဝတ္ျပဳဆုေတာင္းပြဲကေန တစ္ဆင့္ ကူးစက္ခံရသူအေရအတြက္က ၅၀ ေက်ာ္ ၆၀ ရွိခဲ့တဲ့အတြက္ ဒီလို လူ ၈၀၀၀ ေက်ာ္ဆိုရင္ ဒီကေနတစ္ဆင့္ နီးစပ္ရာ ကူးစက္တာက ျပန႔္ႏွံႏူန္းခုန္တက္ၿပီး ထိန္းမႏိုင္သိမ္းမရျဖစ္လာႏိုင္ယ္ဆိုတဲ့ ေဖာ္ျပမႈေတြ ရွိခဲ့တဲ့ အတြက္ အမ်ားျပည္သူအၾကား ေၾကာက္လန႔္မႈေတြ ရွိလာခဲ့ပါတယ္။
 
အဆိုပါ လူနာအမွတ္ ၁၄၄ က ခ်န္းရီဖိနပ္စက္႐ုံက ဝန္ထမ္းဆိုေပမယ့္ အလုပ္သေဘာသဘာ၀ အရ  အမ်ားစုနဲ႔ထိေတြ႕ရတဲ့ အလုပ္သမားမဟုတ္ဘဲ တ႐ုတ္ ဘာသာျပန္တစ္ဦးျဖစ္ေနတဲ့အျပင္ ေနထိုင္မေကာင္း တဲ့ အတြက္ ေနထိုင္ရာ မိုးညႇင္းကို ကားစင္းလုံးျပတ္ငွားလာသူျဖစ္ကာ ေနရပ္အေရာက္မွာ Quarantine တန္းဝင္ခဲ့တဲ့ အတြက္ လူနာထိစပ္သူရာဇဝင္ကို လိုက္ရတာ အေထာက္အကူျဖစ္ခဲ့ပါတယ္။ အဆိုပါလူနာအမွတ္၁၄၄ ေၾကာင့္ အဆိုပါ စက္႐ုံမွလုပ္ကိုင္သူဝန္ထမ္းအမ်ားစုေနထိုင္ရာ အေဆာင္ေတြ၊ရပ္ကြက္ေတြမွာ အဆိုပါေန႔က လက္မခံ ၾကတာေတြ၊တားဆီးတာေတြ အိမ္ျပန္လို႔မရတာေတြ ျဖစ္ခဲ့လို႔ သက္ဆိုင္ရာ က ဝင္ေရာက္ရွင္းလင္းရတာ ေတြရွိခဲ့ ပါတယ္။ဒီေနာက္မွာ ကိုဗက္ ၁၉ ကူးစက္ခံရသူ အေရအတြက္ ေဆာင့္တက္လာေတာ့မလားဆိုတဲ့ စိုးရိမ္စိတ္နဲ႔ ညစဥ္ ဗိုင္းရပ္စ္ကူးစက္ခံရသူအေရအတြက္ အတိုးကို ေစာင့္ၾကည့္လာခဲ့သူေတြ မ်ားခဲ့ပါတယ္။ 
 
လူနာအမွတ္ ၁၄၄ ေၾကာင့္ ေၾကာင့္ၾကခဲ့ရတဲ့ ၿပီးေနာက္မွာ လူနာအမွတ္ ၁၃၉ နဲ႔ထိစပ္ၿပီး ကူးစက္ခဲ့တဲ့ လူနာအမွတ္၁၄၆ နဲ႔ ပတ္သက္ၿပီး ထပ္ေစာင့္ၾကည့္စရာျဖစ္လာခဲ့ပါတယ္။ လူနာအမွတ္ ၁၄၆ က လႈိင္ ပါရမီ လမ္းေပၚမွာ ဆူရွီဆိုင္ဖြင့္ထားတာျဖစ္ၿပီး ၎မွာ ကူးစက္ခံရေၾကာင္းေတြ႕ရွိတာနဲ႔  ဒီဆိုင္ကို ဝင္ထြက္တဲ့ foodpanda delivery သမားဆယ္ဂဏန္းေလာက္ကို ကုမၸဏီရဲ႕ အစီအစဥ္နဲ႔ ဧၿပီလ ၂၆ရက္ေန႔ကဘဲ Home Quarantine စထားခဲ့ရပါတယ္။ ဒီကေနတစ္ဆင့္ ကူးစက္ခံရမယ္ဆိုရင္ အေတာ္ေလး ပ်ံႏွံသြားႏိုင္တဲ့အတြက္ ဒီကေန တစ္ဆင့္ကူးစက္ခံရသူရွိမလားဆိုတဲ့ စိုးရိမ္မႈေတြက ထပ္တက္လာခဲ့ပါတယ္။ 
 
အဆိုပါ ၂၄ ရက္ ေန႔ကေန ေမ ၁ ရက္နံနက္ပိုင္းထိ ကိုဗစ္-၁၉ ဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္းေတြ႕ရွိသူအေရအတြက္က  ၇ ဦးသာ ထပ္တိုးခဲ့ပါတယ္။ တခ်ိဳ႕ရက္ေတြမွာ ထပ္တိုးလူနာမရွိခဲ့သလို ေတြ႕ရွိႏူန္းကလည္းနည္းတဲ့ အတြက္  ခ်န္းရီဖိနပ္ စက္႐ုံဝန္ထမ္းနဲ႔ ဆူရွီဆိုင္ကေန ဆက္စပ္တဲ့ delivery ေၾကာင့္ ခုန္တက္လာ မလား ဆိုတဲ့ ေသာက က အနည္းငယ္ ပူပန္မႈေလ်ာ့က်ခဲ့ပါတယ္။
 
ဧၿပီ ၂၆ နဲ႔ ၂၇ ရက္မွာ ကူးစက္ခံရသူမေတြ႕ခဲ့သလို ျပန္ေကာင္းမြန္လာသူေတြလည္း ၁၇ ဦးထိရွိလာခဲ့ ေပမယ့္တျခားတစ္ဘက္မွာ သံသယလူနာ၊ေစာင္ၾကည့္လူနာေတြထဲက ေသဆုံးမႈႏူန္းက လည္း ျမင့္တက္လာခဲ့ပါတယ္။မေကြးတိုင္းတစ္ခုတည္းမွာဘဲ ေစာင့္ၾကည့္လူနာေတြထဲက အျခားေရာဂါနဲ႔ေသဆုံးသူ ၁၉ ဦးရွိခဲ့သလို ဧၿပီ ၂၆ ရက္က ထုတ္ျပန္ခဲ့တဲ့ က်န္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးရဲ႕ ပန္ၾကား ခ်က္မွာ ကို႐ိုနာဗိုင္းရပ္စ္ကို ဓာတ္ခြဲစစ္ေဆးမႈတြ ပိုလုပ္လာတဲ့အခါ ေရာဂါပိုး ေတြ႕သူ ေတြ ဟာ ပိုမ်ားလာႏိုင္တယ္လို႔ဆိုၿပီး ေျပာခဲ့တာကိုေတြ႕ရပါတယ္။
 
ရွစ္နာရီတစ္ႀကိမ္ကို ဓာတ္ခြဲနမူနာ ၃၈၄ ခု စစ္ေဆးႏိုင္မယ့္ တစ္ေန႔ကို လူတစ္ေထာင္ေက်ာ္စစ္ႏိုင္တဲ့ ေရာဂါရွာေဖြေရးစက္သစ္ႀကီးကို ေမလ ပထမ ပတ္ အတြင္း အသုံးျပဳမွာျဖစ္ၿပီး တပ္မေတာ္ဘက္က ႏွစ္လုံးနဲ႔  သံသယလူနာေတြကို စစ္ႏိုင္တဲ့ အခါ ယခုရက္ပိုင္း တ႐ုတ္ဘက္က ျပန္ဝင္လာတာ၊ ထိုင္းဘက္က ျပန္ဝင္လာ တာ၊ လာအိုဘက္က ျပန္ဝင္လာတာ ေတြနဲ႔ ဂ်ပန္ကိုရီးယားေတြကျပန္ဝင္လာတာေတြ တရစပ္ရွိလာတဲ့အခါ ဒီအထဲ ပါလာမယ့္ကူးစက္သူအေရအတြက္နဲ႔ နဂိုရွိေနတဲ့ ျပည္တြင္းက ကူးစက္ခံထားရမႈအခံနဲ႔ ေပါင္းၿပီး ျဖစ္လာ ႏိုင္တဲ့ကူးစက္ေရာဂါပ်ံႏွံမႈႏူန္းအေျခအေနကို ယခုအတိုင္း တစ္ရက္ ခုဂဏန္းေလာက္သာ ထိန္းထိန္းသိမ္း သိမ္း ေတြ႕ခဲ့မယ္ဆိုရင္ ၊ ကူးစက္ကပ္ေဘးမွာ ျမန္မာႏိုင္ငံရဲ႕အေျခအေနက တစ္ခုေသာအတိုင္းအတာအထိ ထိန္းႏိုင္ ၿပီလို႔  ယူဆရမွာ ျဖစ္ပါတယ္။ 
 
ႏိုင္ငံေတာ္အဆင့္ ထိပ္ပိုင္းအာဏာပိုင္ေတြကလည္း ေမ ၁၅ ရက္အထိ ေနအိမ္မွာေနခြင့္ ညဘက္ ၁၀ နာရီကေနမနက္ ၄ နာရီအထိ အျပင္ကို မထြက္ခြင့္ေတြကို ေမ ၁၅ ရက္အထိ တိုးျမႇင့္ထားခဲ့တဲ့ အတြက္ ေမ၁၅ ရက္အ ထိသာထိန္းႏိုင္ခဲ့မယ္ဆိုရင္  ကမာၻက်န္းမာေရးကပ္ဆိုးကို ျမန္မာႏိုင္ငံက ေကာင္းမြန္စြာ ျဖတ္ေက်ာ္ ႏိုင္မယ့္အလားအလာပါဘဲ။ 
 
ေရွ႕လာမယ့္ရက္ေတြမွာ ကူးစက္ခံရသူေတြ႕ရွိမႈအတိုးအေလ်ာ့က ျမန္မာႏိုင္ငံရဲ႕ ေရွ႕ကံၾကမၼာ အဆုံးအ ျဖတ္လို႔ေတာင္ ေျပာလို႔ရတဲ့ အေနအထားပါဘဲ။ ဒီအတြက္ ကိုဗစ္ -၁၉ ကိုေက်ာ္လႊားႏိုင္ဖို႔က   ျမန္မာျပည္သူ ေတြရဲ႕ ႀကဳံလာသမွ် စိတ္ဒုကၡကို ဘယ္ ေလာက္သည္းခံႏိုင္မလဲ၊ ဒုကၡဆင္းရဲ႕ကိုဘယ္ေလာက္ ေတာင့္ခံႏိုင္မလဲ နဲ႔ အစိုးရဘက္က ဘယ္ေလာက္ထိ ျပည္သူဒုကၡကို မွ်ေဝကူခံေပးႏိုင္မလဲဆိုတာကိုဘဲ အဓိကထား ေစာင့္ၾကည့္ရ ေတာ့မွာပဲ ျဖစ္ပါတယ္။
 
မႈခင္းမ်ား၊ လက္နက္မ်ားနဲ႔ မနာခံမႈမ်ား
 
ယခုရက္သတၱပတ္ထဲ ေနာက္ထပ္ေစာင့္ၾကည့္ရတဲ့ သတင္းေတြက လုံၿခဳံေရးဆိုင္ရာ သတင္းေတြပါဘဲ။ျမန္မာႏိုင္ငံ ေနရာအႏွံအျပားမွာ  က်န္းမာေရးဆိုင္ရာ ကပ္ေဘးေၾကာင့္ ညမထြက္ရအမိန႔္ကိုထုတ္ျပန္ထားခဲ့ရာမွာသိသိႀကီးနဲ႔ ဒီတားျမစ္ခ်က္ကိုခ်ိဳးေဖာက္သူေတြ ေနရာအႏွံရွိခဲ့ပါတယ္။ တစ္ေက်ာင္းတစ္ဂါထာဆန္းဆိုသလိုမႏၲေလးမွာ ညဘက္ထြက္သူကို တာဝန္ရွိသူေတြက ဖမ္းဆီးျခင္းမျပဳဘဲ ႐ိုက္ႏွက္အျပစ္ေပးခဲ့တဲ့ အတြက္ လူမႈကြန္ရက္မွာ ေဝဖန္မႈေတြ ထြက္လာခဲ့အၿပီးမွာ ေနရာေဒသအေတာ္မ်ားမ်ားမွာ ညမထြက္ရအမိန္ခ်ိဳးေဖာက္သူေတြကိုတရားဥပေဒအရ တရားစြဲဆို ျပစ္ဒဏ္ေတြ ေပးခဲ့တာကိုေတြ႕ရပါတယ္။
 
တနသၤာရီတိုင္းထဲက ၿမိတ္မွာ  ညအမထြက္ရအမိန႔္ေဖာက္ဖ်က္က်ဴးလြန္သူ ၁၇ ဦးကို ယခုရက္ထဲမွာ ၿမိတ္ၿမိဳ႕နယ္တရား႐ုံးက တရားစြဲဆိုၿပီး တစ္ဦးကို ဒဏ္ေငြ ငါးေသာင္းက်ပ္ခ်မွတ္ခဲ့တာ ေတြ႕ရပါတယ္။ ဧရာ၀တီ တိုင္းထဲမွာညမထြက္ရအမိန႔္ကို ခ်ိဳးေဖာက္ခဲ့တဲ့ သူ ၂၀၀ ေက်ာ္ရွိခဲ့ၿပီး ေထာင္ဒဏ္ခ်ခဲ့တာကို ေတြ႕ရပါတယ္။ တခ်ိဳ႕ေနရာေတြမွာ  ကိုဗက္ ၁၉ ေၾကာင့္ လူသူနည္းပါးမႈကိုအေၾကာင္းျပဳၿပီး ဒုစ႐ိုက္သမားမ်ားက လုယက္တာ ေတြ ျဖစ္ လာခဲသလို ဒဂုံေတာင္မွာ ဧၿပီ ၂၃ ရက္ျဖစ္ခဲ့တဲ့ လူသတ္မႈမွာ အငွားယာဥ္ေမာင္းကို သတ္ၿပီး ကားေရာ ပိုက္ဆံ ေတြပါလုယက္ခဲ့တဲ့ ဆိုး႐ြားလြန္းတဲ့ ကိစၥေတြလည္းျဖစ္ခဲ့တာကိုေတြ႕ရပါတယ္။
 
ကိုဗစ္-၁၉ ကူးစက္ေရာဂါ အတည္ျပဳလူနာေတြရွိတဲ့ေနရာ၊ ျဖစ္ပြားမႈမ်ားတဲ့ေနရာေတြမွာ semi-Lockdown ခ်တာေတြရွိခဲ့ပါတယ္။ အဆိုပါေနရာေတြမွာ ေနထိုင္ၾကတဲ့ သူေတြနဲ႔ တာဝန္ယူရတဲ့ ေအာက္ေျခဝန္ ထမ္းမ်ားၾကားမွာၫႊန္ၾကားခ်က္ထက္ပိုၿပီး အခြင့္အာဏာျပလိုတဲ့ ယခင္အစိုးရေခတ္က တြင္က်ယ္ခဲ့တဲ့ လက္ က်န္ လူေဟာင္းေတြနဲ႔အႏြယ္ဝင္တခ်ိဳ႕က ဝင္ေရာက္ေနရာယူလာတာေတြေၾကာင့္ ျပႆနာအခ်ိဳ႕ ျဖစ္လာတာကို ေတြ႕ရသလို လုပ္ပိုင္ခြင့္ေက်ာ္လြန္လုပ္ကိုင္တာေတြေၾကာင့္  ျပႆနာမ်ားစြာကို ျမင့္ေတြရပါတယ္။ လမ္းထဲဝင္လို႔ မရ ေအာင္ ပိတ္ဆို႔ထားျခင္း၊ လမ္းတြင္းေနသူမ်ားကို စစ္ေဆးရာတြင္ ရင့္သီးျခင္းႏွင့္ သတ္မွတ္ခ်ိန္မေရာက္မီ လမ္းအတြင္းလိုတာထက္ပိုၿပီး တင္းက်ပ္ထားခဲ့သျဖင့္ က်န္းမာေရး၊ လူမႈေရးႏွင့္ စီးပြားေရးဆိုင္ရာေတြမွာ အဆိုပါ ယာယီ ႀကီးၾကပ္သူေတြေၾကာင့္ ထိခိုက္ဆုံးရႈံးမႈေတြရွိခဲ့လို႔ ျပစ္တင္ေဝဖန္မႈေတြထြက္ခဲ့သလို႔ ၁၉၈၈ ခုႏွစ္က အ လား တားဆီးမႈေတြရွိခဲ့လို႔သက္ဆိုင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ျပစ္တင္ေထာက္ျပရတဲ့အထိ ျဖစ္ခဲ့ တာကိုလည္း ယခုကာလမွာေတြ႕ခဲ့ရပါတယ္။
 
ဒီကာလမွာ ထူးထူးျခားျခား လက္နက္ေတြမိတဲ့ သတင္းကလည္း ဒီလိုကာလမွာ အမ်ားျပည္သူၾကား ေၾကာက္စရာလန႔္စရာ ကိစၥတစ္ခုျဖစ္ခဲ့ပါတယ္။ ဧၿပီ ၂၉ရက္က  ျပည္သူတစ္ဦးသတင္းေပးခ်က္အရ ေျမာက္ဥကၠ လာပၿမိဳ႕နယ္ထဲက ေနအိမ္တစ္ခုကို  ဝင္ေရာက္စစ္ေဆးခဲ့ရာမွာ ေသနတ္ေတြအပါအဝင္ ဆက္စပ္ပစၥည္းေတြကိုပါဖမ္းဆီးရမိခဲ့တာပါ။ ထုတ္ျပန္ခ်က္ေတြမွာေတာ့ တရားမဝင္ေလေသနတ္ ေလးလက္၊ ေကာ္ေစ့ျဖင့္ပစ္ခတ္သည့္ေကာ္ပစၥတိုေသနတ္ ႏွစ္လက္၊  ေလေသနတ္က်ည္ ၂၅၄၈ ေတာင့္၊ သံေဘာေစ့မ်ိဳးစုံ ၅၆၅၀ ေစ့၊ ဓားမ်ိဳးစုံ ၂၅လက္၊ ပုဆိန္ တစ္လက္၊ ဂ်င္ကလိ ၁၉ ေခ်ာင္းႏွင့္ က်ည္မ်ိဳးစုံ ၁၁၁၃ ေတာင့္တို႔ကိုမိခဲ့တယ္ဆိုၿပီး အဓိကသံသယရွိသူကို ပဲခူးမွာ ေနာက္တစ္ရက္မွာဖမ္းမိခဲ့တယ္ဆိုပါတယ္။
 
ဒီအမႈကို တပ္ဘက္က လာေရာက္စစ္ေဆးခဲ့ၿပီး ဒီလိုကာလမွာ ဒီလိုလက္နက္ေတြအမ်ားႀကီး စုေဆာင္း ထားတဲ့ရည္႐ြယ္ခ်က္ကလည္း သံသယရွိစရာေကာင္းေနပါတယ္။ ယခုခ်ိန္ထိစစ္ေဆးခ်က္ေတြကို ထုတ္ျပန္ ျခင္း မရွိေသးလို႔ အမ်ားျပည္သူက စိတ္ဝင္တစားေစာင့္ၾကည့္ေနတဲ့ အတြက္ ဒီလိုလက္နက္စုေဆာင္းျခင္းရဲ႕ ေနာက္ ကြယ္က ရည္႐ြယ္ခ်က္က ဘာလဲ ဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။
 
စီးပြားေရးနဲ႔ ကိုဗစ္အလြန္ ျပင္ဆင္မႈ
 
မၾကာမီက ဒဂုံေတာင္ပိုင္းက စက္႐ုံတစ္ခု ပိတ္လိုက္ရမွာ မပိတ္ခင္က စက္႐ုံေရွ႕မွာ ပိတ္ဆို႔ၿပီးဆႏၵျပခဲ့တဲ့ အတြက္ေအာ္ဒါေတြ အခ်ိန္မီမေပးႏိုင္လို႔ နာမည္ပ်က္ၿပီး ပိတ္လိုက္ေၾကာင္းေၾကညာတာကိုေတြ႕ရပါတယ္။ ဒီ ေနာက္ပိုင္းမွာ စက္႐ုံေတြဘက္က ပိတ္မယ္ဆိုတဲ့ အသံေတြ ထြက္လာသလို  ျမန္မာႏိုင္ငံမွာ ရွိတဲ့ ကိုရီးယား စက္႐ုံ ေတြ တျခားႏိုင္ငံကို ေ႐ႊ႕ေတာ့မယ္ဆိုတဲ့ အသံေတြ ထြက္လာတာကိုလည္းေတြ႕လာရပါတယ္။ ဒီသတင္းအေပၚ သက္ဆိုင္ရာတာဝန္ရွိသူက မဟုတ္ပါဘူးလို႔  ထြက္ျငင္းခဲ့တာကိုေတြ႕ရပါတယ္။
 
ကိုဗစ္-၁၉ ေၾကာင့္ အထိနာခဲ့တာက စီးပြားေရးက႑ပါ။ ျမန္မာတစ္ႏိုင္ငံထဲ ျဖစ္တာမဟုတ္ဘဲ တကမာၻ လုံးျဖစ္တဲ့အတြက္ ဘယ္သူကို ဘယ္သူမွ မကယ္ႏိုင္ဘဲ ေတာင္မင္းေျမာက္မင္းမကယ္ႏိုင္တဲ့ အေျခအေနျဖစ္ သ လို  ကမာၻစက္႐ုံလို႔ တင္စားတဲ့ တ႐ုတ္ႏိုင္ငံကေန ဂ်ပန္စက္႐ုံေတြ ေ႐ႊ႕ေျပာင္းဖို႔ထိျဖစ္လာတဲ့အတြက္ ဒီစက္႐ုံေတြ ကိုအိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္နဲ႔ ဗီယက္နမ္၊ထိုင္းစတဲ့ ႏိုင္ငံေတြကို ေ႐ႊ႕ေျပာင္းလာဖို႔ အၿပိဳင္အဆိုင္စြဲေဆာင္ ေနခ်ိန္ မွာျမန္မာႏိုင္ငံက အလုပ္သမား အလုပ္ရွင္ျပႆနာေတြ၊ အရပ္ဘက္ အဖြဲ႕အစည္းေတြရဲ႕ အခန္းက႑က ဒီလိုလာေရာက္ရင္းႏွီးျမဳပ္ႏွံသူေတြကို ဟန႔္တားေစသလို ယူဆသူေတြလဲ ရွိလာခဲ့ပါတယ္။ 
 
ကိုဗစ္-၁၉ ေၾကာင့္ အလုပ္႐ုံစက္႐ုံေတြကို က်န္းမာေရးဆိုင္ရာ  ျပႆနာေတြေၾကာင့္ ပိတ္ခဲ့ရ သလို အလုပ္လက္မဲ့အလုပ္သမားေတြလည္း မ်ားလာခဲ့ပါတယ္။ အေစာပိုင္းက COVID -19 Fund အျဖစ္ ႏိုင္ငံ ေတာ္ လွည့္ပတ္ရန္ပုံေငြမွ က်ပ္ ဘီလ်ံ ၅၀ ႏွင့္ လူမႈဖူလုံေရး ရန္ပုံေငြ မွ က်ပ္ ဘီလ်ံ ၅၀ စုစုေပါင္း က်ပ္ဘီလ်ံ ၁၀၀ နဲ႔ထူေထာင္ၿပီးအစိုးရက ကိုဗက္ ၁၉ ေၾကာင့္ ထိခိုက္တဲ့ ခရီးသြားလုပ္ငန္း၊ဟိုတယ္ခရီးလို႔လုပ္ငန္းနဲ႔ ဆက္ စပ္လုပ္ငန္း ေတြ၊စားေသာက္ကုန္လုပ္ငန္းမ်ား၊ အထည္ခ်ဳပ္၊ ဖိနပ္ခ်ဳပ္ လုပ္ငန္းမ်ားကို က်ားကန္ေပးဖို႔ ေခ်းေငြကို အတိုးႏႈန္း ၁ရာခိုင္ႏႈန္း၊ ေခ်းေငြကာလ တႏွစ္ သတ္မွတ္ကာ အနိမ့္ဆုံး ေခ်းေငြ သိန္း ၃၀ ကေန သိန္း ၆၅၀ အထိ ထုတ္ေခ်းေပးခဲ့ပါတယ္။ ပထမအသုတ္အျဖစ္ လုပ္ငန္း ၈၅ ခုကို ေခ်းေငြမ်ားထုတ္ ေပး ခဲ့ၿပီးေနာက္ ဧၿပီ ၂၈ ရက္ မွာ ဒုတိယအသုတ္အျဖစ္ လုပ္ငန္း ၁၁၃ ခုကို ေခ်းေငြ ထုတ္ခြင့္ျပဳ ပါတယ္။
 
ဒါအျပင္ ဧၿပီ ၂၈ ရက္မွာဘဲ အစိုးရက COVID-19 ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရး သက္ေရာက္မႈ မ်ားအေပၚကုစားေရး အစီအစဥ္ (CERP) ကိုထုတ္ျပန္ခဲ့ၿပီး ဒီထဲမွာ ေငြေၾကးဆိုင္ရာ ျပဳျပင္ေျပာင္းလဲမႈ၊ အစိုးရ အသုံးစရိတ္မ်ားတိုးျမႇင့္တာနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ကို ခိုင္မာေအာင္ ျပဳလုပ္တာအထိပါဝင္ခဲ့ပါတယ္။ ဒီထဲမွာစီမံကိန္း ရည္မွန္းခ်က္ ၇ ခု၊ မဟာဗ်ဴဟာ ၁၀ ခု၊ လုပ္ငန္း အစီအစဥ္ ၃၆ ခု ႏွင့္ ေဆာင္႐ြက္မႈ ၇၆ ခုပါ ဝင္ၿပီးအဓိက အား ျဖင့္ ကမာၻကပ္ေရာဂါေၾကာင့္ ျဖစ္လာတဲ့ စီးပြားေရး သက္ေရာက္မႈကို ျမန္မာႏိုင္ငံ၏ စီးပြား ေရးမထိခိုက္ေစဖို႔ နဲ႔ ထိခိုက္မႈ သက္သာေစဖို႔ဘဲ ျဖစ္ပါတယ္။ 
 
ဒီထဲမွာပါတဲ့ ျပဳျပင္မႈေတြမွာ ထူးထူးျခားျခား ေခတ္အဆက္ဆက္ ေဆာင္႐ြက္ရခက္တဲ့ ဘဏ္တိုးႏုန္း ေလ်ာ့ခ်တဲ့လုပ္ရပ္ကို ဒီကာလ ထဲ မွာဘဲ ႏွစ္ခါတိတိေလ်ာ့ခ်လုပ္ေဆာင္ခဲ့တာေၾကာင့္ ဗဟိုဘဏ္အတိုးႏူန္းက တစ္ႏွစ္ကို ၇ရာခိုင္ႏူန္းအထိ ေရာက္ခဲ့ သလို သက္သာလာခဲ့တဲ့ အတြက္  ဘဏ္ထဲ ထုနဲ႔ထည္နဲ႔ ဝင္ေနၿပီး ပမာဏမ်ားတဲ့ ေငြရင္းေတြ ျပန္ထြက္လာႏိုင္တဲ့ အတြက္  ေငြရင္းနည္းေနတဲ့ ျမန္မာ့စီးပြားေရးအတြက္ အေျခအ ေနေကာင္းေတြ ျပန္လည္ေမွ်ာ္လင့္လို႔ရလာႏိုင္ပါတယ္။ 
 
တျခားတစ္ဖက္မွာလည္း ကိုဗစ္-၁၉ ေၾကာင့္ အလုပ္သမားေတြရဲ႕ ဝင္ေငြ ေလ်ာ့က်မႈ၊အလုပ္လက္မဲ့ ျဖစ္မႈေတြကိုသက္သာေစဖို႔  ဧၿပီ ၂၈ ရက္မွာဘဲ အစိုးရက ဧၿပီ ၂၀ ရက္မွ စတင္ၿပီး ယာယီရပ္နားခဲ့သည့္ စက္႐ုံ မ်ားမွအလုပ္သမားမ်ားကို လူမႈဖူလုံေရးေၾကး ၄၀ ရာခိုင္ႏႈန္း ထုတ္ေပးမယ္ဆိုၿပီးထုတ္ျပန္ခဲ့တာကို ေတြ႕ရပါ တယ္။ဒါအျပင္ ေမ ၁ ရက္ေန႔မွာ အလုပ္သမားေန႔ေျပာတဲ့ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္မိန႔္ခြန္းမွာ ကမာၻ႔ကပ္ ေရာဂါ ကိုဗစ္-၁၉ ႐ိုက္ခတ္မႈေၾကာင့္ ပိတ္သိမ္းသြားေသာ အလုပ္ဌာနမ်ားမွ လူမႈဖူလုံေရး အာမခံေၾကး ထည့္ဝင္ ထားေသာအလုပ္သမားမ်ားအတြက္ တစ္ႏွစ္တာ ေထာက္ပံ့ေရး စီမံထားတယ္ဆိုၿပီး ေျပာခဲ့တာကိုလည္း ေတြ႕ရ ပါတယ္။
 
အစိုးရအေနနဲ႔ဒီလိုမူဝါဒပိုင္းကျပင္ဆင္မႈေတြ ရွိေနေပမယ့္ ျမန္မာႏိုင္ငံနဲ႔ အဓိကကုန္သြယ္ဘက္ တ႐ုတ္ နဲ႔အဓိကကုန္သြယ္တဲ့ နယ္စပ္ဂိတ္ေတြမွာ တ႐ုတ္ဘက္က ျမန္မာဘက္မွာ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ေနတဲ့ အတြက္ တ႐ုတ္အစိုးရက နယ္ေျမျဖတ္သန္းခြင့္ကို ဧၿပီ ၂၃ ရက္က ပိတ္ထားခဲ့လို႔ ကုန္သြယ္ေရးမွာ ရာသီသီးႏွံကုန္ေတြ တင္တဲ့ ျမန္မာဘက္ကုန္သည္‌ေတြ ထိခိုက္မႈမ်ားေနပါတယ္။ ဒါအျပင္ တ႐ုတ္ဘက္က လာေရာက္တဲ့ သူေတြကို လည္း ျမန္မာဘက္မဝင္ဖို႔ တင္းတင္းၾကပ္ၾကပ္တားျမစ္ထားတဲ့ အတြက္ ကုန္သြယ္ေရးက ခန႔္မွန္းလို႔မရျဖစ္ ေနပါတယ္။ 
 
လက္ရွိ ျမန္မာစီးပြားေရးအေျခအေနက ႀကိဳတင္ျပင္ဆင္မႈမွာ အားနည္းေနခဲ့သလို က်န္းမာေရးနဲ႔ စီးပြား ေရး မွာေမွ်ာ့ေသြးစမ္းသလို ကိုင္တြယ္ခဲ့တဲ့ အာဏာပိုင္ေတြရဲ႕ ကိုဗက္ ၁၉ အလြန္ႀကိဳတင္ျပင္ဆင္မႈက အနာနဲ႔ ေဆး တည့္မလား၊ ပို အခက္ ေတြ႕ မလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္သလို  ကိုဗစ္-၁၉ ကာလ ၾကာရွည္လာရင္ ဘာေတြ ဆက္ျဖစ္လာမလဲဆိုတာကိုလည္း ဆက္ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။
 
ဒီသတင္းေတြက ယခုရက္သတၱပတ္ အတြင္းမွာ ျဖစ္ခဲ့တဲ့ သတင္းေတြ ျဖစ္တဲ့ ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသေရး ကို ထိထိေရာက္ေရာက္ ေဆာင္႐ြက္ႏိုင္ရန္ ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္စပ္လ်ဥ္း၍တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားႏွင့္ ညႇိႏႈိင္းပူးေပါင္းေကာ္မတီ ဖြဲ႕စည္းလိုက္ တဲ့ သတင္း၊ဘန္ေကာက္ၿမိဳ႕မွာ  အသက္ ၅၃ ႏွစ္အ႐ြယ္ ျမန္မာအိမ္အကူ အမ်ိဳးသမီးတစ္ဦး တိုက္ေပၚ က ခုန္ခ်သတ္ေသမႈျဖစ္ပြားခဲ့တဲ့ သတင္း၊ COVID-19ေရာဂါကို တြန္းလွန္ေနခ်ိန္မွာ  တိုက္ပြဲမ်ားရပ္ထားရန္ တပ္မေတာ္ႏွင့္ရွမ္းနီအမ်ိဳးသား တပ္ဖြဲ႕(SNA)တို႔ကိုသွ် မ္းနီစာေပအသင္းကေမတၱာရပ္ခံလိုက္တဲ့ သတင္း၊ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိသီလရွင္ေက်ာင္းအခ်ိဳ႕တြင္  ဆြမ္းရိကၡာျပတ္လပ္မႈမ်ား ရွိေနတဲ့ သတင္းေတြလည္း စိတ္ဝင္စားစရာေကာင္းခဲ့တယ္ဆိုတာတင္ျပရင္း….။
 
မာလင္း
ေမ - ၁