【 သရော်စာ 】 သက္ကရာဇ်နှစ်ခု၊ ဧကရာဇ်နိုင်ငံတော်တစ်ခု၊ တံငါရွာလေးတစ်ရွာ

【 သရော်စာ 】 သက္ကရာဇ်နှစ်ခု၊ ဧကရာဇ်နိုင်ငံတော်တစ်ခု၊ တံငါရွာလေးတစ်ရွာ

(၁) ခရစ်သက္ကရာဇ် ၁၈၁၉ ခုနှစ်။

မွန်းတည့်လုနီးပါး နေရောင်ခြည်အောက်တွင် အမရပူရနေပြည်တော်က စူးလစ်မွန်းချွန်တို့ဖြင့် ရွှေရောင်တဖိတ်ဖိတ် လက်နေသည်။ရွှေပိန်းချ ကျွန်းတိုင်လုံးကြီးများနှင့် သုံးဆောင်တွဲ အိမ်မြင့်ကြီးရှေ့တွင် မိုက်ကယ်ဆိုင်း က သူ့မြင်းကိုရပ် ဇတ်ခွံလိုက်သည်။မိုက်ကယ်ဆိုင်း နည်းတူ နောက်မှ မြင်းသုံးစီးပေါ်မှ လူများကလည်း မြင်းကို ရပ်လိုက်ကြပြီး မြင်းပေါ်မှ အသာအယာဆင်းလာကြ၏။
အဖွဲ့ဝင်လေးဦးလုံး၏ မျက်နှာပြင်တွင် ချွေးများရွှဲနစ်လျက်။မြန်မာ့ရာသီဥတုကား အင်္ဂလိပ်သံတမန်တို့ဖြင့် အသားမကျသေး..။ရာသီဥတုတင်မဟုတ် တော်ဝင်ဆန်ပြီး ခန်းနားကြီးကျယ်လှသော အရှေ့တိုင်းယဉ်ကျေးမှုတို့နှင့်လည်း အသားမကျသေး..။သို့သော်လည်း မိုက်ကယ်ဆိုင်း ဘာမှ မတတ်နိုင်..။အခြေအနေနှင့် အချိန်အခါအရ မြန်မာနေထွက်ဘုရင်၏ ကြည်ဖြူမှု၊ မျက်နှာသာပေးမှုသည် သူ့အတွက် အရေးအကြီးဆုံး..။သို့မှသာ အိန္ဒိယပြည် အပြန်ခရီး ဘုရင်ခံချုပ် ရှေ့မှောက်တွင် မျက်နှာပန်းလှမည် မဟုတ်လား..။မြန်မာဘုရင်၏ မျက်နှာသာပေးမှုသည် ပြင်သစ်တို့ဘက်သို့ ပိုလျှံမသွားစေရ..။ဒီတော့ သံတမန်ကောင်းတစ်ယောက်အနေဖြင့် အရာရာအောက်ကျခံဖို့ အသင့်..။

“ဘယ်သူနဲ့ တွေ့ချင်ပါသလဲ..”

“အိမ်ရှေ့စံ ကိုယ်တော်ကြီးဘုရား နဲ့ တွေ့ခွင့်တောင်းထားတဲ့ အင်္ဂလိပ်သံအဖွဲ့ပါ.. သွေးသောက်ကြီးခင်ဗျား..”

မိုက်ကယ်ဆိုင်း က မြန်မာသံ ပီပီသသဖြင့် ပြန်ဖြေသဖြင့် အသားညိုညို အရပ်မြင့်မြင့်မားမား ဓားလွတ်လွယ်ထားသော အိမ်တော်စောင့် မြန်မာသွေးသောက်ကြီး သဘောကျသွားဟန်တူသည်။

“တော်ကြီးဘုရား အမိန့်တော်ရှိပြီးသားပါ..သံအဖွဲ့အနေနှင့် တော်ကြီးဘုရား ကို အိမ်တော်တွင်း ဝင်ရောက်မော်ဖူးနိုင်ပါတယ်”

ရွှေပိန်းချထားသော ကျွန်းသားတိုင်လုံးကြီးများကို မိုက်ကယ်ဆိုင်း နှင့်အဖွဲ့ ငေးမောနေစဉ် သွေးသောက်ကြီးက ဖိနပ်များချွတ်ကြရန် မျက်နှာထား ခပ်တင်းတင်းဖြင့် ပြောလိုက်သည် ။

အသားဖြူသုံးယောက်သား အရပ်ကလန်ကလားကြီးများဖြင့် ကုန်းကုန်းကွကွလုပ်ကာ ရှူးဖိနပ်များကို ပြာပြာသလဲချွတ်နေပုံကို သွေးသောက်ကြီးက ကွမ်းကိုမြုံရင်း ခပ်ပြုံးပြုံးကြည့်နေ၏။

ရွှေရောင်လက်နေသည့် သလွန်ပေါ်တွင် ထိုင်နေသည်ကား မြန်မာ့နေထွက်ဘုရင် အမရပူရပြည့်ရှင် ဆင်ဖြူများရှင် ဘိုးတော်မင်းတရား ၏ အိမ်ရှေ့စံကိုယ်တော်ကြီးပင်..။အရှေ့တိုင်းထုံးစံအတိုင်း ခါးကို ကုန်းနိုင်သမျှကုန်းကာ အိမ်ရှေ့စံ၏ သလွန်ရှေ့ ကြမ်းပြင်တွင် မိုက်ကယ်ဆိုင်း တို့ ကြုံ့ကြုံ့လေးထိုင်ရင်း ခေါင်းကိုငုံ့ထားကြသည်။အိမ်ရှေ့မင်းသား၏ ဘေးတွင်တော့ ကလေးငယ်နှစ်ယောက် ထိုင်နေကြသည်။ဖြူစွတ်နေသော သိုရင်းအင်္ကျ ီပွပွဲကြားမှ ရင်အုပ်ကြွက်သားတို့ မို့မောက်ထွက်နေသည့် အိမ်ရှေ့မင်းသား၏ ကိုယ်လုံးကို မိုက်ကယ်ဆိုင်း ခိုးအကဲခတ်နေမိသည်။မကြာမီကမှ ရခိုင်ကို အောင်မြင်ပြီး ပြန်လာသည့် မင်းသား မဟုတ်ပေလား..။

“အိန္ဒိယပြည် ဘုရင်ခံရော ကျန်းခံသာလို့ မာပါစ သံကြီးများ”

အိမ်ရှေ့စံ စကားစမှပင် မိုက်ကယ်ဆိုင်း တို့ ငုံ့ထားသော ခေါင်းများကို အပေါ်မော့ခွင့် ရတော့သည်။ဒါကလည်း အရှေ့တိုင်း ပဒေသရာဇ်တို့၏ ကြီးကျယ်ခမ်းနားလှသော ထုံးစံ..။

“မှန်ပါ့..အင်္ဂလိပ်ဘုရင်ခံချုပ် မြို့စားကြီး မာကွစ်ဝဲလက်စလေ (Marquis Wellesely) သည် ဘုန်းတော်ကြောင့် ကျန်းမာတော်မူကြောင်းပါ ဘုရား”

“ဘယ်လို သံကြီးရဲ့ ဘုရင်ခံကြီးနာမည်က မာကျစ်ဝဲလက် တဲ့လား..”

အိမ်ရှေ့မင်းက သူ့နဘေးမှ ရွှေထွေးခံကြီးကို မကာ ကွမ်းသွေးတို့ထွေးပြီး ရယ်သွမ်းသွေးသည်။

“မှန်ပါ့..မာကွစ် ဆိုတာ မြို့စားရာထူး အခေါ်အဝေါ်ပါ..ဝဲလက်စလေ ဆိုတာကတော့ သူအပိုင်စားတဲ့ နယ်နာမည်ပါ..ဘုရား”

“အိမ်း…ဟုတ်ပြီ…ငါတို့ကို ရွှေတောင်မြို့စားလို့ ခေါ်သလိုပဲပ သံကြီးရ..”

ဓါးထက်လှပါသည်ဆိုသော ကုန်းဘောင်နေမျိုးတို့၏ ဧကရာဇ်လောင်းကား မာန်မာန စိုးစင်းမျှ ရှိဟန်မတူ…။အင်္ဂလိပ် သံတမန်များကို ဆက်ဆံပုံက ယဉ်ယဉ်ကျေးကျေးနှင့် ပွင့်ပွင့်လင်းလင်း…။သို့သော်လည်း မိုက်ကယ်ဆိုင်း တို့ အနေဖြင့် မလေးမစား မလုပ်ရဲ..။ယဉ်ကျေးမှု အဆင့်အတန်းရှိသည့် အရှေ့အာရှ တိုင်းပြည်ကြီးတစ်ခု၏ အိမ်ရှေ့မင်းသား … စစ်တိုက်တော်ပြီး ပျူငှာယဉ်ကျေးသော ထီးသွေးနန်းသွေး တော်ဝင်သွေးအစစ် မဟုတ်လား..။သူတို့ အင်္ဂလန်မှာဆို ဝေလမင်းသား နှင့် အဆင့်အတန်းချင်း အတူတူ…။

အရှေ့တိုင်း နေမျိုးနွယ် ကုန်းဘောင်သွေးတို့၏ ဇာတိပုညတွင် မိုက်ကယ်ဆိုင်း ဆိုသည့် အင်္ဂလိပ်လူမျိုးတစ်ယောက် လေးစားခန့်ညားခဲ့ရသော အမရပူရ၏ ထိုသက္ကရာဇ်…ခရစ်နှစ် ၁၈၁၉…။

(၂) ခရစ်သက္ကရာဇ် ၁၈၁၉ ခုနှစ်။

မွန်းတည့်လုနီးပါး နေရောင်ခြည်အောက်တွင် စင်္ကာပူရေလက်ကြားက ပြာလွင်လွင်အရောင်ဖြင့် တဖိတ်ဖိတ်လက်လျက်..။အပြာကမ္ဘာကြီးထဲတွင် အရှေ့အိန္ဒိယကုမ္ပဏီအလံ တလူလူလွင့်နေသော သင်္ဘောပေါ်မှ မစ္စတာစတန်းဖို့ဒ်ရာဖယ် စိတ်ဝင်စားနေသည်က ဟိုးအရှေ့က ကျွန်းသေးသေးလေးတစ်ခု..။စိတ်မှန်းဖြင့် တွက်ချက်ကြည့်လိုက်ရုံဖြင့်ပင် စတုရန်းကီလိုမီတာ ၆၀၀ ကျော်ကျော်သာရှိမည့် ကျွန်းကလေး..။

“ဟေး ဝီလျံ မာလိန်ကိုပြောကွာ..ရှေ့က ကျွန်းနား ရောက်အောင်ကပ်လို့…ကျွန်းအသစ်ကွ.. လူရိပ်လူခြေလည်းတွေ့တယ်”

“အိုး..ဆာစတန်းဖို့ဒ် အဲဒါ…တံငါရွာလေးတစ်ရွာရှိတဲ့ ကျွန်းပါ..ကျွန်တော်သိပါတယ်..”

ဝီလျံ၏ စကားကို စတန်းဖို့ဒ် က စကားမပြန်…။သင်္ဘောကလေးက ကျွန်းနှင့် နီးကပ်လာသည့် ရေတိမ်ပိုင်းအရောက်တွင် စက်ကိုသတ်လိုက်သည်။စတန်းဖို့ဒ် နှင့် သဘောၤသားငါးယောက် လှေငယ်လေးတစ်စင်းချကာ ကမ်းခြေဆီ လှော်ခတ်သွားကြသည်။ကမ်းခြေတွင် ငါးဖမ်းပိုက်စုတ်ကလေးများကို ဖာနေကြသည့် အရှေ့တိုင်းဝတ် ထမီလိုအရာကို ရင်လျားပတ်ထားကြသော အမျိုးသမီးအချို့..။နေလောင်ဒဏ်ကြောင့် ညိုမဲနေသော အသားအရည်ပိုင်ရှင် အမျိုးသားများ…။စတမ်းဖို့ဒ် က ခါးကြားမှ သေနတ်ကို သေချာစမ်းလိုက်ပြီး လှေပေါ်မှ ဆင်းလိုက်သည်။ကလေးတွေ အော်ငိုပြီး ပြေးကြသည် ။ပိုက်ဖာနေသော မိန်းမများလည်း အလန့်တကြားဖြင့် ဓနိနှင့် အုန်းလက်တို့ မိုးထားသော တဲသေးသေးလေးများဆီ ဝင်ပြေးသည်။လူဖြူဆိုတာ သူတို့မမြင်ဘူး..။

“အော်..ဆင်းရဲနိမ့်ပါးလှတဲ့ တံငါရွာလေးပါလား..”

စတမ်းဖို့ဒ် သူ့အတွေးနှင့်သူ ပြုံးလိုက်သည်။

မာလာယု နှင့် အင်ဒိုချိုင်းနား အကြားက ကိုလိုနီသေးသေးလေးတစ်ခုကို ဘုရင်ခံချုပ်ထံ မကြာမီလက်ဆောင်ပေးနိုင်တော့မည် မဟုတ်လား…။

သူတို့အုပ်စုရှိရာသို့ ရွာလူကြီးများ ဖြစ်ဟန်တူသော အသက်ကြီးကြီးလူတစ်စု လှမ်းလာကြသည် ။

“ဟဲလို……မစ္စတာ…ဝဲလ်ကမ်းတူ..လိုင်းရင်းအိုင်းစလန်း”

ရွာလူကြီးတစ်ယောက်က မလေးအမျိုးသားမဟုတ် ကျက်ဆံမြီးနှင့် တရုတ်အမျိုးသား ဖြစ်နေသည်။သူက အင်္ဂလိပ်စကား တတ်ဟန်တူသည်..။အင်္ဂလိပ်လို နှုတ်ဆက်သည်..။ဘယ်နှယ့်..ခြင်္သေ့ကျွန်း ဆိုပါလား…။ကမ်းလင့်လာသော တရုတ်၏ ညစ်ပတ်နေသော လက်ကို စတန်းဖို့ဒ် ပြန်မကမ်းဘဲ သေနတ်ကို ခါးချိတ်ကာ လက်ပိုက်ပြီး ခပ်တင်းတင်းပြန်ကြည့်လိုက်သည်..။
တံငါရွာလေးတစ်ရွာက အကြီးအကဲကို သူလက်ဆွဲနှုတ်ဆက်ဖို့ပင်မတန်…။

သေးငယ်နုံချာလှသည့် စင်ကာပူအမည်ရ တံငါရွာကလေးတွင် စတန်းဖို့ဒ်ရာဖယ် တစ်ယောက်၏ မာန်မာန လောဘတို့ဖြင့် စတင်လွှမ်းမိုးခဲ့သော စင်္ကာပူ၏ ထိုသက္ကရာဇ်…ခရစ်နှစ် ၁၈၁၉…။

(၃) ခရစ်သက္ကရာဇ် ၂၀၁၉ ခုနှစ်

ချန်ဂီ အပြည်ပြည်ဆိုင်ရာလေဆိပ်…။

စင်္ကာပူတဲ့……………..။သူ့တစ်သက်တွင် ဒီမျှကြီးများသော လေဆိပ်။ဒီမျှ လူတွေများသော နေရာမျိုး မမြင်ဘူးခဲ့..။လေယာဉ်ကွင်းမှ လေဆိပ်အထဲသို့ လမ်းလျှောက်စရာမလိုပဲ ရွှေ့လျှားစက်များဖြင့် သွားရသည်ကိုလည်း သူ့မှာ တအံတသြ..။အံသြခြင်းဖြင့် စိုးရိမ်ပူပန်မှုတို့ဖြင့် ခံစားချက်တို့လည်း ရောယှက်နေသည် ။ဟော့ဒီ စင်္ကာပူမှာ သူဘာအလုပ်လုပ်ရမည်နည်း..။အို ဘာအလုပ်ဖြစ်ဖြစ် လုပ်ရမည်။အောက်ကျနောက်ကျ ဘယ်လောက်နိုင်နိုင်…လုပ်ကို လုပ်ရမည်..။ကျန်ရစ်ခဲ့သည့် ဇနီးသည်….သုံးတန်းကျောင်းသားနှင့် ငါးတန်းကျောင်းသူတစ်ယောက်….၏ မျက်နှာ…။ပြီးတော့ ဒီကိုထွက်လာတာကလည်း အကြွေးတွေနှင့်……………။ဟော့ရှေ့မှာ သူတို့အုပ်စုကို လာကြိုနေသည်ဆိုသည့် အေးဂျင့်..။သူ့နာမည်ရေးထားသော စာရွက်ကို လက်ထဲကိုင်လို့…………….။သက်ပြင်းတို့ချလိုက်သည်….။စင်္ကာပူမှာ သူ ဘာကြောင့် အလုပ်လာလုပ်ရပါလိမ့်..။ငယ်စဉ်က လေ့လာလိုက်စားဖူးသော သမိုင်းစာအုပ်များဆီသို့ အတွေးတို့ ရောက်သွားသည်။

တစ်ချိန်တုန်းက အင်္ဂလိပ် သံအမတ် မိုက်ကယ်ဆိုင်း ဦးညွတ်ခတွားခဲ့ရသည့် အမရပူရ ကုန်းဘောင်ဧကရာဇ်နိုင်ငံတော်မှ လူငယ်တစ်ယောက်သည်…….အင်္ဂလိပ်လူမျိုး စတန်းဖို့ဒ် နှိမ့်ချခက်ထန်စွာ ဆက်ခံခဲ့သည့် ခြင်္သေ့ကျွန်းဆိုသည့် တံငါရွာလေးမှ သူဌေးတစ်ဦးထံ….ဘာအလုပ်ဖြစ်ဖြစ် အောက်ကျနောက်ကျခံ လုပ်ရန် လာခဲ့ပါကော….။ဘာကြောင့်လဲ…………ဘာလို့ဒီလိုဖြစ်သွားရတာလဲ…။သူ မတွေးတတ်တော့……။

အို…ဘာပဲဖြစ်ဖြစ်………..ခိုင်းတာလုပ်ပြီး အကြွေးတွေ အရင်ကြေအောင် ဆပ်ရမည်…။အချိန်တန်တော့လည်း  အိမ်ပြန်ရောက်မှာပေါ့…မိန်းမရေ..။

ဗြိတိသျှကိုကိုမောင်
ဇန်နဝါရီ - ၁၃

( Zawgyi )

(၁) ခရစ္သကၠရာဇ္ ၁၈၁၉ ခုႏွစ္။

မြန္းတည့္လုနီးပါး ေနေရာင္ျခည္ေအာက္တြင္ အမရပူရေနျပည္ေတာ္က စူးလစ္မြန္းခြၽန္တို႔ျဖင့္ ေ႐ႊေရာင္တဖိတ္ဖိတ္ လက္ေနသည္။ေ႐ႊပိန္းခ် ကြၽန္းတိုင္လုံးႀကီးမ်ားႏွင့္ သုံးေဆာင္တြဲ အိမ္ျမင့္ႀကီးေရွ႕တြင္ မိုက္ကယ္ဆိုင္း က သူ႔ျမင္းကိုရပ္ ဇတ္ခြံလိုက္သည္။မိုက္ကယ္ဆိုင္း နည္းတူ ေနာက္မွ ျမင္းသုံးစီးေပၚမွ လူမ်ားကလည္း ျမင္းကို ရပ္လိုက္ၾကၿပီး ျမင္းေပၚမွ အသာအယာဆင္းလာၾက၏။
အဖြဲ႕ဝင္ေလးဦးလုံး၏ မ်က္ႏွာျပင္တြင္ ေခြၽးမ်ား႐ႊဲနစ္လ်က္။ျမန္မာ့ရာသီဥတုကား အဂၤလိပ္သံတမန္တို႔ျဖင့္ အသားမက်ေသး..။ရာသီဥတုတင္မဟုတ္ ေတာ္ဝင္ဆန္ၿပီး ခန္းနားႀကီးက်ယ္လွေသာ အေရွ႕တိုင္းယဥ္ေက်းမႈတို႔ႏွင့္လည္း အသားမက်ေသး..။သို႔ေသာ္လည္း မိုက္ကယ္ဆိုင္း ဘာမွ မတတ္ႏိုင္..။အေျခအေနႏွင့္ အခ်ိန္အခါအရ ျမန္မာေနထြက္ဘုရင္၏ ၾကည္ျဖဴမႈ၊ မ်က္ႏွာသာေပးမႈသည္ သူ႔အတြက္ အေရးအႀကီးဆုံး..။သို႔မွသာ အိႏၵိယျပည္ အျပန္ခရီး ဘုရင္ခံခ်ဳပ္ ေရွ႕ေမွာက္တြင္ မ်က္ႏွာပန္းလွမည္ မဟုတ္လား..။ျမန္မာဘုရင္၏ မ်က္ႏွာသာေပးမႈသည္ ျပင္သစ္တို႔ဘက္သို႔ ပိုလွ်ံမသြားေစရ..။ဒီေတာ့ သံတမန္ေကာင္းတစ္ေယာက္အေနျဖင့္ အရာရာေအာက္က်ခံဖို႔ အသင့္..။

“ဘယ္သူနဲ႔ ေတြ႕ခ်င္ပါသလဲ..”

“အိမ္ေရွ႕စံ ကိုယ္ေတာ္ႀကီးဘုရား နဲ႔ ေတြ႕ခြင့္ေတာင္းထားတဲ့ အဂၤလိပ္သံအဖြဲ႕ပါ.. ေသြးေသာက္ႀကီးခင္ဗ်ား..”

မိုက္ကယ္ဆိုင္း က ျမန္မာသံ ပီပီသသျဖင့္ ျပန္ေျဖသျဖင့္ အသားညိဳညိဳ အရပ္ျမင့္ျမင့္မားမား ဓားလြတ္လြယ္ထားေသာ အိမ္ေတာ္ေစာင့္ ျမန္မာေသြးေသာက္ႀကီး သေဘာက်သြားဟန္တူသည္။

“ေတာ္ႀကီးဘုရား အမိန႔္ေတာ္ရွိၿပီးသားပါ..သံအဖြဲ႕အေနႏွင့္ ေတာ္ႀကီးဘုရား ကို အိမ္ေတာ္တြင္း ဝင္ေရာက္ေမာ္ဖူးႏိုင္ပါတယ္”

ေ႐ႊပိန္းခ်ထားေသာ ကြၽန္းသားတိုင္လုံးႀကီးမ်ားကို မိုက္ကယ္ဆိုင္း ႏွင့္အဖြဲ႕ ေငးေမာေနစဥ္ ေသြးေသာက္ႀကီးက ဖိနပ္မ်ားခြၽတ္ၾကရန္ မ်က္ႏွာထား ခပ္တင္းတင္းျဖင့္ ေျပာလိုက္သည္ ။

အသားျဖဴသုံးေယာက္သား အရပ္ကလန္ကလားႀကီးမ်ားျဖင့္ ကုန္းကုန္းကြကြလုပ္ကာ ရွဴးဖိနပ္မ်ားကို ျပာျပာသလဲခြၽတ္ေနပုံကို ေသြးေသာက္ႀကီးက ကြမ္းကိုၿမဳံရင္း ခပ္ၿပဳံးၿပဳံးၾကည့္ေန၏။

ေ႐ႊေရာင္လက္ေနသည့္ သလြန္ေပၚတြင္ ထိုင္ေနသည္ကား ျမန္မာ့ေနထြက္ဘုရင္ အမရပူရျပည့္ရွင္ ဆင္ျဖဴမ်ားရွင္ ဘိုးေတာ္မင္းတရား ၏ အိမ္ေရွ႕စံကိုယ္ေတာ္ႀကီးပင္..။အေရွ႕တိုင္းထုံးစံအတိုင္း ခါးကို ကုန္းႏိုင္သမွ်ကုန္းကာ အိမ္ေရွ႕စံ၏ သလြန္ေရွ႕ ၾကမ္းျပင္တြင္ မိုက္ကယ္ဆိုင္း တို႔ ႀကဳံ႔ႀကဳံ႔ေလးထိုင္ရင္း ေခါင္းကိုငုံ႔ထားၾကသည္။အိမ္ေရွ႕မင္းသား၏ ေဘးတြင္ေတာ့ ကေလးငယ္ႏွစ္ေယာက္ ထိုင္ေနၾကသည္။ျဖဴစြတ္ေနေသာ သိုရင္းအက်ၤ ီပြပြဲၾကားမွ ရင္အုပ္ႂကြက္သားတို႔ မို႔ေမာက္ထြက္ေနသည့္ အိမ္ေရွ႕မင္းသား၏ ကိုယ္လုံးကို မိုက္ကယ္ဆိုင္း ခိုးအကဲခတ္ေနမိသည္။မၾကာမီကမွ ရခိုင္ကို ေအာင္ျမင္ၿပီး ျပန္လာသည့္ မင္းသား မဟုတ္ေပလား..။

“အိႏၵိယျပည္ ဘုရင္ခံေရာ က်န္းခံသာလို႔ မာပါစ သံႀကီးမ်ား”

အိမ္ေရွ႕စံ စကားစမွပင္ မိုက္ကယ္ဆိုင္း တို႔ ငုံ႔ထားေသာ ေခါင္းမ်ားကို အေပၚေမာ့ခြင့္ ရေတာ့သည္။ဒါကလည္း အေရွ႕တိုင္း ပေဒသရာဇ္တို႔၏ ႀကီးက်ယ္ခမ္းနားလွေသာ ထုံးစံ..။

“မွန္ပါ့..အဂၤလိပ္ဘုရင္ခံခ်ဳပ္ ၿမိဳ႕စားႀကီး မာကြစ္ဝဲလက္စေလ (Marquis Wellesely) သည္ ဘုန္းေတာ္ေၾကာင့္ က်န္းမာေတာ္မူေၾကာင္းပါ ဘုရား”

“ဘယ္လို သံႀကီးရဲ႕ ဘုရင္ခံႀကီးနာမည္က မာက်စ္ဝဲလက္ တဲ့လား..”

အိမ္ေရွ႕မင္းက သူ႔နေဘးမွ ေ႐ႊေထြးခံႀကီးကို မကာ ကြမ္းေသြးတို႔ေထြးၿပီး ရယ္သြမ္းေသြးသည္။

“မွန္ပါ့..မာကြစ္ ဆိုတာ ၿမိဳ႕စားရာထူး အေခၚအေဝၚပါ..ဝဲလက္စေလ ဆိုတာကေတာ့ သူအပိုင္စားတဲ့ နယ္နာမည္ပါ..ဘုရား”

“အိမ္း…ဟုတ္ၿပီ…ငါတို႔ကို ေ႐ႊေတာင္ၿမိဳ႕စားလို႔ ေခၚသလိုပဲပ သံႀကီးရ..”

ဓါးထက္လွပါသည္ဆိုေသာ ကုန္းေဘာင္ေနမ်ိဳးတို႔၏ ဧကရာဇ္ေလာင္းကား မာန္မာန စိုးစင္းမွ် ရွိဟန္မတူ…။အဂၤလိပ္ သံတမန္မ်ားကို ဆက္ဆံပုံက ယဥ္ယဥ္ေက်းေက်းႏွင့္ ပြင့္ပြင့္လင္းလင္း…။သို႔ေသာ္လည္း မိုက္ကယ္ဆိုင္း တို႔ အေနျဖင့္ မေလးမစား မလုပ္ရဲ..။ယဥ္ေက်းမႈ အဆင့္အတန္းရွိသည့္ အေရွ႕အာရွ တိုင္းျပည္ႀကီးတစ္ခု၏ အိမ္ေရွ႕မင္းသား … စစ္တိုက္ေတာ္ၿပီး ပ်ဴငွာယဥ္ေက်းေသာ ထီးေသြးနန္းေသြး ေတာ္ဝင္ေသြးအစစ္ မဟုတ္လား..။သူတို႔ အဂၤလန္မွာဆို ေဝလမင္းသား ႏွင့္ အဆင့္အတန္းခ်င္း အတူတူ…။

အေရွ႕တိုင္း ေနမ်ိဳးႏြယ္ ကုန္းေဘာင္ေသြးတို႔၏ ဇာတိပုညတြင္ မိုက္ကယ္ဆိုင္း ဆိုသည့္ အဂၤလိပ္လူမ်ိဳးတစ္ေယာက္ ေလးစားခန႔္ညားခဲ့ရေသာ အမရပူရ၏ ထိုသကၠရာဇ္…ခရစ္ႏွစ္ ၁၈၁၉…။

(၂) ခရစ္သကၠရာဇ္ ၁၈၁၉ ခုႏွစ္။

မြန္းတည့္လုနီးပါး ေနေရာင္ျခည္ေအာက္တြင္ စကၤာပူေရလက္ၾကားက ျပာလြင္လြင္အေရာင္ျဖင့္ တဖိတ္ဖိတ္လက္လ်က္..။အျပာကမာၻႀကီးထဲတြင္ အေရွ႕အိႏၵိယကုမၸဏီအလံ တလူလူလြင့္ေနေသာ သေဘၤာေပၚမွ မစၥတာစတန္းဖို႔ဒ္ရာဖယ္ စိတ္ဝင္စားေနသည္က ဟိုးအေရွ႕က ကြၽန္းေသးေသးေလးတစ္ခု..။စိတ္မွန္းျဖင့္ တြက္ခ်က္ၾကည့္လိုက္႐ုံျဖင့္ပင္ စတုရန္းကီလိုမီတာ ၆၀၀ ေက်ာ္ေက်ာ္သာရွိမည့္ ကြၽန္းကေလး..။

“ေဟး ဝီလ်ံ မာလိန္ကိုေျပာကြာ..ေရွ႕က ကြၽန္းနား ေရာက္ေအာင္ကပ္လို႔…ကြၽန္းအသစ္ကြ.. လူရိပ္လူေျခလည္းေတြ႕တယ္”

“အိုး..ဆာစတန္းဖို႔ဒ္ အဲဒါ…တံငါ႐ြာေလးတစ္႐ြာရွိတဲ့ ကြၽန္းပါ..ကြၽန္ေတာ္သိပါတယ္..”

ဝီလ်ံ၏ စကားကို စတန္းဖို႔ဒ္ က စကားမျပန္…။သေဘၤာကေလးက ကြၽန္းႏွင့္ နီးကပ္လာသည့္ ေရတိမ္ပိုင္းအေရာက္တြင္ စက္ကိုသတ္လိုက္သည္။စတန္းဖို႔ဒ္ ႏွင့္ သေဘာသၤားငါးေယာက္ ေလွငယ္ေလးတစ္စင္းခ်ကာ ကမ္းေျခဆီ ေလွာ္ခတ္သြားၾကသည္။ကမ္းေျခတြင္ ငါးဖမ္းပိုက္စုတ္ကေလးမ်ားကို ဖာေနၾကသည့္ အေရွ႕တိုင္းဝတ္ ထမီလိုအရာကို ရင္လ်ားပတ္ထားၾကေသာ အမ်ိဳးသမီးအခ်ိဳ႕..။ေနေလာင္ဒဏ္ေၾကာင့္ ညိဳမဲေနေသာ အသားအရည္ပိုင္ရွင္ အမ်ိဳးသားမ်ား…။စတမ္းဖို႔ဒ္ က ခါးၾကားမွ ေသနတ္ကို ေသခ်ာစမ္းလိုက္ၿပီး ေလွေပၚမွ ဆင္းလိုက္သည္။ကေလးေတြ ေအာ္ငိုၿပီး ေျပးၾကသည္ ။ပိုက္ဖာေနေသာ မိန္းမမ်ားလည္း အလန႔္တၾကားျဖင့္ ဓနိႏွင့္ အုန္းလက္တို႔ မိုးထားေသာ တဲေသးေသးေလးမ်ားဆီ ဝင္ေျပးသည္။လူျဖဴဆိုတာ သူတို႔မျမင္ဘူး..။

“ေအာ္..ဆင္းရဲနိမ့္ပါးလွတဲ့ တံငါ႐ြာေလးပါလား..”

စတမ္းဖို႔ဒ္ သူ႔အေတြးႏွင့္သူ ၿပဳံးလိုက္သည္။

မာလာယု ႏွင့္ အင္ဒိုခ်ိဳင္းနား အၾကားက ကိုလိုနီေသးေသးေလးတစ္ခုကို ဘုရင္ခံခ်ဳပ္ထံ မၾကာမီလက္ေဆာင္ေပးႏိုင္ေတာ့မည္ မဟုတ္လား…။

သူတို႔အုပ္စုရွိရာသို႔ ႐ြာလူႀကီးမ်ား ျဖစ္ဟန္တူေသာ အသက္ႀကီးႀကီးလူတစ္စု လွမ္းလာၾကသည္ ။

“ဟဲလို……မစၥတာ…ဝဲလ္ကမ္းတူ..လိုင္းရင္းအိုင္းစလန္း”

႐ြာလူႀကီးတစ္ေယာက္က မေလးအမ်ိဳးသားမဟုတ္ က်က္ဆံၿမီးႏွင့္ တ႐ုတ္အမ်ိဳးသား ျဖစ္ေနသည္။သူက အဂၤလိပ္စကား တတ္ဟန္တူသည္..။အဂၤလိပ္လို ႏႈတ္ဆက္သည္..။ဘယ္ႏွယ့္..ျခေသၤ့ကြၽန္း ဆိုပါလား…။ကမ္းလင့္လာေသာ တ႐ုတ္၏ ညစ္ပတ္ေနေသာ လက္ကို စတန္းဖို႔ဒ္ ျပန္မကမ္းဘဲ ေသနတ္ကို ခါးခ်ိတ္ကာ လက္ပိုက္ၿပီး ခပ္တင္းတင္းျပန္ၾကည့္လိုက္သည္..။
တံငါ႐ြာေလးတစ္႐ြာက အႀကီးအကဲကို သူလက္ဆြဲႏႈတ္ဆက္ဖို႔ပင္မတန္…။

ေသးငယ္ႏုံခ်ာလွသည့္ စင္ကာပူအမည္ရ တံငါ႐ြာကေလးတြင္ စတန္းဖို႔ဒ္ရာဖယ္ တစ္ေယာက္၏ မာန္မာန ေလာဘတို႔ျဖင့္ စတင္လႊမ္းမိုးခဲ့ေသာ စကၤာပူ၏ ထိုသကၠရာဇ္…ခရစ္ႏွစ္ ၁၈၁၉…။

(၃) ခရစ္သကၠရာဇ္ ၂၀၁၉ ခုႏွစ္

ခ်န္ဂီ အျပည္ျပည္ဆိုင္ရာေလဆိပ္…။

စကၤာပူတဲ့……………..။သူ႔တစ္သက္တြင္ ဒီမွ်ႀကီးမ်ားေသာ ေလဆိပ္။ဒီမွ် လူေတြမ်ားေသာ ေနရာမ်ိဳး မျမင္ဘူးခဲ့..။ေလယာဥ္ကြင္းမွ ေလဆိပ္အထဲသို႔ လမ္းေလွ်ာက္စရာမလိုပဲ ေ႐ႊ႕လွ်ားစက္မ်ားျဖင့္ သြားရသည္ကိုလည္း သူ႔မွာ တအံတၾသ..။အံၾသျခင္းျဖင့္ စိုးရိမ္ပူပန္မႈတို႔ျဖင့္ ခံစားခ်က္တို႔လည္း ေရာယွက္ေနသည္ ။ေဟာ့ဒီ စကၤာပူမွာ သူဘာအလုပ္လုပ္ရမည္နည္း..။အို ဘာအလုပ္ျဖစ္ျဖစ္ လုပ္ရမည္။ေအာက္က်ေနာက္က် ဘယ္ေလာက္ႏိုင္ႏိုင္…လုပ္ကို လုပ္ရမည္..။က်န္ရစ္ခဲ့သည့္ ဇနီးသည္….သုံးတန္းေက်ာင္းသားႏွင့္ ငါးတန္းေက်ာင္းသူတစ္ေယာက္….၏ မ်က္ႏွာ…။ၿပီးေတာ့ ဒီကိုထြက္လာတာကလည္း အေႂကြးေတြႏွင့္……………။ေဟာ့ေရွ႕မွာ သူတို႔အုပ္စုကို လာႀကိဳေနသည္ဆိုသည့္ ေအးဂ်င့္..။သူ႔နာမည္ေရးထားေသာ စာ႐ြက္ကို လက္ထဲကိုင္လို႔…………….။သက္ျပင္းတို႔ခ်လိုက္သည္….။စကၤာပူမွာ သူ ဘာေၾကာင့္ အလုပ္လာလုပ္ရပါလိမ့္..။ငယ္စဥ္က ေလ့လာလိုက္စားဖူးေသာ သမိုင္းစာအုပ္မ်ားဆီသို႔ အေတြးတို႔ ေရာက္သြားသည္။

တစ္ခ်ိန္တုန္းက အဂၤလိပ္ သံအမတ္ မိုက္ကယ္ဆိုင္း ဦးၫြတ္ခတြားခဲ့ရသည့္ အမရပူရ ကုန္းေဘာင္ဧကရာဇ္ႏိုင္ငံေတာ္မွ လူငယ္တစ္ေယာက္သည္…….အဂၤလိပ္လူမ်ိဳး စတန္းဖို႔ဒ္ ႏွိမ့္ခ်ခက္ထန္စြာ ဆက္ခံခဲ့သည့္ ျခေသၤ့ကြၽန္းဆိုသည့္ တံငါ႐ြာေလးမွ သူေဌးတစ္ဦးထံ….ဘာအလုပ္ျဖစ္ျဖစ္ ေအာက္က်ေနာက္က်ခံ လုပ္ရန္ လာခဲ့ပါေကာ….။ဘာေၾကာင့္လဲ…………ဘာလို႔ဒီလိုျဖစ္သြားရတာလဲ…။သူ မေတြးတတ္ေတာ့……။

အို…ဘာပဲျဖစ္ျဖစ္………..ခိုင္းတာလုပ္ၿပီး အေႂကြးေတြ အရင္ေၾကေအာင္ ဆပ္ရမည္…။အခ်ိန္တန္ေတာ့လည္း  အိမ္ျပန္ေရာက္မွာေပါ့…မိန္းမေရ..။

ၿဗိတိသွ်ကိုကိုေမာင္
ဇန္နဝါရီ - ၁၃