【 ဗေဒင် 】တနင်္လာသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ ရှောင်ရန်

ဒီရက်ပိုင်းအတွင်းမထင်မှတ်ဘဲ ဘာသာရေး၊ပညာရေး၊ အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်လာ တတ်ပါတယ်။ မိတ်ဆွေကောင်းများရဲ့ တွေ့တတ်သလို အကူအညီများ ရတတ်ပါတယ်။ ခရီးတွေ မကြာခဏ ထွက်ရကိန်းရှိပါတယ်။ယခုရက်ပိုင်းအတွင်း လူမှုရေး၊စီးပွားရေး၊

ပညာရေးကိစ္စတွေမှာ သောကြာသားသမီး တွေနဲ့တိုင်ပင်တာက အောင်မြင်နိုင်ပါတယ်။ဒီကာလမှာအလုပ်ကောင်းနေလို့ ငွေကံလဲ ကောင်းနေတတ်ပါတယ်။ကိုယ်ပိုင်အလုပ်တွေအပါအဝင် နေရာသစ်လုပ်ငန်း သစ်အိမ်ရာသစ် ကိစ္စတွေအား လုံး ဒီကာလအတွင်း ကောင်းပါလိမ့်မယ်။ ရောင်းပန်းဝယ်ပန်းတွေပွင့်လိမ့်မယ်။

လုပ်ငန်းချဲ့ထွင်နိုင်ပါလိမ့်မယ်။ အိမ်အတွင်း အင်းပျက်၊အဆောင်ပျက်တွေ ရှိရင် စွန့်ပစ်ပါ။ စပ်တူလုပ်ရတဲ့အလုပ်တွေ သတိထားပါ။ မိသားစုအတွင်း၊လုပ်ငန်းခွင်အတွင်းသာယာနေပါလိမ့်မယ်။ကုန်ခြောက်လုပ်ငန်းတွေအကျိုးပေးပါလိမ့်မယ်။ပညာရေးကံ ကောင်းနေတတ်ပါတယ်။မြင့်မားတဲ့ ပညာသင်ခွင့်အခွင့်အရေးအရမ်းကောင်းနေပါတယ်။  အိမ်ထောင် ရှင်များ သမီးရည်းစားများ ခဏတာခွဲခွာရကိန်းရှိပေမယ့် ငယ်ရွယ်သူနဲ့ လူလွတ်များ ချစ်သူတွေ့ ကိန်းရှိနေပါတယ်။ကျန်းမာရေးမှာအအိပ်အစားပျက်တာတွေ၊အစာမကြေတာရင်ပြည့်တာမျိုး တွေ ဖြစ်တတ်ပါ

တယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား သစ္စာပန်းကပ်လှူကာ ရှင်သီဝလိဂါထာ ၉ ခေါက် ယခုတစ်ပတ်လုံး ဘုရားရှိခိုးတိုင်း ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ မိမိသွားလိုသောအရပ်ထောင့်ရှိ သက်ကြီးရွယ်အိုအား နေရာထိုင်ခင်း တစ်ခုခု လှူပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ လျှောက်ထားသည့် အလုပ်နာမည်အား ခေါင်းအုံး အောက်ထား အိပ်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ ချစ်သူကို အိမ်ထောင်ဖက်ကို ထမနဲ ခွံကျွေးပါ။

လူမှုရေးအတိုက်အခံများသူများ။  ။စေတီရင်ပြင်ရှိ ပန်းခြောက်များ သစ်ရွက်ခြောက်များကောက်ကာ ရှင်းလင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ ငါး၊လိပ် စသည် ရေသတ္တဝါများကို အစာကြွေးကာ ဆုတောင်းပါ။

ထီကံကောင်းလိုသူများ။  ။ ကလေးငယ်ထိုင်နေသည့် ထီဆိုင်တွေ့ပါက ၂ အစ ၆ အဆုံး ထီထိုးပေးပါ။  

 

(  Zawgyi )

 

ဒီရက္ပိုင္းအတြင္းမထင္မွတ္ဘဲ ဘာသာေရး၊ပညာေရး၊ အခြင့္အလမ္းေကာင္းေတြ ေပၚထြက္လာ တတ္ပါတယ္။ မိတ္ေဆြေကာင္းမ်ားရဲ႕ ေတြ႕တတ္သလို အကူအညီမ်ား ရတတ္ပါတယ္။ ခရီးေတြ မၾကာခဏ ထြက္ရကိန္းရွိပါတယ္။ယခုရက္ပိုင္းအတြင္း လူမႈေရး၊စီးပြားေရး၊ပညာေရးကိစၥေတြမွာ ေသာၾကာသားသမီး ေတြနဲ႔တိုင္ပင္တာက ေအာင္ျမင္ႏိုင္ပါတယ္။ဒီကာလမွာအလုပ္ေကာင္းေနလို႔ ေငြကံလဲ ေကာင္းေနတတ္ပါတယ္။ကိုယ္ပိုင္အလုပ္ေတြအပါအဝင္ ေနရာသစ္လုပ္ငန္း သစ္အိမ္ရာသစ္ ကိစၥေတြအား လုံး ဒီကာလအတြင္း ေကာင္းပါလိမ့္မယ္။

ေရာင္းပန္းဝယ္ပန္းေတြပြင့္လိမ့္မယ္။ လုပ္ငန္းခ်ဲ႕ထြင္ႏိုင္ပါလိမ့္မယ္။ အိမ္အတြင္း အင္းပ်က္၊အေဆာင္ပ်က္ေတြ ရွိရင္ စြန႔္ပစ္ပါ။ စပ္တူလုပ္ရတဲ့အလုပ္ေတြ သတိထားပါ။ မိသားစုအတြင္း၊လုပ္ငန္းခြင္အတြင္းသာယာေနပါလိမ့္မယ္။ကုန္ေျခာက္လုပ္ငန္းေတြအက်ိဳးေပးပါလိမ့္မယ္။ပညာေရးကံ ေကာင္းေနတတ္ပါတယ္။ျမင့္မားတဲ့ ပညာသင္ခြင့္အခြင့္အေရးအရမ္းေကာင္းေနပါတယ္။  အိမ္ေထာင္ ရွင္မ်ား သမီးရည္းစားမ်ား ခဏတာခြဲခြာရကိန္းရွိေပမယ့္ ငယ္႐ြယ္သူနဲ႔ လူလြတ္မ်ား ခ်စ္သူေတြ႕ ကိန္းရွိေနပါတယ္။က်န္းမာေရးမွာအအိပ္အစားပ်က္တာေတြ၊အစာမေၾကတာရင္ျပည့္တာမ်ိဳး ေတြ ျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား သစၥာပန္းကပ္လႉကာ ရွင္သီဝလိဂါထာ ၉ ေခါက္ ယခုတစ္ပတ္လုံး ဘုရားရွိခိုးတိုင္း ႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ မိမိသြားလိုေသာအရပ္ေထာင့္ရွိ သက္ႀကီး႐ြယ္အိုအား ေနရာထိုင္ခင္း တစ္ခုခု လႉပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ ေလွ်ာက္ထားသည့္ အလုပ္နာမည္အား ေခါင္းအုံး ေအာက္ထား အိပ္ပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ ခ်စ္သူကို အိမ္ေထာင္ဖက္ကို ထမနဲ ခြံေကြၽးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။ေစတီရင္ျပင္ရွိ ပန္းေျခာက္မ်ား သစ္႐ြက္ေျခာက္မ်ားေကာက္ကာ ရွင္းလင္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ငါး၊လိပ္ စသည္ ေရသတၱဝါမ်ားကို အစာေႂကြးကာ ဆုေတာင္းပါ။

ထီကံေကာင္းလိုသူမ်ား။  ။ ကေလးငယ္ထိုင္ေနသည့္ ထီဆိုင္ေတြ႕ပါက ၂ အစ ၆ အဆုံး ထီထိုးေပးပါ။