【 ဗေဒင် 】အင်္ဂါသားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်းကံအညံလေးတွေ ရှိပေမယ့် ခရီးထွက်ရတာလေးတွေက သင်ကံညံနေတာကို ဆယ် သွားပါလိမ့်မယ်။ကွဲကွာနေသူများပြန်ဆုံခြင်း၊ရပ်ဝေးက မိတ်ဆွေကောင်းများရဲ့ အကူအညီများ ရတတ်ပါတယ်။ ယခုရက်ပိုင်းအတွင်း တနင်္လာသားသမီးတွေနဲ့ တိုင်ပင်တာက သင့်အတွက် လူမှုရေး ၊စီးပွားရေး ပညာရေး ကိစ္စ တွေမှာ အောင်မြင်နိုင်ပါတယ်။ နေရာသစ်လုပ်ငန်းသစ်အိမ်ရာသစ်ကိစ္စတွေကောင်းပါတယ်။ စပ်တူလုပ်ရတဲ့ အလုပ်တွေ သတိထားပါ။အနုပညာလုပ်ငန်းတွေ ခရီးသွားလုပ်ငန်းတွေ အခက်အခဲ ရှိတတ်ပါတယ်။ မိသားစုအ တွင်း၊လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။ ကုန်ခြောက်လုပ်ငန်းတွေ  အကျိုးပေးပါလိမ်မယ်။ ငွေကတော့ တအားဝင်နေသလို တအားထွက်နေ တတ် ပါတယ်။ ပညာရေးက ကောင်းနေတတ်ပါတယ်။အိမ်ထောင်ရှင်များ သမီးရည်းစားများ ခဏတာခွဲခွာရကိန်း ရှိပါတယ်။  ကျန်းမာရေးမှာ အိပ်ရေးပျက်တာ တွေကြောင့် အာရုံ ကြော ထိခိုက်နိုင်ပါတယ်။

 ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ ဘုရားရှင်အား ၊ဖယောင်းတိုင် ၇ တိုင် ကံကော် ၇ ညွှန်ဖြင့်  ခုနှစ်ရက်လုံး ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ သင့်လျှောက်ထားသည့် ပြည်ပကိစ္စသို့ သွားခါနီးတိုင်း  ခိုစာ၊ကျီးစာကြွေးပြီးမှ သွားပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။တနင်္လာနံပါသော ဘုရားစေတီတွင် ပန်းပေါင်းစုံ ၅ မျိုးဖြင့် ပူဇော်ပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။အိမ်ရှိ ဘုရားပန်းအိုးတွင် ချေးညှော်များကင်းအောင် ပွတ်တိုက်သန့်ရှင်းပါ။ဘုရားစင်အတွင်း ပင့်ကူအိမ်များရုပ်ပုံတော်များရှိ ဖုန်များအား သန့်ရှင်းပေးပြီး ရေချမ်းကပ်လှူပါ။

လူမှုရေးအတိုက်အခံများသူများ။    ။ရပ်ကွက်ထဲရှိ ဘုရား၊ကျောင်း၊စေတီများတွင် သန့်ရှင်းရေး လုပ် ပေးပါ။ဘုရားရုပ်ပွားတော်များကို ရေသပ္ပါယ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ သက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာလှူပေးပါ။

ထီကံကောင်းလိုသူများ။  ။ ကားနှင့်ရောင်းသောထီဆိုင်တွင် ၂/၃  ဂဏန်း များများပါအောင် ထီထိုးပေးပါ။  

(  Zawgyi )