【 ဗေဒင် 】အင်္ဂါ သားသမီးများအတွက်ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်း စိတ်မတင်မကျကိစ္စတွေ ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ဖြစ်တတ်ပါတယ်။ လက်အောက်ငယ် သား ကြောင့် စိတ်ရှုပ်ရတတ်ပါတယ်။ ရပ်ဝေးကနေ သတင်းကောင်း ၊ဧည်သည်ကောင်းတွေလာတတ်ပါတယ်။ အိုးသစ်အိမ်သစ်နေရာထိုင်ခင်းကိစ္စတွေ အောင်မြင်နိုင်ပြီး ယခုရက်ပိုင်းအတွင်း ဗုဒ္ဓဟူးသားသမီးတွေနဲ့  တိုင်ပင် တာက သင့်အတွက် လူမှုရေး ၊စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ အောင်မြင်နိုင်ပါတယ်။ ခရီးသွားလာရေး လုပ်ကိုင်သူတွေ၊ရေလုပ်ငန်းလုပ်ကိုင်သူတွေ အကျိုးထူးတတ်ပါတယ်။ ယခုရက်ပိုင်း လူမျိုးခြားနဲ့  စပ်တူလုပ်တဲ့ ကိစ္စတွေ၊အိမ်ခြံမြေစာချုပ်စာတမ်းကိစ္စတွေအောင်မြင်ပါမယ်။  ပညာရေးကံကကောင်းသလို ယခင်ကတတ်ဖို့ ရည်ရွယ်ထားတဲ့ သင်တန်းတွေ တက်ရဖို့ ရှိနေပါတယ်။ အိမ်ထောင်ရှင်များ ယခုရက်ပိုင်း စိတ်ချမ်းသာစရာတွေ ကြုံရတတ်ပြီး ငယ်ရွယ်သူချစ်သူတွေကတော့ ကြားလူကြောင့် အပူမီးရှိတတ်လို့ သတိနဲ့ ချင့်ယုံသင့်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအား ယခုတစ်ပတ်လုံး စိန်ပန်း၊ဆီးသီး စသည် တို့ဖြင့် မပြတ်ပူဇော်ပေးပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ အလှူခံများကို နိုင်သလောက် လှူပြီး စိတ်က ထွက်ပြီထွက်ပြီဟု ရွတ်ဆိုပေးပါ။
 

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ဘုရားစေတီများ၏ အင်္ဂါနံထောင့်တွင် အဓိဋ္ဌာန်ပုတီးစိပ်ပါ။
 

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။အိမ်တွင် စက်ပစ္စည်းအဟောင်း အပျက်များရှိနေတတ်ပါသည်။ရှာ၍ လွှတ်ပစ်ပါ။
 

လူမှုရေးအတိုက်အခံများသူများ။  ။ဘုရားစေတီရင်ပြင်များတွင် အမှိုက်များရှင်းလင်းပေးခြင်းကသာ သင့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။

ကျန်းမာရေးမကောင်းသူများ ။  ။ ရေသတ္တဝါများကို သက်စေ့လွှတ်ပေးပါ။

ထီကံကောင်းလိုသူများ။        ။ထီဆိုင်တွင် ၃ /၄ စသည့် ဂဏန်းများများပါသော ထီလက်မှတ်ကို ရှာထိုးပါ။