【 ဗေဒင် 】 ကြာသပတေး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ်အတွင်း လုပ်လက်စလုပ်ငန်းတွေအပြင် အခြားစီစဉ်ထားတဲ့အလုပ်တွေကိုပါ တိုးချဲ့လုပ်ကိုင်သင့်တဲ့ အချိန်အခါပါ။ဒီတစ်ပတ်မှာ သင့်အတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် တိုင်ပင်မယ်ဆိုရင် တနင်္လာ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ငွေကံကတော့ ဘာသာရေးလုပ်သလောက် ငွေကံကောင်းနေလို့ ဒါကိုတော့ သတိထားပြီးလုပ်ရမှာဖြစ်ပါတယ်။ယခုကာလအတွင်း ရပ်ဝေးမိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တို့၏ အကူအညီရတတ်ပါတယ်။ခရီးကံကောင်းနေလို့ မကြာခင်ခရီးထွက်ရကိန်းရှိပါတယ်။အိမ်မြေစတဲ့ ယခင်ကစီစဉ်ထားတဲ့ကိစ္စတွေ ဒီအချိန်မှာ အရောင်းအဝယ်ပြန်ဖြစ်တတ်ပါတယ်။စပ်တူအလုပ်တွေကောင်းပါတယ်။ဒီရက်ပိုင်း ဒူးနာခါးနာ စတဲ့ရောဂါတွေဖြစ်တတ်ပြီး ကျန်းမာရေးက အသင့်အတင့်ပဲကောင်းပါတယ်။ပညာသင်နေတဲ့သူတွေ ပညာရေးကတော့ ငယ်ရွယ်သူများ စိတ်များနေတတ်လို့ သတိထားသင့်ပါတယ်။အိမ်ထောင်ရှင်များ သတင်းကောင်းကြားရကိန်းရှိပြီး ငယ်ရွယ်သူများကတော့ ဒီအချိန်မှာဝေးနေရင် ပြဿနာနည်းလေမို့ ဝေးနေတာကောင်းပါတယ်။
 
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား သစ်သီးဆွမ်းကပ်ကာ ဒီဝါတပတိဂါထာ ကိုးခေါက်ရွတ်ဆိုပါ။
 
ပြည်ပထွက်ခွာလိုသူများ ။ ။ သံဃာတော်များအား ထီးဖိနပ်သင်္ကန်း ကပ်လှူပါ။
 
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ တနင်္လာနံဘုရားတွင် အဓိဋ္ဌာန်ဖြင့် အရဟံဂါထာကို သက်စေ့ ပုတီးစိပ်ပါ။
 
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ အိမ်တွင် ပုလင်းအလွတ်များ၊ ရေဘူးအပျက်များကိုရှာပြီး အိမ်ဝန်းအပြင်ရောက်အောင် လွှတ်ပစ်ပါ။
 
လူမှုရေးအတိုက်အခံများသူများ ။ ။ ဘုန်းကြီးကျောင်းသို့သွားကာ သင်္ကန်းလျှော်ဖွပ်ခြင်း၊ကုဋီများဆေးကြောခြင်း ပြုလုပ်ပေးပါ။
 
ကျန်းမာရေးမကောင်းသူများ ။ ။ မနက်စောစော လိပ်၊ ငါးစသည့် ရေသတ္တဝါများကို အစာကျွေးပါ။
 
ထီကံကောင်းလိုသူများ ။ ။ ခရီးသွားရင်းတွေ့သည့် ထီဆိုင်တွင် ၂/၃/၅ ဂဏန်းများများပါသည့် ထီကိုထိုးပါ။
 
( Zawgyi )
 
ယခုတစ္ပတ္အတြင္း လုပ္လက္စလုပ္ငန္းေတြအျပင္ အျခားစီစဥ္ထားတဲ့အလုပ္ေတြကိုပါ တိုးခ်ဲ႕လုပ္ကိုင္သင့္တဲ့ အခ်ိန္အခါပါ။ဒီတစ္ပတ္မွာ သင့္အတြက္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ တိုင္ပင္မယ္ဆိုရင္ တနလၤာ သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ေငြကံကေတာ့ ဘာသာေရးလုပ္သေလာက္ ေငြကံေကာင္းေနလို႔ ဒါကိုေတာ့ သတိထားၿပီးလုပ္ရမွာျဖစ္ပါတယ္။ယခုကာလအတြင္း ရပ္ေဝးမိတ္ေဆြ လုပ္ေဖာ္ကိုင္ဖက္တို႔၏ အကူအညီရတတ္ပါတယ္။ခရီးကံေကာင္းေနလို႔ မၾကာခင္ခရီးထြက္ရကိန္းရွိပါတယ္။အိမ္ေျမစတဲ့ ယခင္ကစီစဥ္ထားတဲ့ကိစၥေတြ ဒီအခ်ိန္မွာ အေရာင္းအဝယ္ျပန္ျဖစ္တတ္ပါတယ္။စပ္တူအလုပ္ေတြေကာင္းပါတယ္။ဒီရက္ပိုင္း ဒူးနာခါးနာ စတဲ့ေရာဂါေတြျဖစ္တတ္ၿပီး က်န္းမာေရးက အသင့္အတင့္ပဲေကာင္းပါတယ္။ပညာသင္ေနတဲ့သူေတြ ပညာေရးကေတာ့ ငယ္႐ြယ္သူမ်ား စိတ္မ်ားေနတတ္လို႔ သတိထားသင့္ပါတယ္။အိမ္ေထာင္ရွင္မ်ား သတင္းေကာင္းၾကားရကိန္းရွိၿပီး ငယ္႐ြယ္သူမ်ားကေတာ့ ဒီအခ်ိန္မွာေဝးေနရင္ ျပႆနာနည္းေလမို႔ ေဝးေနတာေကာင္းပါတယ္။
 
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား သစ္သီးဆြမ္းကပ္ကာ ဒီဝါတပတိဂါထာ ကိုးေခါက္႐ြတ္ဆိုပါ။
 
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ သံဃာေတာ္မ်ားအား ထီးဖိနပ္သကၤန္း ကပ္လႉပါ။
 
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ တနလၤာနံဘုရားတြင္ အဓိ႒ာန္ျဖင့္ အရဟံဂါထာကို သက္ေစ့ ပုတီးစိပ္ပါ။
 
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ အိမ္တြင္ ပုလင္းအလြတ္မ်ား၊ ေရဘူးအပ်က္မ်ားကိုရွာၿပီး အိမ္ဝန္းအျပင္ေရာက္ေအာင္ လႊတ္ပစ္ပါ။
 
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ဘုန္းႀကီးေက်ာင္းသို႔သြားကာ သကၤန္းေလွ်ာ္ဖြပ္ျခင္း၊ကုဋီမ်ားေဆးေၾကာျခင္း ျပဳလုပ္ေပးပါ။
 
က်န္းမာေရးမေကာင္းသူမ်ား ။ ။ မနက္ေစာေစာ လိပ္၊ ငါးစသည့္ ေရသတၱဝါမ်ားကို အစာေကြၽးပါ။
 
ထီကံေကာင္းလိုသူမ်ား ။ ။ ခရီးသြားရင္းေတြ႕သည့္ ထီဆိုင္တြင္ ၂/၃/၅ ဂဏန္းမ်ားမ်ားပါသည့္ ထီကိုထိုးပါ။