【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် ဗုဒ္ဓဟူး သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း အလုပ်အကိုင်တိုးချဲ့ခြင်း၊ အသစ်တဖန် ပြန်လည်စတင်ရခြင်းများ ရှိနေတတ်ပါတယ်။မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တို့၏ အကူအညီရတတ်ပါတယ်။ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေ အလုပ်ပြန်ကောင်းတတ်သလို ရေထွက်ကုန်၊ ရွှေထည် စတဲ့ ဗုဒ္ဓဟူးနံအလုပ်တွေလည်း ကောင်းနေကာ ငွေဝင်ငွေထွက်ကြမ်းတဲ့ အချိန်အခါဖြစ်ပါတယ်။ဝန်ထမ်းများ ကိုယ့်လူရင်းက ကိုယ့်ကိုဒုက္ခပေးတတ်ပါတယ်။အိမ်တွင်းရေးကိစ္စ ပေါ်တတ်ပြီး သင့်ကိုယ်တိုင်ဖြေရှင်းမှ အောင်မြင်ပါလိမ့်မယ်။ဒီရက်ပိုင်း ဒူးနာခါးနာ စတဲ့ရောဂါတွေ ဖြစ်တတ်ပြီး ကျန်းမာရေးက သင့်ပါတယ်။ပညာသင်နေတဲ့သူတွေတဲ့ ပညာရေးကတော့ အသင့်အတင့်ပါ။အိမ်ထောင်ရှင်များ ကိုယ်ကပိုဂရုစိုက်ရတဲ့ အဖြစ်တွေ ကြုံနေရတတ်ပါတယ်။ငယ်ရွယ်သူများ အချစ်ရေး အဆင်မပြေတတ်တာတွေ ဆုံးဖြတ်ရခက်တဲ့ ကိစ္စတွေ ကြုံတတ်ပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား သစ်သီးဆွမ်းကပ်ကာ ဒိဝါတပတိဂါထာ ကိုးခေါက်ရွတ်ဆိုပါ။
ပြည်ပထွက်ခွာလိုသူများ ။     ။ ဘုရားတွင် စပယ်ပန်းကပ်လှူကာ ဆီးသီးကပ်လှူပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားအောင်မြေတွင် အဓိဋ္ဌာန်ဖြင့် အရဟံဂါထာကို သက်စေ့ပုတီးစိပ် ပူဇော်ပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ နေအိမ်အခန်းတွင်း ပုလင်းအလွတ်များ၊ ရေဘူးအပျက်များ ရှိနေပါက လွှင့်ပစ်ပါ။
လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုန်းကြီးကျောင်းသို့သွားကာ သင်္ကန်းလျှော်ဖွပ်ခြင်း၊ ကုဋီများဆေးကြောခြင်း ပြုလုပ်ပေးပါ။
ကျန်းမာရေးမကောင်းသူများ ။     ။ မနက်စောစော လိပ်၊ ငါး စသည့် ရေသတ္တဝါများကို အစာကျွေးပါ။
ထီကံကောင်းလိုသူများ ။     ။ ခရီးသွားရင်းတွေ့သည့် ထီဆိုင်တွင် တွေ့သည့်ဂဏန်းကို မရွေးဘဲ ထိုးပါ။
( Zawgyi )