【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်း လူမှုရေး၊ စီးပွားရေး ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် ဆွေးနွေးတိုင်ပင်သင့်တဲ့သူတွေက ဗုဒ္ဓဟူး သားသမီးတွေ ဖြစ်ပါတယ်။ဒီရက်ပိုင်း သင့်မှာ စိတ်ဒွိဟဖြစ်စရာတွေ ရှိတတ်ပါတယ်။ထွက်သွားတဲ့ ငွေကြေး၊ ပစ္စည်းတွေ ပြန်ဝင်လာတတ်သလို သူငယ်ချင်းဟောင်းတွေ အလုပ်ဟောင်းတွေ ပြန်ဆုံပြန်ဝင်လာတတ်ပါတယ်။ဒီအချိန်က ဘယ်အရာဆို ခေါင်းအေးအေးထားပြီးမှ ဆုံးဖြတ်သင့်တဲ့ကာလပါ။ဒီကာလမှာ နိုင်ငံခြားထွက်ဖို့ ပြင်နေတဲ့သူတွေ အဆင်ပြေချောမွေ့ပြီး လိုရာရောက်ပါလိမ့်မယ်။ဝန်ထမ်းတွေ နေရာအပြောင်းအရွှေ့ ရှိနေပါတယ်။စာချုပ်စာတမ်းနဲ့ လုပ်ကိုင်သူတွေက သတိထားသင့်တဲ့ ကာလဖြစ်သလို အိမ်ခြံမြေလုပ်ကိုင်သူတွေ အရောင်းအဝယ်ပါးတဲ့အချိန် ဖြစ်နေပါတယ်။စပ်တူလုပ်သူတွေ လူမျိုးခြားနဲ့ လုပ်ကိုင်သူတွေ အဆင်ပြေတဲ့ အချိန်ကာလပါ။ဒီကာလမှာ ပညာရေးကတော့ သင့်ပါတယ်။ကျန်းမာရေးကတော့ အကောင်းအဆိုး တလှည့်စီဖြစ်နေတတ်ပါတယ်။အိမ်ထောင်၊ ချစ်သူများအကြား ဝေးနေတတ်သလို သံသယရှိစရာတွေ ဖြစ်လာတတ်ပါတယ်။အခန့်မသင့်ရင် အပြီးဝေးတတ်တဲ့ ကာလဖြစ်လို့ သတိပြုသင့်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ဗုဒ္ဓဟူးနံ အသီးအရွက် အညွှန့်အပွင့် ပန်းများဖြင့် ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နေအိမ်သို့ ကြွလာတဲ့ သံဃာတော်များကို ထီး၊ ဖိနပ်၊ သင်္ကန်း ကပ်လှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားရှင်အား နံနက်စောစော အရဟံသက်စေ့ပုတီးစိပ်ကာ ပူဇော်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲမှ စနေနံပစ္စည်း အဟောင်းအပျက်များကို ရှာ၍လွှင့်ပစ်ပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ယခုတစ်ပတ်အတွင်း နံနက်မိုးလင်းကတည်းက သမ္ဗုဒ္ဓေဂါထာကို သတိရတိုင်း ရွတ်ဆိုပူဇော်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းကူး၊ ချောင်းကူးများတွင် တံတားထိုးပါ။ညောင်ထောက်ပေးပါ။

ထီကံကောင်းလိုသူများ ။     ။ မွေးနေ့မွေးရက်တွင် ၄ ဂဏန်း များများပါသည့် ထီကိုထိုးပါ။
( Zawgyi )
ယခုရက္ပိုင္း လူမႈေရး၊ စီးပြားေရး ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ေဆြးေႏြးတိုင္ပင္သင့္တဲ့သူေတြက ဗုဒၶဟူး သားသမီးေတြ ျဖစ္ပါတယ္။ဒီရက္ပိုင္း သင့္မွာ စိတ္ဒြိဟျဖစ္စရာေတြ ရွိတတ္ပါတယ္။ထြက္သြားတဲ့ ေငြေၾကး၊ ပစၥည္းေတြ ျပန္ဝင္လာတတ္သလို သူငယ္ခ်င္းေဟာင္းေတြ အလုပ္ေဟာင္းေတြ ျပန္ဆုံျပန္ဝင္လာတတ္ပါတယ္။ဒီအခ်ိန္က ဘယ္အရာဆို ေခါင္းေအးေအးထားၿပီးမွ ဆုံးျဖတ္သင့္တဲ့ကာလပါ။ဒီကာလမွာ ႏိုင္ငံျခားထြက္ဖို႔ ျပင္ေနတဲ့သူေတြ အဆင္ေျပေခ်ာေမြ႕ၿပီး လိုရာေရာက္ပါလိမ့္မယ္။ဝန္ထမ္းေတြ ေနရာအေျပာင္းအေ႐ႊ႕ ရွိေနပါတယ္။စာခ်ဳပ္စာတမ္းနဲ႔ လုပ္ကိုင္သူေတြက သတိထားသင့္တဲ့ ကာလျဖစ္သလို အိမ္ၿခံေျမလုပ္ကိုင္သူေတြ အေရာင္းအဝယ္ပါးတဲ့အခ်ိန္ ျဖစ္ေနပါတယ္။စပ္တူလုပ္သူေတြ လူမ်ိဳးျခားနဲ႔ လုပ္ကိုင္သူေတြ အဆင္ေျပတဲ့ အခ်ိန္ကာလပါ။ဒီကာလမွာ ပညာေရးကေတာ့ သင့္ပါတယ္။က်န္းမာေရးကေတာ့ အေကာင္းအဆိုး တလွည့္စီျဖစ္ေနတတ္ပါတယ္။အိမ္ေထာင္၊ ခ်စ္သူမ်ားအၾကား ေဝးေနတတ္သလို သံသယရွိစရာေတြ ျဖစ္လာတတ္ပါတယ္။အခန႔္မသင့္ရင္ အၿပီးေဝးတတ္တဲ့ ကာလျဖစ္လို႔ သတိျပဳသင့္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ဗုဒၶဟူးနံ အသီးအ႐ြက္ အၫႊန႔္အပြင့္ ပန္းမ်ားျဖင့္ ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ေနအိမ္သို႔ ႂကြလာတဲ့ သံဃာေတာ္မ်ားကို ထီး၊ ဖိနပ္၊ သကၤန္း ကပ္လႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားရွင္အား နံနက္ေစာေစာ အရဟံသက္ေစ့ပုတီးစိပ္ကာ ပူေဇာ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲမွ စေနနံပစၥည္း အေဟာင္းအပ်က္မ်ားကို ရွာ၍လႊင့္ပစ္ပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ယခုတစ္ပတ္အတြင္း နံနက္မိုးလင္းကတည္းက သမၺဳေဒၶဂါထာကို သတိရတိုင္း ႐ြတ္ဆိုပူေဇာ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လမ္းကူး၊ ေခ်ာင္းကူးမ်ားတြင္ တံတားထိုးပါ။ေညာင္ေထာက္ေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ေမြးေန႔ေမြးရက္တြင္ ၄ ဂဏန္း မ်ားမ်ားပါသည့္ ထီကိုထိုးပါ။