【 ဗေဒင် 】 စနေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်ပိုင်းအတွင်း မထင်မှတ်ဘဲ ရပ်ဝေးက မိတ်ဆွေကောင်းများရဲ့ အကူအညီများ ရတတ်ပါတယ်။ခရီးတိုတွေ မကြာခဏထွက်ရကိန်းရှိပါတယ်။ယခုရက်ပိုင်းအတွင်း လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေမှာ သောကြာ သားသမီးတွေနဲ့ တိုင်ပင်တာက အောင်မြင်နိုင်ပါတယ်။ဒီကာလမှာ အလုပ်ကောင်းနေလို့ ငွေကံလဲကောင်းနေတတ်သလို ငွေဝင်ငွေထွက်ကြမ်းနေတတ်ပါတယ်။ကိုယ်ပိုင်အလုပ်တွေ အပါအဝင် နေရာသစ် လုပ်ငန်းသစ် အိမ်ရာသစ် ကိစ္စတွေအားလုံး ဒီကာလအတွင်း ကောင်းပါလိမ့်မယ်။ရောင်းပန်းဝယ်ပန်းတွေ ပွင့်ပါလိမ့်မယ်။လုပ်ငန်းချဲ့ထွင်နိုင်ပါလိမ့်မယ်။အိမ်အတွင်း အင်းပျက်၊ အဆောင်ပျက်တွေရှိရင် စွန့်ပစ်ပါ။စပ်တူလုပ်ရတဲ့အလုပ်တွေ သတိထားပါ။မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း သာယာနေပါလိမ့်မယ်။ကုန်ခြောက်လုပ်ငန်းတွေ  အကျိုးပေးပါလိမ့်မယ်။ပညာရေးကံကောင်းနေတတ်ပါတယ်။မြင့်မားတဲ့ပညာသင်ခွင့် အခွင့်အရေး အရမ်းကောင်းနေပါတယ်။အိမ်ထောင်ရှင်များ သမီးရည်းစားများ ဆုံးဖြတ်ရခက်တဲ့ကိန်းရှိပေမယ့် ငယ်ရွယ်သူနဲ့ လူလွတ်များ ချစ်သူတွေ့ကိန်း ရှိနေပါတယ်။ကျန်းမာရေးမှာ အအိပ်အစားပျက်တာတွေ၊ အစာမကြေတာ ရင်ပြည့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်လုံး ဘုရားရှင်အား သစ္စာပန်းကပ်လှူကာ ရှင်သီဝလိဂါထာ ၉ ခေါက် ယခုတစ်ပတ်လုံး ဘုရားရှိခိုးတိုင်း ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မိမိသွားလိုသော အရပ်ထောင့်ရှိ သက်ကြီးရွယ်အိုအား နေရာထိုင်ခင်း တစ်ခုခုလှူပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ လျှောက်ထားသည့် အလုပ်နာမည်အား ခေါင်းအုံးအောက်ထားအိပ်ပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ချစ်သူကို အိမ်ထောင်ဖက်ကို ထမနဲ ခွံ့ကျွေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ စေတီရင်ပြင်ရှိ ပန်းခြောက်များ သစ်ရွက်ခြောက်များကောက်ကာ ရှင်းလင်းပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ငါး၊ လိပ် စသည့် ရေသတ္တဝါများကို အစာကျွေးကာ ဆုတောင်းပါ။

ထီကံကောင်းလိုသူများ ။     ။ ကလေးငယ်ထိုင်နေသည့် ထီဆိုင်တွေ့ပါက ၄ ၆/ ၅ ၆ အပူးဂဏန်းပါတဲ့ ထီထိုးပေးပါ။

( Zawgyi )

ဒီရက္ပိုင္းအတြင္း မထင္မွတ္ဘဲ ရပ္ေဝးက မိတ္ေဆြေကာင္းမ်ားရဲ႕ အကူအညီမ်ား ရတတ္ပါတယ္။ခရီးတိုေတြ မၾကာခဏထြက္ရကိန္းရွိပါတယ္။ယခုရက္ပိုင္းအတြင္း လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြမွာ ေသာၾကာ သားသမီးေတြနဲ႔ တိုင္ပင္တာက ေအာင္ျမင္ႏိုင္ပါတယ္။ဒီကာလမွာ အလုပ္ေကာင္းေနလို႔ ေငြကံလဲေကာင္းေနတတ္သလို ေငြဝင္ေငြထြက္ၾကမ္းေနတတ္ပါတယ္။ကိုယ္ပိုင္အလုပ္ေတြ အပါအဝင္ ေနရာသစ္ လုပ္ငန္းသစ္ အိမ္ရာသစ္ ကိစၥေတြအားလုံး ဒီကာလအတြင္း ေကာင္းပါလိမ့္မယ္။ေရာင္းပန္းဝယ္ပန္းေတြ ပြင့္ပါလိမ့္မယ္။လုပ္ငန္းခ်ဲ႕ထြင္ႏိုင္ပါလိမ့္မယ္။အိမ္အတြင္း အင္းပ်က္၊ အေဆာင္ပ်က္ေတြရွိရင္ စြန္႔ပစ္ပါ။စပ္တူလုပ္ရတဲ့အလုပ္ေတြ သတိထားပါ။မိသားစုအတြင္း၊ လုပ္ငန္းခြင္အတြင္း သာယာေနပါလိမ့္မယ္။ကုန္ေျခာက္လုပ္ငန္းေတြ  အက်ိဳးေပးပါလိမ့္မယ္။ပညာေရးကံေကာင္းေနတတ္ပါတယ္။ျမင့္မားတဲ့ပညာသင္ခြင့္ အခြင့္အေရး အရမ္းေကာင္းေနပါတယ္။အိမ္ေထာင္ရွင္မ်ား သမီးရည္းစားမ်ား ဆုံးျဖတ္ရခက္တဲ့ကိန္းရွိေပမယ့္ ငယ္႐ြယ္သူနဲ႔ လူလြတ္မ်ား ခ်စ္သူေတြ႕ကိန္း ရွိေနပါတယ္။က်န္းမာေရးမွာ အအိပ္အစားပ်က္တာေတြ၊ အစာမေၾကတာ ရင္ျပည့္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္လုံး ဘုရားရွင္အား သစၥာပန္းကပ္လႉကာ ရွင္သီဝလိဂါထာ ၉ ေခါက္ ယခုတစ္ပတ္လုံး ဘုရားရွိခိုးတိုင္း ႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ မိမိသြားလိုေသာ အရပ္ေထာင့္ရွိ သက္ႀကီး႐ြယ္အိုအား ေနရာထိုင္ခင္း တစ္ခုခုလႉပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေလွ်ာက္ထားသည့္ အလုပ္နာမည္အား ေခါင္းအုံးေအာက္ထားအိပ္ပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ခ်စ္သူကို အိမ္ေထာင္ဖက္ကို ထမနဲ ခြံ႕ေကြၽးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေစတီရင္ျပင္ရွိ ပန္းေျခာက္မ်ား သစ္႐ြက္ေျခာက္မ်ားေကာက္ကာ ရွင္းလင္းေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ငါး၊ လိပ္ စသည့္ ေရသတၱဝါမ်ားကို အစာေကြၽးကာ ဆုေတာင္းပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ကေလးငယ္ထိုင္ေနသည့္ ထီဆိုင္ေတြ႕ပါက ၄ ၆/ ၅ ၆ အပူးဂဏန္းပါတဲ့ ထီထိုးေပးပါ။