【 ဗေဒင် 】 တနင်္ဂနွေ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသောကိစ္စများအတွက် စနေ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း ငွေကံကောင်းနေတတ်သလို ငွေဝင်ငွေထွက်ကြမ်းနေတဲ့ကာလပါ။လုပ်ငန်းခွင်ထဲ နာမည်ကောင်းရတတ်ပါတယ်။
ပြည်တွင်းပြည်ပခရီးထွက်ရဖို့ရှိနေသလို မိသားစုအတွင်း အလှူအတန်းလုပ်ရတာတွေ ကြုံရတတ်ပါတယ်။ဒီကာလမှာ စပ်တူရှယ်ယာအလုပ်များ ခေတ္တဆိုင်းငံ့ထားပါဦး။အိမ်တွင်းရေးသာယာမှုက သင့်အပေါ်မူတည်နေလို့ သင့်စိတ်ကိုလျှော့ပေးသင့်တဲ့ကာလပါ။မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တို့၏ သတင်းကောင်းကြားရတတ်သလို မိတ်ဟောင်းဆွေဟောင်းတွေ ပြန်တွေ့ရတတ်ပါတယ်။လူမျိုးခြား၊ ရပ်ဝေးကလူတွေနဲ့ တွဲလုပ်တဲ့အလုပ်တွေ အကျိုးပေးပါတယ်။ဒီကာလမှာ စပ်တူကိစ္စတွေ အိမ်ခြံမြေအလုပ်တွေ အစုရှယ်ယာအလုပ်တွေ ရှောင်ပါဦး။ဒီရက်ပိုင်း ဝမ်း၊ ဆီး၊ အာရုံကြော ရောဂါတွေဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ပညာသင်နေတဲ့သူတွေ ပညာရေးကတော့ အသင့်အတင့်ပါ။လုပ်ငန်းခွင်စာမေးပွဲ ရာထူးစာမေးပွဲဖြေဆိုထားသူများ ရည်မှန်းချက်ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ စိတ်ကသိကအောင့်ဖြစ်စရာ တွေ့တတ်ပါတယ်။ငယ်ရွယ်သူများ မတည့်အတူနေဖြစ်နေတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား သစ်သီးဆွမ်းကပ်ကာ ဒိဝါတပတိဂါထာကို နံနက်တိုင်း ကိုးခေါက်ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ နံနက်စောစောထ၍ ငှက်များကိုအစာကျွေးကာ လိုရာဆုတောင်းပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ရွှေတိဂုံဘုရား အောင်မြေတွင် အဓိဋ္ဌာန်ပြုပါ။ဘုရားအား အောင်သပြေ ၉ ညွှန့် ကပ်လှူကာ ဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အချိန်ရတိုင်း မေတ္တာသုတ်ကို ရွတ်ဆိုနေပါ။ချစ်သူနှင့်တွေ့သည့်အခါတိုင်း ကျောက်စရစ်အသေးတစ်လုံးကို အိတ်ထဲဆောင်ထားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ စေတီရင်ပြင်များတွင် မေတ္တာသုတ်ရွတ်ဖတ်၍ သန့်ရှင်းရေးလုပ်ကာ ဆီမီးပူဇော်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ မနက်စောစော သံဃာတော်များအား တန်းဆွမ်းလောင်းလှူပေးပါ။

ထီကံကောင်းလိုသူများ ။     ။ ထီဆိုင်တွင် ၇ အစ ၉ အဆုံး ဂဏန်းကို ရွေးထိုးပါ။
( Zawgyi )
ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာကိစၥမ်ားအတြက္ စေန သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း ေငြကံေကာင္းေနတတ္သလို ေငြဝင္ေငြထြက္ၾကမ္းေနတဲ့ကာလပါ။လုပ္ငန္းခြင္ထဲ နာမည္ေကာင္းရတတ္ပါတယ္။
ျပည္တြင္းျပည္ပခရီးထြက္ရဖို႔ရွိေနသလို မိသားစုအတြင္း အလႉအတန္းလုပ္ရတာေတြ ႀကဳံရတတ္ပါတယ္။ဒီကာလမွာ စပ္တူရွယ္ယာအလုပ္မ်ား ေခတၱဆိုင္းငံ့ထားပါဦး။အိမ္တြင္းေရးသာယာမႈက သင့္အေပၚမူတည္ေနလို႔ သင့္စိတ္ကိုေလွ်ာ့ေပးသင့္တဲ့ကာလပါ။မိတ္ေဆြလုပ္ေဖာ္ကိုင္ဖက္တို႔၏ သတင္းေကာင္းၾကားရတတ္သလို မိတ္ေဟာင္းေဆြေဟာင္းေတြ ျပန္ေတြ႕ရတတ္ပါတယ္။လူမ်ိဳးျခား၊ ရပ္ေဝးကလူေတြနဲ႔ တြဲလုပ္တဲ့အလုပ္ေတြ အက်ိဳးေပးပါတယ္။ဒီကာလမွာ စပ္တူကိစၥေတြ အိမ္ၿခံေျမအလုပ္ေတြ အစုရွယ္ယာအလုပ္ေတြ ေရွာင္ပါဦး။ဒီရက္ပိုင္း ဝမ္း၊ ဆီး၊ အာ႐ုံေၾကာ ေရာဂါေတြျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ပညာသင္ေနတဲ့သူေတြ ပညာေရးကေတာ့ အသင့္အတင့္ပါ။လုပ္ငန္းခြင္စာေမးပြဲ ရာထူးစာေမးပြဲေျဖဆိုထားသူမ်ား ရည္မွန္းခ်က္ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား စိတ္ကသိကေအာင့္ျဖစ္စရာ ေတြ႕တတ္ပါတယ္။ငယ္႐ြယ္သူမ်ား မတည့္အတူေနျဖစ္ေနတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား သစ္သီးဆြမ္းကပ္ကာ ဒိဝါတပတိဂါထာကို နံနက္တိုင္း ကိုးေခါက္႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ နံနက္ေစာေစာထ၍ ငွက္မ်ားကိုအစာေကြၽးကာ လိုရာဆုေတာင္းပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေ႐ႊတိဂုံဘုရား ေအာင္ေျမတြင္ အဓိ႒ာန္ျပဳပါ။ဘုရားအား ေအာင္သေျပ ၉ ၫႊန္႔ ကပ္လႉကာ ဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အခ်ိန္ရတိုင္း ေမတၱာသုတ္ကို ႐ြတ္ဆိုေနပါ။ခ်စ္သူႏွင့္ေတြ႕သည့္အခါတိုင္း ေက်ာက္စရစ္အေသးတစ္လုံးကို အိတ္ထဲေဆာင္ထားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေစတီရင္ျပင္မ်ားတြင္ ေမတၱာသုတ္႐ြတ္ဖတ္၍ သန႔္ရွင္းေရးလုပ္ကာ ဆီမီးပူေဇာ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ မနက္ေစာေစာ သံဃာေတာ္မ်ားအား တန္းဆြမ္းေလာင္းလႉေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ ထီဆိုင္တြင္ ၇ အစ ၉ အဆုံး ဂဏန္းကို ေ႐ြးထိုးပါ။