【 ဗေဒင် 】 တနင်္လာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုရက်ပိုင်းအတွင်း ကံဇာတာတွေ အတက်ဘက်ရောက်နေသလို ငွေဝင်လည်းကောင်းနေပါတယ်။မိသားစုအတွင်း အလုပ်အကိုင် သတင်းကောင်းတွေ ကြားရတတ်သလို မိတ်ကောင်းဆွေကောင်းတွေနဲ့ ကြုံတွေ့ရတတ်တဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကိစ္စတွေအောင်မြင်စေဖို့ဆိုရင် ယခုတစ်ပတ်မှာ အင်္ဂါ သားသမီးများနဲ့ တိုင်ပင်ဆောင်ရွက်သင့်ပါတယ်။လုပ်ငန်းခွင်အတွင်း နာမည်ဂုဏ်သတင်း တက်စရာတွေ ရှိပါတယ်။စပ်တူရှယ်ယာ အလုပ်တွေ၊ လူမျိုးခြားနဲ့ စာချုပ်စာတမ်းကိစ္စတွေ ဒီရက်ပိုင်းကောင်းပါတယ်။ဆန်၊ ဆီ၊ ဆား၊ စာအုပ်၊ စက်ပစ္စည်း စတဲ့  အင်္ဂါနံ အလုပ်အကိုင် လုပ်ကိုင်သူတွေ ဒီကာလမှာ အခြေအနေကောင်းပါတယ်။ရေလုပ်ငန်းလုပ်သူတွေ လုပ်ငန်းမတိုးချဲ့သင့်ပါဘူး။ကျန်းမာရေးကတော့ အာရုံကြော၊ ဝမ်းဗိုက်၊ ဆီး၊ ရောဂါတွေ ဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ပညာရေးကံကောင်းပေမယ့် ပေါ့လျော့တတ်လို့ သတိထားမှရပါမယ်။အိမ်ထောင်ရှင်များ ဒီရက်ပိုင်း အပြောအဆိုကြောင့် လင်မယားကြား အဆင်မပြေဖြစ်တတ်သလို ငယ်ရွယ်သူများ မထင်မှတ်ဘဲ ကျဉ်းထဲကျပ်ထဲ ရောက်နေတတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ယခုတစ်ပတ်အတွင်း ဘုရားရှင်အား ကံ့ကော်ပန်း ကပ်လှူကာ လိုရာဆုတောင်းပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ မွေးနေ့မွေးရက်တွင် သံဃာတော်များကို နံနက်စောစောထ၍ ဆွမ်းလောင်းလှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ အောင်ဘွဲ့အမည်ပါ စေတီတွင် အောင်သပြေပန်း ကပ်လှူကာ မိမိလိုချင်သည့် အလုပ်ကို အာရုံပြုဆုတောင်းပါ။အင်တာဗျူးသွားပါက ရွက်လှပန်း ဆောင်သွားပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ မနက်မိုးလင်းသည်နှင့် မိမိ အိမ်ထောင်ဘက်/ချစ်သူကို ရည်ရွယ်ကာ မေတ္တာသုတ်ကို စိတ်ထက်သန်စွာဖြင့် ရွတ်ဆိုပေးပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ နေအိမ်ပြင်ပထွက်တိုင်း၊ အစားအသောက်တစ်ခုခုစားတိုင်း အရဟံဂုဏ်တော်ကို စိတ်ထဲက ရွတ်ဆိုပြီးမှလုပ်ပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားတွင် ရွှေသင်္ကန်းကပ်ပါ။ထုံးသင်္ကန်းကပ်လှူပေးပါ။

ထီကံကောင်းလိုသူများ ။     ။ သွားရင်းလာရင်းတွေ့သည့် ထီဆိုင်တွင် ၂/၃ ဂဏန်းများများပါသည့် ထီလက်မှတ်ကို ရွေးထိုးပါ။

( Zawgyi )

ယခုရက္ပိုင္းအတြင္း ကံဇာတာေတြ အတက္ဘက္ေရာက္ေနသလို ေငြဝင္လည္းေကာင္းေနပါတယ္။မိသားစုအတြင္း အလုပ္အကိုင္ သတင္းေကာင္းေတြ ၾကားရတတ္သလို မိတ္ေကာင္းေဆြေကာင္းေတြနဲ႔ ႀကဳံေတြ႕ရတတ္တဲ့ အခ်ိန္အခါလည္း ျဖစ္ပါတယ္။လူမႈေရး၊ စီးပြားေရး၊ ပညာေရး ကိစၥေတြေအာင္ျမင္ေစဖို႔ဆိုရင္ ယခုတစ္ပတ္မွာ အဂၤါ သားသမီးမ်ားနဲ႔ တိုင္ပင္ေဆာင္႐ြက္သင့္ပါတယ္။လုပ္ငန္းခြင္အတြင္း နာမည္ဂုဏ္သတင္း တက္စရာေတြ ရွိပါတယ္။စပ္တူရွယ္ယာ အလုပ္ေတြ၊ လူမ်ိဳးျခားနဲ႔ စာခ်ဳပ္စာတမ္းကိစၥေတြ ဒီရက္ပိုင္းေကာင္းပါတယ္။ဆန္၊ ဆီ၊ ဆား၊ စာအုပ္၊ စက္ပစၥည္း စတဲ့  အဂၤါနံ အလုပ္အကိုင္ လုပ္ကိုင္သူေတြ ဒီကာလမွာ အေျခအေနေကာင္းပါတယ္။ေရလုပ္ငန္းလုပ္သူေတြ လုပ္ငန္းမတိုးခ်ဲ႕သင့္ပါဘူး။က်န္းမာေရးကေတာ့ အာ႐ုံေၾကာ၊ ဝမ္းဗိုက္၊ ဆီး၊ ေရာဂါေတြ ျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ပညာေရးကံေကာင္းေပမယ့္ ေပါ့ေလ်ာ့တတ္လို႔ သတိထားမွရပါမယ္။အိမ္ေထာင္ရွင္မ်ား ဒီရက္ပိုင္း အေျပာအဆိုေၾကာင့္ လင္မယားၾကား အဆင္မေျပျဖစ္တတ္သလို ငယ္႐ြယ္သူမ်ား မထင္မွတ္ဘဲ က်ဥ္းထဲက်ပ္ထဲ ေရာက္ေနတတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ယခုတစ္ပတ္အတြင္း ဘုရားရွင္အား ကံ့ေကာ္ပန္း ကပ္လႉကာ လိုရာဆုေတာင္းပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ေမြးေန႔ေမြးရက္တြင္ သံဃာေတာ္မ်ားကို နံနက္ေစာေစာထ၍ ဆြမ္းေလာင္းလႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေအာင္ဘြဲ႕အမည္ပါ ေစတီတြင္ ေအာင္သေျပပန္း ကပ္လႉကာ မိမိလိုခ်င္သည့္ အလုပ္ကို အာ႐ုံျပဳဆုေတာင္းပါ။အင္တာဗ်ဴးသြားပါက ႐ြက္လွပန္း ေဆာင္သြားပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ မနက္မိုးလင္းသည္ႏွင့္ မိမိ အိမ္ေထာင္ဘက္/ခ်စ္သူကို ရည္႐ြယ္ကာ ေမတၱာသုတ္ကို စိတ္ထက္သန္စြာျဖင့္ ႐ြတ္ဆိုေပးပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ေနအိမ္ျပင္ပထြက္တိုင္း၊ အစားအေသာက္တစ္ခုခုစားတိုင္း အရဟံဂုဏ္ေတာ္ကို စိတ္ထဲက ႐ြတ္ဆိုၿပီးမွလုပ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ ဘုရားတြင္ ေ႐ႊသကၤန္းကပ္ပါ။ထုံးသကၤန္းကပ္လႉေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ သြားရင္းလာရင္းေတြ႕သည့္ ထီဆိုင္တြင္ ၂/၃ ဂဏန္းမ်ားမ်ားပါသည့္ ထီလက္မွတ္ကို ေ႐ြးထိုးပါ။