【 ဗေဒင် 】 ဗုဒ္ဓဟူး သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်
ဒီရက်ပိုင်း ပညာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် ကြာသပတေး သားသမီးတွေကို တိုင်ပင်တာ သင့်အတွက် အကောင်းဆုံးပါဘဲ။အဖက်ဖက်က ကံဇာတာပွင့်လန်းနေသလို ကံတရားက အကျိုးပေးတဲ့ဘက် ရောက်နေတဲ့အတွက် လုပ်ငန်းသစ်၊ နေရာသစ် စတာတွေ အစပြုလုပ်တာ ကောင်းပါတယ်။စပ်တူကိစ္စတွေ အစုရှယ်ယာအလုပ်တွေ၊ စာချုပ်စာတမ်းကိစ္စတွေ ဒီရက်ပိုင်းကောင်းပါတယ်။ဘာလုပ်လုပ် ဘာသာရေးလေး အခြေုပြီးလုပ်ရင် အကျိုးများပါတယ်။အရင်းအခြာတွေက သင့်ကို တမျိုးမြင်တတ်ပါတယ်။ခရီးသွားရတဲ့ကံက ကောင်းနေသလို ဒီရက်ပိုင်း အလှူမင်္ဂလာလုပ်ရကိန်း ရှိနေပါတယ်။ဒီကာလမှာ ငွေအပါအဝင် တခြားဘာမှ ဘယ်သူ့ကိုမှ အာမ မခံပေးတာ သင့်အတွက် အကောင်းဆုံးပါ။ကျန်းမာရေးကတော့ အစားအသောက် အနေအထိုင်ကြောင့် ဖြစ်တတ်တာပဲရှိပါတယ်။ပညာရေးကတော့ တစ်ပြိုင်နက်ဘာမှ မစီစဉ်ပါနဲ့။တစ်ခုပြီးမှ တစ်ခုသာ လုပ်သင့်ပါတယ်။အိမ်ထောင်ရှင်များ အကျီစားသန်လို့  စကားများတတ်ပေမယ့်  ချစ်သူတွေအတွက် အဆုံးအဖြတ်ကာလတွေ ရောက်နေပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ကြာသပတေးနံ မာလကာ၊ ပန်းသီး စသည်တို့ဖြင့် ကပ်လှူပူဇော်ကာ ကြံရည်ကပ်လှူပေးပါ။
ပြည်ပထွက်ခွာလိုသူများ ။     ။ မိမိသွားလိုသည့် အရပ်မှ ခွေးများအား မနက်ဖက်တွင် အစာကျွေးပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားတွင် ပန်းပေါင်းစုံကပ်လှူကာ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ နှစ်ဦးနေ့နံသင့်ပန်းကို ပန်းအိုးတစ်အိုးဖြင့် သပ်သပ်ထိုးကာ ယခုတစ်ပတ်လုံး ဘုရားရှင်အား ပူဇော်ထားပါ။
လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် ဂြိုလ်နံဘုရားများကို ရေသပ္ပါယ်ပါ။ပန်းအိုးမှ ပန်းခြောက်များ သန့်ရှင်းပေးပါလေ။
ကျန်းမာရေးမကောင်းသူများ ။     ။ ဘုရားတွင် တံခွန်ကုက္ကားလှူပါ။ညောင်ထောက်ပေးပါ။
ထီကံကောင်းလိုသူများ ။     ။ ကြာသပတေးနာမည်ပါ ထီဆိုင်တွင် ၄ အစ ၅ အဆုံး ထီလက်မှတ်ကို ရှာထိုးပါ။
( Zawgyi )