【 ဗေဒင် 】 သောကြာ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် ကြာသပတေး သားသမီးများနှင့်  တိုင်ပင်ဆောင်ရွက်ပါ။ယခုရက်ပိုင်းအတွင်း သင့်ကံဇာတာက အဖက်ဖက်က ပွင့်လန်းနေပါလိမ့်မယ်။လုပ်ငန်းခွင်မှာ စိတ်ပင်ပန်းစရာတွေ ရှိတတ်ပေမယ့် လုပ်ငန်းတွေကို အရှိန်မြင့်လုပ်ကိုင်သင့်တဲ့ အချိန်အခါပါ။ခရီးစဉ်တွေ ပေါ်လာတတ်သလို မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီရတတ်ပါတယ်။ဒါပေမယ့် မိမိထက်ကြီးကဲသူတွေက အထင်လွဲတတ်တာတွေ ဖြစ်တတ်ပါတယ်။သူတပါးကိစ္စမှာ ဝင်မပါတာ အကောင်းဆုံးပါ။ခရီးသွားလုပ်ငန်းတွေ၊ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်သူတွေ၊ သီးနှံကုန်သည်တွေ လျှပ်စစ်ပစ္စည်း ရောင်းဝယ်သူတွေ အလုပ်ကောင်းတဲ့ကာလ ရောက်နေပြီး စာချုပ်စာတမ်းနဲ့ လုပ်ကိုင်ရတဲ့ အိမ်ခြံမြေလုပ်ငန်းတွေ၊ စပ်တူအစုရှယ်ယာလုပ်ငန်းတွေ ခဏရှောင်ထားသင့်ပါတယ်။ပညာရေးကံ ကောင်းနေပေမယ့် စိတ်ကမတည်ငြိမ်တတ်လို့ အခြေအနေကောင်းကို လက်လွတ်တတ်ပါတယ်။ကျန်းမာရေးကတော့ ဆီး၊ မျက်စိ၊ အစာအိမ် စတဲ့ အသုံးများတဲ့ ကိုယ်အင်္ဂါနေရာတွေ ဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်တွေ၊ ချစ်သူရည်းစားတွေ စကားအပြောအဆိုကြောင့် အဆင်မပြေမှုတွေ ဖြစ်တတ်ပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားအား ယခုတစ်ပတ် ကြာသပတေးနံ ပန်းပေါင်းစုံဖြင့် ပူဇော်ပြီး ဒိဝါတပတိဂါထာ ပုတီးစိပ်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ကိုယ်နှင့်နီးရာ စေတီတစ်ဆူသို့သွား၍ အဓိဋ္ဌာန်ပြုကာ တဟိ့  ံတဟိ့  ံ ဂါထာကို သက်စေ့ရွတ်ဆိုပူဇော်ပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ ဘုရားသွား၍ ကိုယ့်နေ့နံထောင်ရှိ ဘုရားအား ကြာသပတေးနံ ပန်းကပ်လှူကာ ရေသပ္ပယ်ပေးပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ အိမ်ထဲမှာ ပုလင်းခွံ၊ ဗူးခွံ အကွဲတွေ မှန်အကွဲတွေ မထားပါနှင့်။

လူမှုရေးအတိုက်အခံများသူများ ။     ။ နံနက်စောစောထကာ လမ်းကို နိုင်သလောက် ရေဖြန်းကာ တံမြက်စည်းလှည်း၍ မေတ္တာသုတ် ရွတ်ဆိုပါ။

ကျန်းမာရေးမကောင်းသူများ ။     ။ လမ်းထဲ ကျန်းမာရေးချို့တဲ့သည့် သက်ကြီးရွယ်အိုများကို ဆေးဝါးဓာတ်စာ ကုသိုလ်ပြုပေးပါ။

ထီကံကောင်းလိုသူများ ။     ။ အိမ်ရှေ့လာသည့် ထီဆိုင်မှ ၅ အစ ၆ အဆုံး ထီလက်မှတ်ကို ထိုးပါ။

( Zawgyi )

ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ ၾကာသပေတး သားသမီးမ်ားႏွင့္  တိုင္ပင္ေဆာင္႐ြက္ပါ။ယခုရက္ပိုင္းအတြင္း သင့္ကံဇာတာက အဖက္ဖက္က ပြင့္လန္းေနပါလိမ့္မယ္။လုပ္ငန္းခြင္မွာ စိတ္ပင္ပန္းစရာေတြ ရွိတတ္ေပမယ့္ လုပ္ငန္းေတြကို အရွိန္ျမင့္လုပ္ကိုင္သင့္တဲ့ အခ်ိန္အခါပါ။ခရီးစဥ္ေတြ ေပၚလာတတ္သလို မိတ္ေကာင္းေဆြေကာင္းေတြရဲ႕ အကူအညီရတတ္ပါတယ္။ဒါေပမယ့္ မိမိထက္ႀကီးကဲသူေတြက အထင္လြဲတတ္တာေတြ ျဖစ္တတ္ပါတယ္။သူတပါးကိစၥမွာ ဝင္မပါတာ အေကာင္းဆုံးပါ။ခရီးသြားလုပ္ငန္းေတြ၊ အိမ္ေဆာက္ပစၥည္း ေရာင္းဝယ္သူေတြ၊ သီးႏွံကုန္သည္ေတြ လွ်ပ္စစ္ပစၥည္း ေရာင္းဝယ္သူေတြ အလုပ္ေကာင္းတဲ့ကာလ ေရာက္ေနၿပီး စာခ်ဳပ္စာတမ္းနဲ႔ လုပ္ကိုင္ရတဲ့ အိမ္ၿခံေျမလုပ္ငန္းေတြ၊ စပ္တူအစုရွယ္ယာလုပ္ငန္းေတြ ခဏေရွာင္ထားသင့္ပါတယ္။ပညာေရးကံ ေကာင္းေနေပမယ့္ စိတ္ကမတည္ၿငိမ္တတ္လို႔ အေျခအေနေကာင္းကို လက္လြတ္တတ္ပါတယ္။က်န္းမာေရးကေတာ့ ဆီး၊ မ်က္စိ၊ အစာအိမ္ စတဲ့ အသုံးမ်ားတဲ့ ကိုယ္အဂၤါေနရာေတြ ျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္ေတြ၊ ခ်စ္သူရည္းစားေတြ စကားအေျပာအဆိုေၾကာင့္ အဆင္မေျပမႈေတြ ျဖစ္တတ္ပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားအား ယခုတစ္ပတ္ ၾကာသပေတးနံ ပန္းေပါင္းစုံျဖင့္ ပူေဇာ္ၿပီး ဒိဝါတပတိဂါထာ ပုတီးစိပ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ကိုယ္ႏွင့္နီးရာ ေစတီတစ္ဆူသို႔သြား၍ အဓိ႒ာန္ျပဳကာ တဟိ့  ံတဟိ့  ံ ဂါထာကို သက္ေစ့႐ြတ္ဆိုပူေဇာ္ပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ဘုရားသြား၍ ကိုယ့္ေန႔နံေထာင္ရွိ ဘုရားအား ၾကာသပေတးနံ ပန္းကပ္လႉကာ ေရသပၸယ္ေပးပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ အိမ္ထဲမွာ ပုလင္းခြံ၊ ဗူးခြံ အကြဲေတြ မွန္အကြဲေတြ မထားပါႏွင့္။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ နံနက္ေစာေစာထကာ လမ္းကို ႏိုင္သေလာက္ ေရျဖန္းကာ တံျမက္စည္းလွည္း၍ ေမတၱာသုတ္ ႐ြတ္ဆိုပါ။

က်န္းမာေရးမေကာင္းသူမ်ား ။     ။ လမ္းထဲ က်န္းမာေရးခ်ိဳ႕တဲ့သည့္ သက္ႀကီး႐ြယ္အိုမ်ားကို ေဆးဝါးဓာတ္စာ ကုသိုလ္ျပဳေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ အိမ္ေရွ႕လာသည့္ ထီဆိုင္မွ ၅ အစ ၆ အဆုံး ထီလက္မွတ္ကို ထိုးပါ။