ယခုရက်ပိုင်းအတွင်း မတင်မကျဖြစ်စရာတွေ၊ စိတ်အခန့်မသင့်စရာတွေနဲ့ အလိုမကျဖြစ်တတ်တဲ့ ကာလပါ။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေး အောင်မြင်လိုသော ကိစ္စများအတွက် စနေ သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ရမယ့် အချိန်ခါပါ။ယခုရက်ပိုင်းအတွင်း တဇွတ်ထိုးမလုပ်ပါနဲ့။အမှားကြုံတတ်ပါတယ်။ငွေကံနည်းနေသလို ငွေမလည်တတ်တဲ့ အချိန်ကာလပါ။ဒီရက်ပိုင်း သူတစ်ပါးကိစ္စတွေ၊ မိသားစုကိစ္စတွေနဲ့ အလုပ်များနေတတ်ပါတယ်။လုပ်ငန်းခွင်အတွင်း အတိုက်အခိုက်တွေ များနေတတ်လို့ အပြောအဆိုဆင်ခြင်ပါ။စာချုပ်စာတမ်း ကိစ္စတွေ၊ နိုင်ငံရပ်ခြားကိစ္စတွေကြောင့် စိတ်ရှုပ်ရတတ်ပေယ့် အောင်မြင်ပါလိမ့်မယ်။ဒီရက်ပိုင်း ခါး၊ ခြေ၊ သွားကိုက်တာတွေ ဖြစ်တတ်လို့ ဂရုစိုက်သင့်ပါတယ်။ပညာရေးကံကောင်းပါတယ်။ အနှောင့်အယှက်တွေကို ရှောင်လိုက်ပါ။သေချာပေါက် လိုရာရောက်ပါလိမ့်မယ်။လုပ်ငန်းခွင်စာမေးပွဲ၊ ရာထူးစာမေးပွဲ ဖြေဆိုထားသူများ ရည်မှန်းချက် ပြည့်စုံပါမယ်။အိမ်ထောင်ရှင်များ စကားများရကိန်းရှိပြီး ငယ်ရွယ်သူများ မထင်မှတ်ဘဲ အနှောင့်အယှက်ဝင်တတ်ပါတယ်။
ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။ ။ ဘုရားအား တစ်လလုံး ပန်းပေါင်းစုံ ပူဇော်ကာ လိုရာဆုတောင်းပါ။
ပြည်ပထွက်ခွာလိုသူများ ။ ။ နံနက်စောစောထကာ ရဟန်းသံဃာများကို တန်းဆွမ်းလောင်းပါ။
အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။ ။ ဘုရားတွင် ပန်းဆီမီး ကပ်လှူကာ မိမိလျှောက်ထားသည့် အလုပ်အား အာရုံပြုဆုတောင်းပါ။
အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။ ။ မိုးလင်းနှင့် မိုးချုပ် (သို့မဟုတ်) အပြင်ထွက်တိုင်း စိတ်ကောင်းမွေးကာ မေတ္တာသုတ် ရွတ်ဆိုပေးပါ။
လူမှုရေးအတိုက်အခံများသူများ ။ ။ နေ့စဉ် နံနက်တိုင်း အရဟံဂုဏ်တော်ကို အာရုံပြုကာ သက်စေ့ရွတ်ဆိုပေးခြင်းက အကောင်းဆုံးဖြစ်သည်။
ကျန်းမာရေးမကောင်းသူများ ။ ။ ဘုရားကျောင်းကန်စေတီရှိ ဗောဓိညောင်တွင် ညောင်ထောက်ပေးကာ ကုသိုလ်ပြုပါ။
ထီကံကောင်းလိုသူများ ။ ။ သွားရင်းလာရင်းတွေ့သည့် ထီဆိုင်တွင် ၇/၃ ဂဏန်းများများပါသည့် ထီကိုရွေးထိုးပါ။
( Zawgyi )
ယခုရက္ပိုင္းအတြင္း မတင္မက်ျဖစ္စရာေတြ၊ စိတ္အခန႔္မသင့္စရာေတြနဲ႔ အလိုမက်ျဖစ္တတ္တဲ့ ကာလပါ။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရး ေအာင္ျမင္လိုေသာ ကိစၥမ်ားအတြက္ စေန သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ရမယ့္ အခ်ိန္ခါပါ။ယခုရက္ပိုင္းအတြင္း တဇြတ္ထိုးမလုပ္ပါနဲ႔။အမွားႀကဳံတတ္ပါတယ္။ေငြကံနည္းေနသလို ေငြမလည္တတ္တဲ့ အခ်ိန္ကာလပါ။ဒီရက္ပိုင္း သူတစ္ပါးကိစၥေတြ၊ မိသားစုကိစၥေတြနဲ႔ အလုပ္မ်ားေနတတ္ပါတယ္။လုပ္ငန္းခြင္အတြင္း အတိုက္အခိုက္ေတြ မ်ားေနတတ္လို႔ အေျပာအဆိုဆင္ျခင္ပါ။စာခ်ဳပ္စာတမ္း ကိစၥေတြ၊ ႏိုင္ငံရပ္ျခားကိစၥေတြေၾကာင့္ စိတ္ရႈပ္ရတတ္ေပယ့္ ေအာင္ျမင္ပါလိမ့္မယ္။ဒီရက္ပိုင္း ခါး၊ ေျခ၊ သြားကိုက္တာေတြ ျဖစ္တတ္လို႔ ဂ႐ုစိုက္သင့္ပါတယ္။ပညာေရးကံေကာင္းပါတယ္။ အေႏွာင့္အယွက္ေတြကို ေရွာင္လိုက္ပါ။ေသခ်ာေပါက္ လိုရာေရာက္ပါလိမ့္မယ္။လုပ္ငန္းခြင္စာေမးပြဲ၊ ရာထူးစာေမးပြဲ ေျဖဆိုထားသူမ်ား ရည္မွန္းခ်က္ ျပည့္စုံပါမယ္။အိမ္ေထာင္ရွင္မ်ား စကားမ်ားရကိန္းရွိၿပီး ငယ္႐ြယ္သူမ်ား မထင္မွတ္ဘဲ အေႏွာင့္အယွက္ဝင္တတ္ပါတယ္။
ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။ ။ ဘုရားအား တစ္လလုံး ပန္းေပါင္းစုံ ပူေဇာ္ကာ လိုရာဆုေတာင္းပါ။
ျပည္ပထြက္ခြာလိုသူမ်ား ။ ။ နံနက္ေစာေစာထကာ ရဟန္းသံဃာမ်ားကို တန္းဆြမ္းေလာင္းပါ။
အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။ ။ ဘုရားတြင္ ပန္းဆီမီး ကပ္လႉကာ မိမိေလွ်ာက္ထားသည့္ အလုပ္အား အာ႐ုံျပဳဆုေတာင္းပါ။
အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။ ။ မိုးလင္းႏွင့္ မိုးခ်ဳပ္ (သို႔မဟုတ္) အျပင္ထြက္တိုင္း စိတ္ေကာင္းေမြးကာ ေမတၱာသုတ္ ႐ြတ္ဆိုေပးပါ။
လူမႈေရးအတိုက္အခံမ်ားသူမ်ား ။ ။ ေန႔စဥ္ နံနက္တိုင္း အရဟံဂုဏ္ေတာ္ကို အာ႐ုံျပဳကာ သက္ေစ့႐ြတ္ဆိုေပးျခင္းက အေကာင္းဆုံးျဖစ္သည္။
က်န္းမာေရးမေကာင္းသူမ်ား ။ ။ ဘုရားေက်ာင္းကန္ေစတီရွိ ေဗာဓိေညာင္တြင္ ေညာင္ေထာက္ေပးကာ ကုသိုလ္ျပဳပါ။
ထီကံေကာင္းလိုသူမ်ား ။ ။ သြားရင္းလာရင္းေတြ႕သည့္ ထီဆိုင္တြင္ ၇/၃ ဂဏန္းမ်ားမ်ားပါသည့္ ထီကိုေ႐ြးထိုးပါ။