【 ဗေဒင် 】 အင်္ဂါ သားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဘာမဆို စိတ်အလိုမကျဖြစ်တတ်တဲ့ကာလပါ။အလုပ်များလို့ စိတ်ကော လူကော တအားပင်ပန်းနေတဲ့အခါဖြစ်နေသလို ဘာလုပ်လုပ် လွဲချော်နေတတ်လို့ စိတ်အလိုအတိုင်းဆုံးဖြတ်ရင် ထပ်ပင်ပန်းမယ့်ကာလပါ။ယခုတစ်ပတ် လူမှုရေး၊ စီးပွားရေး၊ ပညာရေးကိစ္စတွေ ဆောင်ရွက်ရာမှာ တနင်္ဂနွေ၊ ဗုဒ္ဓဟူး သားသမီးများနှင့် တိုင်ပင်ဆောင်ရွက်ရင် အကျိုးထူးပါလိမ့်မယ်။ဒီကာလအတွင်း ကြား ၃ ကြား မဝင်သင့်တဲ့ကာလဖြစ်သလို သူများပြဿနာ ကိုယ့်ပြဿနာဖြစ်တတ်ပါတယ်။လုပ်ငန်းသစ်တွေ စလုပ်ရင် အခြေအနေကောင်းနိုင်ပြီး စပ်တူရှယ်ယာအလုပ်တွေ၊ အိမ်ခြံမြေ အမွေကိစ္စတွေ ဒီရက်ပိုင်းမှာ လုပ်ဆောင်သင့်ပါတယ်။လုပ်ငန်းခွင်နဲ့ အချို့ကိစ္စတွေမှာ လူကြီးသူမတွေရဲ့ ဆောင်မကြည့်ရှုမယ့်ကိန်းရှိလို့ ဘုရားတရားမြဲမြဲလုပ်ကိုင်သင့်ပါတယ်။ဒီကာလမှာ နိုင်ငံခြားအဆက်အသွယ် အခွင့်အရေးကောင်းတွေ ပေါ်လာတတ်ပါတယ်။ငွေကြေးကံကတော့ ညံ့နေပါတယ်။ငွေရတိုင်း ဘုရားကိုလှူပေးသင့်ပါတယ်။ဆန်၊ ဆီ၊ ဆေး စတဲ့အလုပ်တွေ၊ ရွှေအရောင်းအဝယ်အလုပ်တွေ ကောင်းပါတယ်။ပညာရေးကိစ္စ ဒီရက်ပိုင်းမှာခက်ခဲနေတတ်သလို ကြိုးစားမှတော်ကာကြမယ့်ကာလပါ။ကျန်းမာရေးကတော့ အထူးဂရုစိုက်ပါ။ခြေထောက်၊ နှလုံးနှင့်ပတ်သက်တဲ့ ရောဂါဖြစ်တတ်ပါတယ်။အိမ်ထောင်ရှင်တွေ ငယ်ရွယ်သူတွေ ခေတ္တခွဲခွာနေထိုင်ရကိန်းရှိနေပါတယ်။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန် ။     ။ ဘုရားရှင်အား သစ်သီးဆွမ်း ဆက်ကပ်ကာ နံနက်တိုင်း မေတ္တာသုတ်ရွတ်ဖတ်ပူဇော်ပါ။

ပြည်ပထွက်ခွာလိုသူများ ။     ။ ထီး၊ သင်္ကန်း၊ ဝတ္ထုငွေ အလှူခံလာသူ ရဟန်းသံဃာရှိပါက စိတ်မကွက်ဘဲ ကပ်လှူပေးပါ။

အလုပ်ရရှိရန် အခက်အခဲဖြစ်နေသူများ ။     ။ နေအိမ်အရပ်မှ တနင်္ဂနွေထောင့်အရပ်ရှိ ဘုရားစေတီတွင် သန့်ရှင်းရေးလုပ်ပြီး အောင်သပြေပန်းကပ်လှူကာ လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊ နှလုံးသားရေး အဆင်မပြေသူများ ။     ။ ခို၊ ကျီး၊ ခွေး စသည်တို့ကို အစာကျွေးပါ။ချစ်သူနှင့်တွေ့ရန် ဗုဒ္ဓဟူးနံအသုံးအဆောင်များကို ဆောင်သွားပါ။

လူမှုရေးအတိုက်အခံများသူများ ။     ။ ဘုရားစေတီများတွင် မွေးနေ့ဂြိုလ်ခွင်မှစတင်ကာ ဂြိုလ်နံရှစ်ခွင်ပြည့်အောင် ရေသပ္ပါယ်ပူဇော်ပါ။

ကျန်းမာရေးမကောင်းသူများ ။      ။ ရပ်ထဲရွာထဲ လေဖြတ်ထားသည့် ကျန်းမာရေးမကောင်းသူများကို ဆေးဝါးဓာတ်စာ လှူဒါန်းပေးပါ။

ထီကံကောင်းလိုသူများ ။     ။ လမ်းထိပ်ထီဆိုင်တွင် ၁/၃/၄ ဂဏန်းပါသည့် ထီကို ရှာထိုးလိုက်ပါ။

( Zawgyi )

ဘာမဆို စိတ္အလိုမက်ျဖစ္တတ္တဲ့ကာလပါ။အလုပ္မ်ားလို႔ စိတ္ေကာ လူေကာ တအားပင္ပန္းေနတဲ့အခါျဖစ္ေနသလို ဘာလုပ္လုပ္ လြဲေခ်ာ္ေနတတ္လို႔ စိတ္အလိုအတိုင္းဆုံးျဖတ္ရင္ ထပ္ပင္ပန္းမယ့္ကာလပါ။ယခုတစ္ပတ္ လူမႈေရး၊ စီးပြားေရး၊ ပညာေရးကိစၥေတြ ေဆာင္႐ြက္ရာမွာ တနဂၤေႏြ၊ ဗုဒၶဟူး သားသမီးမ်ားႏွင့္ တိုင္ပင္ေဆာင္႐ြက္ရင္ အက်ိဳးထူးပါလိမ့္မယ္။ဒီကာလအတြင္း ၾကား ၃ ၾကား မဝင္သင့္တဲ့ကာလျဖစ္သလို သူမ်ားျပႆနာ ကိုယ့္ျပႆနာျဖစ္တတ္ပါတယ္။လုပ္ငန္းသစ္ေတြ စလုပ္ရင္ အေျခအေနေကာင္းႏိုင္ၿပီး စပ္တူရွယ္ယာအလုပ္ေတြ၊ အိမ္ၿခံေျမ အေမြကိစၥေတြ ဒီရက္ပိုင္းမွာ လုပ္ေဆာင္သင့္ပါတယ္။လုပ္ငန္းခြင္နဲ႔ အခ်ိဳ႕ကိစၥေတြမွာ လူႀကီးသူမေတြရဲ႕ ေဆာင္မၾကည့္ရႈမယ့္ကိန္းရွိလို႔ ဘုရားတရားၿမဲၿမဲလုပ္ကိုင္သင့္ပါတယ္။ဒီကာလမွာ ႏိုင္ငံျခားအဆက္အသြယ္ အခြင့္အေရးေကာင္းေတြ ေပၚလာတတ္ပါတယ္။ေငြေၾကးကံကေတာ့ ညံ့ေနပါတယ္။ေငြရတိုင္း ဘုရားကိုလႉေပးသင့္ပါတယ္။ဆန္၊ ဆီ၊ ေဆး စတဲ့အလုပ္ေတြ၊ ေ႐ႊအေရာင္းအဝယ္အလုပ္ေတြ ေကာင္းပါတယ္။ပညာေရးကိစၥ ဒီရက္ပိုင္းမွာခက္ခဲေနတတ္သလို ႀကိဳးစားမွေတာ္ကာၾကမယ့္ကာလပါ။က်န္းမာေရးကေတာ့ အထူးဂ႐ုစိုက္ပါ။ေျခေထာက္၊ ႏွလုံးႏွင့္ပတ္သက္တဲ့ ေရာဂါျဖစ္တတ္ပါတယ္။အိမ္ေထာင္ရွင္ေတြ ငယ္႐ြယ္သူေတြ ေခတၱခြဲခြာေနထိုင္ရကိန္းရွိေနပါတယ္။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္ ။     ။ ဘုရားရွင္အား သစ္သီးဆြမ္း ဆက္ကပ္ကာ နံနက္တိုင္း ေမတၱာသုတ္႐ြတ္ဖတ္ပူေဇာ္ပါ။

ျပည္ပထြက္ခြာလိုသူမ်ား ။     ။ ထီး၊ သကၤန္း၊ ဝတၳဳေငြ အလႉခံလာသူ ရဟန္းသံဃာရွိပါက စိတ္မကြက္ဘဲ ကပ္လႉေပးပါ။

အလုပ္ရရွိရန္ အခက္အခဲျဖစ္ေနသူမ်ား ။     ။ ေနအိမ္အရပ္မွ တနဂၤေႏြေထာင့္အရပ္ရွိ ဘုရားေစတီတြင္ သန႔္ရွင္းေရးလုပ္ၿပီး ေအာင္သေျပပန္းကပ္လႉကာ လိုရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ ႏွလုံးသားေရး အဆင္မေျပသူမ်ား ။     ။ ခို၊ က်ီး၊ ေခြး စသည္တို႔ကို အစာေကြၽးပါ။ခ်စ္သူႏွင့္ေတြ႕ရန္ ဗုဒၶဟူးနံအသုံးအေဆာင္မ်ားကို ေဆာင္သြားပါ။

လူမႈေရးအတိုက္အခံမ်ားသူမ်ား ။     ။ ဘုရားေစတီမ်ားတြင္ ေမြးေန႔ၿဂိဳလ္ခြင္မွစတင္ကာ ၿဂိဳလ္နံရွစ္ခြင္ျပည့္ေအာင္ ေရသပၸါယ္ပူေဇာ္ပါ။

က်န္းမာေရးမေကာင္းသူမ်ား ။      ။ ရပ္ထဲ႐ြာထဲ ေလျဖတ္ထားသည့္ က်န္းမာေရးမေကာင္းသူမ်ားကို ေဆးဝါးဓာတ္စာ လႉဒါန္းေပးပါ။

ထီကံေကာင္းလိုသူမ်ား ။     ။ လမ္းထိပ္ထီဆိုင္တြင္ ၁/၃/၄ ဂဏန္းပါသည့္ ထီကို ရွာထိုးလိုက္ပါ။