【 ဆောင်းပါး 】ခေတ်သစ်နှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုအသစ်

【 ဆောင်းပါး 】ခေတ်သစ်နှင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုအသစ်

တရုတ်နိုင်ငံဟာ “တရုတ်ပုံစံ ဆိုရှယ်လစ်ခေတ်သစ်” ထဲကို စတင်ဝင်ရောက်နေပြီဖြစ်ကြောင်းကို ရှီကျင့်ဖျင်က CPC ၏ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးအနေနဲ့ ၂၀၁၇ ခုနှစ်အောက်တိုဘာလတုန်းက ကျင်းပခဲ့တဲ့ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) ပါတီညီလာခံမှာပြောခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ( CPC)နဲ့ တရုတ်နိုင်ငံအတွက် “ခေတ်သစ်” ဆိုတာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသစ်သော နည်းဗျူဟာကို ကျင့်သုံးခြင်းနှင့် နိုင်ငံတကာအုပ်ချုပ်ရေးစနစ်အတွက် အသစ် သောလမ်းကို လျှောက်လှမ်းခြင်းဘဲဖြစ်ပါတယ်။

ကမ္ဘာကြီးဟာ ကြွယ်ဝချမ်းသာသော ကမ္ဘာကြီးအဖြစ် တဖြည်းဖြည်း ရွှေ့ပြောင်းနေသော်လည်း ငြိမ်ချမ်းခြင်းမရှိသေးသော ကမ္ဘာကြီးဖြစ်နေဆဲဖြစ်ပါတယ်။ မသေချာမှုများနှင့် ပဋိပက္ခများဟာ အတတ်ပညာနှင့် နိုင်ငံ တကာ အသိုင်းအဝိုင်း၏ စည်းလုံးမှုအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေဆဲပါ။ သို့သော်လည်း ထိရောက်မှုရှိသော စီမံချက်များကို အသုံးပြုနိုင်ပြီး နိုင်ငံတကာအရေးကို စီမံနိုင်ပါက၊ ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုအတွက် အချိန်ကောင်းကို ရယူနိုင်မည်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် ၅၀ က ကျွန်တော်တို့ဟာ ခေတ်ဟောင်းတွင်သာ ရှိနေခဲ့ပြီး ထိုအချိန်က နိုင်ငံတကာ အုပ်ချုပ်မှုစနစ်တွင် စနစ်နှစ်ခုရှိခဲ့ပါတယ်။ တစ်ခုကတော့ အမေရိကန်စတိုင်လ်ဖြစ်ပြီး၊ နောက်တစ်ခုကတော့ ဆိုဗီယက် စတိုင်လ်ဖြစ်ပါတယ်။ နှစ်ခုလုံးဟာ တူညီချက်များလည်း ရှိပါတယ်၊ သူတို့၏ အဆုံးသတ်ရည်မှန်းချက်ကတော့ လူများကို ထိန်းချုပ်ပြီး သူတို့ပစ်မှတ်ထားသော နိုင်ငံများကို “အကူအညီ” ဖြင့်ပစ်မှတ်ထားကာ သူတို့ လိုချင်သော အရာများကို လုပ်စေရန် ဖိအားပေးခြင်း ၊ တင့်ကားနှင့် စစ်တပ်စေလွှတ်ပေးခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့ကြကာ ထိုနိုင်ငံများကို ကျူးကျော်သိမ်းပိုက်အုပ်ချုပ်ရန် ကြိုးပမ်းခဲ့ကြပါတယ်။

ဒီလို ဟောင်းနွမ်းနေပြီဖြစ်သော အုပ်ချုပ်မှုစနစ်ဟာ ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို လေးစားလိုက်နာမှုမရှိကြောင်းကို ပြသသော စနစ်လည်းဖြစ်ပါတယ်။

ကမ္ဘာကြီးဟာ အသစ်သော အုပ်ချုပ်မှုပုံစံကို စောင့်ဆိုင်းနေပြီး ဆန်းသစ်ပြီး တီထွင်ကြံဆမှုမြင့်တက်သော ပုံစံရှိသော နိုင်ငံတကာအုပ်ချုပ်မှု စနစ်သစ်ကို စောင့်ဆိုင်းနေပါတယ်။ ဒီနေရာမှာပဲ တရုတ်နိုင်ငံဟာ စတင် ဝင်လာပါတယ်။ တရုတ်ဟာ နိုင်ငံတကာစင်မြင့်ပေါ်နှင့် ဖြစ်လာမယ့် အရေးကြီးသော အခန်းကဏ္ဍတွင် ခေါင်းဆောင်နေရာယူရန် အသင့်ဖြစ်နေပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ထိုကဲ့သို့ကြီးမားသော တာဝန်ဝတ္တရားကို ကိုင် တွယ်နိုင်သော တစ်ခုတည်းသော နိုင်ငံလည်းဖြစ်ပါတယ်။

အသစ်ဖြစ်လာတာ ဘာတွေရှိမလဲ?

ဘာတွေလိုအပ်နေသလဲဆိုတာကို တရုတ်ဟာ ပြသခဲ့ပြီလည်းဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုနှင့် အားလုံးပါဝင်နိုင်မှု၊ အားလုံးအတွက် အကျိုးရှိသော ပြည်သူများအကြား ဆက်နွယ်နေမှု နှင့် တာဝန်ရှိသူများအားလုံး၏ ပါဝင်မှုတို့ဖြစ်ပါတယ်။

ခေတ်ဟောင်းက နိုင်ငံရေးတန်ဖိုး သို့မဟုတ် စစ်တပ်ဆိုင်ရာ စိန်ခေါ်မှုများကို လွှဲပြောင်းရန် မလိုပါဘူး၊ ဒါဟာ “မိတ်ဆွေဖြစ်ခြင်းထက်ပိုခြင်း” အတွေးအခေါ်နဲ့သာ အစားထိုးရမည်ဖြစ်ပါတယ်။

တိုးတက်မှုရှိလာရန် အားလုံး၏ ကြိုးပမ်းမှုလိုအပ်နေပြီး၊ ကျွန်တော်တို့ရဲ့ အခက်အခဲများကို အတူတူ ကျော်ဖြတ်ခြင်း နှင့် ကမ္ဘာကပေးသော အကျိုးကျေးဇူးများကို အတူတူ မျှဝေခံစားကြမည်ဖြစ်ပါတယ်။ နိုင်ငံတိုင်း နှင့် လူသားတိုင်းဟာ တန်းတူညီမျှမှုရှိရန် နှင့် တူညီသော လေးစားမှုရရှိရန်လိုအပ်ပါတယ်၊ နိုင်ငံငယ်တွင် နေထိုင်သည်ဖြစ်စေ၊ အင်အားကြီးသောနိုင်ငံ (သို့မဟုတ်) စီးပွားရေးအင်အားနည်းသော နိုင်ငံတွင် နေထိုင်သည်ဖြစ်စေ တူညီသော လေးစားမှုရရှိရန်လိုအပ်ပါတယ်။

တရုတ်၏ နိုင်ငံတကာအုပ်ချုပ်မှုစနစ်ဟာ “လွတ်လပ်သော ကုန်သွယ်ရေးဇုန်” နဲ့ တူညီပါတယ်၊ အဖွဲ့ဝင်များအားလုံးဟာ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရာတွင် တူညီသော အကျိုးအမြတ်ရရှိကြပြီး အထူးအခွင့်ရေး များ ကိုလည်း အားလုံးအတူတူ ရရှိကြပါတယ်။ ဒါဟာ ခေတ်ဟောင်းအုပ်ချုပ်မှုစနစ်ဖြစ်တဲ့ အမေရိကန်ပုံစံနှင့် ဆိုဗီယက်စနစ်များတွင် ဘယ်တော့မှ ဖြစ်မလာနိုင်သော အရာဖြစ်ပါတယ်။

တရုတ်ကမ်းလှမ်းထားသော အရာများဟာ ပြုပြင်မှုရှိသော ခြေလှမ်းဖြစ်ပြီး လက်ရှိနိုင်ငံတကာအရေးတွင်ကြီးမားသော အကျိုးစီးပွားဖြစ်စေမယ့် ကမ်းလှမ်းချက်ဖြစ်ပါတယ်။ ဒီအသစ်သောခေတ်ဟာ အသစ်သော အတွေးအခေါ်များကို ယူဆောင်လာပြီး အနာဂတ်မျှဝေသော လူသားများအတွက် အတွေးအခေါ်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အသစ်သော အယူအဆများကို ယူဆောင်ပေးပါတယ်။ ဒါဟာ တရုတ်နိုင်ငံနှင့် တရုတ်ကွန်မြူနစ်ပါတီ( CPC) တစ်ခုတည်းကနေလာတဲ့ မစ်ရှင်ဟာ မဟုတ်ပဲ စစ်မှန်သော ကတိကဝတ်တစ်ခုဖြစ်ပြီး နောက်မျိုးဆက်သစ်များစွာကို အကျိုးဖြစ်စေမယ့်အရာဖြစ်ပါတယ်။

Naing

Ref:CMG| Opinion: New era and new global governance