【 အားကစား 】 မန်ယူအသင်းနဲ့ အက်ကွဲကြောင်း ပိုမိုကြီးမားလာတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို

【 အားကစား 】 မန်ယူအသင်းနဲ့ အက်ကွဲကြောင်း ပိုမိုကြီးမားလာတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို

မန်ယူအသင်း ယာယီနည်းပြဖြစ်သူ ရက်ဖ် ရန်နစ်ခ်ရဲ့ မှတ်ချက်ကြောင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုအနေနဲ့ ဒေါကထွက်လျက်ရှိနေတယ်လို့ သတင်းများအရ သိရပါတယ်။

စီရော်နယ်လ်ဒိုဟာ မန်ယူအသင်းထံသို့ ပြီးခဲ့သောနွေရာသီအပြောင်းအရွှေ့မှာ ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး၊ ယခုအခါမှာတော့ မန်ယူအသင်းမှာ ရုန်းကန်နေရတဲ့ အခြေအနေမျိုး ‌ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

မန်ယူအသင်းမှ အိုလေ ဂန်နာ ဆိုးလ်ရှား ကို ထုတ်ပယ်ခဲ့ပြီး ယာယီနည်းပြ ရန်နစ်ခ် ကို အစားထိုးခန့်အပ်ခဲ့ပေမယ့် ပေါ်တူဂီတိုက်စစ်မှူးကြီးဟာ ယာယီနည်းပြလက်ထက်မှာ မပျော်မရွှင်ဖြစ်နေတယ်လို့ သိရပါတယ်။

မန်ယူအသင်း ယာယီနည်းပြ ရန်နစ်ခ်မှ "ဒါဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို ကို မကောင်းမြင်တာ မဟုတ်ပါဘူး၊ သူဂိုးတွေပိုသွင်းသင့်တာတော့ ထင်ရှားပါတယ်" လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် "ကျနော်တို့ သွင်းဂိုးတွေအတွက် လုံလောက်တဲ့ဖန်တီးမှုတွေကို ပြုလုပ်နေတယ်လို့ ကျနော်ထင်ပါတယ်၊ ဂိုးမသွင်းနိုင်တာကတော့ စီရော်နယ်လ်ဒိုရဲ့ ပြဿနာမဟုတ်ပါဘူး၊ တိုက်စစ်ကစားသမားတွေအားလုံး ဂိုးမသွင်းနိုင်ခဲ့ပါဘူး" လို့ မန်ယူအသင်း ယာယီနည်းပြ ကန်နစ်ခ် က ဆက်လက်မှတ်ချက်ပြုထားတာဖြစ်ပါတယ်။

သတင်းတွေအရတော့ စီရော်နယ်လ်ဒိုဘက်က ယာယီနည်းပြ ရန်နစ်ခ်ရဲ့ မှတ်ချက်ပေးမှုအပေါ် ဒေါသထွက်လျက်ရှိနေပြီး အသင်းကထွက်ခွာဖို့ ကြိုးစားဖွယ်ရှိနေကြောင်း သိရပါတယ်။

စီရော်နယ်လ်ဒိုဘက်ကလည်း မန်ယူအသင်းရဲ့ ဒဏ်ရာပြဿနာများနဲ့ ငယ်ရွယ်တဲ့ ကစားသမားတွေဟာ ၎င်းရဲ့ နောက်ကွယ်မှ အကြံပေးမှုများကို အမြဲနားမထောင်ကြောင်း Sky Sports နဲ့ အင်တာဗျူးမှာ ရှင်းလင်းပြောဆိုခဲ့ပါသေးတယ်။

မန်ယူအသင်း နည်းပြဟောင်းဖြစ်သူ ဟိုဆေး မော်ရင်ဟိုကလည်း ၎င်း မန်ယူအသင်းကို ကိုင်တွယ်စဉ်က စီရော်နယ်လ်ဒို ကို အပြောင်းအရွှေ့ပစ်မှတ်အဖြစ် သတ်မှတ်ဖို့ ငြင်းဆိုခဲ့ကြောင်း မှတ်ချက်ပြုခဲ့ဖူးပါတယ်။

Linko
Ref - themirror
ဖေဖော်ဝါရီ - ၁၅