【 အားကစား 】 မန်ယူအသင်း ငြိမ်သက်ခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်

【 အားကစား 】 မန်ယူအသင်း ငြိမ်သက်ခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်

ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တော့ ပိတ်သိမ်းသွားခဲ့ပါပြီ။

မန်စီးတီး၊ လီဗာပူးလ်၊ ချဲလ်ဆီး၊ အာဆင်နယ်နဲ့ အခြားသော ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ ကစားသမားသစ်တွေ ခေါ်ယူခဲ့ကြပေမယ့် မန်ယူအသင်းတို့ကတော့ အပြောင်းအရွှေ့ဈေးကွက်မှာ ငြိမ်သက်ခဲ့ဝာာ မြင်တွေ့ခဲ့ရပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်တွေမှာတော့ အဲဗာတန်၊ စပါးအသင်းတို့ဟာ ဈေးကွက်အတွင်း အပြိုင်အဆိုင်လှုပ်ရှားခဲ့ဝာာကို မြင်တွေ့ခဲ့ရပါတယ်။

အဲဗာတန်အသင်းကတော့ နည်းပြသစ်ဖြစ်သူ ဖရန့် လမ်းပတ်ကိုပါ မိတ်ဆက်ခဲ့ပြီး၊ မန်ယူအသင်းမှ ဒွန်နီ ဗန်ဒီဘိခ် ကို အငှားစာချုပ်၊ စပါးအသင်းမှ ဒယ်လီ အလီကိုတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

စပါးအသင်းကလည်း အသင်းရဲ့ ကွင်းလယ်အင်အားကို အားဖြည့်ခဲ့ပြီး ဂျူဗင်တပ်အသင်းမှ ဒီဂျန် ကူလူစကီး ကို အငှား၊ ရိုဒရီဂို ဘန်တန်ကာကိုတော့ ပေါင် ၁၅.၉ သန်းနဲ့အတူ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း အမှတ်မထင် အပြောင်းအရွှေ့တစ်ခုအဖြစ် ယူရိုပြိုင်ပွဲမှာ ကွင်းအတွင်း နှလုံးဖောက်ပြီးလဲကျခဲ့ကာ နှလုံးမှာစက်ထည့်ထားရတဲ့ စပါးနဲ့ အင်တာအသင်း ကွင်းလယ်ကစားသမားဟောင်း ခရစ်ရှန် အဲရစ်ဆန်ဟာ အသင်းလက်မဲ့ကနေ ဘရန့်ဖို့ဒ်အသင်းနဲ့ စာချုပ် ချုပ်ဆိုခဲ့ပါသေးတယ်။

မန်ယူအသင်းကတော့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း ကစားသမား ၇ ဦးအထိ ဆုံးရှုံးခဲ့ရပေမယ့် ကစားသမားပြန်လည်ဖြည့်တင်းမှုမရှိခြင်းက အသင်းပရိတ်သတ်များအတွက် အားမလိုအားမရလည်း ဖြစ်စေခဲ့ပါတယ်။အသင်းမှ ထွက်ခွာသွားသူတွေထဲမှာ တိုက်စစ်မှူး အန်သိုနီ မာရှယ်လ်နဲ့ ကွင်းလယ်ကစားသမား ဒွန်နီ ဗန်ဒီဘိခ်တို့လို ကြယ်ပွင့်ကစားသမားတွေ ပါဝင်ခဲ့ပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ် အချမ်းသာဆုံး ကလပ်အသင်းဖြစ်တဲ့ နယူးကာဆယ်အသင်းကတော့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း လှုပ်ရှားမှုများရှိခဲ့ပြီး၊ ကီရန် ထရစ်ပီယာ၊ ခရစ် ဝုဒ်၊  ဘရူနို ဂွီမာရေးစ်၊ မတ် တာဂတ် (အငှား) နဲ့ ဒန်ဘမ်း (အငှား) တို့ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

စတီဗင်ဂျရတ် ကိုင်တွယ်နေတဲ့ ဗီလာအသင်းရဲ့ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း လှုပ်ရှားမှုများကိုလည်း ချီးကျူးရမှာဖြစ်ပြီး၊ ကော်တင်ဟို၊ လူးကပ်စ် ဒဂ်နီ၊ ကာလမ် ချမ်ဘာစ်နဲ့ ရူဘင် အိုလ်ဆန်တို့ကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းကတော့ ဇန်နဝါရီအပြောင်းအရွှေ့‌ဈေးကွက်အတွင်း ငွေသုံးခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ပေါ်တိုအသင်းမှ လူးဝစ် ဒီယက်ဇ် ကို ပေါင် ၃၇ သန်းနဲ့ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွေမှာ ငွေသုံးကြမ်းလေ့ရှိတဲ့ ချဲလ်ဆီးအသင်းကတော့ ယခုနှစ် အပြောင်းအရွှေ့မှာတော့ ငြိမ်သက်ခဲ့ကာ ကစားသမားဟောင်း ကနေဒီ၊ ဒိုင်လန် ဝီလီယန်စ်နဲ့ မေဆန် ဘာစတိုးတို့ကိုသာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Linko
Ref - Goal and Mirror
မန်ချက်စတာ၊ ဖေဖော်ဝါရီ - ၁