【 အားကစား 】 WWE ကို အံ့အားသင့်ဖွယ် ပြန်လာဖွယ်ရှိနေတဲ့ စတုန်း ကိုးလ်

【 အားကစား 】 WWE ကို အံ့အားသင့်ဖွယ် ပြန်လာဖွယ်ရှိနေတဲ့ စတုန်း ကိုးလ်

၁၉၉၀ ပြည့်နှစ်လွန် ကာလများမှာ ထင်ရှားလူကြိုက်များခဲ့တဲ့ WWE နပန်းလောကရဲ့ အထင်ကရ ဂန္တဝင်နပန်းသမားကြီး စတုန်း ကိုးလ် စတိဗ် အော်စတင်ဟာ WWE ကြိုးဝိုင်းအတွင်းသို့ အံ့အားသင့်ဖွယ် ပြန်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။

WWE ရဲ့ ပိုင်ရှင်ဖြစ်သူ ဗင့်စ် မက်မန်းနဲ့ စတုန်း ကိုးလ်တို့ရဲ့ ခါးသီးတဲ့ ပြိုင်ဆိုင်မှုများဟာ စတုန်း ကိုးလ် ကို ကြီးမားတဲ့ ကြယ်ပွင့်တစ်ဦးဖြစ်လာစေခဲ့ပြီး ၎င်းရဲ့ ကျော်ကြားတဲ့ 'Austin 3:16' တီရှပ်ဟာ ယခုအချိန်အထိ WWE ကုမ္ပဏီရဲ့ ‌အရောင်းရဆုံး ကုန်ပစ္စည်းဖြစ်နေဆဲလည်း ဖြစ်ပါတယ်။

ယခုအခါမှာ အသက် ၅၇ နှစ်အရွယ်ရှိပြီဖြစ်ပြီး WWE ချန်ပီယံ ခြောက်ကြိမ်ရရှိထားတဲ့ စတုန်း ကိုးလ်ဟာ ဧပြီလ ၂ ရက်နဲ့ ၃ ရက်မှာ ကျင်းပသွားမယ့် Mania ပြိုင်ပွဲမှာ ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်လာဖို့ ထူးခြားတဲ့ အပေးအယူများပြုလုပ်ခဲ့ကြောင်း Fightful Select မှ ဖော်ပြခဲ့ပါတယ်။

PW Insider မှလည်း WWE ဘက်မှ စတုန်း ကိုးလ်ထံသို့  ကြိုးဝိုင်းအတွင်း ပြန်လည်အခြေချရန် ဆက်သွယ်ခဲ့ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

WWE ပိုင်ရှင်ဖြစ်သူ မက်မန်းဘက်ကလည်း တက္ကဆက်ပရိတ်သတ်များ ရှေ့မှောက်မှာ စတုန်း ကိုးလ်အတွက် ပြိုင်ပွဲတစ်ပွဲပြုလုပ်ရန် ဆန္ဒရှိနေတယ်လို့ သတင်းများထွက်ပေါ်လျက်ရှိပါတယ်။

စတုန်း ကိုးလ်မှလည်း ၎င်းရဲ့ နေအိမ်မှာ နပန်းကြိုးဝိုင်းတစ်ခုကို တည်ဆောက်ထားခဲ့ပြီးနောက် လေ့ကျင့်မှုများပြုလုပ်ဖွယ်ရှိနေပါတယ်။

ယခုအချိန်မှာ WWE ဘက်က အတည်မပြုသေးပေမယ့် စတုန်း ကိုးလ်အနေနဲ့ နပန်းကြယ်ပွင့်တစ်ဦးဖြစ်သူ ကယ်ဗင် အိုဝင်စ်နဲ့ ယှဉ်ပြိုင်ဖွယ်ရှိတယ်လို့ ပရိတ်သတ်များက ခန့်မှန်းထားပါတယ်။

Linko
Ref - thesun
ဖေဖော်ဝါရီ - ၁၇