ကြော်ငြာတွေပိုမိုရိုက်ကူးလာရတဲ့ သရုပ်ဆောင် ချောကလျာ

ကြော်ငြာတွေပိုမိုရိုက်ကူးလာရတဲ့ သရုပ်ဆောင် ချောကလျာ

ယခု ၂၀၁၉ ခုနှစ်ဟာ သူမအတွက်တော့ အဆိုးရောအကောင်းရော ဒွန်တွဲခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ခဲ့သလို အနုပညာ လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ကြော်ငြာတွေကို ပိုမိုရိုက်ကူးလာရတယ်လို့ သရုပ်ဆောင် ချောကလျာက ပြောကြားခဲ့ပါတယ်။

သူမဟာ ရုပ်ရှင်ကားကြီးတွေထဲ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့ပြီးနောက်မှာ သိရှိသူများပြာလာခဲ့ပြီး ကြော်ငြာ ရိုက်ကူးဖို့ ကမ်းလှမ်းမှုများပြားလာခဲ့တာဖြစ်ပါတယ်။ “ရုံတင်ဇာတ်ကားပြီးတဲ့နောက်မှာ အခု နောက်ပိုင်း ကြော်ငြာလေးတွေ လိုက်လာတယ်၊ အလုပ်ကလေးတွေ ဆက်တိုက်လုပ်ဖြစ်တော့ ပျော်လည်းပျော်ပါတယ်၊ ချောကလျာဆိုတာကို အသိအမှတ်ပြုလာကြတယ်၊ လုပ်ငန်းရှင်တွေကလည်း ကြော်ငြာတွေလာအပ်ကြ တယ်လေ၊ အခုလောလောဆယ်တော့ ကားရိုက်တွေက သမီးရေ ဘယ်လပိုင်းတော့ ဘာရှိတယ်နော်လို့ ပြောထားတာတွေပဲရှိ သေးတယ်၊ လာတော့မလာသေးဘူး၊ ကြော်ငြာတွေပဲ အရိုက်များတယ်”လို့ သရုပ်ဆောင် ချောကလျာက ရှင်းပြပါတယ်။

 ယခုနှစ်ဟာ အနုပညာအလုပ်တွေပိုလုပ်ရတာကြောင့် သူမအနေနဲ့ ပျော်ရွှင်ခဲ့ရ သော်လည်း စိတ်ညစ်တာလေးတွေ၊ စိတ်အနှောင့်အယှက်ဖြစ်တာလေးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။သရုပ်ဆောင်တာတွေအပြင် “အားနည်းချက်”လို့ နာမည်ရတဲ့ သီချင်းတစ်ပုဒ်ကို သီဆိုထားပြီး MP3 ရိုက်ဖို့ လုပ်နေသလို ရိုက်ကူးပြီးစီးပါက Single Songs အနေဖြင့် အွန်လိုင်းမှာ ဖြန့်ချိသွားဖို့ စီစဉ် ထားကြောင်း၊ ကိုယ်ရိုက်ချင်တဲ့ပုံစံထက် ကိုယ့်ရဲ့သီချင်းနဲ့လိုက်ဖက်မှုရှိအောင် ပြင်ဆင်ကာ သီချင်း စာသားနဲ့ ရိုက်ကူးမှုကို အံဝင်ခွင်ကျဖြစ်အောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ကိုယ်က ရိုးသားတယ်၊ အလုပ်လာအပ်တဲ့သူအပေါ်လည်း စေတနာထားတယ်၊ စေတနာထားရင် ကံကောင်းတယ်ဆိုတဲ့စကားလည်း ရှိတာလေ၊ အနုပညာကြေးတအားဈေး ဆစ်တာများလို့ စိတ်ညစ်တာ ပေ့ါနော်၊ ချောတို့ပြန်ပြီး အဝတ်စားတို့ မိတ်ကပ်တို့၊ စေတနာပါပါနဲ့ လှလှပပလေးပြင်ပြီးတော့ ရိုက်ပေးရတာလေ၊ ဒါကြောင့်လည်း အလုပ်လာအပ်ရင် မဆစ်ပါနဲ့လို့၊ ချောနဲ့အလုပ်လုပ်ဖူးတဲ့သူတွေ သိကြပါတယ်၊ ချောက ပြန်ပြီးကြားရတာ ချောနဲ့အလုပ်လုပ်ရတာ စိတ်ချမ်းသာတယ် ဆိုတာမျိုး ကြားရတော့ အရမ်းလည်းပျော်တယ်၊ ကိုယ့်ရဲ့ စေတနာက ပြန်ပြီးအကျိုးပေးတာဖြစ်တာ၊ ချောက မျက်နှာထား တည်တတ်တာကို စိတ်သဘောဆိုးတယ်လို့ ထင်ကြတယ်၊ ချောက အဲ့ဒီလိုမဟုတ်ပါဘူး၊ ရင်းနှီးသွားတဲ့သူတွေ အကုန်သိတယ်၊ ချောအနေနဲ့ တတ်သလောက် မှတ်သလောက်လေးတွေ ကြိုးစားပြီးလုပ်သွားမယ်၊ ရှေ့ဆက်ပြီးလည်း သီချင်းလေးတွေ လုပ်သွား မယ်၊ ဒါကြောင့်ရှေ့ဆက်လုပ်သွားမယ့် အနုပညာ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပါဦးလို့ ပြောချင်ပါ တယ်” လို့ သရုပ်ဆောင် ချောကလျာက ပြောကြားသွားခဲ့ ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဒီဇင်ဘာ ၁

(  Zawgyi  )

 ယခု ၂၀၁၉ ခုႏွစ္ဟာ သူမအတြက္ေတာ့ အဆိုးေရာအေကာင္းေရာ ဒြန္တြဲခဲ့တဲ့ႏွစ္တစ္ႏွစ္ျဖစ္ခဲ့သလို အႏုပညာ လႈပ္ရွားမႈနဲ႔ပတ္သက္ၿပီး ေၾကာ္ျငာေတြကို ပိုမို႐ိုက္ကူးလာရတယ္လို႔ သ႐ုပ္ေဆာင္ ေခ်ာကလ်ာက ေျပာၾကားခဲ့ပါတယ္။

သူမဟာ ႐ုပ္ရွင္ကားႀကီးေတြထဲ ပါဝင္သ႐ုပ္ေဆာင္ခြင့္ရခဲ့ၿပီးေနာက္မွာ သိရွိသူမ်ားျပာလာခဲ့ၿပီး ေၾကာ္ျငာ ႐ိုက္ကူးဖို႔ ကမ္းလွမ္းမႈမ်ားျပားလာခဲ့တာျဖစ္ပါတယ္။ “႐ုံတင္ဇာတ္ကားၿပီးတဲ့ေနာက္မွာ အခု ေနာက္ပိုင္း ေၾကာ္ျငာေလးေတြ လိုက္လာတယ္၊ အလုပ္ကေလးေတြ ဆက္တိုက္လုပ္ျဖစ္ေတာ့ ေပ်ာ္လည္းေပ်ာ္ပါတယ္၊ ေခ်ာကလ်ာဆိုတာကို အသိအမွတ္ျပဳလာၾကတယ္၊ လုပ္ငန္းရွင္ေတြကလည္း ေၾကာ္ျငာေတြလာအပ္ၾက တယ္ေလ၊ အခုေလာေလာဆယ္ေတာ့ ကား႐ိုက္ေတြက သမီးေရ ဘယ္လပိုင္းေတာ့ ဘာရွိတယ္ေနာ္လို႔ ေျပာထားတာေတြပဲရွိ ေသးတယ္၊ လာေတာ့မလာေသးဘူး၊ ေၾကာ္ျငာေတြပဲ အ႐ိုက္မ်ားတယ္”လို႔ သ႐ုပ္ေဆာင္ ေခ်ာကလ်ာက ရွင္းျပပါတယ္။

 ယခုႏွစ္ဟာ အႏုပညာအလုပ္ေတြပိုလုပ္ရတာေၾကာင့္ သူမအေနနဲ႔ ေပ်ာ္႐ႊင္ခဲ့ရ ေသာ္လည္း စိတ္ညစ္တာေလးေတြ၊ စိတ္အေႏွာင့္အယွက္ျဖစ္တာေလးေတြလည္း ရွိတယ္လို႔ ဆိုပါတယ္။သ႐ုပ္ေဆာင္တာေတြအျပင္ “အားနည္းခ်က္”လို႔ နာမည္ရတဲ့ သီခ်င္းတစ္ပုဒ္ကို သီဆိုထားၿပီး MP3 ႐ိုက္ဖို႔ လုပ္ေနသလို ႐ိုက္ကူးၿပီးစီးပါက Single Songs အေနျဖင့္ အြန္လိုင္းမွာ ျဖန႔္ခ်ိသြားဖို႔ စီစဥ္ ထားေၾကာင္း၊ ကိုယ္႐ိုက္ခ်င္တဲ့ပုံစံထက္ ကိုယ့္ရဲ႕သီခ်င္းနဲ႔လိုက္ဖက္မႈရွိေအာင္ ျပင္ဆင္ကာ သီခ်င္း စာသားနဲ႔ ႐ိုက္ကူးမႈကို အံဝင္ခြင္က်ျဖစ္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“ကိုယ္က ႐ိုးသားတယ္၊ အလုပ္လာအပ္တဲ့သူအေပၚလည္း ေစတနာထားတယ္၊ ေစတနာထားရင္ ကံေကာင္းတယ္ဆိုတဲ့စကားလည္း ရွိတာေလ၊ အႏုပညာေၾကးတအားေဈး ဆစ္တာမ်ားလို႔ စိတ္ညစ္တာ ေပ့ါေနာ္၊ ေခ်ာတို႔ျပန္ၿပီး အဝတ္စားတို႔ မိတ္ကပ္တို႔၊ ေစတနာပါပါနဲ႔ လွလွပပေလးျပင္ၿပီးေတာ့ ႐ိုက္ေပးရတာေလ၊ ဒါေၾကာင့္လည္း အလုပ္လာအပ္ရင္ မဆစ္ပါနဲ႔လို႔၊ ေခ်ာနဲ႔အလုပ္လုပ္ဖူးတဲ့သူေတြ သိၾကပါတယ္၊ ေခ်ာက ျပန္ၿပီးၾကားရတာ ေခ်ာနဲ႔အလုပ္လုပ္ရတာ စိတ္ခ်မ္းသာတယ္ ဆိုတာမ်ိဳး ၾကားရေတာ့ အရမ္းလည္းေပ်ာ္တယ္၊ ကိုယ့္ရဲ႕ ေစတနာက ျပန္ၿပီးအက်ိဳးေပးတာျဖစ္တာ၊ ေခ်ာက မ်က္ႏွာထား တည္တတ္တာကို စိတ္သေဘာဆိုးတယ္လို႔ ထင္ၾကတယ္၊ ေခ်ာက အဲ့ဒီလိုမဟုတ္ပါဘူး၊ ရင္းႏွီးသြားတဲ့သူေတြ အကုန္သိတယ္၊ ေခ်ာအေနနဲ႔ တတ္သေလာက္ မွတ္သေလာက္ေလးေတြ ႀကိဳးစားၿပီးလုပ္သြားမယ္၊ ေရွ႕ဆက္ၿပီးလည္း သီခ်င္းေလးေတြ လုပ္သြား မယ္၊ ဒါေၾကာင့္ေရွ႕ဆက္လုပ္သြားမယ့္ အႏုပညာ လႈပ္ရွားမႈေတြကို ေစာင့္ၾကည့္ပါဦးလို႔ ေျပာခ်င္ပါ တယ္” လို႔ သ႐ုပ္ေဆာင္ ေခ်ာကလ်ာက ေျပာၾကားသြားခဲ့ ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဒီဇင္ဘာ ၁