ချစ်သူနဲ့အတူတွေ့လိုက်ရတဲ့ ဝူရိဖန် (Kris)

ချစ်သူနဲ့အတူတွေ့လိုက်ရတဲ့ ဝူရိဖန် (Kris)

သြဂုတ်လ ၃၀ ရက်နေ့တွင် ဝူရိဖန် မှချစ်သူဖြစ်သူ မိန်းကလေးနှင့်အတူလက်တွဲကာ သူ၏နေအိမ်သို့ပြန်သည့် ဗီဒီယိုတစ်ခုပေါ် လာခဲ့ပါတယ်။ ဗီဒီယိုမှာ သူတို့နှစ်ဦးဟာ ကားပေါ်မှဆင်းလာချိန် ဝူရိဖန်က ချစ်သူမိန်းကလေးလက်ကိုလှမ်းဆွဲလိုက်သလို ချစ်သူမိန်းကလေး ကလည်း အံ့သြ သွားပြီး ရှက်သွေးဖြာကာ မျက်နာကိုလက်နဲ့ခဏခဏ ကွယ်ထားပါတယ်။ ဝူရိဖန်ကလည်းစိတ်တွေလှုပ်ရှားပြီး ဖုန်းတောင်လွတ် ကျခဲ့ပါတယ်။

ထိုနေ့မှာပဲ ထိုအင်္ကျီနှင့်ဘေကျင်းလေဆိပ်မှာပဲ ဝူရိဖန် ကိုထပ်တွေ့ခဲ့တာကြောင့် သူ့ပရိတ်သတ်တွေဟာ သူမျက်နာကို အုပ်ထားသော်လည်း သူတို့ချစ်ရတဲ့အနုပညာရှင်ဖြစ်တယ်ဆိုတာကိုအတည်ပြုနိုင်ခဲ့ပါတယ်။ကြည့်ရတာ ဝူရိဖန်တစ်ယောက်ရဲ့အချစ်ရေးကတော့ ပရိတ်သတ်တွေ ကိုဖုံးထားလို့မရတော့ပါဘူး။ သတင်းတွေထွက်လာချိန်မှာ ချစ်သူမိန်းကလေးဟုထင်ရသူကိုအင်တာနက်အသုံးပြုသူများရှာဖွေလိုက်ချိန်မှာတော့ သူမနာမည်အရင်းက ချင်ညိုကျန့်ဝေး (Qin Niu Zheng Wei ) ဖြစ်ပြီးလက်ရှိမှာတော့ ဘေကျင်းရုပ်ရှင်အကယ်ဒမီ မှာတတ်ရောက်နေတဲ့ကျောင်းသူဖြစ်ပါတယ်။

ဝူရိဖန်ကတော့ မကြာခဏဆိုသလို အခြားအနုပညာရှင်တွေနဲ့တွဲနေတယ်လို့ သတင်းတွေထွက်လာသော်လည်း တစ်ခါမှ ယခုတစ်ခေါက် လို လက်ပူးလက်ကြပ်မမိဖူးပါဘူး။ယခင်ကသူနိုင်ငံရပ်ခြားမှာကျောင်းတတ်တုန်းက လန့်ယွီချင်း ဆိုသည့် မိန်းကလေးနှင့်ချစ်ကြိုက်ဖူးတယ်လို့ သတင်းတွေထွက်နေသော်လည်းထိုမိန်းကလေးရဲ့အချက်အလက်တွေတစ်ခုမှမရှိဖူးပါဘူး။ အင်တာနက်ဆယ်လီတစ်ယောက်ဖြစ်တဲ့ ရှောင်ဂျီနာ့ ဆိုသည့်မိန်းကလေးက သူ့အားမကြာခဏဆိုသလို လူမှုကွန်ရက်မှာ တွေ့သည့်အတွက် သူ့ချစ်သူဖြစ်နိုင်တယ်လို့သတင်းတွေထွက်နေသော် လည်း ဝူရိဖန် ဖက်မှ သူမအားမည်သည့် တုန့်ပြန်မှုမှ မလုပ်သည့်အတွက် ဝူရိဖန် ပရိတ်သတ်တွေက သူမက ဝူရိဖန်ကို အသုံးချ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်ပြီး နာမည်ကြီးအောင်လုပ်နေတယ်လို့ထင်ကြေးပေးခဲ့ပါတယ်။

ယခင်က ကုမ္ပဏီတစ်ခုတည်းဖြစ်သည့် f(x) အဖွဲ့ဝင် Victoira နှင့် သတင်းတွေ ထွက်ဖူးသော်လည်း နှစ်ဦးသားက အလွန်ကို ခင်မင်သည့် သူငယ်ချင်းတွေဖြစ်ကြောင်းအစီအစဉ်တစ်ခုမှာပြောခဲ့ဖူးပါတယ်။ပန်းပွင့်တို့ရဲ့ခရီးစဉ် ဇာတ်လမ်းတွဲမှ အဓိကသရုပ်ဆောင် ကျောက်လိရင် (Zhao Li Ying) နှင့် EX-files ဇာတ်ကားမှသရုပ်ဆောင် ဝမ်လိခွန်း (Wang Li Kun ) တို့နှင့်အတူ တွဲဖက်သရုပ်ဆောင်တာကြောင့် သတင်းတွေ ထွက်ဖူး ပါတယ်။ဒီတစ်ခါချစ်သူရှိကြောင်းသတင်းထွက်ချိန်မှာတော့ သူရဲ့ပရိတ်သတ်တွေကသဘောထားကြီးစွာ သူလည်းချစ်သူရှာပြီး ဘဝလက်တွဲဖော်ရှာရမည့် အရွယ်ရောက်နေပြီဟု လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။

(  Zawgyi  )

 ၾသဂုတ္လ ၃၀ ရက္ေန႔တြင္ ဝူရိဖန္ မွခ်စ္သူျဖစ္သူ မိန္းကေလးႏွင့္အတူလက္တြဲကာ သူ၏ေနအိမ္သို႔ျပန္သည့္ ဗီဒီယိုတစ္ခုေပၚ လာခဲ့ပါတယ္။ ဗီဒီယိုမွာ သူတို႔ႏွစ္ဦးဟာ ကားေပၚမွဆင္းလာခ်ိန္ ဝူရိဖန္က ခ်စ္သူမိန္းကေလးလက္ကိုလွမ္းဆြဲလိုက္သလို ခ်စ္သူမိန္းကေလး ကလည္း အံ့ၾသ သြားၿပီး ရွက္ေသြးျဖာကာ မ်က္နာကိုလက္နဲ႔ခဏခဏ ကြယ္ထားပါတယ္။ ဝူရိဖန္ကလည္းစိတ္ေတြလႈပ္ရွားၿပီး ဖုန္းေတာင္လြတ္ က်ခဲ့ပါတယ္။

ထိုေန႔မွာပဲ ထိုအက်ႌႏွင့္ေဘက်င္းေလဆိပ္မွာပဲ ဝူရိဖန္ ကိုထပ္ေတြ႕ခဲ့တာေၾကာင့္ သူ႔ပရိတ္သတ္ေတြဟာ သူမ်က္နာကို အုပ္ထားေသာ္လည္း သူတို႔ခ်စ္ရတဲ့အႏုပညာရွင္ျဖစ္တယ္ဆိုတာကိုအတည္ျပဳႏိုင္ခဲ့ပါတယ္။ၾကည့္ရတာ ဝူရိဖန္တစ္ေယာက္ရဲ႕အခ်စ္ေရးကေတာ့ ပရိတ္သတ္ေတြ ကိုဖုံးထားလို႔မရေတာ့ပါဘူး။ သတင္းေတြထြက္လာခ်ိန္မွာ ခ်စ္သူမိန္းကေလးဟုထင္ရသူကိုအင္တာနက္အသုံးျပဳသူမ်ားရွာေဖြလိုက္ခ်ိန္မွာေတာ့ သူမနာမည္အရင္းက ခ်င္ညိဳက်န႔္ေဝး (Qin Niu Zheng Wei ) ျဖစ္ၿပီးလက္ရွိမွာေတာ့ ေဘက်င္း႐ုပ္ရွင္အကယ္ဒမီ မွာတတ္ေရာက္ေနတဲ့ေက်ာင္းသူျဖစ္ပါတယ္။

ဝူရိဖန္ကေတာ့ မၾကာခဏဆိုသလို အျခားအႏုပညာရွင္ေတြနဲ႔တြဲေနတယ္လို႔ သတင္းေတြထြက္လာေသာ္လည္း တစ္ခါမွ ယခုတစ္ေခါက္ လို လက္ပူးလက္ၾကပ္မမိဖူးပါဘူး။ယခင္ကသူႏိုင္ငံရပ္ျခားမွာေက်ာင္းတတ္တုန္းက လန႔္ယြီခ်င္း ဆိုသည့္ မိန္းကေလးႏွင့္ခ်စ္ႀကိဳက္ဖူးတယ္လို႔ သတင္းေတြထြက္ေနေသာ္လည္းထိုမိန္းကေလးရဲ႕အခ်က္အလက္ေတြတစ္ခုမွမရွိဖူးပါဘူး။ အင္တာနက္ဆယ္လီတစ္ေယာက္ျဖစ္တဲ့ ေရွာင္ဂ်ီနာ့ ဆိုသည့္မိန္းကေလးက သူ႔အားမၾကာခဏဆိုသလို လူမႈကြန္ရက္မွာ ေတြ႕သည့္အတြက္ သူ႔ခ်စ္သူျဖစ္ႏိုင္တယ္လို႔သတင္းေတြထြက္ေနေသာ္ လည္း ဝူရိဖန္ ဖက္မွ သူမအားမည္သည့္ တုန႔္ျပန္မႈမွ မလုပ္သည့္အတြက္ ဝူရိဖန္ ပရိတ္သတ္ေတြက သူမက ဝူရိဖန္ကို အသုံးခ် ထင္ေယာင္ထင္မွား ျဖစ္ေအာင္လုပ္ၿပီး နာမည္ႀကီးေအာင္လုပ္ေနတယ္လို႔ထင္ေၾကးေပးခဲ့ပါတယ္။

ယခင္က ကုမၸဏီတစ္ခုတည္းျဖစ္သည့္ f(x) အဖြဲ႕ဝင္ Victoira ႏွင့္ သတင္းေတြ ထြက္ဖူးေသာ္လည္း ႏွစ္ဦးသားက အလြန္ကို ခင္မင္သည့္ သူငယ္ခ်င္းေတြျဖစ္ေၾကာင္းအစီအစဥ္တစ္ခုမွာေျပာခဲ့ဖူးပါတယ္။ပန္းပြင့္တို႔ရဲ႕ခရီးစဥ္ ဇာတ္လမ္းတြဲမွ အဓိကသ႐ုပ္ေဆာင္ ေက်ာက္လိရင္ (Zhao Li Ying) ႏွင့္ EX-files ဇာတ္ကားမွသ႐ုပ္ေဆာင္ ဝမ္လိခြန္း (Wang Li Kun ) တို႔ႏွင့္အတူ တြဲဖက္သ႐ုပ္ေဆာင္တာေၾကာင့္ သတင္းေတြ ထြက္ဖူး ပါတယ္။ဒီတစ္ခါခ်စ္သူရွိေၾကာင္းသတင္းထြက္ခ်ိန္မွာေတာ့ သူရဲ႕ပရိတ္သတ္ေတြကသေဘာထားႀကီးစြာ သူလည္းခ်စ္သူရွာၿပီး ဘဝလက္တြဲေဖာ္ရွာရမည့္ အ႐ြယ္ေရာက္ေနၿပီဟု လူမႈကြန္ရက္မွာေရးသားခဲ့ပါတယ္။