တတိယ စီးရီးခွေ အတွက် ပြင်ဆင်နေတဲ့ ကျော်ကျော်နန္ဒ

တတိယ စီးရီးခွေ အတွက် ပြင်ဆင်နေတဲ့ ကျော်ကျော်နန္ဒ

ယခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးရင်း သရုပ်ဆောင်အဖြစ်ပါ လုပ်ကိုင်လာတဲ့ ကျော်ကျော်နန္ဒဟာ သူ့ရဲ့ တတိယမြောက်တေးစီးရီးအတွက် ရန်ကုန်မြို့ အင်းစိန် မြို့နယ် ထဲက ဆိုင်လေးတစ်ဆိုင်မှာ တေးရေးဆရာဖြစ်သူ နေဝင်းမြင့်နဲ့အတူ သီချင်းတီခတ်တာတွေ ကို လုပ်ဆောင်နေပါတယ်။

ထိုသီချင်းခွေမှာ တေးသီချင်းပေါင်း ကိုးပုဒ်လောက် အနည်းဆုံးပါဝင်နိုင်ဖို့မှန်းထားပြီး Kety Perry သီချင်းကို Cover Song ပြန်ဆိုကာ အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ “ကျွန်တော်က Kety Perry ကို နောက်ပြောင်ပြီးတော့ အွန်လိုင်းမှာ တင်လိုက်တယ်၊ အဲ့ဒါကြီးက အွန်လိုင်းမှာ ပျံ့နှံ့သွားပြီးတော့ လူတွေသိသွားပြီးတော့ ကိုယ့်ဟာကိုယ်ဒီလိုလုပ်ထားတဲ့ဟာက ကျွန်တော်ဒီဘဝကိုရောက်မလာခင်ကတည်းက သူ့ဟာသူပေါက်တယ်၊ ပရိသတ်လည်း သိတယ်လေ၊ တောင်းဆိုကြတယ်၊ အဲ့ဒီအတွက် လုပ်ပေးမှာပါ”လို့ ကျော်ကျော်နန္ဒက ပြောပါတယ်။

ထိုစီစဉ်နေတဲ့သီချင်းဟာ သူနဲ့အတူချစ်ခင်ရတဲ့သူတွေဟာ ရှမ်းပြည်နယ်၊ ကယားပြည်နယ်ဘက်ကို ခရီးသွားရတဲ့အကြောင်းကို အခြေခံရေးထားတာဖြစ်သလို MTV ရိုက်ကူးရာမှာ အမိုက်စား သရုပ်ဆောင် ချက် တွေနဲ့ မြင်တွေ့ရဖို့ရှိတယ်လို့ သိရပါတယ်။ “MTV မှာက နည်းနည်းကြမ်း သွားပေ မယ့် အပြင်မှာတော့ ဒီလို မဟုတ်ပါဘူး၊ သီချင်းစာသားလေးက ဖြူဖြူစင်စင်နဲ့ ချစ်စရာလည်းကောင်းပါတယ်၊ MTV ထဲမှာကျတော့ ဒီဘက်ခေတ်ကို အရမ်းရောက်သွားတဲ့ဟာမျိုးပါ”လို့ သူက ရှင်းပြပါတယ်။ ယခုရက်ပိုင်းထဲမှာ သူ့ရဲ့ဖြစ်တည်လာခဲ့ရတဲ့ ဘဝအခြေအနေတွေကို ပရိသတ် သိအောင် ထုတ်ဖော်ပြခဲ့တာတွေရှိသလို အတည်အခန့် ပုံစံမျိုးနဲ့ အနုပညာကို ဖန်တီးသွားဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။

“ကျွန်တော့်ကို ဝေဖန်တဲ့အပေါ်မှာ စိတ်မကောင်းတော့ဖြစ်ရပါတယ်၊ တစ်ချို့ကလည်း သက်သက်မဲ့ တိုက်ခိုက်တာ မျိုးနဲ့ ဝေဖန်ကြတာပါ၊ ကျွန်တော်အနုပညာအလုပ်တွေလုပ်တာ ဆယ်စုနှစ် တစ်ခုလောက် ရှိပေမယ့် အရင်က ဘယ်သူမှလည်း ဂရုမထားခဲ့ကြ ဘူးလေ၊ ကျွန်တော်က မတူတဲ့ပုံစံမျိုးနဲ့ ဖန်တီးတော့မှ လူသိလာခဲ့တာပါ၊ ဘာပဲဖြစ်ဖြစ်ပေါ့လေ ကျွန်တော့်ကိုအားပေးတဲ့ ပရိသတ်ကို ကျေးဇူးလည်းတင်ပါတယ်၊ ကျွန်တော့်ကို ချစ်ကြသလို ကျွန်တော်လည်း ပြန်ချစ်ပါတယ်၊ ဆက်ပြီး
တော့လည်း အားပေးပါဦး လို့ ပြောချင်ပါတယ်”လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
                               
 မင်းခေတ်လင်း                                  
ရန်ကုန်၊ သြဂုတ် ၁၀

(  Zawgyi  )

 ယခုေနာက္ပိုင္းမွာ ဇာတ္လမ္းတြဲေတြ၊ ႐ုပ္ရွင္ဇာတ္ကားေတြ ႐ိုက္ကူးရင္း သ႐ုပ္ေဆာင္အျဖစ္ပါ လုပ္ကိုင္လာတဲ့ ေက်ာ္ေက်ာ္နႏၵဟာ သူ႔ရဲ႕ တတိယေျမာက္ေတးစီးရီးအတြက္ ရန္ကုန္ၿမိဳ႕ အင္းစိန္ ၿမိဳ႕နယ္ ထဲက ဆိုင္ေလးတစ္ဆိုင္မွာ ေတးေရးဆရာျဖစ္သူ ေနဝင္းျမင့္နဲ႔အတူ သီခ်င္းတီခတ္တာေတြ ကို လုပ္ေဆာင္ေနပါတယ္။

ထိုသီခ်င္းေခြမွာ ေတးသီခ်င္းေပါင္း ကိုးပုဒ္ေလာက္ အနည္းဆုံးပါဝင္ႏိုင္ဖို႔မွန္းထားၿပီး Kety Perry သီခ်င္းကို Cover Song ျပန္ဆိုကာ အေကာင္းဆုံးျဖစ္ေအာင္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ “ကြၽန္ေတာ္က Kety Perry ကို ေနာက္ေျပာင္ၿပီးေတာ့ အြန္လိုင္းမွာ တင္လိုက္တယ္၊ အဲ့ဒါႀကီးက အြန္လိုင္းမွာ ပ်ံ႕ႏွံ႔သြားၿပီးေတာ့ လူေတြသိသြားၿပီးေတာ့ ကိုယ့္ဟာကိုယ္ဒီလိုလုပ္ထားတဲ့ဟာက ကြၽန္ေတာ္ဒီဘဝကိုေရာက္မလာခင္ကတည္းက သူ႔ဟာသူေပါက္တယ္၊ ပရိသတ္လည္း သိတယ္ေလ၊ ေတာင္းဆိုၾကတယ္၊ အဲ့ဒီအတြက္ လုပ္ေပးမွာပါ”လို႔ ေက်ာ္ေက်ာ္နႏၵက ေျပာပါတယ္။

ထိုစီစဥ္ေနတဲ့သီခ်င္းဟာ သူနဲ႔အတူခ်စ္ခင္ရတဲ့သူေတြဟာ ရွမ္းျပည္နယ္၊ ကယားျပည္နယ္ဘက္ကို ခရီးသြားရတဲ့အေၾကာင္းကို အေျခခံေရးထားတာျဖစ္သလို MTV ႐ိုက္ကူးရာမွာ အမိုက္စား သ႐ုပ္ေဆာင္ ခ်က္ ေတြနဲ႔ ျမင္ေတြ႕ရဖို႔ရွိတယ္လို႔ သိရပါတယ္။ “MTV မွာက နည္းနည္းၾကမ္း သြားေပ မယ့္ အျပင္မွာေတာ့ ဒီလို မဟုတ္ပါဘူး၊ သီခ်င္းစာသားေလးက ျဖဴျဖဴစင္စင္နဲ႔ ခ်စ္စရာလည္းေကာင္းပါတယ္၊ MTV ထဲမွာက်ေတာ့ ဒီဘက္ေခတ္ကို အရမ္းေရာက္သြားတဲ့ဟာမ်ိဳးပါ”လို႔ သူက ရွင္းျပပါတယ္။ ယခုရက္ပိုင္းထဲမွာ သူ႔ရဲ႕ျဖစ္တည္လာခဲ့ရတဲ့ ဘဝအေျခအေနေတြကို ပရိသတ္ သိေအာင္ ထုတ္ေဖာ္ျပခဲ့တာေတြရွိသလို အတည္အခန႔္ ပုံစံမ်ိဳးနဲ႔ အႏုပညာကို ဖန္တီးသြားဖို႔လည္း စီစဥ္ထားတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ့္ကို ေဝဖန္တဲ့အေပၚမွာ စိတ္မေကာင္းေတာ့ျဖစ္ရပါတယ္၊ တစ္ခ်ိဳ႕ကလည္း သက္သက္မဲ့ တိုက္ခိုက္တာ မ်ိဳးနဲ႔ ေဝဖန္ၾကတာပါ၊ ကြၽန္ေတာ္အႏုပညာအလုပ္ေတြလုပ္တာ ဆယ္စုႏွစ္ တစ္ခုေလာက္ ရွိေပမယ့္ အရင္က ဘယ္သူမွလည္း ဂ႐ုမထားခဲ့ၾက ဘူးေလ၊ ကြၽန္ေတာ္က မတူတဲ့ပုံစံမ်ိဳးနဲ႔ ဖန္တီးေတာ့မွ လူသိလာခဲ့တာပါ၊ ဘာပဲျဖစ္ျဖစ္ေပါ့ေလ ကြၽန္ေတာ့္ကိုအားေပးတဲ့ ပရိသတ္ကို ေက်းဇူးလည္းတင္ပါတယ္၊ ကြၽန္ေတာ့္ကို ခ်စ္ၾကသလို ကြၽန္ေတာ္လည္း ျပန္ခ်စ္ပါတယ္၊ ဆက္ၿပီး
ေတာ့လည္း အားေပးပါဦး လို႔ ေျပာခ်င္ပါတယ္”လို႔လည္း သူက ဆက္ေျပာခဲ့ပါတယ္။
                               
 မင္းေခတ္လင္း                                  
ရန္ကုန္၊ ၾသဂုတ္ ၁၀