အနုပညာအရည်အသွေးအတွက် အမြဲလေ့လာကြိုးပမ်းနေတယ်ဆိုတဲ့ သရုပ်ဆောင် မုဏ်း

အနုပညာအရည်အသွေးအတွက် အမြဲလေ့လာကြိုးပမ်းနေတယ်ဆိုတဲ့ သရုပ်ဆောင် မုဏ်း

ပြည်တွင်းရုပ်သံဇာတ်လမ်းတွဲတွေကနေ သရုပ်ဆောင်ရင်း ပရိသတ်လက်ခံအားပေးမှုရလာသော မျိုးဆက်သစ် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မုဏ်းဟာ အနုပညာအရည်အသွေး တိုးတက်လာစေဖို့ အမြဲတမ်းလေ့လာကြိုးပမ်းတာတွေနဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“အခုကာလမှာ ဇာတ်ကားရိုက်ကူးတာတွေ မလုပ်ရပေမယ့်လည်း ရိုက်ထားတဲ့ကားတွေကို ပြန်ကြည့်ရင်း ပိုကောင်းအောင် ဘယ်လိုလုပ်မလဲဆိုတာတွေ၊ ကိုယ့်ထက် စီနီယာကျတဲ့ သရုပ်ဆောင် အစ်ကို၊ အစ်မတွေ သရုပ်ဆောင်တာကို လေ့လာကြည့်ရင်း သင်ယူတာတွေရှိသလို သရုပ်ဆောင်ပိုင်းကိုတော့ အမြဲလေ့လာကြိုးပမ်းနေတာဖြစ်ပါတယ်၊ ဆက်ပြီးတော့လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်၊ အားပေးကြပါဦးနော်” လို့ သူမက ပြောပါတယ်။

သူမကိုတော့ Free to Air ရုပ်သံလိုင်းတွေကနေ ပရိသတ်စတင်သတိထားမိလာကြသလို လက်ရှိမှာလည်း MRTV 4 ရုပ်သံလိုင်းကနေ ဇာတ်လမ်းတွဲတွေကို ဆက်တိုက်ရိုက်ကူးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းမှာလည်း သူမရဲ့ မွေးနေ့အလှူအဖြစ် ရန်ကုန်ဆေးရုံကြီးက စောင့်ကြည့်လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဓမ္မာစရိယ (အဘိဝံသ) ဘွဲ့ရ စာချအကျော် ဆရာတော်ကြီးတွေနဲ့ အစားအစာ အခက်အခဲကြုံနေရတဲ့ မိသားစုတွေအတွက် လှူတန်းတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“အခုဆိုရင် အမာခံအားပေးတဲ့ we love တွေ အများကြီးဖြစ်လာခဲ့တဲ့အတွက် ပျော်ရွှင်မိပါတယ်၊ ကျေးဇူးလည်းတင်မိပါတယ်၊ မွေးနေ့အနေနဲ့ ပရိသတ်တွေရဲ့ Surprise ကြောင့်လည်း အရမ်းကိုဝမ်းသာရပါတယ်၊ ချစ်ပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအရမ်းတင်ပါတယ်၊ အများကြီးလည်း ကြိုးစားပါဦးမယ်” လို့ သူမက ဆက်လက်ရှင်းပြပါတယ်။

သူမကို ချစ်ခင်အားပေးနေတဲ့ ပရိသတ်တွေကိုလည်း လူမှုကွန်ရက်ကနေတွေ့ဆုံတာတွေ လုပ်ဆောင်နေပြီး ဆက်လက်ပြီးလည်း ရင်းရင်းနှီးနှီးနဲ့ပြောဆိုတာတွေ၊ တခြားသောစိတ်ဝင်စားဖွယ်အစီအစဉ်တွေကို လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - မုဏ်း)
ရန်ကုန်၊ အောက်တိုဘာ - ၃၀

( Zawgyi )

ျပည္တြင္း႐ုပ္သံဇာတ္လမ္းတြဲေတြကေန သ႐ုပ္ေဆာင္ရင္း ပရိသတ္လက္ခံအားေပးမႈရလာေသာ မ်ိဳးဆက္သစ္ သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ မုဏ္းဟာ အႏုပညာအရည္အေသြး တိုးတက္လာေစဖို႔ အၿမဲတမ္းေလ့လာႀကိဳးပမ္းတာေတြနဲ႔ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“အခုကာလမွာ ဇာတ္ကား႐ိုက္ကူးတာေတြ မလုပ္ရေပမယ့္လည္း ႐ိုက္ထားတဲ့ကားေတြကို ျပန္ၾကည့္ရင္း ပိုေကာင္းေအာင္ ဘယ္လိုလုပ္မလဲဆိုတာေတြ၊ ကိုယ့္ထက္ စီနီယာက်တဲ့ သ႐ုပ္ေဆာင္ အစ္ကို၊ အစ္မေတြ သ႐ုပ္ေဆာင္တာကို ေလ့လာၾကည့္ရင္း သင္ယူတာေတြရွိသလို သ႐ုပ္ေဆာင္ပိုင္းကိုေတာ့ အၿမဲေလ့လာႀကိဳးပမ္းေနတာျဖစ္ပါတယ္၊ ဆက္ၿပီးေတာ့လည္း အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားေနပါတယ္၊ အားေပးၾကပါဦးေနာ္” လို႔ သူမက ေျပာပါတယ္။

သူမကိုေတာ့ Free to Air ႐ုပ္သံလိုင္းေတြကေန ပရိသတ္စတင္သတိထားမိလာၾကသလို လက္ရွိမွာလည္း MRTV 4 ႐ုပ္သံလိုင္းကေန ဇာတ္လမ္းတြဲေတြကို ဆက္တိုက္႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အခုရက္ပိုင္းမွာလည္း သူမရဲ႕ ေမြးေန႔အလႉအျဖစ္ ရန္ကုန္ေဆး႐ုံႀကီးက ေစာင့္ၾကည့္လူနာေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြ၊ ဓမၼာစရိယ (အဘိဝံသ) ဘြဲ႕ရ စာခ်အေက်ာ္ ဆရာေတာ္ႀကီးေတြနဲ႔ အစားအစာ အခက္အခဲႀကဳံေနရတဲ့ မိသားစုေတြအတြက္ လႉတန္းတာေတြကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“အခုဆိုရင္ အမာခံအားေပးတဲ့ we love ေတြ အမ်ားႀကီးျဖစ္လာခဲ့တဲ့အတြက္ ေပ်ာ္႐ႊင္မိပါတယ္၊ ေက်းဇူးလည္းတင္မိပါတယ္၊ ေမြးေန႔အေနနဲ႔ ပရိသတ္ေတြရဲ႕ Surprise ေၾကာင့္လည္း အရမ္းကိုဝမ္းသာရပါတယ္၊ ခ်စ္ေပးၾကတဲ့ ပရိသတ္တစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးအရမ္းတင္ပါတယ္၊ အမ်ားႀကီးလည္း ႀကိဳးစားပါဦးမယ္” လို႔ သူမက ဆက္လက္ရွင္းျပပါတယ္။

သူမကို ခ်စ္ခင္အားေပးေနတဲ့ ပရိသတ္ေတြကိုလည္း လူမႈကြန္ရက္ကေနေတြ႕ဆုံတာေတြ လုပ္ေဆာင္ေနၿပီး ဆက္လက္ၿပီးလည္း ရင္းရင္းႏွီးႏွီးနဲ႔ေျပာဆိုတာေတြ၊ တျခားေသာစိတ္ဝင္စားဖြယ္အစီအစဥ္ေတြကို လုပ္ေဆာင္သြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - မုဏ္း)
ရန္ကုန္၊ ေအာက္တိုဘာ - ၃၀