【 နည်းပညာ 】 နည်းပညာသစ်နဲ့ စမတ်ဖုန်းလောကကို မြေလှန်လိုက်တဲ့ Xiaomi

【 နည်းပညာ 】 နည်းပညာသစ်နဲ့ စမတ်ဖုန်းလောကကို မြေလှန်လိုက်တဲ့ Xiaomi

တရုတ် နည်းပညာကုမ္ပဏီကြီး Xiaomi ကတော့ စမတ်ဖုန်းလောကကို တစ်ခေတ်ဆန်းစေမယ့် နည်းပညာသစ်တစ်ခုကို ချပြလိုက်ပါပြီ။

စက်တင်ဘာ ၂၄ ရက်နေ့က Xiaomi ဟာ ၎င်းရဲ့ ထုတ်ကုန်သစ်တွေကို မိတ်ဆက်သွားခဲ့ပါတယ်။မိတ်ဆက်သွားခဲ့တဲ့ ထုတ်ကုန်တွေထဲမှာ MIUI 11, Mi 9 Pro 5G လို စမတ်ဖုန်းအပြင် အားလုံးကို အံ့အားသင့်သွားစေတဲ့ နည်းပညာသစ်နဲ့ စမတ်ဖုန်းတစ်လုံးကို ဖော်ထုတ်ပြသလိုက်တာပဲ ဖြစ်ပါတယ်။

Xiaomi မှ ထုတ်လုပ်တဲ့ Mix series မျိုးဆက် စမတ်ဖုန်းတွေဟာ မျက်နှာပြင်ပြည့် နည်းပညာသစ်ကို စမတ်ဖုန်းလောကမှာ စတင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး၊ စတင်မိတ်ဆက်ခဲ့တဲ့ Mi Mix မှာ ကတည်းက မျက်နှာပြင်ပြည့်နီးပါး နည်းပညာနဲ့ ဆန်းသစ်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးထွက်ရှိခဲ့ Mi Mix 3 မှာတော့ Slider ကင်မရာကို တပ်ဆင်ခဲ့ပြီး မျက်နှာပြင်ပြည့် စမတ်ဖုန်းအဖြစ် ထပ်မံဆန်းသစ်ပြခဲ့တာပါ။ယခုတော့ အားလုံးမထင်မှတ်ထားတဲ့ နည်းပညာသစ်နဲ့ Mix မျိုးဆက်သစ် စမတ်ဖုန်းကတော့ ထွက်ပေါ်လာခဲ့ပါပြီ၊ Mi Mix Alpha ပဲ ဖြစ်ပါတယ်။

မိတ်ဆက်ပွဲမှာ အများထင်မှတ်ထားခဲ့တာက Mi 9 Pro 5G နဲ့ Mi Mix 4 တို့ကို ထုတ်ပြသွားမယ်လို့ ယူဆခဲ့ပေမယ့် တကယ်ထွက်ရှိလာတာကတော့ Mi Mix Alpha ဖြစ်နေခဲ့ပါတယ်။

Mi Mix Alpha ရဲ့ ဒီဇိုင်းပုံစံကတော့ စမတ်ဖုန်းရဲ့ ဘေးဘောင်တွေနဲ့ နောက်ကျောဘက် အကုန်နီးပါးဟာ မျက်နှာပြင်က နေရာယူထားတာပါ၊ နောက်ကျောဘက်မှာ နောက်ဘက်ကင်မရာ တပ်ဆင်ထားတဲ့ နေရာသာ မျက်နှာပြင်မပါရှိပဲ ကျန်တဲ့နေရာအားလုံးကတော့ မျက်နှာပြင်တပ်ဆင်ထားတာ ဖြစ်ပါတယ်။စမတ်ဖုန်းရဲ့ ပန်လည်ကို မျက်နှာပြင် တပ်ဆင်ထားတဲ့အတွက် screen to body ratio ကတော့ 180.6% အထိ နေရာယူထားတာပါ။ဘေးဘောင်မှာ ခလုတ်တွေလည်း မပါရှိတော့ပဲ Touch system ကို အသုံးပြုထားတာဖြစ်ပြီး၊ လက်နဲ့ ထိတွေ့မိတာတွေကို ထိန်းချုပ်ဖို့အတွက်ကိုတော့ ဉာဏ်ရည်တု AI နည်းပညာကို အသုံးပြုထားတယ်လို့ သိရပါတယ်။စမတ်ဖုန်းရဲ့ ကိုယ်ထည်ကိုတော့ Titanium ကို အသုံးပြုထားပါတယ်။

နောက်ထပ် ထူးခြားချက်အကြီးကြီးကတော့ ကင်မရာပိုင်းပါ၊ Mi Mix Alpha ဟာ ကမ္ဘာ့ပထမဆုံး 108MP ကင်မရာ ပါဝင်တဲ့ စမတ်ဖုန်း ဖြစ်လာခဲ့ပါပြီ၊ Samsung မှ ထုတ်လုပ်ထားတဲ့ 108MP sensor အဓိက ကင်မရာကို အသုံးပြုထားပြီး၊ 12MP (telephoto) နဲ့ 20MP (ultrawide) တို့ကိုလည်း တပ်ဆင်ပေးထားပါတယ်။ရှေ့ဘက်ကင်မရာတော့ မပါဝင်တော့ပါဘူး။သို့ပေမယ့် မျက်နှာပြင်ကို စမတ်ဖုန်းပတ်လည် တပ်ဆင်ထားတဲ့အတွက် နောက်ဘက်ကင်မရာနဲ့ပဲ selfie ကို အဆင်ပြေပြေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Mi Mix Alpha ရဲ့ မျက်နှာပြင် အရွယ်စားဟာ ၇.၉၂ လက်မ ရှိမှာဖြစ်ပါတယ်။ဒါ့အပြင် အပွန်းအစင်းနဲ့ ထိခိုက်မှုကာကွယ်ရန် Sapphire Glass ကို တပ်ဆင်ပေးထားတာပါ။ပါဝင်တဲ့ specs ကတော့ Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 855+ chipset နဲ့ မောင်းနှင်ပေးထားပြီး၊ မမ်မိုရီ 12GB နဲ့ သိမ်းဆည်းနိုင်မှု 512GB အထိ ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ဘက်ထရီကတော့ 4,050mAh ဖြစ်ပြီး၊ 40W မြန်နှုန်းမြှင့်အားသွင်းစနစ်နဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ဒါ့အပြင် 5G ကွန်ယက်ကိုလဲ sim ကဒ် နှစ်ကဒ်လုံး အသုံးပြုနိုင်မှာပါ။

Xiaomi ရဲ့ နည်းပညာသစ် စမတ်ဖုန်း Mi Mix Alpha ရဲ့ ဈေးနှုန်းကတော့ တရုတ် ယွမ်ငွေ ၁၉,၉၉၉ (မြန်မာငွေ ၄၃ သိန်းခန့်) ကျသင့်မယ်လို့လည်း သိရပါတယ်။

Damien

( Zawgyi )

တ႐ုတ္ နည္းပညာကုမၸဏီႀကီး Xiaomi ကေတာ့ စမတ္ဖုန္းေလာကကို တစ္ေခတ္ဆန္းေစမယ့္ နည္းပညာသစ္တစ္ခုကို ခ်ျပလိုက္ပါၿပီ။

စက္တင္ဘာ ၂၄ ရက္ေန႔က Xiaomi ဟာ ၎ရဲ႕ ထုတ္ကုန္သစ္ေတြကို မိတ္ဆက္သြားခဲ့ပါတယ္။မိတ္ဆက္သြားခဲ့တဲ့ ထုတ္ကုန္ေတြထဲမွာ MIUI 11, Mi 9 Pro 5G လို စမတ္ဖုန္းအျပင္ အားလုံးကို အံ့အားသင့္သြားေစတဲ့ နည္းပညာသစ္နဲ႔ စမတ္ဖုန္းတစ္လုံးကို ေဖာ္ထုတ္ျပသလိုက္တာပဲ ျဖစ္ပါတယ္။

Xiaomi မွ ထုတ္လုပ္တဲ့ Mix series မ်ိဳးဆက္ စမတ္ဖုန္းေတြဟာ မ်က္ႏွာျပင္ျပည့္ နည္းပညာသစ္ကို စမတ္ဖုန္းေလာကမွာ စတင္ခဲ့တယ္လို႔ ဆိုရမွာျဖစ္ၿပီး၊ စတင္မိတ္ဆက္ခဲ့တဲ့ Mi Mix မွာ ကတည္းက မ်က္ႏွာျပင္ျပည့္နီးပါး နည္းပညာနဲ႔ ဆန္းသစ္ခဲ့တာျဖစ္ပါတယ္။ေနာက္ဆုံးထြက္ရွိခဲ့ Mi Mix 3 မွာေတာ့ Slider ကင္မရာကို တပ္ဆင္ခဲ့ၿပီး မ်က္ႏွာျပင္ျပည့္ စမတ္ဖုန္းအျဖစ္ ထပ္မံဆန္းသစ္ျပခဲ့တာပါ။ယခုေတာ့ အားလုံးမထင္မွတ္ထားတဲ့ နည္းပညာသစ္နဲ႔ Mix မ်ိဳးဆက္သစ္ စမတ္ဖုန္းကေတာ့ ထြက္ေပၚလာခဲ့ပါၿပီ၊ Mi Mix Alpha ပဲ ျဖစ္ပါတယ္။

မိတ္ဆက္ပြဲမွာ အမ်ားထင္မွတ္ထားခဲ့တာက Mi 9 Pro 5G နဲ႔ Mi Mix 4 တို႔ကို ထုတ္ျပသြားမယ္လို႔ ယူဆခဲ့ေပမယ့္ တကယ္ထြက္ရွိလာတာကေတာ့ Mi Mix Alpha ျဖစ္ေနခဲ့ပါတယ္။

Mi Mix Alpha ရဲ႕ ဒီဇိုင္းပုံစံကေတာ့ စမတ္ဖုန္းရဲ႕ ေဘးေဘာင္ေတြနဲ႔ ေနာက္ေက်ာဘက္ အကုန္နီးပါးဟာ မ်က္ႏွာျပင္က ေနရာယူထားတာပါ၊ ေနာက္ေက်ာဘက္မွာ ေနာက္ဘက္ကင္မရာ တပ္ဆင္ထားတဲ့ ေနရာသာ မ်က္ႏွာျပင္မပါရွိပဲ က်န္တဲ့ေနရာအားလုံးကေတာ့ မ်က္ႏွာျပင္တပ္ဆင္ထားတာ ျဖစ္ပါတယ္။စမတ္ဖုန္းရဲ႕ ပန္လည္ကို မ်က္ႏွာျပင္ တပ္ဆင္ထားတဲ့အတြက္ screen to body ratio ကေတာ့ 180.6% အထိ ေနရာယူထားတာပါ။ေဘးေဘာင္မွာ ခလုတ္ေတြလည္း မပါရွိေတာ့ပဲ Touch system ကို အသုံးျပဳထားတာျဖစ္ၿပီး၊ လက္နဲ႔ ထိေတြ႕မိတာေတြကို ထိန္းခ်ဳပ္ဖို႔အတြက္ကိုေတာ့ ဉာဏ္ရည္တု AI နည္းပညာကို အသုံးျပဳထားတယ္လို႔ သိရပါတယ္။စမတ္ဖုန္းရဲ႕ ကိုယ္ထည္ကိုေတာ့ Titanium ကို အသုံးျပဳထားပါတယ္။

ေနာက္ထပ္ ထူးျခားခ်က္အႀကီးႀကီးကေတာ့ ကင္မရာပိုင္းပါ၊ Mi Mix Alpha ဟာ ကမာၻ႔ပထမဆုံး 108MP ကင္မရာ ပါဝင္တဲ့ စမတ္ဖုန္း ျဖစ္လာခဲ့ပါၿပီ၊ Samsung မွ ထုတ္လုပ္ထားတဲ့ 108MP sensor အဓိက ကင္မရာကို အသုံးျပဳထားၿပီး၊ 12MP (telephoto) နဲ႔ 20MP (ultrawide) တို႔ကိုလည္း တပ္ဆင္ေပးထားပါတယ္။ေရွ႕ဘက္ကင္မရာေတာ့ မပါဝင္ေတာ့ပါဘူး။သို႔ေပမယ့္ မ်က္ႏွာျပင္ကို စမတ္ဖုန္းပတ္လည္ တပ္ဆင္ထားတဲ့အတြက္ ေနာက္ဘက္ကင္မရာနဲ႔ပဲ selfie ကို အဆင္ေျပေျပ ႐ိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။

Mi Mix Alpha ရဲ႕ မ်က္ႏွာျပင္ အ႐ြယ္စားဟာ ၇.၉၂ လက္မ ရွိမွာျဖစ္ပါတယ္။ဒါ့အျပင္ အပြန္းအစင္းနဲ႔ ထိခိုက္မႈကာကြယ္ရန္ Sapphire Glass ကို တပ္ဆင္ေပးထားတာပါ။ပါဝင္တဲ့ specs ကေတာ့ Qualcomm ရဲ႕ ေနာက္ဆုံးေပၚ Snapdragon 855+ chipset နဲ႔ ေမာင္းႏွင္ေပးထားၿပီး၊ မမ္မိုရီ 12GB နဲ႔ သိမ္းဆည္းႏိုင္မႈ 512GB အထိ ထည့္သြင္းေပးထားမွာ ျဖစ္ပါတယ္။ဘက္ထရီကေတာ့ 4,050mAh ျဖစ္ၿပီး၊ 40W ျမန္ႏႈန္းျမႇင့္အားသြင္းစနစ္နဲ႔ အားသြင္းႏိုင္မွာ ျဖစ္ပါတယ္။ဒါ့အျပင္ 5G ကြန္ယက္ကိုလဲ sim ကဒ္ ႏွစ္ကဒ္လုံး အသုံးျပဳႏိုင္မွာပါ။

Xiaomi ရဲ႕ နည္းပညာသစ္ စမတ္ဖုန္း Mi Mix Alpha ရဲ႕ ေဈးႏႈန္းကေတာ့ တ႐ုတ္ ယြမ္ေငြ ၁၉,၉၉၉ (ျမန္မာေငြ ၄၃ သိန္းခန႔္) က်သင့္မယ္လို႔လည္း သိရပါတယ္။

Damien