【 နည်းပညာ 】 ဘဝမှာ ကွန်ပျူတာကို တစ်ခါမှမသုံးဖူးခဲ့တဲ့ ဂျပန် ဆိုင်ဘာလုံခြုံရေးဝန်ကြီး

【 နည်းပညာ 】 ဘဝမှာ ကွန်ပျူတာကို တစ်ခါမှမသုံးဖူးခဲ့တဲ့ ဂျပန် ဆိုင်ဘာလုံခြုံရေးဝန်ကြီး

ဂျပန်ရဲ့ ဆိုင်ဘာလုံခြုံရေးဝန်ကြီးအသစ်က သူ ဘယ်တုန်းကမှ ကွန်ပျူတာ မသုံးခဲ့ဖူးဘူးလို့ ပြောလိုက်လို့ တစ်နိုင်ငံလုံး အအံ့သြကြီး အံ့သြသွားကြရတယ်လို့ ဆိုပါတယ်။

ယိုရှီတာကာ ဆာကူရာဒါ က လွှွတ်တော်အမတ်တွေရဲ့ ကော်မတီတစ်ခုမှာ အခုလိုဝန်ခံလိုက်တာပဲ ဖြစ်ပါတယ်။

“၂၅ နှစ်သားကတည်းက ကျွန်တော့ အတွင်းရေးမှူးတွေ ဝန်ထမ်းတွေကို ညွှန်ကြားလာခဲ့တာပါ။ဘဝမှာ ကွန်ပျူတာကို တစ်ခါမှ မသုံးခဲ့ဖူးဘူူး” လို့ ၎င်းက ပြောကြားခဲ့တယ်လို့ Kyodo သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

၆၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာကူရာဒါ ကို ပြီးခဲ့တဲ့လကမှ ဆိုင်ဘာလုံခြုံရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာပဲ ဖြစ်ပါတယ်။သူ့ရဲ့ အလုပ်တာဝန်တွေထဲမှာ တိုကျိုမှာ ကျင်းပမယ့် ၂၀၂၀ အိုလံပစ် အားကစားပြိုင်ပွဲတွေအတွက် ဆိုင်ဘာလုံခြုံရေး ပြင်ဆင်မှုတွေကို ကြီးကြပ်တာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီလိုဝန်ခံချက်မျိုး ထွက်ပေါ်လာစေမယ့် မေးခွန်းကို မေးခဲ့သူ အတိုက်အခံ ဒီမိုကရတ်ပါတီက နိုင်ငံရေးသမား မာဆာတို အိမာအိ တစ်ယောက်လည်း အံ့အားသင့်သွားခဲ့တယ်လို့ ဆိုပါတယ်။

“ဆိုင်ဘာလုံခြုံရေးအတွက် တာဝန်ယူထားသူ တစ်ယောက်က ကွန်ပျူတာကို တစ်ခါမှ မသုံးဖူးဘူးဆိုတော့ မယုံနိုင်စရာပါပဲ” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း မစ္စတာဆာကူရာဒါ ကတော့ သူ့မှာ မရှိပေမယ့်လည်း တခြားအရာရှိတွေမှာ လိုအပ်တဲ့ အတွေ့အကြုံတွေ ရှိပြီးသားမို့ ပြဿနာမရှိနိုင်ဘူးလို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဆာကူရာဒါ ဟာ နိုင်ငံရဲ့ နျူကလီးယား ဓာတ်အားပေးရုံတွေမှာ ယူအက်စ်ဘီဒရိုက်တွေ သုံးနေတုန်းပဲလားဆိုတဲ့ မေးခွန်းကို ခက်ခက်ခဲခဲ ဖြေနေရလို့ သူ့ရဲ့ နည်းပညာဗဟုသုတနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ ဖြစ်လာခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကို ဆိုရှယ်မီဒီယာမှာ အကျယ်အကျယ် ဆွေးနွေးနေကြရာမှာ တုန့်ပြန်မှုတွေက ဟာသရော အံ့သြမှုပါ ရောထွေးနေခဲ့ပြီး တချို့ကတော့ ကွန်ပျူတာကို တစ်ခါမှ မသုံးဖူးဘူးဆိုတော့ မစ္စတာဆာကူရာဒါ ကို ဖောက်ထွင်းရ ခက်ခဲလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲလို့လည်း ပြက်လုံးထုတ်နေကြတယ်လို့ ဆိုပါတယ်။

Cyber Security Tech
Ref : BBC
နိုဝင်ဘာ - ၁၆

( Zawgyi )

ဂ်ပန္ရဲ႕ ဆိုင္ဘာလုံၿခဳံေရးဝန္ႀကီးအသစ္က သူ ဘယ္တုန္းကမွ ကြန္ပ်ဴတာ မသုံးခဲ့ဖူးဘူးလို႔ ေျပာလိုက္လို႔ တစ္ႏိုင္ငံလုံး အအံ့ၾသႀကီး အံ့ၾသသြားၾကရတယ္လို႔ ဆိုပါတယ္။

ယိုရွီတာကာ ဆာကူရာဒါ က လႊြတ္ေတာ္အမတ္ေတြရဲ႕ ေကာ္မတီတစ္ခုမွာ အခုလိုဝန္ခံလိုက္တာပဲ ျဖစ္ပါတယ္။

“၂၅ ႏွစ္သားကတည္းက ကြၽန္ေတာ့ အတြင္းေရးမႉးေတြ ဝန္ထမ္းေတြကို ၫႊန္ၾကားလာခဲ့တာပါ။ဘဝမွာ ကြန္ပ်ဴတာကို တစ္ခါမွ မသုံးခဲ့ဖူးဘူူး” လို႔ ၎က ေျပာၾကားခဲ့တယ္လို႔ Kyodo သတင္းေအဂ်င္စီက ေဖာ္ျပခဲ့ပါတယ္။

၆၈ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဆာကူရာဒါ ကို ၿပီးခဲ့တဲ့လကမွ ဆိုင္ဘာလုံၿခဳံေရးဝန္ႀကီးအျဖစ္ ခန႔္အပ္လိုက္တာပဲ ျဖစ္ပါတယ္။သူ႔ရဲ႕ အလုပ္တာဝန္ေတြထဲမွာ တိုက်ိဳမွာ က်င္းပမယ့္ ၂၀၂၀ အိုလံပစ္ အားကစားၿပိဳင္ပြဲေတြအတြက္ ဆိုင္ဘာလုံၿခဳံေရး ျပင္ဆင္မႈေတြကို ႀကီးၾကပ္တာလည္း ပါဝင္တယ္လို႔ ဆိုပါတယ္။

ဒီလိုဝန္ခံခ်က္မ်ိဳး ထြက္ေပၚလာေစမယ့္ ေမးခြန္းကို ေမးခဲ့သူ အတိုက္အခံ ဒီမိုကရတ္ပါတီက ႏိုင္ငံေရးသမား မာဆာတို အိမာအိ တစ္ေယာက္လည္း အံ့အားသင့္သြားခဲ့တယ္လို႔ ဆိုပါတယ္။

“ဆိုင္ဘာလုံၿခဳံေရးအတြက္ တာဝန္ယူထားသူ တစ္ေယာက္က ကြန္ပ်ဴတာကို တစ္ခါမွ မသုံးဖူးဘူးဆိုေတာ့ မယုံႏိုင္စရာပါပဲ” လို႔ ၎က ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း မစၥတာဆာကူရာဒါ ကေတာ့ သူ႔မွာ မရွိေပမယ့္လည္း တျခားအရာရွိေတြမွာ လိုအပ္တဲ့ အေတြ႕အႀကဳံေတြ ရွိၿပီးသားမို႔ ျပႆနာမရွိႏိုင္ဘူးလို႔ ယုံၾကည္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း ဆာကူရာဒါ ဟာ ႏိုင္ငံရဲ႕ န်ဴကလီးယား ဓာတ္အားေပး႐ုံေတြမွာ ယူအက္စ္ဘီဒ႐ိုက္ေတြ သုံးေနတုန္းပဲလားဆိုတဲ့ ေမးခြန္းကို ခက္ခက္ခဲခဲ ေျဖေနရလို႔ သူ႔ရဲ႕ နည္းပညာဗဟုသုတနဲ႔ ပတ္သက္ၿပီး စိုးရိမ္စရာ ျဖစ္လာခဲ့ရတယ္လို႔ ဆိုပါတယ္။

ဒီအေၾကာင္းကို ဆိုရွယ္မီဒီယာမွာ အက်ယ္အက်ယ္ ေဆြးေႏြးေနၾကရာမွာ တုန႔္ျပန္မႈေတြက ဟာသေရာ အံ့ၾသမႈပါ ေရာေထြးေနခဲ့ၿပီး တခ်ိဳ႕ကေတာ့ ကြန္ပ်ဴတာကို တစ္ခါမွ မသုံးဖူးဘူးဆိုေတာ့ မစၥတာဆာကူရာဒါ ကို ေဖာက္ထြင္းရ ခက္ခဲလိမ့္မယ္ဆိုတဲ့ အဓိပၸာယ္ပဲလို႔လည္း ျပက္လုံးထုတ္ေနၾကတယ္လို႔ ဆိုပါတယ္။

Cyber Security Tech
Ref : BBC
ႏိုဝင္ဘာ - ၁၆