【 နည်းပညာ 】 အိန္ဒိယမှာ ရောင်းအားကျဆင်းလာတဲ့ Samsung

【 နည်းပညာ 】 အိန္ဒိယမှာ ရောင်းအားကျဆင်းလာတဲ့ Samsung

ဈေးနှုန်းသက်သာပြီး နည်းပညာမြင့်မားတဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေရဲ့  ကြီးစိုးလာမှုနောက်မှာ ယခင်က စမတ်ဖုန်းဘုရင်ကြီးတွေဖြစ်ခဲ့တဲ့ Apple နဲ့ Samsung တို့ကတော့ အထိနာလာခဲ့ပါပြီ။

ယခုလည်း စမတ်ဖုန်းတွေ ရောင်းအားတွင်ကျယ်တဲ့ အိန္ဒိယနိုင်ငံမှာ Samsung ကတော့ ရောင်းအားကျဆင်းလျက်ရှိပြီး အထိနာလာခဲ့ပြီ ဖြစ်ပါတယ်။

ယခုလက်ရှိ အိန္ဒိယနိုင်ငံ စမတ်ဖုန်းဈေးကွက်ကို ကြီးစိုးနေတာကတော့ Realme, OPPO, Xiaomi နဲ့ vivo တို့လို တရုတ်စမတ်ဖုန်းကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။ IDC မှ ထုတ်ပြန်ချက်တွေအရတော့ Xiaomi မှ အိန္ဒိယရဲ့  ဈေးကွက်ရှယ်ယာ အများစုကို ရယူထားပြီး ၎င်းနောက်မှာတော့ Samsung, vivo, Realme နဲ့ OPPO တို့မှ အစဉ်လိုက် ရပ်တည်လျက်ရှိပါတယ်။ ကိုရီးယားနည်းပညာဘီလူးကြီးက ဒုတိယနေရာမှာ ရပ်တည်နေပေမယ့်လည်း Realme အမှတ်တံဆိပ်ရဲ့  အလျင်အမြန် ဖွံ့ဖြိုးလာပြီး ရောင်းအားတက်လာမှုက ဈေးကွက်ရှယ်ယာ‌တွေ ဆုံးရှုံးရတော့မှာပါ။ဒါ့အပြင် vivo, OPPO တို့မှလည်း ၎င်းတို့ရဲ့  တန်ဖိုးသင့် စမတ်ဖုန်းတွေမှာ နည်းပညာမြင့်တွေ ထည့်သွင်းပေးလာတာကလည်း ရောင်းအားတက်လာစေတာ မြင်တွေ့ရပါတယ်။

အိန္ဒိယနိုင်ငံ စမတ်ဖုန်းဈေးကွက်မှာတော့ အလယ်လတ်တန်းစား တန်ဖိုးသင့် mid-range စမတ်ဖုန်းတွေ အများဆုံးရောင်းချရပြီး၊ Xiaomi ရဲ့  အမှတ်တံဆိပ်ခွဲဖြစ်တဲ့ Redmi မှ ထုတ်လုပ်တဲ့ K20 နဲ့ K20 Pro ကတော့ စံချိန်တင်ရောင်းချခဲ့ရတာလည်း ဖြစ်ပါတယ်။

Damien

( Zawgyi )

ေဈးႏႈန္းသက္သာၿပီး နည္းပညာျမင့္မားတဲ့ တ႐ုတ္စမတ္ဖုန္းကုမၸဏီေတြရဲ႕  ႀကီးစိုးလာမႈေနာက္မွာ ယခင္က စမတ္ဖုန္းဘုရင္ႀကီးေတြျဖစ္ခဲ့တဲ့ Apple နဲ႔ Samsung တို႔ကေတာ့ အထိနာလာခဲ့ပါၿပီ။

ယခုလည္း စမတ္ဖုန္းေတြ ေရာင္းအားတြင္က်ယ္တဲ့ အိႏၵိယႏိုင္ငံမွာ Samsung ကေတာ့ ေရာင္းအားက်ဆင္းလ်က္ရွိၿပီး အထိနာလာခဲ့ၿပီ ျဖစ္ပါတယ္။

ယခုလက္ရွိ အိႏၵိယႏိုင္ငံ စမတ္ဖုန္းေဈးကြက္ကို ႀကီးစိုးေနတာကေတာ့ Realme, OPPO, Xiaomi နဲ႔ vivo တို႔လို တ႐ုတ္စမတ္ဖုန္းကုမၸဏီေတြပဲ ျဖစ္ပါတယ္။ IDC မွ ထုတ္ျပန္ခ်က္ေတြအရေတာ့ Xiaomi မွ အိႏၵိယရဲ႕  ေဈးကြက္ရွယ္ယာ အမ်ားစုကို ရယူထားၿပီး ၎ေနာက္မွာေတာ့ Samsung, vivo, Realme နဲ႔ OPPO တို႔မွ အစဥ္လိုက္ ရပ္တည္လ်က္ရွိပါတယ္။ ကိုရီးယားနည္းပညာဘီလူးႀကီးက ဒုတိယေနရာမွာ ရပ္တည္ေနေပမယ့္လည္း Realme အမွတ္တံဆိပ္ရဲ႕  အလ်င္အျမန္ ဖြံ႕ၿဖိဳးလာၿပီး ေရာင္းအားတက္လာမႈက ေဈးကြက္ရွယ္ယာ‌ေတြ ဆုံးရႈံးရေတာ့မွာပါ။ဒါ့အျပင္ vivo, OPPO တို႔မွလည္း ၎တို႔ရဲ႕  တန္ဖိုးသင့္ စမတ္ဖုန္းေတြမွာ နည္းပညာျမင့္ေတြ ထည့္သြင္းေပးလာတာကလည္း ေရာင္းအားတက္လာေစတာ ျမင္ေတြ႕ရပါတယ္။

အိႏၵိယႏိုင္ငံ စမတ္ဖုန္းေဈးကြက္မွာေတာ့ အလယ္လတ္တန္းစား တန္ဖိုးသင့္ mid-range စမတ္ဖုန္းေတြ အမ်ားဆုံးေရာင္းခ်ရၿပီး၊ Xiaomi ရဲ႕  အမွတ္တံဆိပ္ခြဲျဖစ္တဲ့ Redmi မွ ထုတ္လုပ္တဲ့ K20 နဲ႔ K20 Pro ကေတာ့ စံခ်ိန္တင္ေရာင္းခ်ခဲ့ရတာလည္း ျဖစ္ပါတယ္။

Damien