【 နည်းပညာ 】 Asus ရဲ့ gaming ဖုန်း မျိုးဆက်သစ် Asus ROG Phone 2

【 နည်းပညာ 】 Asus ရဲ့ gaming ဖုန်း မျိုးဆက်သစ် Asus ROG Phone 2

ပထမဆုံး ထုတ်ခဲ့တဲ့ Asus ရဲ့ gaming ဖုန်း ROG ဟာ အောင်မြင်မှုရရှိခဲ့ပြီးနောက်မှာ ယခုအခါမှာတော့ ၎င်းရဲ့ မျိုးဆက်သစ်ဟာ ပေါ်ထွက်လာတော့မှာပဲ ဖြစ်ပါတယ်။

ဇွန်လ ၂၃ မှာ မိတ်ဆက်သွားမယ်လို့ Asus က ဖော်ပြလိုက်တာပဲဖြစ်ပြီး၊ လွန်ခဲ့တဲ့နှစ် ဇွန်လကတော့ ပထမမျိုးဆက် ROG ကို မိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ gaming စမတ်ဖုန်းကို တရုတ်နိုင်ငံ ဘေဂျင်းမှာ မိတ်ဆက်ပွဲနဲ့အတူ ထုတ်ဖော်သွားမှာဖြစ်ပြီး၊ model နှစ်မျိုးလောက် ပေါ်ထွက်လာနိုင်ချေရှိပါတယ်။ထိုင်ဝမ် စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဟာ သြဂုတ်လ ၁ရက်နေ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ ကျင်းပမယ့် ChinaJoy 2019 expo မှာ ၎င်းရဲ့ gaming စမတ်ဖုန်းသစ်ကို eSports players တွေကို ရည်ရွယ်ပြီး ကြော်ငြာပြသသွားမယ်လို့လည်း သိရပါတယ်။

ယခင် ROG ဖုန်းဟာ 90HZ မျက်နှာပြင်ပဲဖြစ်ပြီး၊ ယခုထွက်ရှိလာမယ့် Asus ROG Phone 2 ကတော့ 120HZ မျက်နှာပြင် ပါဝင်လာမယ်လို့လည်း ဝံ့ကြွားစွာ ဆိုထားပါတယ်။

 

နောက်ဆုံးပေါ် flagship chip ဖြစ်တဲ့ Snapdragon 855 SoC ကိုပဲ အသုံးပြုလာမှာဖြစ်ပြီး၊ RAM ကတော့ 12GB ထိ ပါဝင်လာနိုင်ချေ ရှိပါတယ်။ Gaming ဖုန်းတစ်လုံး ဖြစ်တာနဲ့အညီ game ဆော့ရာမှာ အပူချိန်တက်မလာအောင် တားဆီးပေးမယ့် cooling system တွေလည်း ပါဝင်လာမယ် ဆိုထားပါတယ်။

အသေးစိတ် အချက်အလက်တွေကိုတော့ သိရှိရခြင်း မရှိသေးပါဘူး၊ လာမယ့် ဇူလိုင် ၂၃ မှာတော့ စွမ်းဆောင်ရည်မြင့် gaming စမတ်ဖုန်းတစ်လုံးကတော့ ထွက်ပေါ်လာတော့မှာပဲ ဖြစ်ပါတယ်။

Damien

( Zawgyi )

ပထမဆုံး ထုတ္ခဲ့တဲ့ Asus ရဲ႕ gaming ဖုန္း ROG ဟာ ေအာင္ျမင္မႈရရွိခဲ့ၿပီးေနာက္မွာ ယခုအခါမွာေတာ့ ၎ရဲ႕ မ်ိဳးဆက္သစ္ဟာ ေပၚထြက္လာေတာ့မွာပဲ ျဖစ္ပါတယ္။

ဇြန္လ ၂၃ မွာ မိတ္ဆက္သြားမယ္လို႔ Asus က ေဖာ္ျပလိုက္တာပဲျဖစ္ၿပီး၊ လြန္ခဲ့တဲ့ႏွစ္ ဇြန္လကေတာ့ ပထမမ်ိဳးဆက္ ROG ကို မိတ္ဆက္ခဲ့တာလည္း ျဖစ္ပါတယ္။

အဆိုပါ gaming စမတ္ဖုန္းကို တ႐ုတ္ႏိုင္ငံ ေဘဂ်င္းမွာ မိတ္ဆက္ပြဲနဲ႔အတူ ထုတ္ေဖာ္သြားမွာျဖစ္ၿပီး၊ model ႏွစ္မ်ိဳးေလာက္ ေပၚထြက္လာႏိုင္ေခ်ရွိပါတယ္။ထိုင္ဝမ္ စမတ္ဖုန္း ထုတ္လုပ္တဲ့ ကုမၸဏီႀကီးဟာ ၾသဂုတ္လ ၁ရက္ေန႔ တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းမွာ က်င္းပမယ့္ ChinaJoy 2019 expo မွာ ၎ရဲ႕ gaming စမတ္ဖုန္းသစ္ကို eSports players ေတြကို ရည္႐ြယ္ၿပီး ေၾကာ္ျငာျပသသြားမယ္လို႔လည္း သိရပါတယ္။

ယခင္ ROG ဖုန္းဟာ 90HZ မ်က္ႏွာျပင္ပဲျဖစ္ၿပီး၊ ယခုထြက္ရွိလာမယ့္ Asus ROG Phone 2 ကေတာ့ 120HZ မ်က္ႏွာျပင္ ပါဝင္လာမယ္လို႔လည္း ဝံ့ႂကြားစြာ ဆိုထားပါတယ္။

ေနာက္ဆုံးေပၚ flagship chip ျဖစ္တဲ့ Snapdragon 855 SoC ကိုပဲ အသုံးျပဳလာမွာျဖစ္ၿပီး၊ RAM ကေတာ့ 12GB ထိ ပါဝင္လာႏိုင္ေခ် ရွိပါတယ္။ Gaming ဖုန္းတစ္လုံး ျဖစ္တာနဲ႔အညီ game ေဆာ့ရာမွာ အပူခ်ိန္တက္မလာေအာင္ တားဆီးေပးမယ့္ cooling system ေတြလည္း ပါဝင္လာမယ္ ဆိုထားပါတယ္။

အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ သိရွိရျခင္း မရွိေသးပါဘူး၊ လာမယ့္ ဇူလိုင္ ၂၃ မွာေတာ့ စြမ္းေဆာင္ရည္ျမင့္ gaming စမတ္ဖုန္းတစ္လုံးကေတာ့ ထြက္ေပၚလာေတာ့မွာပဲ ျဖစ္ပါတယ္။

Damien