Marvel ဇာတ်လမ်းတွဲတွေ ဝင်ရေးမယ့် John Wick ဇာတ်ညွှန်းရေးဆရာ

Marvel ဇာတ်လမ်းတွဲတွေ ဝင်ရေးမယ့် John Wick ဇာတ်ညွှန်းရေးဆရာ

Marvel ရဲ့ Falcon & the Winter Soldier ဇာတ်ညွန်းအဖွဲ့မှာ John Wick ဇာတ်လမ်းတွဲရေးတဲ့ ဒက်ခ်ကိုလ်စတန် (Derek Kolstad) ပါဝင်လာပြီ ဖြစ်တယ်လို့ ဒီအစီအစဉ်နဲ့ နီးစပ်သူတစ်ဦးက The Wrap ကို ပြောပါတယ်။

Falcon & the Winter Soldier မှာ အန်ထော်နီ မက်ကီ နဲ့ ဆီဘက်စတိန်းစတန်း တို့က Sam Wilson aka Falcon နဲ့ Bucky Barnes (The Winter Solider) ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားပါတယ်။

လာမယ့်ဇာတ်လမ်းတွေမှာ Wilson က အဓိကဇာတ်ဆောင်နေရာက ပါဝင်မှာပါ။ Avengers: Endgame ဇာတ်ကားအဆုံးမှာ Chris Evans (Steve Rogers) က သူ့ရဲ့ဒိုင်းကို Wilson ကို လွှဲပြောင်းပေးခဲ့တာဖြစ်လို့ Captian America နေရာကို လွှဲယူရမှာဖြစ်ပါတယ်။

ဒါရိုက်တာ Kari Skogland က မီနီစီးရီး ၆ ခုကို ရိုက်ကူးမှာဖြစ်ပြီး၊ ၂၀၂၀ သြဂုတ်လမှာ ပထမဆုံးထွက်ရှိမယ်လို့ သိရပါတယ်။ Emily VanCamp နဲ့ Daniel Bruhl တို့ကလည်း သူတို့အရင်ဇာတ်ကောင်နေရာ Sharon Carter နဲ့ Helmut Zemo နေရာမှာ ပြန်လည်ပါဝင်နိုင်ဖို့အတွက် ပြောဆိုနေပါတယ်။

Marvel Studios ဟာ Falcon & the Winter Solider အပြင် Wanda Vision ဇာတ်ကားကိုလည်း ရိုက်ကူးနေပါတယ်။နောက်ဇာတ်ကားတစ်ခုလည်း ကျန်ရှိပါသေးတယ်။ Marvel ဇာတ်ကောင် Jeremy Renner Hawkeye ဇာတ်ကားဖြစ်ပြီး၊ ဇာတ်ကားနာမည်ကိုတော့ မသိရသေးပါဘူး။

ရည်မွန်သော်
နယူးယောက်၊ ဇူလိုင် - ၁၁

( Zawgyi )

Marvel ရဲ႕ Falcon & the Winter Soldier ဇာတ္ၫြန္းအဖြဲ႕မွာ John Wick ဇာတ္လမ္းတြဲေရးတဲ့ ဒက္ခ္ကိုလ္စတန္ (Derek Kolstad) ပါဝင္လာၿပီ ျဖစ္တယ္လို႔ ဒီအစီအစဥ္နဲ႔ နီးစပ္သူတစ္ဦးက The Wrap ကို ေျပာပါတယ္။

Falcon & the Winter Soldier မွာ အန္ေထာ္နီ မက္ကီ နဲ႔ ဆီဘက္စတိန္းစတန္း တို႔က Sam Wilson aka Falcon နဲ႔ Bucky Barnes (The Winter Solider) ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ထားပါတယ္။

လာမယ့္ဇာတ္လမ္းေတြမွာ Wilson က အဓိကဇာတ္ေဆာင္ေနရာက ပါဝင္မွာပါ။ Avengers: Endgame ဇာတ္ကားအဆုံးမွာ Chris Evans (Steve Rogers) က သူ႔ရဲ႕ဒိုင္းကို Wilson ကို လႊဲေျပာင္းေပးခဲ့တာျဖစ္လို႔ Captian America ေနရာကို လႊဲယူရမွာျဖစ္ပါတယ္။

ဒါ႐ိုက္တာ Kari Skogland က မီနီစီးရီး ၆ ခုကို ႐ိုက္ကူးမွာျဖစ္ၿပီး၊ ၂၀၂၀ ၾသဂုတ္လမွာ ပထမဆုံးထြက္ရွိမယ္လို႔ သိရပါတယ္။ Emily VanCamp နဲ႔ Daniel Bruhl တို႔ကလည္း သူတို႔အရင္ဇာတ္ေကာင္ေနရာ Sharon Carter နဲ႔ Helmut Zemo ေနရာမွာ ျပန္လည္ပါဝင္ႏိုင္ဖို႔အတြက္ ေျပာဆိုေနပါတယ္။

Marvel Studios ဟာ Falcon & the Winter Solider အျပင္ Wanda Vision ဇာတ္ကားကိုလည္း ႐ိုက္ကူးေနပါတယ္။ေနာက္ဇာတ္ကားတစ္ခုလည္း က်န္ရွိပါေသးတယ္။ Marvel ဇာတ္ေကာင္ Jeremy Renner Hawkeye ဇာတ္ကားျဖစ္ၿပီး၊ ဇာတ္ကားနာမည္ကိုေတာ့ မသိရေသးပါဘူး။

ရည္မြန္ေသာ္
နယူးေယာက္၊ ဇူလိုင္ - ၁၁