【 ဆောင်းပါး 】ယန်ဇီမြစ်စီးပွားရေးခါးပတ်လမ်း၏ ၆ နှစ်အတွင်း အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု

【 ဆောင်းပါး 】ယန်ဇီမြစ်စီးပွားရေးခါးပတ်လမ်း၏ ၆ နှစ်အတွင်း အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု

ယန်ဇီမြစ်စီးပွားရေးခါးပတ်လမ်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကွန်ဖရင့်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၅ ရက် နေ့တွင် ပြုလုပ်ခဲ့ပြီး တရုတ်ဟာ ယန်ဇီမြစ်ပတ်ဝန်းကျင်ကို ပြန်လည်တည်ဆောက်ခြင်းနှင့် ကာကွယ်ရေးကို အလေးထားလုပ်ဆောင်ရန် ကတိပြုခဲ့ပါတယ်။ ယခု ၆ နှစ်အကြာတွင် ယန်ဇီမြစ်တစ်လျှောက်တွင်ရှိသာ မြို့များဟာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုတွင် ကြီးမားသော တိုးတက်မှုကို မြင်နေရပြီး တစ်ချိန်တည်းမှာပဲ ဒီလို အောင်မြင်မှုများကို ဖော်ဆောင်ချိန်တွင်လည်း အကျိုးရှိသောအခြားသော အောင်မြင်မှုများကိုလည်း ရယူနိုင်ခဲ့ပါတယ်။

ရှီချွိုင်မြစ်တွင် ငါးဖမ်းမှုကို ၅ နှစ်ကြာ တားမြစ်ခဲ့ပြီးနောက်၊ ယန်ဇီမြစ်အထက်ပိုင်းအတွက်လည်း ကြီးမားသော အကျိုးရှိစေခဲ့ပြီး ဒီလို စီမံချက်လုပ်ဆောင်ခြင်းဟာ ဒေသအတွင်းက ပတ်ဝန်းကျင်ကို တိုးတက်စေခဲ့ပါတယ်။ ရှီချွိုင်မြစ်အတွင်း ငါးအမျိုးအစားပမာဏဟာ မူလက ၁၀၈ ခုသာ ကျန်ရှိရာကနေ ခုတော့ ၁၆၇ သို့ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်တွင် ယန်ဇီမြစ်အတွင်း ငါးကြင်းကို သုတေသီများက ပြန်လည်တွေ့ ရှိခဲ့ပြီး  ဒီငါးဟာ အမျိုးသားငါးထိန်းသိမ်းရေး စီမံချက်တွင် ပါဝင်သော ငါးဖြစ်သော်လည်း ယန်ဇီမြစ်အတွင်း နှစ်ပေါင်းအတန်ကြာခန့်က ပျောက်ကွယ်သွားခဲ့တာဖြစ်ပါတယ်။

ချောင်ချင်းခရိုင်တွင်ရှိသော ကွန်ယန်းကျွန်းဥယျာဉ်ဟာ ဟက်တာ ၅၄ ရှိသော မြေဩဇာကောင်းသော နေရာဖြစ်ပြီး ယန်ဇီမြစ်တွင်ရှိသော ဒုတိယအကြီးဆုံး မြစ်အတွင်းပိုင်းရှိ ကျွန်းဖြစ်ပါတယ်။ စတုရန်းမီတာ ၃ သန်းကျော်ရှိသော အိမ်ခြံမြေစီမံကိန်းကိုလည်း ဒီနေရာတွင် စတင်ခဲ့သော်လည်းခုတော့ ဂေဟဗေဒဆိုင်ရာကျွန်းအဖြစ်သို့ ပြန်လည်တည်ဆောက်လိုက်ပြီဖြစ်ပါတယ်။

ဟူနန်ပြည်နယ်အတွင်းက ယုယန်းမြို့နယ်အတွင်း ယန်ဇီမြစ်တစ်လျှောက် ကီလိုမီတာ ၁၆၃ ရှည်သော နေရာများကိုလည်း မူလအတိုင်း ပြန်လည်ပြုပြင်ထားနိုင်ပြီဖြစ်ပါတယ်။ လက်ရှိအချိန်တွင် ရေ၏ အရည်အသွေးဟာလည်း စံနှုန်းပြည့်မီနေပြီး ငှက်များနှင့် သမင်များကလည်း ဒီနေရာတွင် အစာများစွာကို ရှာတွေ့နိုင်ပြီဖြစ်ပါတယ်။

တရုတ်နိုင်ငံ အရှေ့ဘက် ဂျန်ဆုပြည်နယ်က နန်တုံတွင်လည်း ကြီးမားသော ဂေဟဗေဒဆိုင်ရာ ပြန်လည် ထိန်းသိမ်းမှုလုပ်ငန်းများကို ယန်ဇီမြစ်တစ်လျှောက် လုပ်ဆောင်လာခဲ့ပြီး စီးပွားရေး လုပ်ငန်းတချို့နှင့် စီမံကိန်း တချို့ကိုလည်း ပြန်လည်နေရာ ချပေးသွားခဲ့ပါတယ်။ တရားမဝင် ဆိပ်ကမ်း ၅၃ ခုကိုလည်း ဖျက်ဆီးခဲ့ပြီး ဓာတုစက်ရုံကြီး ၂ ခုနှင့်အခြားသော ဓာတုလုပ်ငန်း ၃၉၆ ခုကိုလည်း ၂၀၂၀ ခုနှစ်တွင်ပိတ်သိမ်းခဲ့ပြီး ၂၀၂၁ တွင်လည်း နောက်ထပ် ၅၈ ခုကို ထပ်မံ ပိတ်သိမ်းစေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကီလိုမီတာ ၄၄၇ ရှည်သော ယန်ဇီမြစ် တစ်လျှောက် ဂေဟဗေဒရှုခင်းများ တည်ဆောက်မှုကလည်း စတင်နေပြီဖြစ်ပါတယ်။

ယန်ဇီမြစ်စီးပွားရေးခါးပတ်လမ်း စီမံကိန်းဟာ ပြည်နယ် ၁၁ ခုပါဝင်ပြီး တရုတ်နိုင်ငံ၏ ဂျီဒီပီထက်ဝက်ခန့် ကို ကိုယ်စားပြုပါတယ်။ ပိုမိုကောင်းမွန်သော ပတ်ဝန်းကျင်နှင့် မြို့များဖြင့် မြစ်ဟာ ပိုမိုကောင်းမွန်စွာ တိုးတက်လာမည်ဖြစ်ပါတယ်။

Naing

Ref:CMG|Six years: China promotes green development of Yangtze River Economic Belt