【 ဆောင်းပါး 】 ''မျောက်ပြပြီး ဆန်တောင်းမယ်ဆို''

【 ဆောင်းပါး 】 ''မျောက်ပြပြီး ဆန်တောင်းမယ်ဆို''

ရန်ကုန်မြို့ထဲမှာ သွားရင်းလာရင်း မကြာမကြာတွေ့တွေ့နေတာ သတိထားမိပါတယ်။ခေါင်းစဉ်ကောင်းကောင်းလေးပြပြီး အလှူခံနေသူ တချို့ပေါ့။ဘာဘေးညာဘေး ဒုက္ခသည်တွေအတွက်ပါဆိုပြီး အလှူခံနေကြတာဖြစ်ပါတယ်။

အလှူခံပုဂ္ဂိုလ်တွေထဲမှာ ကြီးကြီး ငယ်ငယ် လတ်လတ် အရွယ်သုံးပါး အကြောင်းတရားမရွေးခေါင်းစဉ်အမျိုးမျိုးတပ်ပြီး အလှူခံနေကြတာဖြစ်ပါတယ်။ဒါက သွားရင်းလာရင်းတွေ့တဲ့ သာမန်ထသွားထလာအလှူခံလေးတွေအဆင့်လောက်ပါ။ အဆင့်မြင့်မြင့်နဲ့ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား အလှူခံနေသူတွေလည်း ရှိနိုင်ပါတယ်။ တချို့က ကိုယ်နဲ့နီးစပ်ရာအသိုင်းအဝိုင်းထဲက လက်လှမ်းမီသလောက် ခင်ရာမင်ကြောင်းဆက်ဆံရေးရှိပြီးသူ အချင်းချင်း ပဲစုပြီး အလှူငွေတောင်းခံကြတာလည်းရှိပါတယ်။

အလှူခံတွေများလာတာနဲ့အမျှ အဲဒီအလှူခံတွေထဲမှာကိုယ်ကျိုးမပါ ပရဟိတသမားစစ်စစ် အနစ်နာခံအပင်ပန်းခံအလှူခံပြီးတော့ ရသမျှအလှူငွေတွေအကုန်ကို တစ်ပြားတစ်ကျပ်မချန် ကိုယ့်အိတ်ကပ်ထဲမထည့်ဘဲ သွားလှူကြသူတွေ အဖွဲ့အစည်းတွေအများကြီးရှိပါတယ်။ အဲဒီလိုလူတွေက တကယ်လေးစားဖို့ကောင်းပါတယ်။

တချို့ကတော့ အဲဒီလိုမဟုတ်ပါဘူး။အလှူခံတာအကြောင်းပြပြီး လိမ်စားညာစားနေကြတာဖြစ်ပါတယ်လို့ပြောနေဆိုနေဝေဖန်နေတဲ့အသံတွေ မကြာမကြာကြားနေရပါတယ်။နည်းနည်းလိမ်သူရှိသလိုများများလိမ်သူတွေရှိပါတယ်တဲ့။ရာနှူန်းပြည့်လိမ်သူတွေလည်း ရှိပါတယ်တဲ့။အဲဒီလိုလူတွေကြောင့် တကယ့်ပရဟိတသမားစစ်စစ်တွေနဲ့ အလှူခံစစ်စစ် လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေပါ ရောရောင်ပြီး အထင်အမြင်အလွဲခံရတာမို့ အဲဒီလိမ်လည်သူတွေကိုသက်ဆိုင်ရာက ဖော်ထုတ်အရေးယူသင့်တယ်ဆိုပြီး သုံးသပ်သူတချို့လည်းရှိပါတယ်။

ခုနကပြောတဲ့ လိမ်လည်တတ်တဲ့အလှူခံသုံးမျိုးသုံးစားအကြောင်း အသိမိတ်ဆွေတွေထဲမှာ မကြာမကြာပြောသံကြားဖူးပါတယ်။ပထမတစ်မျိုးက နည်းနည်းလိမ်တဲ့သူတွေပါ။သူတို့ကအလှူခံတယ် တစ်ရာရရင် ခုနစ်ဆယ်ဖိုးကိုတော့လှူပြီး သုံးဆယ်ဖိုး၊လေးဆယ်ဖိုးကိုအလှူခံခ သဘောမျိုး ကိုယ့်အတွက်ယူတယ်ပေါ့လေ။ဒုတိယတစ်မျိုးက များများလိမ်တဲ့သူတွေပါ။ကြီးကြီးကျယ်ကျယ်တွေပြောပြီး ဝတ်ကောင်းစားလှတွေဝတ်ပြီး အလှူခံတယ်။တစ်ရာရရင်နှစ်ဆယ်ဖိုးပဲ ပြန်လှူပြီး ကျန်ရှစ်ဆယ်ဖိုးလောက်ကို အလှူခံစရိတ်အနေနဲ့ပြန်သုံးကြပါတယ်။သွားလှူမယ့်နေရာကို အုပ်စုလိုက်သွားပြီးလမ်းစရိတ်၊စားစရိတ်၊အထွေထွေစရိတ်နဲ့ အပျော်အပါးစရိတ်တွေကို ရထားတဲ့အလှှူငွေတွေထဲကပဲ ပြန်သုံးနေကြတယ်လို့ဆိုပါတယ်။ အဲဒါတွေအပြင် အိတ်ကပ်ထဲလည်းထပ်ထည့်ပါသေးတယ်တဲ့။ကျန်တဲ့အစွန်းထွက်လောက်ကိုပဲသွားလှူကြတယ်လို့ ပြောနေဆိုနေတာတွေကြားနေရပါတယ်။

တချို့ဆို အလှူခံအကြောင်းပြပြီး ကိုယ့်ကုန်ပစ္စည်းကို ပရိုမိုးရှင်းဆင်းတဲ့ပုံစံနဲ့ လုပ်စားကြတယ်လို့လည်းကြားသိရပါတယ်။ဒါကလည်း တချို့ကိုသာဆိုလိုပါတယ်။တကယ့်စိတ်ရင်းစေတနာမှန်နဲ့ အလှူခံတဲ့ကုန်ကျစရိတ်အားလုံးကို အိတ်ကစိုက်တဲ့အပြင် အလှူခံရငွေအားလုံးကို တစ်ပြားမကျန်အကုန်လှူတဲ့ ဖြောင့်မတ်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေလည်း အများကြီးရှိနိုင်ပါတယ်လို့ထပ်လောင်းပြောလိုပါတယ်။ခုနပြောတာက မရိုးမသားလုပ်စားတဲ့ အဖွဲ့အစည်း၊လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေကိုပြောလိုတာဖြစ်ပါတယ်။

လိမ်လည်တဲ့တတိယလူစားမျိုးက ရာနှူန်းပြည့်လိမ်လည်သူတွေပေါ့။အလှူခံရသမျှ တစ်ပြားမှကို ပြန်မလှူဘဲ အကုန်လိမ်စားလိုက်တဲ့သဘောပါ။အလှူခံအကြောင်းပြ လိမ်လည်တဲ့သူတွေကို သက်ဆိုင်ရာက အရေးယူခဲ့ရတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ဖူးပါတယ်။

ဒီလိုလိမ်လည်သူတွေအကြောင်းကို တစ်ဆင့်စကားတစ်ဆင့်နားနဲ့ပဲကြားရတာပိုများတာမို့ ဖြစ်စဉ်တွေကရာနှူန်းပြည့်မှန်မမှန်ဆိုတာ ကိုယ်တစ်ယောက်တည်းအား၊ လူလေးလက်တစ်ဆုပ်စာအားလောက်နဲ့တော့စုံစမ်းဖော်ထုတ်ဖို့ဆိုတာအတော်ခက်ခဲမယ့်ကိစ္စလို့ သုံးသပ်မိပါတယ်။အဲဒီလိုဖြစ်စဉ်တွေ တကယ်ရှိမရှိနဲ့ မသင်္ကာဖွယ်တွေ့ရှိရင် ခေါ်ယူစစ်မေး စုံစမ်းဖို့ဆိုတာ သက်ဆိုင်ရာကသာ ပိုပြီး လုပ်ပိုင်ခွင့်ရှိမယ်၊ ပိုပြီးအကောင်အထည်ဖော်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

စာရေးသူအနေနဲ့ အဲဒီဖြစ်စဉ်တွေတကယ်ရှိခြင်းမရှိခြင်းအပေါ် အတည်ပြုလိုတာထက် အဲဒီလိုတွေလိမ်လည်ရင် ဥပဒေအရဘယ်လိုတွေအရေးယူခံရနိုင်တယ်ဆိုတာကို ပြန်လည်မျှဝေချင်ပါတယ်။

အဲဒီလိုကိစ္စတွေကိုအရေးယူနိုင်တဲ့ပုဒ်မက အဓိကအနေနဲ့ နှစ်ခုရှိမှာဖြစ်ပါတယ်။ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၆နဲ့၄၁၇ဖြစ်ပါတယ်။

ပုဒ်မ၄၀၆က ရာဇဝတ်မကင်းတဲ့ယုံကြည်အပ်နှံရေးဖောက်ဖျက်သူတွေကိုအရေးယူနိုင်တဲ့ပုဒ်မဖြစ်ပြီး ပုဒ်မ၄၁၇ကတော့ လိမ်လည်မှူကျူးလွန်တဲ့သူတွေကို အရေးယူနိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

''မည်သူမဆို ပစ္စည်းကို သို့တည်းမဟုတ် ပစ္စည်းစီမံခန့်ခွဲပိုင်ခွင့်ကို တနည်းနည်းဖြင့်ယုံကြည်အပ်နှံခြင်းခံရသည်တွင် ထိုပစ္စည်းကိုမရိုးမဖြောင့်သောသဘောဖြင့် အလွဲသုံးစားပြုလျှင် သို့တည်းမဟုတ် ယုံကြည်အပ်နှံခြင်း ခံရသည့်အတိုင်း ဆောင်ရွက်ရန်နည်းလမ်းကို ပြဌာန်းသည့်ဥပဒေညွှန်ကြားချက်ကို ကျူးလွန်၍သော်လည်းကောင်း၊ ယုံကြည်အပ်နှံခြင်းခံရသည့်အတိုင်းဆောင်ရွက်ရန်ကိစ္စနှင့်စပ်လျဉ်း၍ အတိအလင်းဖြစ်စေ၊သဘောသက်ရောက်စေခြင်းဖြင့်ဖြစ်စေ မိမိချုပ်ဆိုသောဥပဒေနှင့်ညီသည့်ပဋိညာဉ်ကို ကျူးလွန်၍သော်လည်းကောင်း၊ထိုပစ္စည်းကိုမရိုးမဖြောင့်သောသဘောဖြင့်သုံးစွဲခြင်းကို သို့တည်းမဟုတ် စီမံခန့်ခွဲခြင်းကိုပြုလျှင် သို့တည်းမဟုတ် အခြားသူကထိုသို့ပြုသည်ကို တမင်ခွင့်ပြုလျှင်၊ထိုသူသည်ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှူကို ကျူးလွန်သည်မည်၏''ဆိုပြီး ပုဒ်မ၄၀၅မှာ ပြဌာန်းထားပါတယ်။အဲဒီပြဌာန်းချက်ကိုဖောက်ဖျက်တဲ့သူကို သုံးနှစ်အထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်ဖြစ်၊ငွေဒဏ်ဖြစ်ဖြစ်၊ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ပုဒ်မ၄၀၆မှာဆိုပါတယ်။

ဘယ်သူမဆို လိမ်လည်မှူကိုကျူးလွန်ရင် အဲဒီသူကိုသုံးနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်ဖြစ်၊ငွေဒဏ်ဖြစ်ဖြစ်၊ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ရမယ်လို့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၇မှာ ပြဌာန်းထားပါတယ်။

ဘယ်လိုပြုမူမှူမျိုးဟာလိမ်လည်မှူမြောက်သလဲဆိုတာကိုတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၅မှာဒီလိုရှင်း ပြထားပါတယ်။

"မည်သူမဆိုတစ်ဦးတစ်ယောက်သောသူအားလှည့်ဖြားခြင်းဖြင့် ထိုသို့လှည့်ဖြားခြင်းဖြင့် ထိုသို့လှည့်ဖြားခံရသောသူက သူတစ်ပါးအား ပစ္စည်းတစ်ခုခုကိုပေးအပ်စေရန်ဖြစ်စေ၊သူတပါးထံတွင်ပစ္စည်းတစ်ခုခုကို ဆက်လက်ထားရှိသည်ကို သဘောတူစေရန်ဖြစ်စေ၊ထိုသို့လှည့်ဖြားခြင်းခံရသောသူအား လိမ်လည်လှည့်ဖြားလိုသောသဘောဖြင့်သော်လည်းကောင်း၊မရိုးမဖြောင့်သောသဘောဖြင့်သော်လည်းကောင်း သွေးဆောင်လျှင်၊ သို့တည်းမဟုတ် တစ်ဦးတစ်ယောက်သောသူအားလှည့်ဖြားခြင်းဖြင့် ထိုသို့လှည့်ဖြားခြင်းခံရသောသူက အကယ်၍ လှည့်ဖြားခြင်းမခံရခဲ့သော် မိမိပြုမည်မဟုတ်သော သို့တည်းမဟုတ် မိမိပျက်ကွက်မည်မဟုတ်သော အရာကိုပြုစေရန်သော်လည်းကောင်း၊ မပြုဘဲပျက်ကွက်စေရန်သော်လည်းကောင်း၊ ထိုသို့လှည့်ဖြားခြင်းခံရသောသူအား တမင်သွေးဆောင်လျှင်၊ထို့ပြင် ထိုပြုလုပ်မှူက သို့တည်းမဟုတ်ထိုပျက်ကွက်မှူက ထိုသူ၏ကိုယ်ကိုဖြစ်စေ၊စိတ်ကိုဖြစ်စေ၊ ဂုဏ်သရေကိုဖြစ်စေ၊ပစ္စည်းကို ဖြစ်စေ ပျက်စီးနစ်နာစေခြင်းသော်လည်းကောင်း၊အန္တရာယ်သော်လည်းကောင်းဖြစ်စေလျှင်၊ သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာလျှင်၊ ထိုသူသည်လိမ်လည်သည်မည်၏"လို့ ပုဒ်မ၄၁၅မှာ ဆိုပါတယ်။

အဲဒီတော့ လှူဖို့ဆိုပြီးယုံကြည်အပ်နှံတဲ့ငွေတွေ၊ပစ္စည်းတွေကို အလွဲသုံးစားလုပ်သူတွေနဲ့ လှူဖို့ပါဆိုပြီး ငွေတွေပစ္စည်းတွေကို လိမ်လည်အလှူခံသူတွေက ဒီပုဒ်မတွေအရအရေးယူခံရနိုင်ပါတယ်။

တကယ်တော့ ဒုက္ခရောက်နေတဲ့သူတွေကို ဗန်းပြပြီး အလှူငွေလိမ်တောင်းတာဟာ မျောက်ပြပြီးဆန်တောင်းသလိုပါပဲ။ဒါကြောင့်မို့ တကယ့်ပရဟိတသမားစစ်စစ်၊အလှူခံပုဂ္ဂိုလ်စစ်စစ်၊အလှူခံအဖွဲ့အစည်းစစ်စစ်နဲ့ အလှူရှင်စစ်စစ်တွေ အထင်အမြင်လွဲမှားမခံရအောင်၊ မနစ်နာရအောင် မျောက်ပြပြီးဆန်တောင်းမယ့် ကိုယ်ကျိုးရှာလိမ်လည်သူတွေကို သက်ဆိုင်ရာက ရှာဖွေဖော်ထုတ်နိုင်ပါစေကြောင်း အပြုသဘောဆောင်ဆန္ဒပြုဆုတောင်းရင်းဖြင့်။

သာဓက
စက်တင်ဘာ - ၂၈

( Zawgyi )

ရန္ကုန္ၿမိဳ႕ထဲမွာ သြားရင္းလာရင္း မၾကာမၾကာေတြ႕ေတြ႕ေနတာ သတိထားမိပါတယ္။ေခါင္းစဥ္ေကာင္းေကာင္းေလးျပၿပီး အလႉခံေနသူ တခ်ိဳ႕ေပါ့။ဘာေဘးညာေဘး ဒုကၡသည္ေတြအတြက္ပါဆိုၿပီး အလႉခံေနၾကတာျဖစ္ပါတယ္။

အလႉခံပုဂၢိဳလ္ေတြထဲမွာ ႀကီးႀကီး ငယ္ငယ္ လတ္လတ္ အ႐ြယ္သုံးပါး အေၾကာင္းတရားမေ႐ြးေခါင္းစဥ္အမ်ိဳးမ်ိဳးတပ္ၿပီး အလႉခံေနၾကတာျဖစ္ပါတယ္။ဒါက သြားရင္းလာရင္းေတြ႕တဲ့ သာမန္ထသြားထလာအလႉခံေလးေတြအဆင့္ေလာက္ပါ။ အဆင့္ျမင့္ျမင့္နဲ႔ ႀကီးႀကီးက်ယ္က်ယ္ ခမ္းခမ္းနားနား အလႉခံေနသူေတြလည္း ရွိႏိုင္ပါတယ္။ တခ်ိဳ႕က ကိုယ္နဲ႔နီးစပ္ရာအသိုင္းအဝိုင္းထဲက လက္လွမ္းမီသေလာက္ ခင္ရာမင္ေၾကာင္းဆက္ဆံေရးရွိၿပီးသူ အခ်င္းခ်င္း ပဲစုၿပီး အလႉေငြေတာင္းခံၾကတာလည္းရွိပါတယ္။

အလႉခံေတြမ်ားလာတာနဲ႔အမွ် အဲဒီအလႉခံေတြထဲမွာကိုယ္က်ိဳးမပါ ပရဟိတသမားစစ္စစ္ အနစ္နာခံအပင္ပန္းခံအလႉခံၿပီးေတာ့ ရသမွ်အလႉေငြေတြအကုန္ကို တစ္ျပားတစ္က်ပ္မခ်န္ ကိုယ့္အိတ္ကပ္ထဲမထည့္ဘဲ သြားလႉၾကသူေတြ အဖြဲ႕အစည္းေတြအမ်ားႀကီးရွိပါတယ္။ အဲဒီလိုလူေတြက တကယ္ေလးစားဖို႔ေကာင္းပါတယ္။

တခ်ိဳ႕ကေတာ့ အဲဒီလိုမဟုတ္ပါဘူး။အလႉခံတာအေၾကာင္းျပၿပီး လိမ္စားညာစားေနၾကတာျဖစ္ပါတယ္လို႔ေျပာေနဆိုေနေဝဖန္ေနတဲ့အသံေတြ မၾကာမၾကာၾကားေနရပါတယ္။နည္းနည္းလိမ္သူရွိသလိုမ်ားမ်ားလိမ္သူေတြရွိပါတယ္တဲ့။ရာႏႉန္းျပည့္လိမ္သူေတြလည္း ရွိပါတယ္တဲ့။အဲဒီလိုလူေတြေၾကာင့္ တကယ့္ပရဟိတသမားစစ္စစ္ေတြနဲ႔ အလႉခံစစ္စစ္ လူပုဂၢိဳလ္အဖြဲ႕အစည္းေတြပါ ေရာေရာင္ၿပီး အထင္အျမင္အလြဲခံရတာမို႔ အဲဒီလိမ္လည္သူေတြကိုသက္ဆိုင္ရာက ေဖာ္ထုတ္အေရးယူသင့္တယ္ဆိုၿပီး သုံးသပ္သူတခ်ိဳ႕လည္းရွိပါတယ္။

ခုနကေျပာတဲ့ လိမ္လည္တတ္တဲ့အလႉခံသုံးမ်ိဳးသုံးစားအေၾကာင္း အသိမိတ္ေဆြေတြထဲမွာ မၾကာမၾကာေျပာသံၾကားဖူးပါတယ္။ပထမတစ္မ်ိဳးက နည္းနည္းလိမ္တဲ့သူေတြပါ။သူတို႔ကအလႉခံတယ္ တစ္ရာရရင္ ခုနစ္ဆယ္ဖိုးကိုေတာ့လႉၿပီး သုံးဆယ္ဖိုး၊ေလးဆယ္ဖိုးကိုအလႉခံခ သေဘာမ်ိဳး ကိုယ့္အတြက္ယူတယ္ေပါ့ေလ။ဒုတိယတစ္မ်ိဳးက မ်ားမ်ားလိမ္တဲ့သူေတြပါ။ႀကီးႀကီးက်ယ္က်ယ္ေတြေျပာၿပီး ဝတ္ေကာင္းစားလွေတြဝတ္ၿပီး အလႉခံတယ္။တစ္ရာရရင္ႏွစ္ဆယ္ဖိုးပဲ ျပန္လႉၿပီး က်န္ရွစ္ဆယ္ဖိုးေလာက္ကို အလႉခံစရိတ္အေနနဲ႔ျပန္သုံးၾကပါတယ္။သြားလႉမယ့္ေနရာကို အုပ္စုလိုက္သြားၿပီးလမ္းစရိတ္၊စားစရိတ္၊အေထြေထြစရိတ္နဲ႔ အေပ်ာ္အပါးစရိတ္ေတြကို ရထားတဲ့အလွႉေငြေတြထဲကပဲ ျပန္သုံးေနၾကတယ္လို႔ဆိုပါတယ္။ အဲဒါေတြအျပင္ အိတ္ကပ္ထဲလည္းထပ္ထည့္ပါေသးတယ္တဲ့။က်န္တဲ့အစြန္းထြက္ေလာက္ကိုပဲသြားလႉၾကတယ္လို႔ ေျပာေနဆိုေနတာေတြၾကားေနရပါတယ္။

တခ်ိဳ႕ဆို အလႉခံအေၾကာင္းျပၿပီး ကိုယ့္ကုန္ပစၥည္းကို ပ႐ိုမိုးရွင္းဆင္းတဲ့ပုံစံနဲ႔ လုပ္စားၾကတယ္လို႔လည္းၾကားသိရပါတယ္။ဒါကလည္း တခ်ိဳ႕ကိုသာဆိုလိုပါတယ္။တကယ့္စိတ္ရင္းေစတနာမွန္နဲ႔ အလႉခံတဲ့ကုန္က်စရိတ္အားလုံးကို အိတ္ကစိုက္တဲ့အျပင္ အလႉခံရေငြအားလုံးကို တစ္ျပားမက်န္အကုန္လႉတဲ့ ေျဖာင့္မတ္တဲ့ အဖြဲ႕အစည္း၊ လူပုဂၢိဳလ္နဲ႔ ကုမၸဏီေတြလည္း အမ်ားႀကီးရွိႏိုင္ပါတယ္လို႔ထပ္ေလာင္းေျပာလိုပါတယ္။ခုနေျပာတာက မ႐ိုးမသားလုပ္စားတဲ့ အဖြဲ႕အစည္း၊လူပုဂၢိဳလ္နဲ႔ ကုမၸဏီေတြကိုေျပာလိုတာျဖစ္ပါတယ္။

လိမ္လည္တဲ့တတိယလူစားမ်ိဳးက ရာႏႉန္းျပည့္လိမ္လည္သူေတြေပါ့။အလႉခံရသမွ် တစ္ျပားမွကို ျပန္မလႉဘဲ အကုန္လိမ္စားလိုက္တဲ့သေဘာပါ။အလႉခံအေၾကာင္းျပ လိမ္လည္တဲ့သူေတြကို သက္ဆိုင္ရာက အေရးယူခဲ့ရတဲ့ျဖစ္စဥ္ေတြလည္းရွိခဲ့ဖူးပါတယ္။

ဒီလိုလိမ္လည္သူေတြအေၾကာင္းကို တစ္ဆင့္စကားတစ္ဆင့္နားနဲ႔ပဲၾကားရတာပိုမ်ားတာမို႔ ျဖစ္စဥ္ေတြကရာႏႉန္းျပည့္မွန္မမွန္ဆိုတာ ကိုယ္တစ္ေယာက္တည္းအား၊ လူေလးလက္တစ္ဆုပ္စာအားေလာက္နဲ႔ေတာ့စုံစမ္းေဖာ္ထုတ္ဖို႔ဆိုတာအေတာ္ခက္ခဲမယ့္ကိစၥလို႔ သုံးသပ္မိပါတယ္။အဲဒီလိုျဖစ္စဥ္ေတြ တကယ္ရွိမရွိနဲ႔ မသကၤာဖြယ္ေတြ႕ရွိရင္ ေခၚယူစစ္ေမး စုံစမ္းဖို႔ဆိုတာ သက္ဆိုင္ရာကသာ ပိုၿပီး လုပ္ပိုင္ခြင့္ရွိမယ္၊ ပိုၿပီးအေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္။

စာေရးသူအေနနဲ႔ အဲဒီျဖစ္စဥ္ေတြတကယ္ရွိျခင္းမရွိျခင္းအေပၚ အတည္ျပဳလိုတာထက္ အဲဒီလိုေတြလိမ္လည္ရင္ ဥပေဒအရဘယ္လိုေတြအေရးယူခံရႏိုင္တယ္ဆိုတာကို ျပန္လည္မွ်ေဝခ်င္ပါတယ္။

အဲဒီလိုကိစၥေတြကိုအေရးယူႏိုင္တဲ့ပုဒ္မက အဓိကအေနနဲ႔ ႏွစ္ခုရွိမွာျဖစ္ပါတယ္။ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၀၆နဲ႔၄၁၇ျဖစ္ပါတယ္။

ပုဒ္မ၄၀၆က ရာဇဝတ္မကင္းတဲ့ယုံၾကည္အပ္ႏွံေရးေဖာက္ဖ်က္သူေတြကိုအေရးယူႏိုင္တဲ့ပုဒ္မျဖစ္ၿပီး ပုဒ္မ၄၁၇ကေတာ့ လိမ္လည္မႉက်ဴးလြန္တဲ့သူေတြကို အေရးယူႏိုင္တဲ့ပုဒ္မျဖစ္ပါတယ္။

''မည္သူမဆို ပစၥည္းကို သို႔တည္းမဟုတ္ ပစၥည္းစီမံခန႔္ခြဲပိုင္ခြင့္ကို တနည္းနည္းျဖင့္ယုံၾကည္အပ္ႏွံျခင္းခံရသည္တြင္ ထိုပစၥည္းကိုမ႐ိုးမေျဖာင့္ေသာသေဘာျဖင့္ အလြဲသုံးစားျပဳလွ်င္ သို႔တည္းမဟုတ္ ယုံၾကည္အပ္ႏွံျခင္း ခံရသည့္အတိုင္း ေဆာင္႐ြက္ရန္နည္းလမ္းကို ျပဌာန္းသည့္ဥပေဒၫႊန္ၾကားခ်က္ကို က်ဴးလြန္၍ေသာ္လည္းေကာင္း၊ ယုံၾကည္အပ္ႏွံျခင္းခံရသည့္အတိုင္းေဆာင္႐ြက္ရန္ကိစၥႏွင့္စပ္လ်ဥ္း၍ အတိအလင္းျဖစ္ေစ၊သေဘာသက္ေရာက္ေစျခင္းျဖင့္ျဖစ္ေစ မိမိခ်ဳပ္ဆိုေသာဥပေဒႏွင့္ညီသည့္ပဋိညာဥ္ကို က်ဴးလြန္၍ေသာ္လည္းေကာင္း၊ထိုပစၥည္းကိုမ႐ိုးမေျဖာင့္ေသာသေဘာျဖင့္သုံးစြဲျခင္းကို သို႔တည္းမဟုတ္ စီမံခန႔္ခြဲျခင္းကိုျပဳလွ်င္ သို႔တည္းမဟုတ္ အျခားသူကထိုသို႔ျပဳသည္ကို တမင္ခြင့္ျပဳလွ်င္၊ထိုသူသည္ရာဇဝတ္မကင္းေသာ ယုံၾကည္အပ္ႏွံေရးေဖာက္ဖ်က္မႉကို က်ဴးလြန္သည္မည္၏''ဆိုၿပီး ပုဒ္မ၄၀၅မွာ ျပဌာန္းထားပါတယ္။အဲဒီျပဌာန္းခ်က္ကိုေဖာက္ဖ်က္တဲ့သူကို သုံးႏွစ္အထိေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ျဖစ္၊ေငြဒဏ္ျဖစ္ျဖစ္၊ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ပုဒ္မ၄၀၆မွာဆိုပါတယ္။

ဘယ္သူမဆို လိမ္လည္မႉကိုက်ဴးလြန္ရင္ အဲဒီသူကိုသုံးႏွစ္ထိေထာင္ဒဏ္တစ္မ်ိဳးမ်ိဳးျဖစ္ျဖစ္၊ေငြဒဏ္ျဖစ္ျဖစ္၊ဒဏ္ႏွစ္ရပ္လုံးျဖစ္ျဖစ္ ခ်မွတ္ရမယ္လို႔ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၁၇မွာ ျပဌာန္းထားပါတယ္။

ဘယ္လိုျပဳမူမႉမ်ိဳးဟာလိမ္လည္မႉေျမာက္သလဲဆိုတာကိုေတာ့ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၄၁၅မွာဒီလိုရွင္း ျပထားပါတယ္။

"မည္သူမဆိုတစ္ဦးတစ္ေယာက္ေသာသူအားလွည့္ျဖားျခင္းျဖင့္ ထိုသို႔လွည့္ျဖားျခင္းျဖင့္ ထိုသို႔လွည့္ျဖားခံရေသာသူက သူတစ္ပါးအား ပစၥည္းတစ္ခုခုကိုေပးအပ္ေစရန္ျဖစ္ေစ၊သူတပါးထံတြင္ပစၥည္းတစ္ခုခုကို ဆက္လက္ထားရွိသည္ကို သေဘာတူေစရန္ျဖစ္ေစ၊ထိုသို႔လွည့္ျဖားျခင္းခံရေသာသူအား လိမ္လည္လွည့္ျဖားလိုေသာသေဘာျဖင့္ေသာ္လည္းေကာင္း၊မ႐ိုးမေျဖာင့္ေသာသေဘာျဖင့္ေသာ္လည္းေကာင္း ေသြးေဆာင္လွ်င္၊ သို႔တည္းမဟုတ္ တစ္ဦးတစ္ေယာက္ေသာသူအားလွည့္ျဖားျခင္းျဖင့္ ထိုသို႔လွည့္ျဖားျခင္းခံရေသာသူက အကယ္၍ လွည့္ျဖားျခင္းမခံရခဲ့ေသာ္ မိမိျပဳမည္မဟုတ္ေသာ သို႔တည္းမဟုတ္ မိမိပ်က္ကြက္မည္မဟုတ္ေသာ အရာကိုျပဳေစရန္ေသာ္လည္းေကာင္း၊ မျပဳဘဲပ်က္ကြက္ေစရန္ေသာ္လည္းေကာင္း၊ ထိုသို႔လွည့္ျဖားျခင္းခံရေသာသူအား တမင္ေသြးေဆာင္လွ်င္၊ထို႔ျပင္ ထိုျပဳလုပ္မႉက သို႔တည္းမဟုတ္ထိုပ်က္ကြက္မႉက ထိုသူ၏ကိုယ္ကိုျဖစ္ေစ၊စိတ္ကိုျဖစ္ေစ၊ ဂုဏ္သေရကိုျဖစ္ေစ၊ပစၥည္းကို ျဖစ္ေစ ပ်က္စီးနစ္နာေစျခင္းေသာ္လည္းေကာင္း၊အႏၲရာယ္ေသာ္လည္းေကာင္းျဖစ္ေစလွ်င္၊ သို႔တည္းမဟုတ္ ထိုသို႔ျဖစ္ေစတန္ရာလွ်င္၊ ထိုသူသည္လိမ္လည္သည္မည္၏"လို႔ ပုဒ္မ၄၁၅မွာ ဆိုပါတယ္။

အဲဒီေတာ့ လႉဖို႔ဆိုၿပီးယုံၾကည္အပ္ႏွံတဲ့ေငြေတြ၊ပစၥည္းေတြကို အလြဲသုံးစားလုပ္သူေတြနဲ႔ လႉဖို႔ပါဆိုၿပီး ေငြေတြပစၥည္းေတြကို လိမ္လည္အလႉခံသူေတြက ဒီပုဒ္မေတြအရအေရးယူခံရႏိုင္ပါတယ္။

တကယ္ေတာ့ ဒုကၡေရာက္ေနတဲ့သူေတြကို ဗန္းျပၿပီး အလႉေငြလိမ္ေတာင္းတာဟာ ေမ်ာက္ျပၿပီးဆန္ေတာင္းသလိုပါပဲ။ဒါေၾကာင့္မို႔ တကယ့္ပရဟိတသမားစစ္စစ္၊အလႉခံပုဂၢိဳလ္စစ္စစ္၊အလႉခံအဖြဲ႕အစည္းစစ္စစ္နဲ႔ အလႉရွင္စစ္စစ္ေတြ အထင္အျမင္လြဲမွားမခံရေအာင္၊ မနစ္နာရေအာင္ ေမ်ာက္ျပၿပီးဆန္ေတာင္းမယ့္ ကိုယ္က်ိဳးရွာလိမ္လည္သူေတြကို သက္ဆိုင္ရာက ရွာေဖြေဖာ္ထုတ္ႏိုင္ပါေစေၾကာင္း အျပဳသေဘာေဆာင္ဆႏၵျပဳဆုေတာင္းရင္းျဖင့္။

သာဓက
စက္တင္ဘာ - ၂၈