【 နိုင်ငံတကာဆောင်းပါး 】ကာကွယ်ဆေးလွှမ်းခြုံမှု အကောင်းဆုံးက ကိုဗစ်ကို ထိန်းချုပ်နိုင်စေခြင်းလား

【 နိုင်ငံတကာဆောင်းပါး 】ကာကွယ်ဆေးလွှမ်းခြုံမှု အကောင်းဆုံးက ကိုဗစ်ကို ထိန်းချုပ်နိုင်စေခြင်းလား

 ၂၀၁၉ခုနှစ်ဒီဇင်ဘာမှာ ကူးစက်မှုစတင်တွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်လို့ခေါ်တဲ့ ကိုဗစ်-၁၉ ကူးစက်မှုဟာ ယခုဆိုရင် သုံးနှစ်ကာလထိရှိလာခဲ့ပါတယ်။ ဒီကာလတွင်းကမ္ဘာ့တစ်ခုလုံးကို ရပ်တန့်သွားတဲ့အထိ ကိုဗစ်-၁၉ ကူး စက်မှုက ခြိမ်းခြောက်ခဲ့ပြီး ကမ္ဘာ့တစ်ဝန်းမှာ ဒီဇင်ဘာ ၂၃ ရက်အထိ ဆိုရင်  ကူးစက်ခံရသူအရေအတွက်က သန်း ၆၆၀ ကျော်ရှိခဲ့ပြီး သေဆုံးသူအရေအတွက်က ၆.၆၈ သန်းထိတောင်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကူးစက်မြန်အသက်ရှု လမ်းကြောင်းဗိုင်းရပ်တစ်မျိုးရဲ့ ဖျက်ဆီးစွမ်းအားက ကြောက်စရာလန့်စရာကောင်းလောက်အောင် လူတွေရဲ့ အသက်ကိုခြွေခဲ့တာလို့ ထင်ရပေမယ့် ဖြစ်စဉ်တွေကို ကြည့်ရင် ဗိုင်းရပ်စ်ကို သာမန်တုပ်ကွေးလို သဘောထားပြီး အစောပိုင်းက ကိုင်တွယ်ခဲ့တဲ့ ဥရောပနဲ့ အမေရိကန်လို ပေါ့ဆမှုတွေကြောင့် သေရတာ အတော်လေးကို လက်ခံစရာခက်တဲ့ အဖြစ်ပါဘဲ။

ကူးစက်မြန်ဗိုင်းရပ်စ်ကို စတင်တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံမှာရှိတဲ့ လူဦးရေက တစ်ဘီလီယံကျော်ပါတယ်။ ဒီလူဦးရေပမာဏနဲ့ ကျန်းမာရေးစနစ်က ဘယ်လောက်ဘဲ ကောင်းမွန်ခေတ်မီပါသည်ဖြစ်စေ လူတစ်ဘီလီယံကို လွှမ်းခြုံဖို့ဆိုတာ မဖြစ်နိုင်တဲ့ အနေအထားပါ။ ဒီလိုအခြေအနေတွေကြောင့် ကူးစက်မြန်တဲ ကိုရိုနာဗိုင်းရပ်စ် ကြောင့် တရုတ်မှာလူသေဆုံးမှုတွေ မမျှော်မှန်းနိုင်လောက်တဲ့အထိ ဖြစ်လာမှာကို ကမ္ဘာ့ကို စိုးရိမ်ခဲ့သလို မထိန်း ချုပ်နိုင်မှာကိုလဲ ကြောင့်ကြခဲ့ကြပါတယ်။ ဒါပေမယ့် တကယ် ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့တာ တရုတ်မှာ မဟုတ်ဘဲ ဥရောပနဲ့ အမေရိကမှာ ဖြစ်နေပါတယ်။

လက်ရှိအချိန်ကာလကိန်းဂဏန်းတွေကို ကြည့်ရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကူးစက်မှု သေဆုံးမှုနူန်းတွေ မြင့်တက်တာကို မြင်ရမှာဖြစ်ပေမယ့် အဲဒီကာလမှာ အီတလီ၊စပိန်၊ပြင်သစ်၊ဂျာမနီ၊ ဗြိတိန်စတဲ့ အနောက်ဥရောပ နိုင်ငံ တွေရဲ့ ကူးစက်မှုနဲ့ သေဆုံးမှုနူန်းက ကြောက်စရာလန့်စရာဖြစ်ပြီး ကမ္ဘာ့ကိုထိတ်လန့်စေပါတယ်။ ဒီနောက် မှာ အမေရိကန်ရဲ့ ကူးစက်မှုက ထိန်းမရသိမ်းမရဖြစ်သလို အဲဒီကာလတုန်းက သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရမ့်ရဲ့ ခေါင်းမာမှုတွေ၊ ပညာရှင်တွေ အကြံပေးမှုကို မလိုက်နာဘဲ စီးပွားရေးလုပ်ငန်းတွေကို အရှိန်မပျက်ဆက် လည်ပတ် စေ တာတွေကြောင့် ကိုဗစ်ကြောင့် အမေရိကန်မှာ သေဆုံးရမှုအရေအတွက်က ကမ္ဘာမှာ အများဆုံးဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၂ ရက်ဆိုရင် အမေရိကန်မှာ ကိုဗစ်ကူးစက်ခံရသူ သန်း၁၀၀ ကျော်ခဲ့ပါတယ်။

စာရင်းအချက်အလက်တွေအရဆိုရင် ကမ္ဘာပေါ်မှာ အမေရိကန်ပြည်ထောင်စုဟာ ကိုဗစ်ရောဂါဖြစ် ပွား မှုနှင့် သေဆုံးမှုအများဆုံးနိုင်ငံဖြစ်ကာ  ကမ္ဘာလုံးဆိုင်ရာရောဂါဖြစ်ပွားမှု၏ ၁၅ ရာခိုင်နှုန်းကျော်နှင့် ကမ္ဘာ့ သေ ဆုံး မှုစုစုပေါင်းရဲ့  ၁၆ ရာခိုင်နှုန်းကျော်ထိရှိခဲ့ပါတယ်။ ဒီအချိန်မှာ အမေရိကန်နဲ့ စစ်ရေး၊စီးပွားရေးနဲနည်း ပညာပြိုင် ဘက်နိုင်ငံကြီးဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ကူးစက်ခံရသူအရေအတွက်က ဒီဇင်ဘာ ၂၂ ရက်အထိ ၄ သိန်းနီးပါးနဲ့သေဆုံး သူ ငါးထောင်ကျော် (၅၂၄၁)သာရှိခဲ့ပါတယ်။ ဒီကိန်းဂဏန်းနှစ်ခုဟာ ဗိုင်းရပ်စ်ကို ရင်ဆိုင်ရာမှာ ခေတ်မီဆေးဝါး တစ်ခုတည်း အားသာရုံနဲ့မရဘဲ စီမံအုပ်ချုပ်မှုနဲ့ လိုက်ပါဆောင်ရွက်မှုတွေ အားကောင်းမှုလည်းလိုနေတာကို ပြသ နေပါတယ်။

ကိန်းဂဏန်းတွေအရဆိုရင် ကိုဗစ်ပထမလှိုင်းတုန်းက အထိနာခဲ့တဲ့ ဥရောပနဲ့ အမေရိကရဲ့ ကူးစက်မှုက ယခုချိန်ထိဆိုရင် ၂၄၂ သန်းကျော်၊ သေဆုံးသူက နှစ်သန်းနီးပါးရှိခဲ့တာကိုတွေ့ရပါတယ်။ လက်ရှိမှာ ကူးစက် သူ တွေ ထပ်တွေ့နေသလို ဒီဇင်ဘာ ၂၃ ရက်တစ်ရက်တည်း ကူးစက်ခံရသူ ရှစ်ထောင်ကျော်၊သေဆုံးသူ ၆၀ ရှိပါ တယ်။ မြောက်အမေရိကမှာတော့ ကူးစက်ခံရသူ သန်း ၁၂၀ ၊သေဆုံးသူ  ၁.၅ သန်းကျော်ရှိပါတယ်။ အာရှမှာတော့ ကူးစက်ခံရသူ သန်း၂၀၀ ကျော်၊ သေဆုံးသူ ၁.၅ သန်းကျော်ရှိပါတယ်။ လက်ရှိ ဒီဇင်ဘာ ၂၃ ရက်မှာ ထပ်မံကူး စက်ခံရသူ သုံးသိန်းနီးပါး၊ သေဆုံးသူ ၅၀၆ ဦး တွေ့ရှိနေပါတယ်။ ဂျပန်မှာ တစ်သိန်းခုနှစ်သောင်းကျော်တွေ့ရှိပြီး ၃၁၅ ဦးသေဆုံးကာ တောင်ကိုရီးယားနဲ့ထိုင်ဝမ်မှာ ခုနှစ် သောင်း နီးပါးနဲ့ နှစ်သောင်းနီးပါးထပ်တွေ့ပါတယ်။ အဲဒီနှစ်နိုင်ငံမှာ သေဆုံးသူအရေအတွက်က ၆၃ ဦးနဲ့ ၄၀ ဦး ရှိခဲ့ပါတယ်။ တရုတ်မှာတော့ ဒီဇင်ဘာ ၂၃ ရက်မှာ ကူးစက်သူ သုံးထောင်ခုနှစ်ရာကျော်ခဲ့ပေမယ့် သေဆုံးသူမရှိခဲ့ပါဘူး။

ကိုဗစ်ဗိုင်းရပ်စ်မူလဖြစ်တဲ့ SARS-CoV-2 ကနေ  ဆင့်ကဲပြောင်းလဲလာရာမှာ Delta မှာ ထိခိုက်မှုပြင်းထန် ဆုံးမျိုးကွဲဖြစ်ခဲ့ကာ ထိုမှ အိုမီခရွန်၊ ယခုအာရှနှင့် ကမ္ဘာ့တစ်ဝန်း ပြန်လည်ကူးစက်မှုမြင့်တက်နေသည့် အိုမီခရွန် မျိုးကွဲအထိ အဆင့်ဆင့် ပြောင်းလဲကာ လူသားများ၏ခံနိုင်ရည် အတိုးအဆုတ်အတိုင်း ယခုတိုင် ကပ်ဘေးက သက်တမ်းရှည်နေဆဲ ဖြစ်ပါတယ်။

ပြင်းထန်သည့် ကပ်ဘေးကို ရင်ဆိုင်ရာတွင် အနောက်ကမ္ဘာနှင့် အရှေ့တိုင်းနိုင်ငံများကြား အစောပိုင်းက ကိုင်တွယ်ရာတွင် လောခ့်ဒေါင်းချခြင်း၊တင်းတင်းကျပ် ကိုင်တွယ်ခြင်းနှင့် ကွာရင်တိုင်းအဖြစ် သီးခြားခွဲခြားထား ခြင်းအထိ တူသော်လည်းနောက်ပိုင်းတွင် ကူးစက်မှုခြေရာခံခြင်းမှာ ကွဲပြားခဲ့ပါတယ်။ အရှေ့တိုင်းနိုင်ငံများဖြစ် သည့် တရုတ်ဘက်က ဗိုင်းရပ်စ်နှင့် ထိတွေ့ခဲ့သူများကို သီးခြားခွဲထားခဲ့ခြင်းကြောင့် ရောဂါကူးစက်ပြန့်နှံမှု စက် ဝန်းကို ဆွဲဖြတ်နိုင်ခဲ့သော်လည်း အနောက်နိုင်ငံများတွင်မှု တစ်ကိုယ်ရည်လွတ်လပ်ခွင့်နှင့် သီးခြားခွဲထားရန် ထိန်းချုပ်လို့ သည်ကိုဖော်ဆောင်ရန် မဖြစ်သည့် စနစ်ကြောင့် နောက်ပိုင်းတွင် အရှေ့တိုင်းထက်အနောက်တိုင်းက သေဆုံးမှုနှင့် ကူးစက်မှုမှာထိန်းမရနိုင်အောင် ဖြစ်ခဲ့ရပါတယ်။

ကိုဗစ်ကပ်ဘေး ကမ္ဘာကြီးကြုံနေရသည့် ၃ နှစ်အတွင်း လျော့ရဲသော အမေရိကန်နှင့် ဥရောပ၏ ရောဂါ ကိုင်တွယ်ပုံကြောင့် မကြာခဏဆိုသလို အစုလိုက်အပြုံလိုက်ကူးစက်သည့်ဖြစ်ရပ်များကြုံတွေ့ခဲ့ရသလို  လော့ခ် ဒေါင်း ချခြင်းကို လက်မခံမှုများကြောင့်  ဆန္ဒပြမှုများ၊အဓိကရုဏ်များ ဖြစ်ခဲ့ပါတယ်။ ထိုသို့ ဖြစ်ရပ်များ ကြောင့် ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်ရန် ကာလအတန်ကြာ ခက်ခဲခဲ့ပြီး နောက်ဆုံး ဗိုင်းရပ်စ်ထိတွေ့ကာ မူလကိုယ်ခံ အားပေါ်လာခြင်းကြောင့်သာ ကိုဗစ်ကူးစက်မှုမှ သေဆုံးသည့်နူန်းက ကျဆင်းသလို ဖြစ်ခဲ့ရပါတယ်။

ကမ္ဘာ့တစ်ဝန်း ကိုဗစ်ကို ရင်ဆိုင်ရာတွင် ကြိုတင်ကာကွယ်ခြင်းက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ ကာကွယ်ဆေးမပေါ်ခင်က ကူးစက်ခံရသည့်သူများကိုခွဲထုတ်ကာ ရနိုင်သည့်ဆေးဝါးဖြင့် လက်ဦးမှုရယူကာ ကုသခဲ့ရပါတယ်။ ဗိုင်းရပ်စ်၏ဇာစ်မြစ်နှင့် သဘောသဘာ၀ကို သိပြီး ကာကွယ်ဆေးဖော်စပ်နိုင်လာသည့်အခါ ကာကွယ်ဆေးထိုးနှံရေးက အရေးကြီးသည့်လုပ်ငန်းစဉ် ဖြစ်လာခဲ့ပါတယ်။ လက်ရှိတွင် ပြန်လည်ခေါင်းထောင် လာသည့် အိုမီခရွန်မျိုးကွဲ၏ ကူးစက်မှုကို ခံနေရသည့် နိုင်ငံများကို ကြည့်ပါက ကာကွယ်ဆေးလွှမ်းခြုံနိုင်မှု ပေးမူတည်ကာ သေဆုံးမှုတွင် ကွာခြားသွားသည်ကိုတွေ့ရမှာဖြစ်ပါတယ်။

ကမ္ဘာတွင် ကာကွယ်ဆေးထိုးနှံထားသည့် လူဦးရေက  ကမ္ဘာလူဦးရေရဲ့ ၆၈.၇ ရာခိုင်နူန်း သာရှိသေးပြီး နေစဉ် လူဦးရေ ၂.၉၈သန်းကို  ကာကွယ်ဆေးထိုးနေကြောင်းဆိုပါတယ်။ လက်ရှိမှာ ကာကွယ်ဆေး ၁၃ ဘီလီယံ ကျော် ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ပေမယ့် အများစုဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးတဲ့ နိုင်ငံတွေကို ဖြန်ဖြူးပြီး ကာကွယ် ဆေးရဲ့  ၂၅ ရာခိုင်နူန်းကျော်သာ ရောက်ရှိခဲ့ပါတယ်။

ကမ္ဘာလူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကတော့ ကိုဗစ်ဗိုင်းရပ်စ်ကိုင်တွယ်ရာမှာ မကြာသေးမီက မူဝါဒအပြောင်းအလဲလုပ်ခဲ့ပါတယ်။ ၃ နှစ်နီးပါးတင်းကျပ်တဲ့ ကိုဗစ်ဇီးရိုးမူဝါဒကနေ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ကိုဗစ်နှင့် အတူယှဉ်တွဲခြင်း မူဝါဒကိုပြောင်းလဲခဲ့ရာမှာ ကာကွယ်ဆေးလွှမ်းခြုံမှုပမာဏမြင့်မားခြင်း ကြောင့်က လည်း အကြောင်းချက်တစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်။

လက်ရှိတွင် တရုတ်နိုင်ငံလူဦးရေ၏ ၉၀ ရာခိုင်နူန်းကျော်မှာ ကာကွယ်ဆေးအပြည့်အ၀ထိုးထားပြီး ဒီ ထဲ မှာ  အသက် ၆၀ အထက်ရဲ့ ၈၆.၄၂ ရာခိုင်နူန်းက ရော ဂါပိုးခံနိုင်ရည်ရှိနေပြီဖြစ်ပါတယ်။ မကြာမီက ကိုဗစ်သုည ကနေ ကို ဗစ်နဲ့ အတူယှဉ်တွဲနေထိုင်တဲ့ ပေါ်လစီကိုပြောင်းဖို့ အချက် ၁၀ ချက်သတ်မှတ်ခဲ့ရာမှာလည်း သက်ကြီး ရွယ် အိုတွေနဲ့ ကလေးငယ်တွေကို ဗိုင်းရပ်စ်ခံနိုင်ရည်မြင့်မားနေစေဖို့ ကာကွယ်ဆေးထိုးတာကို မြှင့်တင်ဖို့ဆိုတာ ပါဝင်ခဲ့ပါတယ်။

လက်ရှိမှာ အိုမီခရွန်ကြောင့် သေဆုံးတဲ့အထိ ကူးစက်မှုမြင့်မားနေတဲ့ နိုင်ငံတွေကိုကြည့်ရင် ကာကွယ် ဆေးလွှမ်းခြုံမှုက လူဦးရေအချိုးအစားနဲ့စာရင် နည်းပါးမှုနဲ့ ထပ်တိုး ကာကွယ်ဆေး မထိုးမှုတွေကိုတွေ့ရပါ တယ်။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်တဲ့ နည်းကိုသုံးနေတဲ့ တရုတ်ရဲ့ ကိုဗစ်ပေါ်လစီက ဒီတစ်ခါ မူဝါဒ အပြောင်းအလဲမှာ အပေါင်းလက္ခဏာဆောင်နိုင်ဖို့ အားလုံးကမျှော်လင့်ထားကြပါတယ်။

 

လင်းသစ်အောင်