ကက်ရှ်မီးယား တင်းမာမှုဖြေလျှော့ရေး လက်တွဲဆောင်ရွက်ဖို့ အိန္ဒိယနဲ့ ပါကစ္စတန်ကို အမေရိကန်သမ္မတ တိုက်တွန်း

ကက်ရှ်မီးယား တင်းမာမှုဖြေလျှော့ရေး လက်တွဲဆောင်ရွက်ဖို့ အိန္ဒိယနဲ့ ပါကစ္စတန်ကို အမေရိကန်သမ္မတ တိုက်တွန်း

ကက်ရှ်မီးယားအရေးကြောင့် အိန္ဒိယနဲ့ ပါကစ္စတန် တင်းမာမှုတွေ မြင့်တက်နေပေမဲ့ တင်းမာမှုလျှော့ချနိုင်ဖို့အတွက် လက်တွဲဆောင်ရွက်ဖို့နဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှုဟာ နည်းလမ်းကောင်းဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် က တိုက်တွန်းပါတယ်။

သြဂုတ်လ ၁၉ ရက် (မနေ့) က တွစ်တာလူမှုကွန်ရက်ကနေ သမ္မတ ထရမ့် က အခုလိုတိုက်တွန်းတာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရက သူ့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဂျမူးနဲ့ ကက်ရ်ှမီးယားပြည်နယ် ဒေသတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြုထားခဲ့တဲ့ ဥပဒေအပိုဒ်ခွဲ ၃၇၀ ကို ပြီးခဲ့တဲ့နှစ်ပတ်က  ပြန်ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။အကြောင်းရင်းတစ်စုံတစ်ရာ မသိရဘဲ ဒီလိုရုပ်သိမ်းလိုက်တာကြောင့် ပါကစ္စတန်ကို အမျက်ဒေါသထွက်စေပြီး၊ အိန္ဒိယအစိုးရဟာ နာဇီဖက်ဆစ်နဲ့ လူမျိုးရေးခွဲခြားတဲ့ဝါဒ လက်ကိုင်ထားတဲ့ အစိုးရလို့လည်း ပါကစ္စတန်ဘက်က စွပ်စွဲပြောဆိုထားပါတယ်။

ကက်ရှ်မီးယားအရေးကို အပြည်ပြည်ဆိုင်ရာအရေးအဖြစ် ပါကစ္စတန်ဝန်ကြီးချုပ်က သတ်မှတ်ပြီး၊ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ အဆိုပြုတင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။

ဥပဒေအပိုဒ်ခွဲ ၃၇၀ ပြန်ရုပ်သိမ်းပြီးနောက်ပိုင်း ပထမဆုံးအနေနဲ့ သြဂုတ်လ ၁၉ ရက်မှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီ က သမ္မတ ဒေါ်နယ်လ်ထရမ့် ဆီ ဖုန်းဆက်သွယ်ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် မိုဒီ က ‘ဒေသတွင်း တချို့ခေါင်းဆောင်တွေနှုတ်က ထွက်လာတဲ့ ပြင်းပြင်းထန်ထန် ပြောဆိုမှုတွေ၊ အိန္ဒိယဆန့်ကျင်ရေး အကြမ်းဖက်အားပေးတဲ့ လှုံ့ဆော်မှုတွေက ဒေသငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အထောက်အကူမဖြစ်ဘူး’ လို့ ဆိုပြီး Pulwama တိုက်ခိုက်မှုမျိုး ထပ်ဖြစ်လာနိုင်တယ်လို့ ပါကစ္စတန်ဘက်က ခြိမ်းခြောက်ပြောဆိုတဲ့အပေါ်မှာ အခုလိုပဲ တုံ့ပြန်ခဲ့ပါတယ်။  

သမ္မတ ထရမ့် နဲ့ ဝန်ကြီးချုပ် မိုဒီ တို့ ဖုန်းဆက်သွယ်ပြောဆိုစဉ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေး စတဲ့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် သမ္မတထရမ့်က ပါကစ္စတန်နဲ့ တင်းမာမှုလျှော့ချရေး အရေးပါပုံကိုလည်း ထောက်ပြပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

ရည်မွန်
Ref : newsbytesapp
ဝါရှင်တန်၊ သြဂုတ် - ၂၀

( Zawgyi )

ကက္ရွ္မီးယားအေရးေၾကာင့္ အိႏၵိယနဲ႔ ပါကစၥတန္ တင္းမာမႈေတြ ျမင့္တက္ေနေပမဲ့ တင္းမာမႈေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ လက္တြဲေဆာင္႐ြက္ဖို႔နဲ႔ ႏွစ္ႏိုင္ငံေခါင္းေဆာင္ေတြ ေတြ႕ဆုံေဆြးေႏြးမႈဟာ နည္းလမ္းေကာင္းျဖစ္တယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္လ္ထရမ့္ က တိုက္တြန္းပါတယ္။

ၾသဂုတ္လ ၁၉ ရက္ (မေန႔) က တြစ္တာလူမႈကြန္ရက္ကေန သမၼတ ထရမ့္ က အခုလိုတိုက္တြန္းတာ ျဖစ္ပါတယ္။

အိႏၵိယအစိုးရက သူ႔ရဲ႕အုပ္ခ်ဳပ္မႈေအာက္မွာရွိတဲ့ ဂ်မူးနဲ႔ ကက္ရ္ွမီးယားျပည္နယ္ ေဒသေတြကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ျပဳထားခဲ့တဲ့ ဥပေဒအပိုဒ္ခြဲ ၃၇၀ ကို ၿပီးခဲ့တဲ့ႏွစ္ပတ္က  ျပန္႐ုပ္သိမ္းခဲ့တာ ျဖစ္ပါတယ္။အေၾကာင္းရင္းတစ္စုံတစ္ရာ မသိရဘဲ ဒီလို႐ုပ္သိမ္းလိုက္တာေၾကာင့္ ပါကစၥတန္ကို အမ်က္ေဒါသထြက္ေစၿပီး၊ အိႏၵိယအစိုးရဟာ နာဇီဖက္ဆစ္နဲ႔ လူမ်ိဳးေရးခြဲျခားတဲ့ဝါဒ လက္ကိုင္ထားတဲ့ အစိုးရလို႔လည္း ပါကစၥတန္ဘက္က စြပ္စြဲေျပာဆိုထားပါတယ္။

ကက္ရွ္မီးယားအေရးကို အျပည္ျပည္ဆိုင္ရာအေရးအျဖစ္ ပါကစၥတန္ဝန္ႀကီးခ်ဳပ္က သတ္မွတ္ၿပီး၊ လုံၿခဳံေရးေကာင္စီမွာ ေဆြးေႏြးဖို႔ အဆိုျပဳတင္သြင္းခဲ့ၿပီး ျဖစ္ပါတယ္။

ဥပေဒအပိုဒ္ခြဲ ၃၇၀ ျပန္႐ုပ္သိမ္းၿပီးေနာက္ပိုင္း ပထမဆုံးအေနနဲ႔ ၾသဂုတ္လ ၁၉ ရက္မွာ အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီ က သမၼတ ေဒၚနယ္လ္ထရမ့္ ဆီ ဖုန္းဆက္သြယ္ေျပာၾကားခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ မိုဒီ က ‘ေဒသတြင္း တခ်ိဳ႕ေခါင္းေဆာင္ေတြႏႈတ္က ထြက္လာတဲ့ ျပင္းျပင္းထန္ထန္ ေျပာဆိုမႈေတြ၊ အိႏၵိယဆန႔္က်င္ေရး အၾကမ္းဖက္အားေပးတဲ့ လႈံ႕ေဆာ္မႈေတြက ေဒသၿငိမ္းခ်မ္းေရးျဖစ္စဥ္အတြက္ အေထာက္အကူမျဖစ္ဘူး’ လို႔ ဆိုၿပီး Pulwama တိုက္ခိုက္မႈမ်ိဳး ထပ္ျဖစ္လာႏိုင္တယ္လို႔ ပါကစၥတန္ဘက္က ၿခိမ္းေျခာက္ေျပာဆိုတဲ့အေပၚမွာ အခုလိုပဲ တုံ႔ျပန္ခဲ့ပါတယ္။  

သမၼတ ထရမ့္ နဲ႔ ဝန္ႀကီးခ်ဳပ္ မိုဒီ တို႔ ဖုန္းဆက္သြယ္ေျပာဆိုစဥ္အတြင္း ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး၊ ႏွစ္ႏိုင္ငံ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္ေရး၊ ကုန္သြယ္ေရး စတဲ့ ကိစၥရပ္ေတြကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း အိမ္ျဖဴေတာ္က ထုတ္ျပန္ပါတယ္။

ဒါ့အျပင္ သမၼတထရမ့္က ပါကစၥတန္နဲ႔ တင္းမာမႈေလွ်ာ့ခ်ေရး အေရးပါပုံကိုလည္း ေထာက္ျပေျပာဆိုခဲ့တယ္လို႔လည္း ဆိုပါတယ္။

ရည္မြန္
Ref : newsbytesapp
ဝါရွင္တန္၊ ၾသဂုတ္ - ၂၀