ကုန်သွယ်ရေးပဋိပက္ခကြောင့် တောင်ကိုရီးယားပြည်သူများ ဂျပန်ကားများအား သပိတ်မှောက်

ကုန်သွယ်ရေးပဋိပက္ခကြောင့် တောင်ကိုရီးယားပြည်သူများ ဂျပန်ကားများအား သပိတ်မှောက်

တောင်ကိုရီးယားမှာ ဂျပန်ကုန်ပစ္စည်းတွေအပါအဝင် မသုံးစွဲဖို့ လှုံဆော်နေရာမှာ ယခုတခါ ဂျပန်ကား တွေပါ သပိတ်မှောက်ခံနေရပါတယ်။ နိုင်ငံရေးနဲ့ ကုန်သွယ်ရေးတင်းမာမှုတွေရှိနေချိန် ဂျပန်ပစ္စည်းတွေ မဝယ် တော့တာ၊ ဂျပန်ကားဆို ဓာတ်ဆီဆိုင်တွေနဲ့ ကားဝပ်ရှော့တွေမှာ ဝန်ဆောင်မှုမပေးတော့တဲ့အထိ ပြုလုပ်လာ တာပါ။

ဒါ့အပြင် ဂျပန်ခရီးစဉ်တွေ၊ ဂျပန်ဘီယာနဲ့ အန်နီမေးရှင်းရုပ်ရှင်တွေပါ သပိတ်မှောက်တဲ့အထဲ ပါလာခဲ့ ပါတယ်။ ဆိုးလ်မြို့က ဂျပန်သံရုံးရှေ့ မှာလည်း ဆန္ဒပြတာတွေရှိတယ်လို့ ဆိုပါတယ်။ ဒီလိုသပိတ်မှောက် ရာကနေ တောင်ကိုရီးယားပြည်သူအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သဘောထား တွေကွဲလွဲလာမှာ ကိုလည်း တချို့က စိုးရိမ်နေကြပါတယ်။

တောင်ကိုရီးယားက ဂျပန်ပစ္စည်းတွေ သပိတ်မှောက်ရခြင်းအကြောင်းရင်းကတော့ ဇူလိုင် ၁ ရက်မှာ ဂျပန်က တောင်ကိုရီးယား ရဲ့အဓိက စက်မှုလုပ်ငန်းဖြစ်တဲ့ Semi-Conductor (ကွန်ပျူတာသုံးတစ်ဝက် လျှပ် ကူးပစ္စည်း) သွင်းကုန်တွေကို တားမြစ်လိုက်တာကြောင့် ဖြစ်ပါတယ်။ အဲဒီကတည်းက အိမ်နီးချင်းနှစ်နိုင်ငံ အပြန်အလှန်စွပ်စွဲလာခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားက ဓာတ်ဆီဆိုင်ပိုင်ရှင်တစ်ဦးကလည်း ‘ဂျပန်ကားမြင်တိုင်း ဂျပန်အလံကို ပြေးမြင်မိ တယ်’ဆိုပြီး သူရဲ့အမြင်ကို ပြောပါတယ်။ နောက်တစ်ဦးကတော့ ဂျပန်ကားတွေသပိတ်မှောက်တဲ့ လှုပ်ရှားမှု ကြောင့် ဂျပန်ကားစိတ်ဝင်စားတဲ့သူတွေ ထိတ်လန့်စေနိုင်တယ်’ဆိုပြီး ပြောပါတယ်။

အခုလိုတင်းမာမှုမြင့်တက်နေချိန် ဂျပန်နိုင်ငံခရီးစဉ်ကြိုတင်လက်မှတ်မှာယူမှု ၇၀ ရာခိုင်နှုန်း ပျက်သွား ခဲ့သလို၊ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဂျပန်ဘီယာရောင်းအား ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါတယ်။

ရည်မွန်သော်
Ref: theguardian.com
ဆိုးလ်၊ဇူလိုင် ၂၄

(  Zawgyi  )

 ေတာင္ကိုရီးယားမွာ ဂ်ပန္ကုန္ပစၥည္းေတြအပါအဝင္ မသုံးစြဲဖို႔ လႈံေဆာ္ေနရာမွာ ယခုတခါ ဂ်ပန္ကား ေတြပါ သပိတ္ေမွာက္ခံေနရပါတယ္။ ႏိုင္ငံေရးနဲ႔ ကုန္သြယ္ေရးတင္းမာမႈေတြရွိေနခ်ိန္ ဂ်ပန္ပစၥည္းေတြ မဝယ္ ေတာ့တာ၊ ဂ်ပန္ကားဆို ဓာတ္ဆီဆိုင္ေတြနဲ႔ ကားဝပ္ေရွာ့ေတြမွာ ဝန္ေဆာင္မႈမေပးေတာ့တဲ့အထိ ျပဳလုပ္လာ တာပါ။

ဒါ့အျပင္ ဂ်ပန္ခရီးစဥ္ေတြ၊ ဂ်ပန္ဘီယာနဲ႔ အန္နီေမးရွင္း႐ုပ္ရွင္ေတြပါ သပိတ္ေမွာက္တဲ့အထဲ ပါလာခဲ့ ပါတယ္။ ဆိုးလ္ၿမိဳ႕က ဂ်ပန္သံ႐ုံးေရွ႕ မွာလည္း ဆႏၵျပတာေတြရွိတယ္လို႔ ဆိုပါတယ္။ ဒီလိုသပိတ္ေမွာက္ ရာကေန ေတာင္ကိုရီးယားျပည္သူအခ်င္းခ်င္း တစ္ေယာက္နဲ႔တစ္ေယာက္ သေဘာထား ေတြကြဲလြဲလာမွာ ကိုလည္း တခ်ိဳ႕က စိုးရိမ္ေနၾကပါတယ္။

ေတာင္ကိုရီးယားက ဂ်ပန္ပစၥည္းေတြ သပိတ္ေမွာက္ရျခင္းအေၾကာင္းရင္းကေတာ့ ဇူလိုင္ ၁ ရက္မွာ ဂ်ပန္က ေတာင္ကိုရီးယား ရဲ႕အဓိက စက္မႈလုပ္ငန္းျဖစ္တဲ့ Semi-Conductor (ကြန္ပ်ဴတာသုံးတစ္ဝက္ လွ်ပ္ ကူးပစၥည္း) သြင္းကုန္ေတြကို တားျမစ္လိုက္တာေၾကာင့္ ျဖစ္ပါတယ္။ အဲဒီကတည္းက အိမ္နီးခ်င္းႏွစ္ႏိုင္ငံ အျပန္အလွန္စြပ္စြဲလာခဲ့တာ ျဖစ္ပါတယ္။

ေတာင္ကိုရီးယားက ဓာတ္ဆီဆိုင္ပိုင္ရွင္တစ္ဦးကလည္း ‘ဂ်ပန္ကားျမင္တိုင္း ဂ်ပန္အလံကို ေျပးျမင္မိ တယ္’ဆိုၿပီး သူရဲ႕အျမင္ကို ေျပာပါတယ္။ ေနာက္တစ္ဦးကေတာ့ ဂ်ပန္ကားေတြသပိတ္ေမွာက္တဲ့ လႈပ္ရွားမႈ ေၾကာင့္ ဂ်ပန္ကားစိတ္ဝင္စားတဲ့သူေတြ ထိတ္လန႔္ေစႏိုင္တယ္’ဆိုၿပီး ေျပာပါတယ္။

အခုလိုတင္းမာမႈျမင့္တက္ေနခ်ိန္ ဂ်ပန္ႏိုင္ငံခရီးစဥ္ႀကိဳတင္လက္မွတ္မွာယူမႈ ၇၀ ရာခိုင္ႏႈန္း ပ်က္သြား ခဲ့သလို၊ ၿပီးခဲ့တဲ့တစ္ပတ္အတြင္း ဂ်ပန္ဘီယာေရာင္းအား ၄၀ ရာခိုင္ႏႈန္း က်ဆင္းခဲ့ေၾကာင္း သိရပါတယ္။

ရည္မြန္ေသာ္
Ref: theguardian.com
ဆိုးလ္၊ဇူလိုင္ ၂၄