တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးများယခုလအတွင်းတွေ့ဆုံဖွယ်ရှိ

  တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးများယခုလအတွင်းတွေ့ဆုံဖွယ်ရှိ

တောင်ကိုရီယားနှင့် ဂျပန်တို့အကြားသံတမန်နှင့် ကုန်သွယ်ရေးနယ်ပယ်များတွင် တင်းမာမှုများ မြင့်တက်နေသော်လည်း ၎င်းတို့နှစ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၏ သုံးပွင့်ဆိုင် တွေ့ဆုံပွဲကိုယခုလကုန်ပိုင်းတွင် ပြုလုပ်သွားဖွယ်ရှိကြောင်း ယွန်ဟပ် သတင်းအေဂျင်စီ ကဖော်ပြလိုက်ပါတယ်။

အစည်းအဝေးကို တရုတ်နိုင်ငံတွင် ကျင်းပမည်ဆိုပါက တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် ဂျပန် နိုင်ငံခြားရေးဝန်ကြီးတို့ သီးခြားတွေ့ဆုံဆွေးနွေး မည့် အလားအလာများကြောင်း၊ ဆွေးနွေးပွဲသည် နှစ်နိုင်ငံသို့မဟုတ် သုံးပွင့်ဆိုင်ဆိုသည်ကို မဆုံးဖြတ်ရသေးကြောင်း သတင်း ရင်းမြစ်ဖြစ်သူတောင်ကိုရီးယားအရာရှိကပြောကြားပါတယ်။

“ဆွေးနွေးပွဲလုပ်ဖို့ စီစဉ်နေတာမှန်ပါတယ်။ ဘယ်တော့ဖြစ်မယ်ဆိုတာတော့ မကြာခင် ထုတ်ပြန်နိုင်ပါ လိမ့်မယ်” လို့ အမည်မဖော်လိုသူ သတင်း ရင်းမြစ်ကယွန်ဟပ်သတင်းဌာနကိုပြောပါတယ်။ သုံးနိုင်ငံခေါင်းဆောင်များရဲ့ နှစ်ပတ်လည် ထိပ်သီးဆွေးနွေးပွဲအတွက်လည်းသက်ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများက ပြင်ဆင်လျှက်ရှိပါတယ်။ အဆိုပါ နောက်ဆုံးထိပ်သီးဆွေးနွေးပွဲ ကိုတိုကျိုမြို့မှာယမန်နှစ် မေလအတွင်းက ကျင်းပခဲ့ ပါတယ်။ယင်းဆွေးနွေးပွဲ ဖြစ်လာပါကတောင်ကိုရီးယားနှင့် ဂျပန်တို့အကြားတင်းမာမှု လျော့ကျရန် ဆွေးနွေးညှိနှိုင်း နိုင်မည့် အလားအလာ ရှိကြောင်းအဆိုပါ အရာရှိကပြောပါတယ်။

ယခင် သုံးနိုင်ငံဆွေးနွေးပွဲများ၏ သီးခြားအစီအစဉ်အဖြစ် နှစ်နိုင်ငံတွေ့ဆုံမှုများလုပ်ဆောင်ခဲ့ဖူးကြောင်းလည်း ၎င်းက ပြောပါတယ်။တောင်ကိုရီးယား၏ တစ်ပိုင်းလျှပ်ကူးထုတ်လုပ်ရေးအတွက် လိုအပ်သည့် ပစ္စည်းသုံးမျိုးအားတင့်ပို့မှုများအပေါ် ဂျပန်ကတင်းကြပ်သည့် ထိန်းချုပ်မှုများ ပြီးခဲ့သည့် လအတွင်းကချမှတ်ခဲ့သလိုအထူးကုန်သွယ်ဖက် နိုင်ငံစာရင်းမှ ပယ်ဖျက်ပြီးနောက် နှစ်နိုင်ငံတင်းမာမှုများ မြင့်တက်လာပါတယ်။

တောင်ကိုရီးယားကလည်းဂျပန်နိုင်ငံအားအထူးကုန်သွယ်ဖက် နိုင်ငံများစာရင်းမှ ပယ်ဖျက်ကြောင်း သြဂုတ် ၁၂ ရက်မှာ ပြန်လည် ကြေညာထား ပါတယ်။

Linko
Ref: bernama
ဆိုးလ်၊ သြဂုတ် ၁၃

(  Zawgyi  )

 ေတာင္ကိုရီယားႏွင့္ ဂ်ပန္တို႔အၾကားသံတမန္ႏွင့္ ကုန္သြယ္ေရးနယ္ပယ္မ်ားတြင္ တင္းမာမႈမ်ား ျမင့္တက္ေနေသာ္လည္း ၎တို႔ႏွစ္ႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔မွ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား၏ သုံးပြင့္ဆိုင္ ေတြ႕ဆုံပြဲကိုယခုလကုန္ပိုင္းတြင္ ျပဳလုပ္သြားဖြယ္ရွိေၾကာင္း ယြန္ဟပ္ သတင္းေအဂ်င္စီ ကေဖာ္ျပလိုက္ပါတယ္။

အစည္းအေဝးကို တ႐ုတ္ႏိုင္ငံတြင္ က်င္းပမည္ဆိုပါက ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ဂ်ပန္ ႏိုင္ငံျခားေရးဝန္ႀကီးတို႔ သီးျခားေတြ႕ဆုံေဆြးေႏြး မည့္ အလားအလာမ်ားေၾကာင္း၊ ေဆြးေႏြးပြဲသည္ ႏွစ္ႏိုင္ငံသို႔မဟုတ္ သုံးပြင့္ဆိုင္ဆိုသည္ကို မဆုံးျဖတ္ရေသးေၾကာင္း သတင္း ရင္းျမစ္ျဖစ္သူေတာင္ကိုရီးယားအရာရွိကေျပာၾကားပါတယ္။

“ေဆြးေႏြးပြဲလုပ္ဖို႔ စီစဥ္ေနတာမွန္ပါတယ္။ ဘယ္ေတာ့ျဖစ္မယ္ဆိုတာေတာ့ မၾကာခင္ ထုတ္ျပန္ႏိုင္ပါ လိမ့္မယ္” လို႔ အမည္မေဖာ္လိုသူ သတင္း ရင္းျမစ္ကယြန္ဟပ္သတင္းဌာနကိုေျပာပါတယ္။ သုံးႏိုင္ငံေခါင္းေဆာင္မ်ားရဲ႕ ႏွစ္ပတ္လည္ ထိပ္သီးေဆြးေႏြးပြဲအတြက္လည္းသက္ဆိုင္ရာ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ားက ျပင္ဆင္လွ်က္ရွိပါတယ္။ အဆိုပါ ေနာက္ဆုံးထိပ္သီးေဆြးေႏြးပြဲ ကိုတိုက်ိဳၿမိဳ႕မွာယမန္ႏွစ္ ေမလအတြင္းက က်င္းပခဲ့ ပါတယ္။ယင္းေဆြးေႏြးပြဲ ျဖစ္လာပါကေတာင္ကိုရီးယားႏွင့္ ဂ်ပန္တို႔အၾကားတင္းမာမႈ ေလ်ာ့က်ရန္ ေဆြးေႏြးညႇိႏႈိင္း ႏိုင္မည့္ အလားအလာ ရွိေၾကာင္းအဆိုပါ အရာရွိကေျပာပါတယ္။

ယခင္ သုံးႏိုင္ငံေဆြးေႏြးပြဲမ်ား၏ သီးျခားအစီအစဥ္အျဖစ္ ႏွစ္ႏိုင္ငံေတြ႕ဆုံမႈမ်ားလုပ္ေဆာင္ခဲ့ဖူးေၾကာင္းလည္း ၎က ေျပာပါတယ္။ေတာင္ကိုရီးယား၏ တစ္ပိုင္းလွ်ပ္ကူးထုတ္လုပ္ေရးအတြက္ လိုအပ္သည့္ ပစၥည္းသုံးမ်ိဳးအားတင့္ပို႔မႈမ်ားအေပၚ ဂ်ပန္ကတင္းၾကပ္သည့္ ထိန္းခ်ဳပ္မႈမ်ား ၿပီးခဲ့သည့္ လအတြင္းကခ်မွတ္ခဲ့သလိုအထူးကုန္သြယ္ဖက္ ႏိုင္ငံစာရင္းမွ ပယ္ဖ်က္ၿပီးေနာက္ ႏွစ္ႏိုင္ငံတင္းမာမႈမ်ား ျမင့္တက္လာပါတယ္။

ေတာင္ကိုရီးယားကလည္းဂ်ပန္ႏိုင္ငံအားအထူးကုန္သြယ္ဖက္ ႏိုင္ငံမ်ားစာရင္းမွ ပယ္ဖ်က္ေၾကာင္း ၾသဂုတ္ ၁၂ ရက္မွာ ျပန္လည္ ေၾကညာထား ပါတယ္။

Linko
Ref: bernama
ဆိုးလ္၊ ၾသဂုတ္ ၁၃