ဗြိတိန်တပ်ဖွဲ့များက အာဖဂန်နှင့် အီရတ်တို့တွင် အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ဟု သတင်းထွက်ပေါ်

ဗြိတိန်တပ်ဖွဲ့များက အာဖဂန်နှင့် အီရတ်တို့တွင် အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ဟု သတင်းထွက်ပေါ်

ဗြိတိန်အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့များက ၎င်းတို့၏ စစ်သားများ အာဖဂန်နစ္စတန်နှင့် အီရတ်တွင် ကလေးငယ်များ အပါအဝင် အရပ်သား များအား စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့ခြင်းကို ဖုန်းကွယ်ပေးထားခဲ့သည် ဟု ဘီဘီစီနှင့် ဆန်းဒေးတိုင်းမ်သတင်းဌာနတို့က နိုဝင်ဘာ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် စုံစမ်း စစ်ဆေးမှုဆိုင်ရာ တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

ယင်းကျူးလွန်မှုများတွင် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထားစဉ် သေဆုံးမှုများ၊ ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။အာဖဂန်နှင့် အီရတ်သို့ ဗြိတိန်စစ်သားများ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်က  လုပ်ရပ်များအပေါ် အစိုးရအမိန့်ဖြင့် စုံစမ်း စစ်ဆေးမှု နှစ်ခုဖြစ်သော Iraq Historic Allegations Team (IHAT) နှင့် Operation Northmoor တို့တွင် မှတ်တမ်းတင်ထားရာ၌ အာဖဂန်သို့ ဝင်ရောက်စဉ် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများကို ဖော်ပြထားပါတယ်။

အစိုးရက လျှိူ့ဝှက်ထားသည့် အစီရင်ခံစာ ထွက်ပေါ်လာရာတွင် SAS အထူးတပ်ဖွဲ့၏ သတ်ဖြတ်မှုများ၊ Black Watch ခြေလျင်တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသူများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ဖော်ပြထားပါတယ်။ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများကို ဖော်ထုတ်သည့် စစ်ဘက်ထောက်လှမ်းရေး အဖွဲ့များက အကြီး တန်းတပ်မှူးများ အနေဖြင့် ယင်းဖြစ်စဉ်များကို နိုင်ငံရေး အကြောင်းပြချက်ဖြင့် ဖုံးအုပ်ထား ခဲ့ကြောင်း ပြောကြားပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက တုန့်ပြန်ရာ၌ ယခုစွပ်စွဲမှုများ မမှန်ကန်ကြောင်းနှင့် အစိုးရရှေ့နေများနှင့် စုံစမ်းစစ်ဆေးသူများ၏ ဆုံးဖြတ်ချက်များသည် လွပ်လပ်၍ ပြင်ပမှ ပါဝင်စစ်ဆေးမှုနှင့် ဥပဒေအကြံဉာဏ် ရယူမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြပါတယ်။ စွပ်စွဲမှုပေါင်း ၁၀၀၀ ကျော်ကို ကိုင်တွယ်ရသည့် ရှေ့နေတစ်ဦးဖြစ်သူ ဖေးလ်ရှင်နာက အီရတ်တွင် အမှုသည်များ ရှာဖွေရာ၌ မရိုးသားမှုများ ရှိခဲ့ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာပြီးနောက် ၎င်းလိုက်နေသည့် IHAT နှင့် Operation Northmoor စုံစမ်းစစ်ဆေးမှုများကို ၂၀၁၇ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ပါတယ်။

သို့သော် အဆင့်မြင့်တာဝန်ရှိသူများ၏ မှားယွင်းသည့် လုပ်ရပ်များ ပေါ်ပေါက်လာသည့်အခါ ရှင်နာ၏ စုံစမ်း စစ်ဆေးမှုများကို ရပ်ဆိုင်းစေ ခဲ့ကြောင်း IHAT နှင့် Operation Northmoor ထောက်လှမ်းရေး အရာရှိဟောင်းများက ပြောကြားပါတယ်။IHAT နှင့် Operation Northmoor အဖွဲ့များက စုံစမ်းတွေ့ရှိချက်များနှင့် ပတ်သက်၍လည်း မည်သူ့ကိုမျှ တရားစွဲဆိုခြင်း မပြုလုပ်ခဲ့ပေ။ “ကာကွယ်ရေး ဝန်ကြီးဌာနအနေနဲ့ ဘယ်အဆင့်က စစ်သားကိုမှ တရားစွဲဆိုခြင်းမရှိခဲ့တာကြောင့် လွတ်လွတ်ကျွတ်ကျွတ်ဖြစ်သွားကြပါတယ်” ဟု စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ခဲ့သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အခြားစုံစမ်းရေးမှူးတစ်ဦးကလည်း ကျူးလွန်ခံရသူများအနေဖြင့် များစွာ ဆုံးရှုံးနစ်နာခဲ့ရကြောင်းလည်း ပြောပါတယ်။ “ရှက်ဖို့ ကောင်းတယ် လို့ပဲ ပြောချင်ပါတယ်။ ခံရတဲ့ မိသားစုတွေက တရားမျှတမှုမရခဲ့ပါဘူး။ ကိုယ့်ကိုယ်ကို ဗြိတိန်နိုင်ငံသားလို့ ဘယ်လို ခေါင်းဖော်နိုင်မှာလဲ” ဟု ၎င်းက ပြောပါတယ်။နိုင်ငံခြားရေးဝန်ကြီးဒေါမနစ်ရက်ဘ်က အထောက်အထားရှိခဲ့သည့် စွပ်စွဲချက်အားလုံးကို စစ်ဆေးပြီး ဖြစ်ကြောင်း နှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမည်၊ မစစ်ဆေးမည်ကို ဆုံးဖြတ်ရန် မျှတစွာ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း ပြောပါတယ်။

Linko
Ref: telesurenglish.net
လန်ဒန်၊နိုဝင်ဘာ ၁၈

(  Zawgyi  )

 ၿဗိတိန္အစိုးရႏွင့္ လက္နက္ကိုင္တပ္ဖြဲ႕မ်ားက ၎တို႔၏ စစ္သားမ်ား အာဖဂန္နစၥတန္ႏွင့္ အီရတ္တြင္ ကေလးငယ္မ်ား အပါအဝင္ အရပ္သား မ်ားအား စစ္ရာဇဝတ္မႈ က်ဴးလြန္ခဲ့ျခင္းကို ဖုန္းကြယ္ေပးထားခဲ့သည္ ဟု ဘီဘီစီႏွင့္ ဆန္းေဒးတိုင္းမ္သတင္းဌာနတို႔က ႏိုဝင္ဘာ ၁၇ ရက္တြင္ ထုတ္ျပန္ခဲ့သည့္ စုံစမ္း စစ္ေဆးမႈဆိုင္ရာ ေတြ႕ရွိခ်က္မွာ ေဖာ္ျပထားပါတယ္။

ယင္းက်ဴးလြန္မႈမ်ားတြင္ သတ္ျဖတ္ျခင္း၊ ဖမ္းဆီးထားစဥ္ ေသဆုံးမႈမ်ား၊ ႐ိုက္ႏွက္ျခင္း၊ ႏွိပ္စက္ျခင္းႏွင့္ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈမ်ား ပါဝင္ေၾကာင္း ေဖာ္ျပထားပါတယ္။အာဖဂန္ႏွင့္ အီရတ္သို႔ ၿဗိတိန္စစ္သားမ်ား ဝင္ေရာက္တိုက္ခိုက္ခဲ့စဥ္က  လုပ္ရပ္မ်ားအေပၚ အစိုးရအမိန႔္ျဖင့္ စုံစမ္း စစ္ေဆးမႈ ႏွစ္ခုျဖစ္ေသာ Iraq Historic Allegations Team (IHAT) ႏွင့္ Operation Northmoor တို႔တြင္ မွတ္တမ္းတင္ထားရာ၌ အာဖဂန္သို႔ ဝင္ေရာက္စဥ္ စစ္ရာဇဝတ္မႈ က်ဴးလြန္ျခင္းမ်ားကို ေဖာ္ျပထားပါတယ္။

အစိုးရက လွ်ိဴ႕ဝွက္ထားသည့္ အစီရင္ခံစာ ထြက္ေပၚလာရာတြင္ SAS အထူးတပ္ဖြဲ႕၏ သတ္ျဖတ္မႈမ်ား၊ Black Watch ေျခလ်င္တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးထားသူမ်ားအေပၚ လိင္ပိုင္းဆိုင္ရာက်ဴးလြန္မႈမ်ားကို ေဖာ္ျပထားပါတယ္။ စစ္ရာဇဝတ္မႈက်ဴးလြန္ျခင္းမ်ားကို ေဖာ္ထုတ္သည့္ စစ္ဘက္ေထာက္လွမ္းေရး အဖြဲ႕မ်ားက အႀကီး တန္းတပ္မႉးမ်ား အေနျဖင့္ ယင္းျဖစ္စဥ္မ်ားကို ႏိုင္ငံေရး အေၾကာင္းျပခ်က္ျဖင့္ ဖုံးအုပ္ထား ခဲ့ေၾကာင္း ေျပာၾကားပါတယ္။

ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက တုန႔္ျပန္ရာ၌ ယခုစြပ္စြဲမႈမ်ား မမွန္ကန္ေၾကာင္းႏွင့္ အစိုးရေရွ႕ေနမ်ားႏွင့္ စုံစမ္းစစ္ေဆးသူမ်ား၏ ဆုံးျဖတ္ခ်က္မ်ားသည္ လြပ္လပ္၍ ျပင္ပမွ ပါဝင္စစ္ေဆးမႈႏွင့္ ဥပေဒအႀကံဉာဏ္ ရယူမႈမ်ားလည္း လုပ္ေဆာင္ခဲ့ေၾကာင္း ေဖာ္ျပပါတယ္။ စြပ္စြဲမႈေပါင္း ၁၀၀၀ ေက်ာ္ကို ကိုင္တြယ္ရသည့္ ေရွ႕ေနတစ္ဦးျဖစ္သူ ေဖးလ္ရွင္နာက အီရတ္တြင္ အမႈသည္မ်ား ရွာေဖြရာ၌ မ႐ိုးသားမႈမ်ား ရွိခဲ့ေၾကာင္း စြပ္စြဲမႈမ်ား ထြက္ေပၚလာၿပီးေနာက္ ၎လိုက္ေနသည့္ IHAT ႏွင့္ Operation Northmoor စုံစမ္းစစ္ေဆးမႈမ်ားကို ၂၀၁၇ ခုႏွစ္တြင္ ရပ္ဆိုင္းခဲ့ပါတယ္။

သို႔ေသာ္ အဆင့္ျမင့္တာဝန္ရွိသူမ်ား၏ မွားယြင္းသည့္ လုပ္ရပ္မ်ား ေပၚေပါက္လာသည့္အခါ ရွင္နာ၏ စုံစမ္း စစ္ေဆးမႈမ်ားကို ရပ္ဆိုင္းေစ ခဲ့ေၾကာင္း IHAT ႏွင့္ Operation Northmoor ေထာက္လွမ္းေရး အရာရွိေဟာင္းမ်ားက ေျပာၾကားပါတယ္။IHAT ႏွင့္ Operation Northmoor အဖြဲ႕မ်ားက စုံစမ္းေတြ႕ရွိခ်က္မ်ားႏွင့္ ပတ္သက္၍လည္း မည္သူ႔ကိုမွ် တရားစြဲဆိုျခင္း မျပဳလုပ္ခဲ့ေပ။ “ကာကြယ္ေရး ဝန္ႀကီးဌာနအေနနဲ႔ ဘယ္အဆင့္က စစ္သားကိုမွ တရားစြဲဆိုျခင္းမရွိခဲ့တာေၾကာင့္ လြတ္လြတ္ကြၽတ္ကြၽတ္ျဖစ္သြားၾကပါတယ္” ဟု စုံစမ္းစစ္ေဆးမႈတြင္ ပါဝင္ခဲ့သူတစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

အျခားစုံစမ္းေရးမႉးတစ္ဦးကလည္း က်ဴးလြန္ခံရသူမ်ားအေနျဖင့္ မ်ားစြာ ဆုံးရႈံးနစ္နာခဲ့ရေၾကာင္းလည္း ေျပာပါတယ္။ “ရွက္ဖို႔ ေကာင္းတယ္ လို႔ပဲ ေျပာခ်င္ပါတယ္။ ခံရတဲ့ မိသားစုေတြက တရားမွ်တမႈမရခဲ့ပါဘူး။ ကိုယ့္ကိုယ္ကို ၿဗိတိန္ႏိုင္ငံသားလို႔ ဘယ္လို ေခါင္းေဖာ္ႏိုင္မွာလဲ” ဟု ၎က ေျပာပါတယ္။ႏိုင္ငံျခားေရးဝန္ႀကီးေဒါမနစ္ရက္ဘ္က အေထာက္အထားရွိခဲ့သည့္ စြပ္စြဲခ်က္အားလုံးကို စစ္ေဆးၿပီး ျဖစ္ေၾကာင္း ႏွင့္ စစ္ရာဇဝတ္မႈ စြပ္စြဲခ်က္မ်ားကို စုံစမ္းစစ္ေဆးမည္၊ မစစ္ေဆးမည္ကို ဆုံးျဖတ္ရန္ မွ်တစြာ ေဆာင္႐ြက္ခဲ့ၿပီးျဖစ္ေၾကာင္း ေျပာပါတယ္။

Linko
Ref: telesurenglish.net
လန္ဒန္၊ႏိုဝင္ဘာ ၁၈