စစ်တွေမြို့တွင် KTV ဆိုင်မှ စတင်ပြီး မီးလောင်မှုဖြစ်ပွား

စစ်တွေမြို့တွင် KTV ဆိုင်မှ စတင်ပြီး မီးလောင်မှုဖြစ်ပွား

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ဧပြီလ ၁၉ ရက် နံနက်ပိုင်းက KTV ဆိုင်မှ စတင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ယနေ့ ဧပြီလ ၁၉ ရက် နံနက် ၀၀း၃၀ နာရီ အချိန်ခန့်တွင် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ ကန်တော် ကြီးအကွက်၊ မေယုလမ်းရှိ ကျော်( KTV)စားသောက်ဆိုင်၏ မီးဖိုခန်းရှိ မီးသွေးမီးဖိုမှ တဆင့် အနီးရှိဝါးထရံသို့ မီးကူးစက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှု သတင်းအရ ပြည်နယ်မီးသတ်ဦးစီးမှုူးရုံးမှ ညွှန်ကြားရေးမှူး ၊ဒုပြည်နယ်မီးသတ်ဦးစီးမှူး၊ ခရိုင် မီးသတ်ဦးစီးမှူး တို့ ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၀+၆၀)ဦး၊ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ မီးသတ် ရေသယ်ယာဉ် (၄)စီး၊အုပ်ချုပ်မှုယာဉ် (၁)စီးဖြင့် သွားရောက်ငြိမ်းသတ် ခဲ့ပါတယ်။

မီးလောင်မှုကြောင့် (သွပ်မိုး၊ထရံကာ၊ ပျဉ်ခင်း) အဆောက်အဦး(၁)လုံး၊ လူနေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်ပြည်သူ ၅ ဦးအား နီးစပ်ရာ ဆွေမျိုးများထံတွင် ယာယီ နေရာချထားပေးခဲ့တယ်လို့ သတင်းထုတ် ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
စစ်တွေ၊ ဧပြီ ၁၉
ဓာတ်ပုံ-Rakhine Fire Force

(  Zawgyi  )

 ရခိုင္ျပည္နယ္၊စစ္ေတြၿမိဳ႕တြင္ ဧၿပီလ ၁၉ ရက္ နံနက္ပိုင္းက KTV ဆိုင္မွ စတင္ၿပီး မီးေလာင္မႈျဖစ္ပြားခဲ့တယ္လို႔ မီးသတ္ဦးစီးဌာနမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ယေန႔ ဧၿပီလ ၁၉ ရက္ နံနက္ ၀၀း၃၀ နာရီ အခ်ိန္ခန႔္တြင္ စစ္ေတြၿမိဳ႕၊ စက္႐ုံစုရပ္ကြက္၊ ကန္ေတာ္ ႀကီးအကြက္၊ ေမယုလမ္းရွိ ေက်ာ္( KTV)စားေသာက္ဆိုင္၏ မီးဖိုခန္းရွိ မီးေသြးမီးဖိုမွ တဆင့္ အနီးရွိဝါးထရံသို႔ မီးကူးစက္ၿပီး မီးေလာင္မႈျဖစ္ပြားခဲ့ပါတယ္။

မီးေလာင္မႈ သတင္းအရ ျပည္နယ္မီးသတ္ဦးစီးမႈူး႐ုံးမွ ၫႊန္ၾကားေရးမႉး ၊ဒုျပည္နယ္မီးသတ္ဦးစီးမႉး၊ ခ႐ိုင္ မီးသတ္ဦးစီးမႉး တို႔ ဦးေဆာင္၍ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္(၁၀+၆၀)ဦး၊ မီးျငႇိမ္းသတ္ယာဥ္(၅)စီး၊ မီးသတ္ ေရသယ္ယာဥ္ (၄)စီး၊အုပ္ခ်ဳပ္မႈယာဥ္ (၁)စီးျဖင့္ သြားေရာက္ၿငိမ္းသတ္ ခဲ့ပါတယ္။

မီးေလာင္မႈေၾကာင့္ (သြပ္မိုး၊ထရံကာ၊ ပ်ဥ္ခင္း) အေဆာက္အဦး(၁)လုံး၊ လူေနအိမ္(၂)လုံး မီးေလာင္ဆုံးရႈံးခဲ့ၿပီး မီးေဘးသင့္ျပည္သူ ၅ ဦးအား နီးစပ္ရာ ေဆြမ်ိဳးမ်ားထံတြင္ ယာယီ ေနရာခ်ထားေပးခဲ့တယ္လို႔ သတင္းထုတ္ ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
စစ္ေတြ၊ ဧၿပီ ၁၉
ဓာတ္ပုံ-Rakhine Fire Force