ဆီစားသုံးမှု လွဲမှားသော ယူဆချက်ကြောင့် လက်လှမ်းမီသလောက် ပညာပေးနေရဟုဆို

ဆီစားသုံးမှု လွဲမှားသော ယူဆချက်ကြောင့် လက်လှမ်းမီသလောက် ပညာပေးနေရဟုဆို

ဆီစားသုံးရာတွင် လွဲမှားတဲ့ယူဆချက်တွေကြောင့်လည်း မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ကြုံလာနိုင်တာကြောင့် လက်လှမ်းမီသလောက် ပညာပေးတာတွေနဲ့ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးပိုင်ဖြိုးသန့်က ပြောပါတယ်။

“ကျွန်တော်တို့တွေက ဘယ်လိုဖြစ်သလဲဆိုတော့ ဆီကိုလေ အရသာခံပြီး စားတတ်ကြတယ်၊ နောက်တစ်ခုက ကြော်ပြီးစားမယ်ဆိုရင် နေကြာဆီတို့၊ ပဲပိစပ်ဆီတို့ဘာတို့နဲ့ ပိုကောင်းတယ်ဆိုပြီး ကြော်တတ်ကြတယ်၊ တကယ်တော့ ဒီဟာတွေက ဆီသားပါးတာကြောင့် ကြော်တာမျိုးမလုပ်သင့်ဘူး၊ ကြော်မယ်ဆိုရင် စားအုန်းဆီတို့ အကြော်ခံဆီတို့ဘာတို့က သင့်လျော်တယ်၊ ဒါကိုလည်း ကျွန်တော်တို့ လက်လှမ်းမီသလောက် တော့ ပညာပေးနေတာပေါ့၊ ကျယ်ကျယ်ပြန့်ပြန့်အနေနဲ့ ပညာပေးဖို့တွေကို လုပ်သွားဦးမှာပါ”လို့ ဦးပိုင်ဖြိုးသန့်က ရှင်းပြပါတယ်။

ထို့ကြောင့် ဆီစမ်းစားတာတို့ အသုတ်သုတ်စားတာတို့အတွက် ပဲဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ ဟင်းရွက်ဆီ အစရှိတဲ့ ဆီသားပါးသော ဆီများက သင့်လျော်သော်လည်း အကြွပ်ကြော်အဖြစ် ကြော်ကာ စားသုံးမယ်ဆိုပါက စားအုန်းဆီ၊ အကြော်ခံဆီတွေကသာ သင့်လျော်တယ်လို့ သိရပါတယ်။

ဆီသားပါးသော ဆီတွေဟာ အပူနဲ့ ထိတွေ့မှုကြာမြင့်လာတဲ့အခါ ဓာတ်ပြုမှုတွေဖြစ်ပွားလာပြီး ကျန်းမာရေးအတွက် ထိခိုက်စေတဲ့ အခြေအနေ အဖြစ် ပြောင်းလဲသွားတတ်တာကြောင့် အသိပညာပေးတာတွေကို အသင်းက ကျယ်ပြန့်စွာလုပ်ဆောင်နိုင်ဖို့ ကိုလည်း အစီအစဉ်တွေ ရေးဆွဲနေတယ်လို့ သိရပါတယ်။

 ဇွဲမာန်  
ရန်ကုန်၊ နိုဝင်ဘာ ၂၂

(  Zawgyi  )

 ဆီစားသုံးရာတြင္ လြဲမွားတဲ့ယူဆခ်က္ေတြေၾကာင့္လည္း မလိုလားအပ္တဲ့ ဆိုးက်ိဳးေတြကို ႀကဳံလာႏိုင္တာေၾကာင့္ လက္လွမ္းမီသေလာက္ ပညာေပးတာေတြနဲ႔ လုပ္ေဆာင္ေနတယ္လို႔ ျမန္မာႏိုင္ငံ ဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းမွ အေထြေထြ အတြင္းေရးမႉး ဦးပိုင္ၿဖိဳးသန႔္က ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ေတြက ဘယ္လိုျဖစ္သလဲဆိုေတာ့ ဆီကိုေလ အရသာခံၿပီး စားတတ္ၾကတယ္၊ ေနာက္တစ္ခုက ေၾကာ္ၿပီးစားမယ္ဆိုရင္ ေနၾကာဆီတို႔၊ ပဲပိစပ္ဆီတို႔ဘာတို႔နဲ႔ ပိုေကာင္းတယ္ဆိုၿပီး ေၾကာ္တတ္ၾကတယ္၊ တကယ္ေတာ့ ဒီဟာေတြက ဆီသားပါးတာေၾကာင့္ ေၾကာ္တာမ်ိဳးမလုပ္သင့္ဘူး၊ ေၾကာ္မယ္ဆိုရင္ စားအုန္းဆီတို႔ အေၾကာ္ခံဆီတို႔ဘာတို႔က သင့္ေလ်ာ္တယ္၊ ဒါကိုလည္း ကြၽန္ေတာ္တို႔ လက္လွမ္းမီသေလာက္ ေတာ့ ပညာေပးေနတာေပါ့၊ က်ယ္က်ယ္ျပန႔္ျပန႔္အေနနဲ႔ ပညာေပးဖို႔ေတြကို လုပ္သြားဦးမွာပါ”လို႔ ဦးပိုင္ၿဖိဳးသန႔္က ရွင္းျပပါတယ္။

ထို႔ေၾကာင့္ ဆီစမ္းစားတာတို႔ အသုတ္သုတ္စားတာတို႔အတြက္ ပဲဆီ၊ ေနၾကာဆီ၊ ပဲပိစပ္ဆီ၊ ဟင္း႐ြက္ဆီ အစရွိတဲ့ ဆီသားပါးေသာ ဆီမ်ားက သင့္ေလ်ာ္ေသာ္လည္း အႂကြပ္ေၾကာ္အျဖစ္ ေၾကာ္ကာ စားသုံးမယ္ဆိုပါက စားအုန္းဆီ၊ အေၾကာ္ခံဆီေတြကသာ သင့္ေလ်ာ္တယ္လို႔ သိရပါတယ္။

ဆီသားပါးေသာ ဆီေတြဟာ အပူနဲ႔ ထိေတြ႕မႈၾကာျမင့္လာတဲ့အခါ ဓာတ္ျပဳမႈေတြျဖစ္ပြားလာၿပီး က်န္းမာေရးအတြက္ ထိခိုက္ေစတဲ့ အေျခအေန အျဖစ္ ေျပာင္းလဲသြားတတ္တာေၾကာင့္ အသိပညာေပးတာေတြကို အသင္းက က်ယ္ျပန႔္စြာလုပ္ေဆာင္ႏိုင္ဖို႔ ကိုလည္း အစီအစဥ္ေတြ ေရးဆြဲေနတယ္လို႔ သိရပါတယ္။

 ဇြဲမာန္  
ရန္ကုန္၊ ႏိုဝင္ဘာ ၂၂