နယ်ကျော်ကျောင်းအပ်လက်မခံမှုကြောင့် လက်တစ်လုံးခြားလုပ်ဆောင်မှုများရှိလာ

နယ်ကျော်ကျောင်းအပ်လက်မခံမှုကြောင့် လက်တစ်လုံးခြားလုပ်ဆောင်မှုများရှိလာ

ယခုလာမယ့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံရာတွင် နယ်ကျော်အပ်နှံမှုကို တင်းကြပ်စွာ တားမြစ်ကြပ်မတ်နေ တာကြောင့် တစ်ချို့သောနာမည်ကြီးကျောင်းတွေနဲ့ ခွဲတမ်း သတ်မှတ် ထားတဲ့ ရပ်ကွက်တွေမှာ လက်တစ်လုံးခြားလုပ်ဆောင်မှုများ ရှိလာကြောင်း စုံစမ်းသိရှိရပါတယ်။

“ကျောင်းအပ်ရင် အိမ်ထောင်စုစာရင်းပြရပါတယ်၊ ဒီကျောင်းကိုတော့ ဘယ်ရပ်ကွက်မှာ နေထိုင်သူတွေပဲ အပ်ခွင့်ရှိတာမျိုး သတ်မှတ် ထားတာကြောင့်လည်း အိမ်ထောင်စုစာရင်းစာရွက်ထဲမှာ ကလေးနာမည် ပါမပါ စစ်ဆေးလုပ်ဆောင်ကြတာမျိုးဖြစ်ပါတယ်”လို့ ကျောင်းအုပ်ကြီးတစ်ဦးဖြစ်တဲ့ ဒေါ်မြနီလာက ပြောပြပါတယ်။

ရန်ကုန်မြို့က နာမည်ကြီးကျောင်းတွေအပါအဝင် ကျောင်းအပ်နှံမယ့် နယ်မြေတွေကို ရပ်ကွက်အလိုက်ခွဲတမ်း သတ်မှတ်ထားတာကြောင့် ကျောင်းသားမိဘတွေဟာ သတ်မှတ်ရပ်ကွက်တွေထဲ နေထိုင်သူတွေရဲ့ အိမ်ထောင်စုစာရင်းမှာ အမည်စာရင်းသွင်းတာတွေကို လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။

“အိမ်ရှင်ကို အကူအညီပေးပါလို့ အကူအညီတောင်းရင်းနဲ့ အိမ်ထောင်စုစာရင်းမှာ နာမည်စာရင်းသွင်းဖို့ လုပ်တာတွေရှိပါတယ်၊ အိမ်ရှင်တွေကလည်း နာမည်ထည့်ဖို့ ကူညီပေးပါတယ်၊ ကျွန်မသူငယ်ချင်းပေါ့ တစ်ချို့ကျတော့ ပွဲစားတွေနဲ့ လုပ်ကြတယ်၊ ပွဲစားတွေကတော့ ဘယ်ရွေ့ဘယ်မျှဆိုပြီး ငွေကြေး အများ အပြားတောင်းတယ်၊ ကျွန်မက အိမ်ရှင်တွေနဲ့ တိုက်ရိုက်သွားပြောပြီး အကူအညီတောင်းတော့ ကူညီပေးကြ ပါတယ်၊ ဒီလိုအိမ်ထောင်စုစာရင်းထဲ နာမည်ထည့်တာကို တစ်ချို့အိမ်ရှင်တွေကကျတော့ လက်မခံဘူး၊ တော်တော်များများ ကတော့ ကူညီပေးတယ်လေ၊ ဘာလို့လည်းဆိုတော့ အိမ်ထောင်စုစာရင်းက ပိုင်ဆိုင်မှုနဲ့မှ မပတ်သက်တာ”လို့ နာမည်ကြီးကျောင်းတစ်ခုမှာ အပ်နှံဖို့ လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။

ထိုကဲ့သို့ နယ်မြေပိုင်းခြားကာ နယ်ကျော်အပ်နှံမှုကို ယခုနှစ်မှ ကျောင်းစတက်မယ့်ကလေးတွေကို ကန့်သတ်လုပ်ဆောင် နေတာဖြစ်ပြီး ကိုယ်နေထိုင်ရာမြို့နယ်ထဲမှာ ကိုယ်တက်ချင်တဲ့ နာမည်ကြီးကျောင်း တည်ရှိပေမယ့် ရပ်ကွက်အလိုက်ခွဲတမ်းသတ်မှတ်ထားတာကြောင့် အိမ်ထောင်စုစာရင်းထဲ နာမည်ပြောင်းရွှေ့ တာမျိုးတွေနဲ့ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

ယင်းနဲ့ပတ်သက်ပြီး “နယ်ကျော်ကိစ္စကိုတော့ တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်၊ ဥပမာ ဒီရပ်ကွက်မှာ နေတဲ့သူဟာ ဘယ်ကျောင်းမှာပဲ အပ်ခွင့်ရှိတယ်ဆိုတာမျိုးကို သတ်မှတ်ထားတာ ဖြစ်ပါတယ်၊ ဒီလို သတ်မှတ်ထားတာကို တံစိုးလက်ဆောင်တွေ၊ အခကြေးငွေတွေကို ရယူပြီးတော့ လုပ်ဆောင် ကြမယ်ဆိုရင် နိုင်ငံ့ဝန်ထမ်းဥပဒေအပြင် အဂတိတိုက်ဖျက်ရေး ဥပဒေတွေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်”လို့ အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ရှင်းပြပါတယ်။

ယခုလိုလုပ်ဆောင်တာကြောင့် နာမည်ကြီးကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေ မနိုင်မနင်း စုပြုံနေတဲ့ အခြေအနေတွေကို ဖြေရှင်းရာရောက်သလို ကျောင်းကားစနစ်စီမံရာမှာလည်း အထောက်အကူပြုစေမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာ တစ်နိုင်ငံ လုံးမှာ အခြေခံပညာကျောင်းပေါင်း  ၄၀၀၀၀ ကျော်အနက် ရန်ကုန်မှာ ၂၀၀၀ ကျော် ရှိနေတယ်လို့ သိရပါတယ်။ ယခုလိုနယ်မြေကန့်သတ် လုပ်ဆောင်မှုတွေထက် ကျောင်းတွေရဲ့ အရည်အသွေး မြင့်မားအောင် လုပ်ဆောင်သင့်တယ်လို့ ကျောင်းသားမိဘတွေက အကြံပြုလာကြပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ မေ ၁၇

(  Zawgyi   )

 ယခုလာမယ့္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္အတြက္ ေက်ာင္းအပ္လက္ခံရာတြင္ နယ္ေက်ာ္အပ္ႏွံမႈကို တင္းၾကပ္စြာ တားျမစ္ၾကပ္မတ္ေန တာေၾကာင့္ တစ္ခ်ိဳ႕ေသာနာမည္ႀကီးေက်ာင္းေတြနဲ႔ ခြဲတမ္း သတ္မွတ္ ထားတဲ့ ရပ္ကြက္ေတြမွာ လက္တစ္လုံးျခားလုပ္ေဆာင္မႈမ်ား ရွိလာေၾကာင္း စုံစမ္းသိရွိရပါတယ္။

“ေက်ာင္းအပ္ရင္ အိမ္ေထာင္စုစာရင္းျပရပါတယ္၊ ဒီေက်ာင္းကိုေတာ့ ဘယ္ရပ္ကြက္မွာ ေနထိုင္သူေတြပဲ အပ္ခြင့္ရွိတာမ်ိဳး သတ္မွတ္ ထားတာေၾကာင့္လည္း အိမ္ေထာင္စုစာရင္းစာ႐ြက္ထဲမွာ ကေလးနာမည္ ပါမပါ စစ္ေဆးလုပ္ေဆာင္ၾကတာမ်ိဳးျဖစ္ပါတယ္”လို႔ ေက်ာင္းအုပ္ႀကီးတစ္ဦးျဖစ္တဲ့ ေဒၚျမနီလာက ေျပာျပပါတယ္။

ရန္ကုန္ၿမိဳ႕က နာမည္ႀကီးေက်ာင္းေတြအပါအဝင္ ေက်ာင္းအပ္ႏွံမယ့္ နယ္ေျမေတြကို ရပ္ကြက္အလိုက္ခြဲတမ္း သတ္မွတ္ထားတာေၾကာင့္ ေက်ာင္းသားမိဘေတြဟာ သတ္မွတ္ရပ္ကြက္ေတြထဲ ေနထိုင္သူေတြရဲ႕ အိမ္ေထာင္စုစာရင္းမွာ အမည္စာရင္းသြင္းတာေတြကို လုပ္ေဆာင္ၾကတာ ျဖစ္ပါတယ္။

“အိမ္ရွင္ကို အကူအညီေပးပါလို႔ အကူအညီေတာင္းရင္းနဲ႔ အိမ္ေထာင္စုစာရင္းမွာ နာမည္စာရင္းသြင္းဖို႔ လုပ္တာေတြရွိပါတယ္၊ အိမ္ရွင္ေတြကလည္း နာမည္ထည့္ဖို႔ ကူညီေပးပါတယ္၊ ကြၽန္မသူငယ္ခ်င္းေပါ့ တစ္ခ်ိဳ႕က်ေတာ့ ပြဲစားေတြနဲ႔ လုပ္ၾကတယ္၊ ပြဲစားေတြကေတာ့ ဘယ္ေ႐ြ႕ဘယ္မွ်ဆိုၿပီး ေငြေၾကး အမ်ား အျပားေတာင္းတယ္၊ ကြၽန္မက အိမ္ရွင္ေတြနဲ႔ တိုက္႐ိုက္သြားေျပာၿပီး အကူအညီေတာင္းေတာ့ ကူညီေပးၾက ပါတယ္၊ ဒီလိုအိမ္ေထာင္စုစာရင္းထဲ နာမည္ထည့္တာကို တစ္ခ်ိဳ႕အိမ္ရွင္ေတြကက်ေတာ့ လက္မခံဘူး၊ ေတာ္ေတာ္မ်ားမ်ား ကေတာ့ ကူညီေပးတယ္ေလ၊ ဘာလို႔လည္းဆိုေတာ့ အိမ္ေထာင္စုစာရင္းက ပိုင္ဆိုင္မႈနဲ႔မွ မပတ္သက္တာ”လို႔ နာမည္ႀကီးေက်ာင္းတစ္ခုမွာ အပ္ႏွံဖို႔ လုပ္ေဆာင္ေနသူတစ္ဦးက ေျပာပါတယ္။

ထိုကဲ့သို႔ နယ္ေျမပိုင္းျခားကာ နယ္ေက်ာ္အပ္ႏွံမႈကို ယခုႏွစ္မွ ေက်ာင္းစတက္မယ့္ကေလးေတြကို ကန႔္သတ္လုပ္ေဆာင္ ေနတာျဖစ္ၿပီး ကိုယ္ေနထိုင္ရာၿမိဳ႕နယ္ထဲမွာ ကိုယ္တက္ခ်င္တဲ့ နာမည္ႀကီးေက်ာင္း တည္ရွိေပမယ့္ ရပ္ကြက္အလိုက္ခြဲတမ္းသတ္မွတ္ထားတာေၾကာင့္ အိမ္ေထာင္စုစာရင္းထဲ နာမည္ေျပာင္းေ႐ႊ႕ တာမ်ိဳးေတြနဲ႔ လုပ္ေဆာင္ေနၾကတာျဖစ္ပါတယ္။

ယင္းနဲ႔ပတ္သက္ၿပီး “နယ္ေက်ာ္ကိစၥကိုေတာ့ တင္းတင္းၾကပ္ၾကပ္လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္၊ ဥပမာ ဒီရပ္ကြက္မွာ ေနတဲ့သူဟာ ဘယ္ေက်ာင္းမွာပဲ အပ္ခြင့္ရွိတယ္ဆိုတာမ်ိဳးကို သတ္မွတ္ထားတာ ျဖစ္ပါတယ္၊ ဒီလို သတ္မွတ္ထားတာကို တံစိုးလက္ေဆာင္ေတြ၊ အခေၾကးေငြေတြကို ရယူၿပီးေတာ့ လုပ္ေဆာင္ ၾကမယ္ဆိုရင္ ႏိုင္ငံ့ဝန္ထမ္းဥပေဒအျပင္ အဂတိတိုက္ဖ်က္ေရး ဥပေဒေတြနဲ႔ အေရးယူခံရမွာ ျဖစ္ပါတယ္”လို႔ အေျခခံပညာဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ရွင္းျပပါတယ္။

ယခုလိုလုပ္ေဆာင္တာေၾကာင့္ နာမည္ႀကီးေက်ာင္းေတြမွာ ေက်ာင္းသား၊ ေက်ာင္းသူေတြ မႏိုင္မနင္း စုၿပဳံေနတဲ့ အေျခအေနေတြကို ေျဖရွင္းရာေရာက္သလို ေက်ာင္းကားစနစ္စီမံရာမွာလည္း အေထာက္အကူျပဳေစမွာ ျဖစ္တယ္လို႔ သိရပါတယ္။ ျမန္မာ တစ္ႏိုင္ငံ လုံးမွာ အေျခခံပညာေက်ာင္းေပါင္း  ၄၀၀၀၀ ေက်ာ္အနက္ ရန္ကုန္မွာ ၂၀၀၀ ေက်ာ္ ရွိေနတယ္လို႔ သိရပါတယ္။ ယခုလိုနယ္ေျမကန႔္သတ္ လုပ္ေဆာင္မႈေတြထက္ ေက်ာင္းေတြရဲ႕ အရည္အေသြး ျမင့္မားေအာင္ လုပ္ေဆာင္သင့္တယ္လို႔ ေက်ာင္းသားမိဘေတြက အႀကံျပဳလာၾကပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ေမ ၁၇