ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို လွှတ်တော်အတည်ပြု

ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို လွှတ်တော်အတည်ပြု

လစ်လပ်နေသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ကန့်ကွက်သူမရှိဘဲ ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီ ၁၀ ရက်နေ့ က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး သတ္တမမြောက် အစီအစဉ်မှာ အတည်ပြုလိုက်ပါတယ်။

အရင်ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို မူလ တပ်မတော်တာဝန်များကို ပြန်လည် ထမ်းဆောင်ဖို့ အတွက် ဆိုကာ သူ့ရဲ့နေရာမှာ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ခန့်အပ်လိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်သမ္မတဆီကို အမည်စာရင်းပေးပို့ခဲ့တာပါ။

ဒီအတွက်ကြောင့် သမ္မတက ပြည်ထောင်စုလွှတ်တော်ကို ဖော်ဖော်ဝါရီ ၅ ရက် ရက်စွဲနဲ့ အတည်ပြုချက် တောင်းခံခဲ့ရာမှာ လွှတ်တော်က ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်တာဖြစ်ပါတယ်။ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်နဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ဟာ လာမယ့် ရက်ပိုင်းအတွင်းမှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပြီးပါကNLD အစိုးရရဲ့ လက်ကျန်သက်တမ်းအတွင်းမှာ ဒုတိယမြောက်ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ ဗိုလ်သင်တန်း အပတ်စဉ် ၆၄ သင်တန်းဆင်းဖြစ်ပြီး အရှေ့ပိုင်း တိုင်း နဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့မှာလည်းကောင်း စစ်ဥပဒေချုပ်အဖြစ်လည်းကောင်း အဆင့်ဆင့် အမှုထမ်းခဲ့ဖူးသူပါ။အဲ့ဒီနောက် ၂၀၁၆ ခုနှစ်မှစပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး နဲ့  တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး (စရဖ) အရာရှိချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ ၂၀၀၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အတွင်းရေးမှူး(၂)ဗိုလ်ချုပ်ကြီးတင်ဦး ရဟတ်ယာဉ်ပျက်ကျမှုမှာ ပါဝင်ပြီး ကွယ်လွန်ခဲ့တဲ့ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဗိုလ်မှူးချုပ်လွန်းမောင်ရဲ့ သားလည်းဖြစ်ပါတယ်။

ဇေယျာမော်
ဓါတ်ပုံ - ပြည်ထောင်စုလွှတ်တော်
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၀ 

(  Zawgyi  )

 လစ္လပ္ေနသည့္ ျပည္ထဲေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးအျဖစ္ စစ္ဖက္ေရးရာလုံၿခဳံေရးအရာရွိခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ကို ကန႔္ကြက္သူမရွိဘဲ ျပည္ေထာင္စုလႊတ္ေတာ္က ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔ က က်င္းပတဲ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝး သတၱမေျမာက္ အစီအစဥ္မွာ အတည္ျပဳလိုက္ပါတယ္။

အရင္ျပည္ထဲေရးဝန္ႀကီးေဟာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြကို မူလ တပ္မေတာ္တာဝန္မ်ားကို ျပန္လည္ ထမ္းေဆာင္ဖို႔ အတြက္ ဆိုကာ သူ႔ရဲ႕ေနရာမွာ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ကို ခန႔္အပ္လိုေၾကာင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က ႏိုင္ငံေတာ္သမၼတဆီကို အမည္စာရင္းေပးပို႔ခဲ့တာပါ။

ဒီအတြက္ေၾကာင့္ သမၼတက ျပည္ေထာင္စုလႊတ္ေတာ္ကို ေဖာ္ေဖာ္ဝါရီ ၅ ရက္ ရက္စြဲနဲ႔ အတည္ျပဳခ်က္ ေတာင္းခံခဲ့ရာမွာ လႊတ္ေတာ္က ကန႔္ကြက္သူမရွိဘဲ အတည္ျပဳလိုက္တာျဖစ္ပါတယ္။ျပည္ေထာင္စုလႊတ္ေတာ္ရဲ႕ အတည္ျပဳခ်က္နဲ႔ ျပည္ထဲေရးဝန္ႀကီးျဖစ္လာတဲ့ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ဟာ လာမယ့္ ရက္ပိုင္းအတြင္းမွာ က်င္းပမယ့္ ျပည္ေထာင္စုလႊတ္ေတာ္မွာ က်မ္းသစၥာက်ိန္ဆိုၿပီးပါကNLD အစိုးရရဲ႕ လက္က်န္သက္တမ္းအတြင္းမွာ ဒုတိယေျမာက္ျပည္ထဲေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ရမွာ ျဖစ္ပါတယ္။

ျပည္ထဲေရးဝန္ႀကီးအျဖစ္ ခန႔္အပ္ခံရတဲ့ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ဟာ ဗိုလ္သင္တန္း အပတ္စဥ္ ၆၄ သင္တန္းဆင္းျဖစ္ၿပီး အေရွ႕ပိုင္း တိုင္း နဲ႔ အလယ္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တို႔မွာလည္းေကာင္း စစ္ဥပေဒခ်ဳပ္အျဖစ္လည္းေကာင္း အဆင့္ဆင့္ အမႈထမ္းခဲ့ဖူးသူပါ။အဲ့ဒီေနာက္ ၂၀၁၆ ခုႏွစ္မွစၿပီး ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း) အမွတ္ (၆) စစ္ဆင္ေရးအထူးအဖြဲ႕မႉး နဲ႔  တပ္မေတာ္စစ္ဘက္ေရးရာ လုံၿခဳံေရး (စရဖ) အရာရွိခ်ဳပ္အျဖစ္ ဆက္လက္တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ဟာ ၂၀၀၁ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ အတြင္းေရးမႉး(၂)ဗိုလ္ခ်ဳပ္ႀကီးတင္ဦး ရဟတ္ယာဥ္ပ်က္က်မႈမွာ ပါဝင္ၿပီး ကြယ္လြန္ခဲ့တဲ့ ဝန္ႀကီးခ်ဳပ္႐ုံးဝန္ႀကီး ဗိုလ္မႉးခ်ဳပ္လြန္းေမာင္ရဲ႕ သားလည္းျဖစ္ပါတယ္။

ေဇယ်ာေမာ္
ဓါတ္ပုံ - ျပည္ေထာင္စုလႊတ္ေတာ္
ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၁၀