မြန်မာကျပ်ငွေဖြင့်ရောင်းချသည့် မန္တ‌လေး ကျောက်မျက်ရတနာပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၁၈၀၀ ကျော် ရောင်းချမှုမှ ငွေကျပ်သိန်းပေါင်း သုံးသိန်းကျော် ရရှိခဲ့

မြန်မာကျပ်ငွေဖြင့်ရောင်းချသည့် မန္တ‌လေး ကျောက်မျက်ရတနာပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၁၈၀၀ ကျော် ရောင်းချမှုမှ  ငွေကျပ်သိန်းပေါင်း သုံးသိန်းကျော် ရရှိခဲ့

မန္တ‌လေးမြို့မှာ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့ ကျောက်မျက်ရတနာတွေကို မြန်မာကျပ်ငွေနဲ့ရောင်းချတဲ့ပွဲကြီးက မနေ့ကပဲအောင်မြင်စွာနဲ့ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ပြပွဲမှာကျောက်စိမ်းအတွဲပေါင်း တစ်ထောင့်ရှစ်ရာကျော် ရောင်းချနိုင်ခဲ့ပြီး မြန်မာကျပ်ငွေသိန်းပေါင်း သုံးသိန်းကျော်ရရှိခဲ့တယ်လို့ ပြပွဲကျင်းပရေးကော်မတီဆီကသိရပါတယ်။

"ကျောက်စိမ်းအတွဲပေါင်းဆိုရင်တော့ ၁၈၇၆ တွဲ ရောင်းချနိုင်ခဲ့ပါတယ်၊ တန်ဖိုးအားဖြင့်တော့ ကျပ်သိန်းပေါင်းသုံးသိန်းကျော်ပါတယ်၊ ဒါ ၄ ရက်အတွင်းရောင်းချတာပါ၊ အိတ်ဖွင့်တင်ဒါစတဲ့အောက်တိုဘာ ၂၆ ကနေ ၂၉ အထိပါ" လို့ ပြပွဲကျင်းပရေးကော်မတီ ဥက္ကဌဦးကျော်ဇောအောင် က Opinion Leaders Media ကိုပြောပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့ကနေ ၂၉ ရက်နေ့အထိကျင်းပပြုလုပ်ခဲ့တဲ့ပြပွဲမှာ အိတ်ဖွင့်တင်ဒါစနစ်နဲ့ရောင်းချခဲ့တဲ့ ၄ ရက်တာကာလအတွင်း ကျောက်စိမ်းအတွဲပေါင်း ၁၈၇၆ တွဲရောင်းချခဲ့ရတာဖြစ်ပါတယ်။ ၇ ရက်တာပြပွဲအတွင်း မန္တလေးမြို့ကကျောက်ကုန်သည်ပွဲစားတွေတင်မကဘဲစစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့၊ ဖားကန့်မြို့ခန္တီးမြို့တို့က ကျောက်ကုန်သည်ပွဲစားတွေ၊ ပြည်ပအိမ်နီးချင်းနိုင်ငံတွေက ကျောက်ကုန် သည်တွေ ပါ လာရောက်ကြည့်ရှုဝယ်ယူခဲ့ကြတယ်လို့လည်း ၎င်းကပြောပါတယ်။

ပြပွဲမှာ ရောင်းချသူဘက်က ရတနာအခွန်အတွက် ၁၁ ရာခိုင်နှုန်း၊ ပြပွဲဝန်ဆောင်စရိတ် ၂ ရာခိုင်နှုန်း၊ ဝယ်ယူသူဘက်က အခွန် ၅ ရာခိုင်နှုန်းကောက်ယူခဲ့တာလို့လည်းသိရပါတယ်။ မန္တလေးမြို့မှာ ပထမဆုံးအကြိမ်အဖြစ်ကျောက်စိမ်းအရိုင်း အချောထည်နဲ့ ကျောက်မျက်ရတနာတွေ ကို မြန်မာကျပ်ငွေနဲ့ရောင်းချတဲ့ပွဲကြီးကို Mandalay Convention Center မှာကျင်းပပြုလုပ်ခဲ့တာပါ။

KT
မန္တလေး၊ အောက်တိုဘာ ၃၀

(  Zawgyi  )

【  ျပည္တြင္း 】ျမန္မာက်ပ္ေငြျဖင့္ေရာင္းခ်သည့္ မႏၲ‌ေလး ေက်ာက္မ်က္ရတနာပြဲတြင္ ေက်ာက္စိမ္းအတြဲေပါင္း ၁၈၀၀ ေက်ာ္ ေရာင္းခ်မႈမွ  ေငြက်ပ္သိန္းေပါင္း သုံးသိန္းေက်ာ္ ရရွိခဲ့

မႏၲ‌ေလးၿမိဳ႕မွာ ပထမဆုံးအႀကိမ္က်င္းပျပဳလုပ္တဲ့ ေက်ာက္မ်က္ရတနာေတြကို ျမန္မာက်ပ္ေငြနဲ႔ေရာင္းခ်တဲ့ပြဲႀကီးက မေန႔ကပဲေအာင္ျမင္စြာနဲ႔ က်င္းပၿပီးစီးခဲ့ၿပီျဖစ္ပါတယ္။ ျပပြဲမွာေက်ာက္စိမ္းအတြဲေပါင္း တစ္ေထာင့္ရွစ္ရာေက်ာ္ ေရာင္းခ်ႏိုင္ခဲ့ၿပီး ျမန္မာက်ပ္ေငြသိန္းေပါင္း သုံးသိန္းေက်ာ္ရရွိခဲ့တယ္လို႔ ျပပြဲက်င္းပေရးေကာ္မတီဆီကသိရပါတယ္။

"ေက်ာက္စိမ္းအတြဲေပါင္းဆိုရင္ေတာ့ ၁၈၇၆ တြဲ ေရာင္းခ်ႏိုင္ခဲ့ပါတယ္၊ တန္ဖိုးအားျဖင့္ေတာ့ က်ပ္သိန္းေပါင္းသုံးသိန္းေက်ာ္ပါတယ္၊ ဒါ ၄ ရက္အတြင္းေရာင္းခ်တာပါ၊ အိတ္ဖြင့္တင္ဒါစတဲ့ေအာက္တိုဘာ ၂၆ ကေန ၂၉ အထိပါ" လို႔ ျပပြဲက်င္းပေရးေကာ္မတီ ဥကၠဌဦးေက်ာ္ေဇာေအာင္ က Opinion Leaders Media ကိုေျပာပါတယ္။

ေအာက္တိုဘာလ ၂၃ ရက္ေန႔ကေန ၂၉ ရက္ေန႔အထိက်င္းပျပဳလုပ္ခဲ့တဲ့ျပပြဲမွာ အိတ္ဖြင့္တင္ဒါစနစ္နဲ႔ေရာင္းခ်ခဲ့တဲ့ ၄ ရက္တာကာလအတြင္း ေက်ာက္စိမ္းအတြဲေပါင္း ၁၈၇၆ တြဲေရာင္းခ်ခဲ့ရတာျဖစ္ပါတယ္။ ၇ ရက္တာျပပြဲအတြင္း မႏၲေလးၿမိဳ႕ကေက်ာက္ကုန္သည္ပြဲစားေတြတင္မကဘဲစစ္ကိုင္းတိုင္းေဒသႀကီး စစ္ကိုင္းၿမိဳ႕၊ ဖားကန႔္ၿမိဳ႕ခႏၲီးၿမိဳ႕တို႔က ေက်ာက္ကုန္သည္ပြဲစားေတြ၊ ျပည္ပအိမ္နီးခ်င္းႏိုင္ငံေတြက ေက်ာက္ကုန္ သည္ေတြ ပါ လာေရာက္ၾကည့္ရႈဝယ္ယူခဲ့ၾကတယ္လို႔လည္း ၎ကေျပာပါတယ္။

ျပပြဲမွာ ေရာင္းခ်သူဘက္က ရတနာအခြန္အတြက္ ၁၁ ရာခိုင္ႏႈန္း၊ ျပပြဲဝန္ေဆာင္စရိတ္ ၂ ရာခိုင္ႏႈန္း၊ ဝယ္ယူသူဘက္က အခြန္ ၅ ရာခိုင္ႏႈန္း‌ေကာက္ယူခဲ့တာလို႔လည္းသိရပါတယ္။ မႏၲေလးၿမိဳ႕မွာ ပထမဆုံးအႀကိမ္အျဖစ္ေက်ာက္စိမ္းအ႐ိုင္း အေခ်ာထည္နဲ႔ ေက်ာက္မ်က္ရတနာေတြ ကို ျမန္မာက်ပ္ေငြနဲ႔ေရာင္းခ်တဲ့ပြဲႀကီးကို Mandalay Convention Center မွာက်င္းပျပဳလုပ္ခဲ့တာပါ။

KT
မႏၲေလး၊ ေအာက္တိုဘာ ၃၀