ယခုနှစ်အတွင်း ငှက်ဖျားရောဂါကြောင့် သေဆုံးသူ (၈) ဦး ရှိခဲ့သဖြင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်မည်

ယခုနှစ်အတွင်း ငှက်ဖျားရောဂါကြောင့် သေဆုံးသူ (၈) ဦး ရှိခဲ့သဖြင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်မည်

အရှေ့တောင်အာရှ ဒေသအတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားမှုများသည် ယခုနှစ်များအတွင်း သိသိသာသာ ကျဆင်းလာသော်လည်း ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး ယခု ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ငှက်ဖျားရောဂါဖြစ်ပွားသူ (၃၁၉၆၄) ဦးနှင့် သေဆုံးသူ (၈) ဦး ရှိခဲ့သဖြင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်မှာ ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ပြောပါတယ်။

အဆိုပါပြောကြားမှုကို ဒီဇင်ဘာ ၁၈ ရက်နေ့က နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ရောဂါပိုးမျိုး သယ်ဆောင်သော ပိုးမွှားကောင်များမှတဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်တားဆီးနှိမ်နင်းရေး စီမံချက်၏ (၂၀၁၈) ခုနှစ်အတွက် နှစ်ပတ်လည် လုပ်ငန်းဆန်းစစ် ဆွေးနွေးခြင်း အစည်းအဝေး (VBDC annual review meeting 2018) မှာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့တာဘဲ ဖြစ်ပါတယ်။

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၇၁) ကြိမ်မြောက်၊ ညီလာခံတွင် မဟာမဲခေါင်ဒေသ နိုင်ငံများက “Ministerial call for action to eliminate malaria in the Greater Mekong Subregion before 2030” ကို လက်မှတ်ရေးထိုးခဲ့ရာမှာ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး (၂၀၃၀) ခုနှစ်တွင် အာရှ-ပစိဖိတ် ဒေသရှိ ဒေသနိုင်ငံများတွင် ငှက်ဖျားရောဂါ ကင်းဝေးရေး ရည်မှန်းချက် ပြည့်မီရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။မြန်မာနိုင်ငံတွင် အမျိုးသားအဆင့် ငှက်ဖျားရောဂါ ကင်းဝေးရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပြီး ငှက်ဖျားရောဂါ ကင်းဝေးစေရေး နည်းလမ်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်အတွက် အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၆-၂၀၂၀) ကို ရေးဆွဲချမှတ် ဆောင်ရွက်လျက် ရှိပါတယ်။
ယင်းမဟာဗျူဟာပါ လုပ်ငန်းများကို ဦးစားပေး လုပ်ငန်းအဆင့်များ သတ်မှတ်၍ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။အဖွဲ့အစည်းအသီးသီးမှ ကူညီထောက်ပံ့မှုများဖြင့် ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာတွင် အလေအလွင့်မရှိစေဘဲ အကျိုးရှိ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အရေးကြီးပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က တိုက်တွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

ဒါ့အပြင် စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ (၈၅၀၁၉) ဦး ရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ (၃၀) ဦး ရှိခဲ့သလို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ဖြစ်ပွားသူ (၃၁၉၆၄) ဦးနှင့် သေဆုံးသူ (၈) ဦး ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ပြေသိမ်း   
ဓါတ်ပုံ - ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန
နေပြည်တော်၊ ဒီဇင်ဘာ - ၁၉

( Zawgyi )

အေရွ႕ေတာင္အာရွ ေဒသအတြင္း ငွက္ဖ်ားေရာဂါ ျဖစ္ပြားမႈမ်ားသည္ ယခုႏွစ္မ်ားအတြင္း သိသိသာသာ က်ဆင္းလာေသာ္လည္း ျပည္သူ႔က်န္းမာေရး ျပႆနာတစ္ရပ္အျဖစ္ ဆက္လက္ရပ္တည္ေနဆဲျဖစ္ၿပီး ယခု ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလမွ ႏိုဝင္ဘာလအထိ ငွက္ဖ်ားေရာဂါျဖစ္ပြားသူ (၃၁၉၆၄) ဦးႏွင့္ ေသဆုံးသူ (၈) ဦး ရွိခဲ့သျဖင့္ ငွက္ဖ်ားေရာဂါ တိုက္ဖ်က္ေရး လုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ ဆက္လက္ေဆာင္႐ြက္မွာ ျဖစ္တယ္လို႔ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး က ေျပာပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီဇင္ဘာ ၁၈ ရက္ေန႔က ေနျပည္ေတာ္ရွိ မဂၤလာသီရိဟိုတယ္မွာ ျပဳလုပ္ခဲ့တဲ့ ေရာဂါပိုးမ်ိဳး သယ္ေဆာင္ေသာ ပိုးမႊားေကာင္မ်ားမွတဆင့္ ကူးစက္တတ္ေသာ ေရာဂါမ်ား ကာကြယ္တားဆီးႏွိမ္နင္းေရး စီမံခ်က္၏ (၂၀၁၈) ခုႏွစ္အတြက္ ႏွစ္ပတ္လည္ လုပ္ငန္းဆန္းစစ္ ေဆြးေႏြးျခင္း အစည္းအေဝး (VBDC annual review meeting 2018) မွာ ၎က အထက္ပါအတိုင္း ေျပာၾကားခဲ့တာဘဲ ျဖစ္ပါတယ္။

“ကမာၻ႔က်န္းမာေရးအဖြဲ႕၏ (၇၁) ႀကိမ္ေျမာက္၊ ညီလာခံတြင္ မဟာမဲေခါင္ေဒသ ႏိုင္ငံမ်ားက “Ministerial call for action to eliminate malaria in the Greater Mekong Subregion before 2030” ကို လက္မွတ္ေရးထိုးခဲ့ရာမွာ ျမန္မာႏိုင္ငံမွ ပါဝင္လက္မွတ္ေရးထိုးခဲ့ၿပီး (၂၀၃၀) ခုႏွစ္တြင္ အာရွ-ပစိဖိတ္ ေဒသရွိ ေဒသႏိုင္ငံမ်ားတြင္ ငွက္ဖ်ားေရာဂါ ကင္းေဝးေရး ရည္မွန္းခ်က္ ျပည့္မီေရးအတြက္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ ရွိပါတယ္။ျမန္မာႏိုင္ငံတြင္ အမ်ိဳးသားအဆင့္ ငွက္ဖ်ားေရာဂါ ကင္းေဝးေရး လုပ္ငန္းေကာ္မတီကို ဖြဲ႕စည္းခဲ့ၿပီး ငွက္ဖ်ားေရာဂါ ကင္းေဝးေစေရး နည္းလမ္းမ်ား ေပါင္းစပ္ညႇိႏႈိင္း ေဆာင္႐ြက္ရန္အတြက္ အမ်ိဳးသားအဆင့္ မဟာဗ်ဴဟာ (၂၀၁၆-၂၀၂၀) ကို ေရးဆြဲခ်မွတ္ ေဆာင္႐ြက္လ်က္ ရွိပါတယ္။
ယင္းမဟာဗ်ဴဟာပါ လုပ္ငန္းမ်ားကို ဦးစားေပး လုပ္ငန္းအဆင့္မ်ား သတ္မွတ္၍ စနစ္တက် အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြားရမွာ ျဖစ္ပါတယ္။အဖြဲ႕အစည္းအသီးသီးမွ ကူညီေထာက္ပံ့မႈမ်ားျဖင့္ ငွက္ဖ်ားေရာဂါ ကာကြယ္ႏွိမ္နင္းေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိရာတြင္ အေလအလြင့္မရွိေစဘဲ အက်ိဳးရွိ ထိေရာက္စြာ ေဆာင္႐ြက္ႏိုင္ရန္ အေရးႀကီးပါတယ္။” လို႔ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး က တိုက္တြန္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ စာရင္းဇယားမ်ားအရ ျမန္မာႏိုင္ငံတြင္ ၂၀၁၇ ခုႏွစ္အတြင္း ငွက္ဖ်ားေရာဂါျဖစ္ပြားသူ (၈၅၀၁၉) ဦး ရွိခဲ့ၿပီး ေရာဂါေၾကာင့္ ေသဆုံးသူ (၃၀) ဦး ရွိခဲ့သလို ၂၀၁၈ ခုႏွစ္၊ ဇန္နဝါရီလမွ ႏိုဝင္ဘာလအထိ ျဖစ္ပြားသူ (၃၁၉၆၄) ဦးႏွင့္ ေသဆုံးသူ (၈) ဦး ရွိခဲ့တယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း   
ဓါတ္ပုံ - က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန
ေနျပည္ေတာ္၊ ဒီဇင္ဘာ - ၁၉