ရာဇဝတ်မှုကျူးလွန်သူများ မဟုတ်ဘဲ ကျူးလွန်ခြင်းခံခဲ့ရသူများသာ ဖြစ်တယ်လို့ ငွေစက္ကူအတုများဖြင့် ဖမ်းဆီးခံရသည့် စင်္ကာပူနိုင်ငံသား နှစ်ဦး၏ ရှေ့နေ လျှောက်လဲချက်တင်သွင်း

ရာဇဝတ်မှုကျူးလွန်သူများ မဟုတ်ဘဲ ကျူးလွန်ခြင်းခံခဲ့ရသူများသာ ဖြစ်တယ်လို့ ငွေစက္ကူအတုများဖြင့် ဖမ်းဆီးခံရသည့် စင်္ကာပူနိုင်ငံသား နှစ်ဦး၏ ရှေ့နေ လျှောက်လဲချက်တင်သွင်း

ရွှေတိဂုံဘုရားတွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများဖြင့် ဖမ်းဆီးခံရသည့် စင်္ကာပူနိုင်ငံသား နှစ်ဦးသည် ရာဇဝတ်မှုကျူးလွန်သူများ မဟုတ်ဘဲ ကျူးလွန်ခြင်းခံခဲ့ရသူများသာ ဖြစ်တယ်လို့ ခံပြရှေ့နေက ယနေ့ ဒီဇင်ဘာလ ၂၀ ရက် မွန်းလွဲပိုင်းက ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးတွင် လျှောက်လဲချက် တင်သွင်းခဲ့ပါတယ်။

စင်္ကာပူနိုင်ငံသား နှစ်ဦးအတွက် လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော် က “ဒီငွေစက္ကူက သူလုပ်ထားတာလည်း မဟုတ်ဘူး။သူလုပ်ထားတာ မဟုတ်တဲ့ ပစ္စည်းတစ်ခုက သူ့လက်ထဲရောက်လာပြီ။အဲ့ဒါဆိုရင် လုပ်ထားတဲ့သူက ရာဇဝတ်မှုကျူးလွန်တာဘဲ။
ရာဇဝတ်မှုကျူးလွန်ထားတဲ့ လူတစ်ယောက်ရဲ့ လှည့်စားမှုတစ်ခုတည်းကို ဝင်သွားတာ။လှည့်စားခံလိုက်ရတာ” လို့ ဆိုပါတယ်။

ယနေ့ရုံးချိန်းတွင် စင်္ကာပူနိုင်ငံသား နှစ်ဦးအား စွဲချက်တင်ရန် သင့်၊ မသင့် နှစ်ဖက်လျှောက်လဲချက် ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း၊ ငွေစက္ကူ အတုအစစ်အား မြန်မာနိုင်ငံသားများပင် အလွယ်တကူ မခွဲခြားနိုင်ကြောင်း၊ စွပ်စွဲခံရသူများသည် မြန်မာနိုင်ငံသုံး ငွေစက္ကူများအား ရင်နှီးကျွမ်းဝင်မှု မရှိခြင်းကြောင့် အတုမှန်း မသိရှိဘဲ သုံးစွဲမိခဲ့ခြင်းဖြစ်ကြောင်း၊ ငွေစက္ကူအတုများကိုလည်း စင်္ကာပူနိုင်ငံရှိ တရားဝင် ငွေလွှဲကောင်တာမှ လဲလှယ်လာခြင်းဖြစ်ပြီး ငွေလဲလှယ်ကြောင်း ဘောင်ချာကိုလည်း တရားရံုံးတွင် တင်ပြပြီး ဖြစ်သည့်အတွက် စွဲချက်မတင်ဘဲ ပြန်လည်လွှတ်ပေးသင့်တယ်လို့ လျှောက်လဲချက် တင်သွင်းခဲ့ပါတယ်။

အဆိုပါ အမှုသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ရွှေတိဂုံစေတီတော် တောင်ဘက်မုဒ် ပြည်ပအခွန်ကောက်ခံရေး ကောင်တာသို့ စင်္ကာပူနိုင်ငံသား Mr-Chin Kuo Kuang နှင့် ဇနီးဖြစ်သူ Mrs.Lin Bee Fun တို့သည် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု သုံးရွက်ဖြင့် အခွန်ပေးဆောင်စဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်သည့် နိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုရင်ဆိုင်နေရခြင်း ဖြစ်ပါတယ်။အလားတူ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုဒ် ပြည်ပအခွန်ကောက်ခံရေး ကောင်တာတွင် ထိုင်းနိုင်ငံသူ Miss Kantika ထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၅ ရွက်ကို ဒီဇင်ဘာလ ၄ ရက်နေ့က သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်စစ်ဆေးရာ ငွေစက္ကူအတု စုစုပေါင်း ၄၁ ရွက်အား ရှာဖွေတွေ့ရှိခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍လည်း ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် နှစ်ဖက်လျှောက်လဲချက် ကြားနာစစ်ဆေးခဲ့ပါတယ်။

နိုင်ငံံတော်ဘက်မှ လိုက်ပါဆောင်ရွက်သည့် ဥပဒေအရာရှိက အဆိုပါ အမှုများသည် အတုမှန်း မသိဘဲ သုံးစွဲခြင်း ဟုတ်၊ မဟုတ်အား ထပ်မံစစ်ဆေးသင့်ကြောင်း၊ ငွေလဲလှယ်ခဲ့သည်ဟုဆိုသော ဘောင်ချာများသည် အစစ်အမှန် ဟုတ်၊ မဟုတ်အား ထပ်မံစစ်ဆေးသင့်တဲ့အတွက် စွဲချက်တင်ကာ ထပ်မံစစ်ဆေးသင့်တယ်လို့ လျှောက်လဲတင်ပြခဲ့ပါတယ်။

အဆိုပါ အမှုများကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ စွဲချက်တင်ရန် သင့်၊ မသင့်အား အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဒီဇင်ဘာ - ၂၀

( Zawgyi )

ေ႐ႊတိဂုံဘုရားတြင္ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴအတုမ်ားျဖင့္ ဖမ္းဆီးခံရသည့္ စကၤာပူႏိုင္ငံသား ႏွစ္ဦးသည္ ရာဇဝတ္မႈက်ဴးလြန္သူမ်ား မဟုတ္ဘဲ က်ဴးလြန္ျခင္းခံခဲ့ရသူမ်ားသာ ျဖစ္တယ္လို႔ ခံျပေရွ႕ေနက ယေန႔ ဒီဇင္ဘာလ ၂၀ ရက္ မြန္းလြဲပိုင္းက ရန္ကုန္ အေနာက္ပိုင္းခ႐ိုင္တရား႐ုံးတြင္ ေလွ်ာက္လဲခ်က္ တင္သြင္းခဲ့ပါတယ္။

စကၤာပူႏိုင္ငံသား ႏွစ္ဦးအတြက္ လိုက္ပါေဆာင္႐ြက္သည့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေဇာ္ က “ဒီေငြစကၠဴက သူလုပ္ထားတာလည္း မဟုတ္ဘူး။သူလုပ္ထားတာ မဟုတ္တဲ့ ပစၥည္းတစ္ခုက သူ႔လက္ထဲေရာက္လာၿပီ။အဲ့ဒါဆိုရင္ လုပ္ထားတဲ့သူက ရာဇဝတ္မႈက်ဴးလြန္တာဘဲ။
ရာဇဝတ္မႈက်ဴးလြန္ထားတဲ့ လူတစ္ေယာက္ရဲ႕ လွည့္စားမႈတစ္ခုတည္းကို ဝင္သြားတာ။လွည့္စားခံလိုက္ရတာ” လို႔ ဆိုပါတယ္။

ယေန႔႐ုံးခ်ိန္းတြင္ စကၤာပူႏိုင္ငံသား ႏွစ္ဦးအား စြဲခ်က္တင္ရန္ သင့္၊ မသင့္ ႏွစ္ဖက္ေလွ်ာက္လဲခ်က္ ၾကားနာစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း၊ ေငြစကၠဴ အတုအစစ္အား ျမန္မာႏိုင္ငံသားမ်ားပင္ အလြယ္တကူ မခြဲျခားႏိုင္ေၾကာင္း၊ စြပ္စြဲခံရသူမ်ားသည္ ျမန္မာႏိုင္ငံသုံး ေငြစကၠဴမ်ားအား ရင္ႏွီးကြၽမ္းဝင္မႈ မရွိျခင္းေၾကာင့္ အတုမွန္း မသိရွိဘဲ သုံးစြဲမိခဲ့ျခင္းျဖစ္ေၾကာင္း၊ ေငြစကၠဴအတုမ်ားကိုလည္း စကၤာပူႏိုင္ငံရွိ တရားဝင္ ေငြလႊဲေကာင္တာမွ လဲလွယ္လာျခင္းျဖစ္ၿပီး ေငြလဲလွယ္ေၾကာင္း ေဘာင္ခ်ာကိုလည္း တရားရံုံးတြင္ တင္ျပၿပီး ျဖစ္သည့္အတြက္ စြဲခ်က္မတင္ဘဲ ျပန္လည္လႊတ္ေပးသင့္တယ္လို႔ ေလွ်ာက္လဲခ်က္ တင္သြင္းခဲ့ပါတယ္။

အဆိုပါ အမႈသည္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ ၂၈ ရက္ေန႔က ေ႐ႊတိဂုံေစတီေတာ္ ေတာင္ဘက္မုဒ္ ျပည္ပအခြန္ေကာက္ခံေရး ေကာင္တာသို႔ စကၤာပူႏိုင္ငံသား Mr-Chin Kuo Kuang ႏွင့္ ဇနီးျဖစ္သူ Mrs.Lin Bee Fun တို႔သည္ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴအတု သုံး႐ြက္ျဖင့္ အခြန္ေပးေဆာင္စဥ္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ၿပီး ေထာင္ဒဏ္ အႏွစ္ ၂၀ အထိ ခ်မွတ္ႏိုင္သည့္ ႏိုင္ငံေတာ္ဗဟိုဘဏ္ ဥပေဒပုဒ္မ ၁၀၅/၁၀၆ ျဖင့္ အမႈရင္ဆိုင္ေနရျခင္း ျဖစ္ပါတယ္။အလားတူ ေ႐ႊတိဂုံေစတီေတာ္ အေရွ႕ဘက္မုဒ္ ျပည္ပအခြန္ေကာက္ခံေရး ေကာင္တာတြင္ ထိုင္းႏိုင္ငံသူ Miss Kantika ထံမွ က်ပ္တစ္ေသာင္းတန္ ေငြစကၠဴအတု ၅ ႐ြက္ကို ဒီဇင္ဘာလ ၄ ရက္ေန႔က သိမ္းဆည္းရမိခဲ့ၿပီး ဆက္လက္စစ္ေဆးရာ ေငြစကၠဴအတု စုစုေပါင္း ၄၁ ႐ြက္အား ရွာေဖြေတြ႕ရွိခဲ့သည့္ ျဖစ္စဥ္ႏွင့္ ပတ္သက္၍လည္း ယေန႔ ဒီဇင္ဘာလ ၂၀ ရက္ေန႔တြင္ ႏွစ္ဖက္ေလွ်ာက္လဲခ်က္ ၾကားနာစစ္ေဆးခဲ့ပါတယ္။

ႏိုင္ငံံေတာ္ဘက္မွ လိုက္ပါေဆာင္႐ြက္သည့္ ဥပေဒအရာရွိက အဆိုပါ အမႈမ်ားသည္ အတုမွန္း မသိဘဲ သုံးစြဲျခင္း ဟုတ္၊ မဟုတ္အား ထပ္မံစစ္ေဆးသင့္ေၾကာင္း၊ ေငြလဲလွယ္ခဲ့သည္ဟုဆိုေသာ ေဘာင္ခ်ာမ်ားသည္ အစစ္အမွန္ ဟုတ္၊ မဟုတ္အား ထပ္မံစစ္ေဆးသင့္တဲ့အတြက္ စြဲခ်က္တင္ကာ ထပ္မံစစ္ေဆးသင့္တယ္လို႔ ေလွ်ာက္လဲတင္ျပခဲ့ပါတယ္။

အဆိုပါ အမႈမ်ားကို ဒီဇင္ဘာလ ၂၄ ရက္ေန႔မွာ စြဲခ်က္တင္ရန္ သင့္၊ မသင့္အား အမိန႔္ခ်မွတ္မွာ ျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဒီဇင္ဘာ - ၂၀