အထက်မြန်မာပြည်အတွက် လက်ကားပန်းစျေးကြီး ဖြစ်သည့် မြို့တော်ပန်းစျေး မန္တလေးတွင်ဖွင့်လှစ်
အထက်မြန်မာပြည်အတွက် လက်ကားပန်းစျေးကြီး ဖြစ်သည့် မြို့တော်ပန်းစျေး မန္တလေးတွင်ဖွင့်လှစ်
မန္တလေးမြို့နဲ့အနီးတစ်ဝိုက် က ပန်းသည်တွေအတွက် ပန်းလက်ကားစျေးသစ်ကြီးတစ်ခုကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက မနေ့ကပဲစတင်ဖွင့်လှစ်ရောင်းချခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။မြို့တော်ပန်းဈေးလို့ အမည်ပေးထားတဲ့ဒီစျေးသစ်ကြီးက မန္တလေး-ပြင်ဦးလွင်ကားလမ်းကနေ မြရည်နန္ဒာမြို့သစ်ဖက်သွားတဲ့ကားလမ်းပေါ်မှာရှိတာဖြစ်ပြီး အရင် မန္တလေး-ပြင်ဦးလွင်ကားလမ်း တလဲကုန်းကျေးရွာအနီး လမ်းဘေးဝဲ/ယာမှာပန်းဈေးရောင်းချနေသူတွေ အတွက် အတည်တကျစျေးအဖြစ်နဲ့ တည်ဆောက်ရွှေ့ပြောင်း ပေးလိုက်တာပါ။
"မန္တလေး-ပြင်ဦးလွင်ကားလမ်းပေါ်ကပန်းစျေးကို အမိုးအကာနဲ့ယာဥ်အန္တရာယ်ကင်းဝေးအောင် နဲ့ရောင်းရဝယ်ရပိုအဆင်ပြေအောင် ရည်ရွယ်ပြီးတည်ဆောက်ပေးလိုက်တာပါ" မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကပြောပါတယ်။ ဒီလက်ကားပန်းစျေး က ၂၄ နာရီ ဖွင့်လှစ်ရောင်းချခွင့်ပြုထားတဲ့စျေးဖြစ်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကငွေကြေးစိုက်ထုတ်တည်ဆောက်ထားတဲ့ စျေးဖြစ်ပေမယ့်လည်း ဆိုင်ခန်းတွေကိုအခမဲ့ မဲနှိုက်နေရာပေးခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
"ညပိုင်းနဲ့ မနက်အစောပိုင်းမှာ လုံခြုံစိတ်ချမှုရှိစေရေး လမ်းမီးတွေ ထိန်နေအောင် ထွန်းပေးထားပါတယ်၊ ဆိုင်ခန်းပြန်ရောင်းချခွင့်နဲ့ လက်လွှဲခွင့်လုံးဝမရှိပါဘူး၊ တွေ့ရင်တော့တိတိကျကျ အရေးယူမှာပါ" လို့လည်း မန္တလေးမြို့တော်ဝန်ကဆိုပါတယ်။ဒီစျေးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး အထက်မြန်မာပြည်ရဲ့ အချက်အချာကျတဲ့ ပန်းဈေးအသစ်ကြီးအဖြစ် ပေါ်ထွန်းလာအောင် ရည်ရွည်တည်ဆောက်ခဲ့တာဖြစ်ကြောင်း၊  မြေဧက ၂ ဒသမ ၁၉ ဧကပေါ်မှာ စျေးအဆောင် ၅ ဆောင်နဲ့ အတူ စက်ရေတွင်း၊ ရေလှာင်ကန်၊ ရေစင်၊ ခြောက်ခန်းတွဲအများသုံးသန့်စင်ခန်းများ၊ ဈေးရုံးခန်းများ ပါဝင်ကြောင်း၊ ပန်းဈေး အဆောင် တစ်ဆောင်ကို ၁၀ ပေပတ်လည် အခန်း ၂၄ ခန်းပါဝင်ကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်အတွင်း ငွေကျပ်သန်း ၃၀၀ အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
KT                                                                           
မန္တလေး၊ ဖေဖော်ဝါရီ ၇
(  Zawgyi  )
 မန္တလေးမြို့နဲ့အနီးတစ်ဝိုက် က ပန်းသည်တွေအတွက် ပန်းလက်ကားဈေးသစ်ကြီးတစ်ခုကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက မနေ့ကပဲစတင်ဖွင့်လှစ်ရောင်းချခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။မြို့တော်ပန်းဈေးလို့ အမည်ပေးထားတဲ့ဒီဈေးသစ်ကြီးက မန္တလေး-ပြင်ဦးလွင်ကားလမ်းကနေ မြရည်နန္ဒာမြို့သစ်ဖက်သွားတဲ့ကားလမ်းပေါ်မှာရှိတာဖြစ်ပြီး အရင် မန္တလေး-ပြင်ဦးလွင်ကားလမ်း တလဲကုန်းကျေးရွာအနီး လမ်းဘေးဝဲ/ယာမှာပန်းဈေးရောင်းချနေသူတွေ အတွက် အတည်တကျဈေးအဖြစ်နဲ့ တည်ဆောက်ရွှေ့ပြောင်း ပေးလိုက်တာပါ။
"မန္တလေး-ပြင်ဦးလွင်ကားလမ်းပေါ်ကပန်းဈေးကို အမိုးအကာနဲ့ယာဉ်အန္တရာယ်ကင်းဝေးအောင် နဲ့ရောင်းရဝယ်ရပိုအဆင်ပြေအောင် ရည်ရွယ်ပြီးတည်ဆောက်ပေးလိုက်တာပါ" မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကပြောပါတယ်။ ဒီလက်ကားပန်းဈေး က ၂၄ နာရီ ဖွင့်လှစ်ရောင်းချခွင့်ပြုထားတဲ့ဈေးဖြစ်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကငွေကြေးစိုက်ထုတ်တည်ဆောက်ထားတဲ့ ဈေးဖြစ်ပေမယ့်လည်း ဆိုင်ခန်းတွေကိုအခမဲ့ မဲနှိုက်နေရာပေးခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
KT                                                                           
မန္တလေး၊ ဖေဖော်ဝါရီ ၇