ICJ တွင် ဖြေရှင်းရန်ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် ရုရှားသံအမတ်ကြီး ချီးကျူး

 ICJ တွင် ဖြေရှင်းရန်ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် ရုရှားသံအမတ်ကြီး ချီးကျူး

ICJကိုဖြေရှင်းရန်ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက်အပေါ် အင်မတန် ရဲရင့်ပြီး အင်မတန်သတ္တိရှိသည့် ဆုံးဖြတ်ချက် ဖြစ်သည့် အတွက်ထောက်ခံ၊ချီးကျူးကြောင်း မြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီး Dr. Nikolay Listopadov မှပြောကြားခဲ့ပါတယ်။

“ရုရှားနိုင်ငံရဲ့မြန်မာနိုင်ငံအပေါ် ဘယ်လိုသဘောထားလည်း ဆိုရင်မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးရေးကိစ္စကိုဝင် ရောက်စွက်ဖက်ဖို့မလိုဘူး။ ဒါကြောင့်မို့မြန်မာနိုင်ငံရင်ဆိုင်နေတဲ့ ရှုတ်ထွေးတဲ့ပြဿနာတွေ၊ အခက်အခဲစိန်ခေါ်မှုတွေကို မြန်မြန်ဖြေရှင်းနိုင်ဖို့ ရုရှားနိုင်ငံ နိုင်ငံတကာ ဇာတ်ခုံမှာ အကူအညီပေးပါတယ်၊မြန်မာနိုင်ငံအပေါ်အရေးယူမှု၊ ဒဏ်ခပ်မှု၊ရှုတ်ချမှုကိုကျနော်တို့လက်မခံဘူး။ဘာဖြစ်လို့လည်းဆို ရင် ဒဏ်ခတ်မှု အရေးယူမှုဟာ အပြုသဘော မဆောင်ဘူး၊ ကောင်းတဲ့ရလဒ်တွေကိုမပေးနိုင်ဘူး။

နိုင်ငံတကာဆိုရင်မြန်မာနိုင်ငံကိုအကူအညီပေးရမယ်။ကောင်းတဲ့အကြံဉာဏ်ပေးဖို့ရှိပါတယ်၊ နိုင်ငံတာ်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကပြောတဲ့အတိုင်း မြန်မာနိုင်ငံ ရင်ဆိုင်နေတဲ့ပြဿနာတွေ ကို မြန်မာပြည်သူပြည်သားတွေ အတွက် မြန်မာနိုင်ငံ ရဲ့အစိုးရကဖြေရှင်းဖို့ရှိပါတယ်။ ဘာဖြစ်လို့ဆိုတော့ မြန်မာတွေ မြန်မာအစိုးရက အသိဆုံး ကောင်းကောင်းသိတယ်၊ ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲ၊ဒါပေမဲ့အခု နိုင်ငံတကာတရားရုံးတွေမှာမြန်မာနဲ့ ပတ်သက်ပြီး တရားနဲ့ဆွေးနွေးမယ်၊ ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင် ကိုယ့်ဘာသာကို တစ်ကယ်မြန်မာ အကျိုးစီးပွားကို ကာကွယ်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်၊ အင်မတန် ရဲရင့်တဲ့ အင်မတန် သတ္တိရှိတဲ့ ဆုံးဖြတ်ချက်တွေလည်းဖြစ် ပါတယ်၊ ဒါကြောင့် ဒါမျိုးဆုံးဖြတ်ကို ကျနော်ထောက်ခံပါတယ်၊ ကျနော်ချီးကျူးပါတယ်၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ကောင်းကောင်းကာကွယ်နိုင်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါ တယ်၊နိုင်ငံတကာကမြန်မာနိုင်ငံကိုဒဏ်ခပ်မှုမပေးနဲ့အရေးမယူနဲ့အကူအညီပေးဖို့သာလျင်အပြုသဘောဆောင်တဲ့ရပ်တည်ချက်တည်လည်း အရေးကြီးပါတယ်လို့ ယူဆမိပါတယ်၊ဘာဖြစ်လို့လည်းဆိုယင်မြန်မာနိုင်ငံရင်ဆိုင်တဲ့ပြဿနာတွေ စိန်ခေါ်မှုတွေ အင်မတန် ရှုတ်ထွေးတယ်၊ ထိလွယ်ရှလွယ်ပြဿနာတွေလည်းဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာရုရှသံအမတ်ကြီး Dr. Nikolay Listopado က သတင်းထောက် များအားပြော ကြားခဲ့ပါတယ်။
 
ယနေ့နံနက်ပိုင်း၊နေပြည်တော်၊MICC-2တွင်ကျင်းပပြုလုပ်သည့်ကုန်သည်စက်မှုအ သင်းချုပ် နှစ်(၁၀၀)ပြည့်အ ခမ်းအနားသို့ တက်ရောက် လာသည့်မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Dr. Nikolay Listopadov အား သတင်းသမားများမှ ICJ ကိစ္စနှင့် စပ်လျဉ်း ၍မေးမြန်း ကြရာယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

PTG
နေပြည်တော်၊နိုဝင်ဘာ-၂၂ 

(  Zawgyi  )

 ICJကိုေျဖရွင္းရန္ေဒၚေအာင္ဆန္းစုၾကည္ ဆုံးျဖတ္ခ်က္အေပၚ အင္မတန္ ရဲရင့္ၿပီး အင္မတန္သတၱိရွိသည့္ ဆုံးျဖတ္ခ်က္ ျဖစ္သည့္ အတြက္ေထာက္ခံ၊ခ်ီးက်ဴးေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ႐ုရွားသံအမတ္ႀကီး Dr. Nikolay Listopadov မွေျပာၾကားခဲ့ပါတယ္။

“႐ုရွားႏိုင္ငံရဲ႕ျမန္မာႏိုင္ငံအေပၚ ဘယ္လိုသေဘာထားလည္း ဆိုရင္ျမန္မာႏိုင္ငံရဲ႕ဖြံ႕ၿဖိဳးေရးကိစၥကိုဝင္ ေရာက္စြက္ဖက္ဖို႔မလိုဘူး။ ဒါေၾကာင့္မို႔ျမန္မာႏိုင္ငံရင္ဆိုင္ေနတဲ့ ရႈတ္ေထြးတဲ့ျပႆနာေတြ၊ အခက္အခဲစိန္ေခၚမႈေတြကို ျမန္ျမန္ေျဖရွင္းႏိုင္ဖို႔ ႐ုရွားႏိုင္ငံ ႏိုင္ငံတကာ ဇာတ္ခုံမွာ အကူအညီေပးပါတယ္၊ျမန္မာႏိုင္ငံအေပၚအေရးယူမႈ၊ ဒဏ္ခပ္မႈ၊ရႈတ္ခ်မႈကိုက်ေနာ္တို႔လက္မခံဘူး။ဘာျဖစ္လို႔လည္းဆို ရင္ ဒဏ္ခတ္မႈ အေရးယူမႈဟာ အျပဳသေဘာ မေဆာင္ဘူး၊ ေကာင္းတဲ့ရလဒ္ေတြကိုမေပးႏိုင္ဘူး။

ႏိုင္ငံတကာဆိုရင္ျမန္မာႏိုင္ငံကိုအကူအညီေပးရမယ္။ေကာင္းတဲ့အႀကံဉာဏ္ေပးဖို႔ရွိပါတယ္၊ ႏိုင္ငံတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ကေျပာတဲ့အတိုင္း ျမန္မာႏိုင္ငံ ရင္ဆိုင္ေနတဲ့ျပႆနာေတြ ကို ျမန္မာျပည္သူျပည္သားေတြ အတြက္ ျမန္မာႏိုင္ငံ ရဲ႕အစိုးရကေျဖရွင္းဖို႔ရွိပါတယ္။ ဘာျဖစ္လို႔ဆိုေတာ့ ျမန္မာေတြ ျမန္မာအစိုးရက အသိဆုံး ေကာင္းေကာင္းသိတယ္၊ ဒီျပႆနာေတြကို ဘယ္လိုေျဖရွင္းႏိုင္မလဲ၊ဒါေပမဲ့အခု ႏိုင္ငံတကာတရား႐ုံးေတြမွာျမန္မာနဲ႔ ပတ္သက္ၿပီး တရားနဲ႔ေဆြးေႏြးမယ္၊ ေဒၚေအာင္ဆန္းစုၾကည္က ကိုယ္တိုင္ ကိုယ့္ဘာသာကို တစ္ကယ္ျမန္မာ အက်ိဳးစီးပြားကို ကာကြယ္ဖို႔ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္၊ အင္မတန္ ရဲရင့္တဲ့ အင္မတန္ သတၱိရွိတဲ့ ဆုံးျဖတ္ခ်က္ေတြလည္းျဖစ္ ပါတယ္၊ ဒါေၾကာင့္ ဒါမ်ိဳးဆုံးျဖတ္ကို က်ေနာ္ေထာက္ခံပါတယ္၊ က်ေနာ္ခ်ီးက်ဴးပါတယ္၊ ဒါေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာႏိုင္ငံရဲ႕ အက်ိဳးစီးပြားကို ေကာင္းေကာင္းကာကြယ္ႏိုင္မယ္လို႔ ခိုင္ခိုင္မာမာ ယုံၾကည္ပါ တယ္၊ႏိုင္ငံတကာကျမန္မာႏိုင္ငံကိုဒဏ္ခပ္မႈမေပးနဲ႔အေရးမယူနဲ႔အကူအညီေပးဖို႔သာလ်င္အျပဳသေဘာေဆာင္တဲ့ရပ္တည္ခ်က္တည္လည္း အေရးႀကီးပါတယ္လို႔ ယူဆမိပါတယ္၊ဘာျဖစ္လို႔လည္းဆိုယင္ျမန္မာႏိုင္ငံရင္ဆိုင္တဲ့ျပႆနာေတြ စိန္ေခၚမႈေတြ အင္မတန္ ရႈတ္ေထြးတယ္၊ ထိလြယ္ရွလြယ္ျပႆနာေတြလည္းျဖစ္ပါတယ္”ဟု ျမန္မာႏိုင္ငံဆိုင္ရာ႐ုရွသံအမတ္ႀကီး Dr. Nikolay Listopado က သတင္းေထာက္ မ်ားအားေျပာ ၾကားခဲ့ပါတယ္။
 
ယေန႔နံနက္ပိုင္း၊ေနျပည္ေတာ္၊MICC-2တြင္က်င္းပျပဳလုပ္သည့္ကုန္သည္စက္မႈအ သင္းခ်ဳပ္ ႏွစ္(၁၀၀)ျပည့္အ ခမ္းအနားသို႔ တက္ေရာက္ လာသည့္ျမန္မာႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ႀကီး Dr. Nikolay Listopadov အား သတင္းသမားမ်ားမွ ICJ ကိစၥႏွင့္ စပ္လ်ဥ္း ၍ေမးျမန္း ၾကရာယင္းသို႔ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ႏိုဝင္ဘာ-၂၂