YBS 99 ယာဉ်၏ အရှေ့တံခါးအား ရိုက်နှက်ဖျက်ဆီး၍ ရှစ်မိုင်မီးပွိုင့်တွင် ဆင်းသွားသည့် ခရီးသည် အမျိုးသားအားအရေးယူပေးရန် ရဲစခန်းတွင်အမှုဖွင့်တိုင်ကြားထား

YBS 99 ယာဉ်၏ အရှေ့တံခါးအား ရိုက်နှက်ဖျက်ဆီး၍ ရှစ်မိုင်မီးပွိုင့်တွင် ဆင်းသွားသည့် ခရီးသည် အမျိုးသားအားအရေးယူပေးရန် ရဲစခန်းတွင်အမှုဖွင့်တိုင်ကြားထား

YBS 99 ယာဉ်၏ အရှေ့တံခါးအား ရိုက်နှက်ဖျက်ဆီး၍ ရှစ်မိုင်မီးပွိုင့်တွင်ဆင်းသွားသည့် ခရီးသည်အမျိုးသားအား အရေးယူပေးပါရန် ရဲစခန်းတွင်အမှုဖွင့်တိုင်ကြား ထားသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ဇွန် ၂၉ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်ခန့်က YBS-99 ယာဉ်လိုင်းမှယာဉ်အမှတ် 3P-9561 သည်လှိုင်သာယာမှတောင်ဒဂုံအသွား ရှစ်မိုင်တံတားအောက် မီးပွိုင့်တွင်မီးပွိုင့်မိ၍ ယာဉ်ရပ် ထားချိန်တွင် ခရီးသည် အမျိုးသားတစ်ဦးမှ ဆင်းမည်ဖြစ်၍ တံခါးဖွင့်ပေးရန်ပြော ဆို ခဲ့ကြောင်း၊ယာဉ်မောင်းမှ မီးပွိုင့်တွင်ဖြစ်၍ တံခါးဖွင့်ပေးလို့မရကြောင်း ရှေ့မှတ်တိုင်ရောက်မှ ဆင်းပါ ရန်ပြော သည်ကို ခရီးသည်အမျိုးသားက လက်မခံဘဲ ဆင်းမည်ဖြစ်၍ အဆင်းတံခါးကို ဖွင့်ပေးရန် သာပြောဆိုခဲ့တယ်လို့ဆိုပါတယ်။

ထို့နောက်ယာဉ်မောင်းက တံခါးမဖွင့်ပေးသည်ကိုမကျေနပ်၍ ဦးစွာ အဆင်းတံခါး အပေါ်ရှိ လေဘား ကိုဖွင့်၍ ဆင်းရန် ကြိုးစားခဲ့ပြီးဖွင့်မရသောကြောင့် ကားပေါ်တွင် အရေးပေါ် အချိန်များတွင်သာ အသုံးပြုရန်ထားရှိသည့် စိန်တူကိုယူကာ အဆင်းတံခါး ညာဘက်ခြမ်းကို ပစ်ပေါက်ရိုက်ခွဲပြီးထပ်မံ၍ တံခါးကို ခြေဖြင့် ကန်ကာ တံခါးပွင့်အောင်ပြုလုပ်ပြီး အဆိုပါရှစ်မိုင်မီးပွိုင့်တွင် ယင်းခရီးသည် အမျိုးသား က ကားပေါ်မှဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

ယင်းဖြစ်စဉ်ကြောင့် အခြားခရီးသည်များအတွက်များစွာ အနှောင့်အယှက်ဖြစ် ခဲ့ရကြောင်းနှင့် မိမိတို့အနေဖြင့် သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် video file မှတ်တမ်းနှင့်တကွ အကြောင်းကြား ထားပြီဖြစ်တယ်လို့လည်း Omni Focus ကုမ္ပဏီက ဒီကနေ့ ဇွန် ၃၀ ရက်မှာ သတင်း ထုတ်ပြန်ခဲ့ပါ တယ်။

ပြေသိမ်း
ရန်ကုန်၊ဇွန် ၃၀
ဓါတ်ပုံ - Omni Focus

(   Zawgyi  )

 YBS 99 ယာဥ္၏ အေရွ႕တံခါးအား ႐ိုက္ႏွက္ဖ်က္ဆီး၍ ရွစ္မိုင္မီးပြိဳင့္တြင္ဆင္းသြားသည့္ ခရီးသည္အမ်ိဳးသားအား အေရးယူေပးပါရန္ ရဲစခန္းတြင္အမႈဖြင့္တိုင္ၾကား ထားသည့္ျဖစ္စဥ္တစ္ခု ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ျဖစ္စဥ္မွာ ဇြန္ ၂၉ ရက္ေန႔ ည ၇ နာရီ ၁၀ မိနစ္ဝန္းက်င္ခန႔္က YBS-99 ယာဥ္လိုင္းမွယာဥ္အမွတ္ 3P-9561 သည္လႈိင္သာယာမွေတာင္ဒဂုံအသြား ရွစ္မိုင္တံတားေအာက္ မီးပြိဳင့္တြင္မီးပြိဳင့္မိ၍ ယာဥ္ရပ္ ထားခ်ိန္တြင္ ခရီးသည္ အမ်ိဳးသားတစ္ဦးမွ ဆင္းမည္ျဖစ္၍ တံခါးဖြင့္ေပးရန္ေျပာ ဆို ခဲ့ေၾကာင္း၊ယာဥ္ေမာင္းမွ မီးပြိဳင့္တြင္ျဖစ္၍ တံခါးဖြင့္ေပးလို႔မရေၾကာင္း ေရွ႕မွတ္တိုင္ေရာက္မွ ဆင္းပါ ရန္ေျပာ သည္ကို ခရီးသည္အမ်ိဳးသားက လက္မခံဘဲ ဆင္းမည္ျဖစ္၍ အဆင္းတံခါးကို ဖြင့္ေပးရန္ သာေျပာဆိုခဲ့တယ္လို႔ဆိုပါတယ္။

ထို႔ေနာက္ယာဥ္ေမာင္းက တံခါးမဖြင့္ေပးသည္ကိုမေက်နပ္၍ ဦးစြာ အဆင္းတံခါး အေပၚရွိ ေလဘား ကိုဖြင့္၍ ဆင္းရန္ ႀကိဳးစားခဲ့ၿပီးဖြင့္မရေသာေၾကာင့္ ကားေပၚတြင္ အေရးေပၚ အခ်ိန္မ်ားတြင္သာ အသုံးျပဳရန္ထားရွိသည့္ စိန္တူကိုယူကာ အဆင္းတံခါး ညာဘက္ျခမ္းကို ပစ္ေပါက္႐ိုက္ခြဲၿပီးထပ္မံ၍ တံခါးကို ေျချဖင့္ ကန္ကာ တံခါးပြင့္ေအာင္ျပဳလုပ္ၿပီး အဆိုပါရွစ္မိုင္မီးပြိဳင့္တြင္ ယင္းခရီးသည္ အမ်ိဳးသား က ကားေပၚမွဆင္းသြားခဲ့တယ္လို႔ သိရပါတယ္။

ယင္းျဖစ္စဥ္ေၾကာင့္ အျခားခရီးသည္မ်ားအတြက္မ်ားစြာ အေႏွာင့္အယွက္ျဖစ္ ခဲ့ရေၾကာင္းႏွင့္ မိမိတို႔အေနျဖင့္ သက္ဆိုင္ရာနယ္ေျမရဲစခန္းတြင္ video file မွတ္တမ္းႏွင့္တကြ အေၾကာင္းၾကား ထားၿပီျဖစ္တယ္လို႔လည္း Omni Focus ကုမၸဏီက ဒီကေန႔ ဇြန္ ၃၀ ရက္မွာ သတင္း ထုတ္ျပန္ခဲ့ပါ တယ္။

ေျပသိမ္း
ရန္ကုန္၊ဇြန္ ၃၀
ဓါတ္ပုံ - Omni Focus