【 အားကစား 】ခြေမှန်တဲ့ မန်ယူကို ဆန့်ကျင်ပြီး အိမ်ရှင်ခရစ္စတယ်ပဲလေ့စ်နဲ့ ရပ်တည်မယ်

  【  အားကစား  】ခြေမှန်တဲ့ မန်ယူကို ဆန့်ကျင်ပြီး အိမ်ရှင်ခရစ္စတယ်ပဲလေ့စ်နဲ့ ရပ်တည်မယ်

ယနေ့ည၂ နာရီခွဲမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ မန်ယူအသင်းတို့ ခရစ္စတယ်ပဲလေ့စ်ကွင်းမှာကစားကြမှာ ဖြစ်ပါတယ်။

တွေ့ဆုံမှုတွေအရပြီးခဲ့တဲ့ နှစ် တွေဆုံမှုမှာ နှစ်ကျော့စလုံး အနိုင်ရခဲ့ပေမယ့် ယခုနှစ် မန်ယူကွင်းမှာ တွေ့ဆုံမှုမှာ ဂိုးမရှိသရေကျခဲ့တဲ့အတွက် ယခုပွဲမှာလည်းဧည်သည်ဘက်ကအစဉ်အလာအရ အနိုင်ရဖို့များ နေပါတယ်။ လတ်တလောမှာ ခရစ္စတယ်ပဲလေ့စ်အသင်းက ကော်နာဝီလျှံ၊ ဆာခိုတို့လို့ အဓိကကစားသမားတွေ ထိခိုက်ဒဏ်ရာတွေနဲ့ နပမ်းလုံးနေရတဲ့အတွက် ခြေမှန်နေတဲ့မန်ယူအသင်းကို အိမ်ကွင်းမှာ သူတင် ကိုယ်တင် ကစားဖို့ ခရစ္စပဲလေ့စ် အသင်းရုန်းရဖို့ များနေပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးတိုက်စစ်မှူး ဘာရှုအာယီကို အငှားနဲ့ခေါ်ခဲ့တဲ့ အတွက် တိုက်စစ်ပိုင်းမှာ ဟော့ဆန်အတွက်  ရွေးချယ်စရာများလာပြီ ဖြစ်ပါတယ်။

ပွဲစဉ်တွေ ကုန်ဆုံးဖို့ နီးလာချိန်မှာ အိမ်ရှင်ခရစ္စတယ်ပဲလေ့စ်အသင်းက ဇန်နဝါရီ၊ဖေဖေါ်ဝါရီ ၂ လအ တွင်း ပြိုင်ပွဲစုံ ၁၀ ပွဲမှာ လီဗာပူးလ်ကို အဝေးကွင်းမှာ ၄-၃၊ ဝက်ဖိုဒ့်ကို အိမ်ကွင်းမှာ ၁-၂ နဲ့ ရှုံးပြီး ၂ ပွဲသရေ ၆ ပွဲနိုင်ခဲ့ပါတယ်။ အနိုင်ရတဲ့ အသင်းတွေထဲမှာ စပါး၊လက်စတာတို့ ပါသလို ပွဲတိုင်း ဂိုးသွင်း နိုင်ခဲ့ပါတယ်။ စပါးကို အိမ်ကွင်းမှာ နိုင်ပြီး ခရစ္စတယ်ပဲလေ့စ်အသင်း ပြန်နိုးထလာမှုနဲ့ တချို့ပွဲတွေကို အနိုင်ကစားနိုင် ခဲ့တဲ့အတွက် ၂၇ ပွဲကစားပြီးချိန်မှာ ၈ ပွဲနိုင် ၆ ပွဲသရေ ၁၃ ပွဲရှုံးနိမ့်မှုနဲ့အတူ ၂၂မှတ်နဲ့ အဆင့်၁၃ နေရာထိရောက်လာခဲ့ပါတယ်။

ပဲလေ့စ်အသင်းမှာ ဇာဟာ၊တောင်ဆန်၊ မီလိုဗိုဂျီဗစ်တို့ ခြေစွမ်းပျောက်ရင်ပျောက်သလို ပဲလေ့စ်ခြေစွမ်း က သာမန်အောက်ရောက်သွားတဲ့အတွက် မာမာထန်ထန်ကစားတတ်တဲ့ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်လို အ သင်းမျိုးနဲ့တွေ့ရင် ပဲလေ့စ်အသင်းသိပ်မထိန်းနိုင်တာကို တွေ့ရပါတယ်။ဒီရာသီခရစ္စတယ်ပဲလေ့စ်အသင်းအိမ်ကွင်းရလဒ်တွေက ၁၃ ပွဲမှာ ၃ ပွဲနိုင် ၄ ပွဲသရေ ၆ ပွဲရှုံးဖြစ်ပြီး အ လယ်အလတ်အသင်းအနေနဲ့ ၆ ပွဲသာရှုံးတာ သတိတော့ထားရမယ့်အဆင့်ပါဘဲ။

မန်ယူအသင်းကတော့ ဥရောပ ပွဲကလွဲပြီး ကျန်ပြည်တွင်းပွဲတွေမှာ ရာနူန်းပြည်နီးပါးနိုင်ပြီး ကစား သမားအားလုံးနီးပါး ဒဏ်ရာကင်းစင်နေသလို စိတ်ဓာတ်လည်း အမြင့်ပိုင်းရောက်နေတဲ့အတွက် မန်ယူအသင်း ရဲ့ ခြေစွမ်းက လတ်တလောမှာ  ပြိုင်ဘက်တွေအတွက် သတိထားစရာပါ။ အထူးသဖြင့် ဂိုး - ဒီဂီယာ၊ ကွင်း လယ်က ပေါ့ဂ်ဘာ၊ နောက်တန်းက လင်ဒီလော့ဖ်၊ရှေ့တန်းက ရပ်ရှ်ဖိုဒ့်တို့ရဲ့ ခြေစွမ်းကကောင်းနေတဲ့ အတွက် မန်ယူအသင်းအဝေးကွင်းခြေကို သတိထားဖို့ လိုနေပါတယ်။

ပြီးခဲ့တဲ့ ပွဲစဉ် ၂၇ အိမ်ကွင်းမှာ ဒီရာသီ ခြေစွမ်းအထက်ဆုံး လီဗာပူးလ်ကို ခြေအသာနဲ့ သရေ ကစားခဲ့ ပြီး ပရီးမီးယားလိဂ် အဆင့် ၄ နေရာထိ တက်လာခဲ့ပါတယ်။ ပွဲကြိုထွက်ပေါ်လာတဲ့ လူစာရင်းအရအိမ်ရှင် ရှေ့တန်း-တောင်ဆန်၊ဘတ်ရှုအာယီ၊ ဇာဟာ၊အလယ် တန်း- မက်အာသာ၊ မီလိုဗိုဂျီဗစ်စ်၊ ရှပ်လ်ပက်၊ နောက်တန်း- ဗန်အန်ဟော့၊ဆာခို၊တွန်ကင်း၊ ဂျိုးဝပ်ဒ့်နဲ့ ဂိုး-ဂူတီယာ တို့နဲ့ ပွဲထွက်လာနိုင်ပြီး မန်ယူအသင်းဘက်က မန်ယူအသင်းကတော့ ရှေ့တန်း- မာစီရယ်၊ လူကာကူ၊ ဆန်းချက်ဇ်၊ အလယ်တန်း- ပေါ့ဂ်ဘာ၊ မက်တွန်နေး၊ ပီရဲရား၊ နောက်တန်း-လုခ်ရှော၊ လင်ဒီလော့ဖ်၊စမောလင်း၊ အက်ရှ်လေယန်း၊ဂိုး- ဒီဂီယာ တို့ နဲ့ ပွဲထွက်လာဖွယ်ရှိနေပြီး ပါတယ်။

ဒီပွဲကိုဘွတ်ကီဒိုင်တွေက မန်ယူ်ဘက်ကနေ သရေ ပြား၃၀ အရှုံး အထိပေးထားပြီး ဂိုးပေါင်းကို သုံးလုံး ၉၅ ပြားအနိုင်ပေးထားပါတယ်။ အစဉ်အလာအရမန်ယူသာပေမယ့် ပဲလေ့စ်ယခုရာသီအိမ်ကွင်းနောက်ဆုံး ပွဲစဉ်တွေမှာ အသင်းကြီးတွေအအခက်တွေ့နေတဲ့အတွက် အိမ်ရှင်နဲ့ ဂိုးအများကိုအားပေးရမှာ ဖြစ်ပါ ကြောင်း။။။။။။

KON (SPORT) 

 

(  Zawgyi  )

 ယေန႔ည၂ နာရီခြဲမွာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၇ အျဖစ္ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔ မန္ယူအသင္းတို႔ ခရစၥတယ္ပဲေလ့စ္ကြင္းမွာကစားၾကမွာ ျဖစ္ပါတယ္။

ေတြ႕ဆုံမႈေတြအရၿပီးခဲ့တဲ့ ႏွစ္ ေတြဆုံမႈမွာ ႏွစ္ေက်ာ့စလုံး အႏိုင္ရခဲ့ေပမယ့္ ယခုႏွစ္ မန္ယူကြင္းမွာ ေတြ႕ဆုံမႈမွာ ဂိုးမရွိသေရက်ခဲ့တဲ့အတြက္ ယခုပြဲမွာလည္းဧည္သည္ဘက္ကအစဥ္အလာအရ အႏိုင္ရဖို႔မ်ား ေနပါတယ္။ လတ္တေလာမွာ ခရစၥတယ္ပဲေလ့စ္အသင္းက ေကာ္နာဝီလွ်ံ၊ ဆာခိုတို႔လို႔ အဓိကကစားသမားေတြ ထိခိုက္ဒဏ္ရာေတြနဲ႔ နပမ္းလုံးေနရတဲ့အတြက္ ေျခမွန္ေနတဲ့မန္ယူအသင္းကို အိမ္ကြင္းမွာ သူတင္ ကိုယ္တင္ ကစားဖို႔ ခရစၥပဲေလ့စ္ အသင္း႐ုန္းရဖို႔ မ်ားေနပါတယ္။ ဒါေပမယ့္ ခ်ယ္လ္ဆီးတိုက္စစ္မႉး ဘာရႈအာယီကို အငွားနဲ႔ေခၚခဲ့တဲ့ အတြက္ တိုက္စစ္ပိုင္းမွာ ေဟာ့ဆန္အတြက္  ေ႐ြးခ်ယ္စရာမ်ားလာၿပီ ျဖစ္ပါတယ္။

ပြဲစဥ္ေတြ ကုန္ဆုံးဖို႔ နီးလာခ်ိန္မွာ အိမ္ရွင္ခရစၥတယ္ပဲေလ့စ္အသင္းက ဇန္နဝါရီ၊ေဖေဖၚဝါရီ ၂ လအ တြင္း ၿပိဳင္ပြဲစုံ ၁၀ ပြဲမွာ လီဗာပူးလ္ကို အေဝးကြင္းမွာ ၄-၃၊ ဝက္ဖိုဒ့္ကို အိမ္ကြင္းမွာ ၁-၂ နဲ႔ ရႈံးၿပီး ၂ ပြဲသေရ ၆ ပြဲႏိုင္ခဲ့ပါတယ္။ အႏိုင္ရတဲ့ အသင္းေတြထဲမွာ စပါး၊လက္စတာတို႔ ပါသလို ပြဲတိုင္း ဂိုးသြင္း ႏိုင္ခဲ့ပါတယ္။ စပါးကို အိမ္ကြင္းမွာ ႏိုင္ၿပီး ခရစၥတယ္ပဲေလ့စ္အသင္း ျပန္ႏိုးထလာမႈနဲ႔ တခ်ိဳ႕ပြဲေတြကို အႏိုင္ကစားႏိုင္ ခဲ့တဲ့အတြက္ ၂၇ ပြဲကစားၿပီးခ်ိန္မွာ ၈ ပြဲႏိုင္ ၆ ပြဲသေရ ၁၃ ပြဲရႈံးနိမ့္မႈနဲ႔အတူ ၂၂မွတ္နဲ႔ အဆင့္၁၃ ေနရာထိေရာက္လာခဲ့ပါတယ္။

ပဲေလ့စ္အသင္းမွာ ဇာဟာ၊ေတာင္ဆန္၊ မီလိုဗိုဂ်ီဗစ္တို႔ ေျခစြမ္းေပ်ာက္ရင္ေပ်ာက္သလို ပဲေလ့စ္ေျခစြမ္း က သာမန္ေအာက္ေရာက္သြားတဲ့အတြက္ မာမာထန္ထန္ကစားတတ္တဲ့ ဝက္စ္ဟမ္း၊ ေဆာက္သမ္တန္လို အ သင္းမ်ိဳးနဲ႔ေတြ႕ရင္ ပဲေလ့စ္အသင္းသိပ္မထိန္းႏိုင္တာကို ေတြ႕ရပါတယ္။ဒီရာသီခရစၥတယ္ပဲေလ့စ္အသင္းအိမ္ကြင္းရလဒ္ေတြက ၁၃ ပြဲမွာ ၃ ပြဲႏိုင္ ၄ ပြဲသေရ ၆ ပြဲရႈံးျဖစ္ၿပီး အ လယ္အလတ္အသင္းအေနနဲ႔ ၆ ပြဲသာရႈံးတာ သတိေတာ့ထားရမယ့္အဆင့္ပါဘဲ။

မန္ယူအသင္းကေတာ့ ဥေရာပ ပြဲကလြဲၿပီး က်န္ျပည္တြင္းပြဲေတြမွာ ရာႏူန္းျပည္နီးပါးႏိုင္ၿပီး ကစား သမားအားလုံးနီးပါး ဒဏ္ရာကင္းစင္ေနသလို စိတ္ဓာတ္လည္း အျမင့္ပိုင္းေရာက္ေနတဲ့အတြက္ မန္ယူအသင္း ရဲ႕ ေျခစြမ္းက လတ္တေလာမွာ  ၿပိဳင္ဘက္ေတြအတြက္ သတိထားစရာပါ။ အထူးသျဖင့္ ဂိုး - ဒီဂီယာ၊ ကြင္း လယ္က ေပါ့ဂ္ဘာ၊ ေနာက္တန္းက လင္ဒီေလာ့ဖ္၊ေရွ႕တန္းက ရပ္ရွ္ဖိုဒ့္တို႔ရဲ႕ ေျခစြမ္းကေကာင္းေနတဲ့ အတြက္ မန္ယူအသင္းအေဝးကြင္းေျခကို သတိထားဖို႔ လိုေနပါတယ္။

ၿပီးခဲ့တဲ့ ပြဲစဥ္ ၂၇ အိမ္ကြင္းမွာ ဒီရာသီ ေျခစြမ္းအထက္ဆုံး လီဗာပူးလ္ကို ေျခအသာနဲ႔ သေရ ကစားခဲ့ ၿပီး ပရီးမီးယားလိဂ္ အဆင့္ ၄ ေနရာထိ တက္လာခဲ့ပါတယ္။ ပြဲႀကိဳထြက္ေပၚလာတဲ့ လူစာရင္းအရအိမ္ရွင္ ေရွ႕တန္း-ေတာင္ဆန္၊ဘတ္ရႈအာယီ၊ ဇာဟာ၊အလယ္ တန္း- မက္အာသာ၊ မီလိုဗိုဂ်ီဗစ္စ္၊ ရွပ္လ္ပက္၊ ေနာက္တန္း- ဗန္အန္ေဟာ့၊ဆာခို၊တြန္ကင္း၊ ဂ်ိဳးဝပ္ဒ့္နဲ႔ ဂိုး-ဂူတီယာ တို႔နဲ႔ ပြဲထြက္လာႏိုင္ၿပီး မန္ယူအသင္းဘက္က မန္ယူအသင္းကေတာ့ ေရွ႕တန္း- မာစီရယ္၊ လူကာကူ၊ ဆန္းခ်က္ဇ္၊ အလယ္တန္း- ေပါ့ဂ္ဘာ၊ မက္တြန္ေနး၊ ပီရဲရား၊ ေနာက္တန္း-လုခ္ေရွာ၊ လင္ဒီေလာ့ဖ္၊စေမာလင္း၊ အက္ရွ္ေလယန္း၊ဂိုး- ဒီဂီယာ တို႔ နဲ႔ ပြဲထြက္လာဖြယ္ရွိေနၿပီး ပါတယ္။

ဒီပြဲကိုဘြတ္ကီဒိုင္ေတြက မန္ယူ္ဘက္ကေန သေရ ျပား၃၀ အရႈံး အထိေပးထားၿပီး ဂိုးေပါင္းကို သုံးလုံး ၉၅ ျပားအႏိုင္ေပးထားပါတယ္။ အစဥ္အလာအရမန္ယူသာေပမယ့္ ပဲေလ့စ္ယခုရာသီအိမ္ကြင္းေနာက္ဆုံး ပြဲစဥ္ေတြမွာ အသင္းႀကီးေတြအအခက္ေတြ႕ေနတဲ့အတြက္ အိမ္ရွင္နဲ႔ ဂိုးအမ်ားကိုအားေပးရမွာ ျဖစ္ပါ ေၾကာင္း။။။။။။

KON (SPORT)