【 အားကစား 】မန်ယူအတွက် ခါးသီးတဲ့ ဒါဘီပြိုင်ဘက် မန်စီးတီးကိုအိမ်ကွင်းမှာလက်စားချေနိုင်ပါ့မလား

 【  အားကစား  】မန်ယူအတွက် ခါးသီးတဲ့ ဒါဘီပြိုင်ဘက် မန်စီးတီးကိုအိမ်ကွင်းမှာလက်စားချေနိုင်ပါ့မလား

ဒီညတစ်နာရီခွဲမှာပရီမီးယားလိဂ်ပွဲစဉ် ၃၁ အဖြစ် ပွဲကြီး ပွဲကောင်း တစ်ပွဲရှိပါတယ်။ဒီပွဲကပရီးမီးယား လိဂ်စောင့်ကြည့် သူတွေ အတွက် စောင့်နေရတဲ့ ပွဲတစ်ခုဖြစ်ပြီး မန်ယူအသင်းရော၊ မန်စီးတီးအသင်းအတွက်ပါ အမှတ်ဆုံးရှုံးလို့မရတဲ့ ပွဲစဉ်တစ်ခု လည်း ဖြစ်နေတဲ့ အတွက် ပြိုင်ဆိုင်မှုအားကြီးတဲ့ ပွဲစဉ် တစ်ခုဖြစ် လာမှာ သေချာနေပါတယ်။
    
ဒီပွဲမှာလက်ရှိခြေစွမ်းအရဆိုမန်ယူအသင်းအကျဘက်ရောက်ပြီး အဝေးကွင်းသုံးပွဲဆက်နိုင်ပွဲ ပျောက် ကာ လောလောလတ်လတ် ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပွဲမှာအရှက်တကွဲခြေပြတ် ဂိုးပြတ်နဲ့ လေးဂိုးပြတ် ရှုံးခဲ့တဲ့ အတွက် မန်စီးတီးနဲ့တွေ့မယ့် ဒါဘီပွဲမှာ မန်ယူအသင်းစိတ်ဓာတ်ကအနိုင်ရလိုစိတ်ပြင်းပြနေမလားဆိုတာ ထည့်တွက်ဖို့ လိုလာပြီ ဖြစ်ပါတယ်။

မန်ယူအသင်းနည်းပြအဖြစ် ဆိုးလ်ရှားကိုအတည်ခန့်လိုက်ကတည်း ကရှုံးပွဲတွေ ကြုံလာရသလို မော်ရင်ဟို လက်ထက်ကလိုဘဲ မန်ယူ အသင်း ကစားသမားတွေ စိတ်ဓာတ် ကနည်းပြကို ကလန်ကဆန် လုပ်ချင်တဲ့ စိတ်၊ ဒုက္ခပေးချင်တဲ့စိတ်ကိုဆိုးလ်ရှားလက်ထက်မှာ ပြန်တွေ့နေရပြီ ဖြစ်ပါတယ်။ အထူးသဖြင့် မာစီရယ်လ်၊ ပေါ့ဂ်ဘာ တို့ကစားပုံကအဲဗာတန်ပွဲမှာအတော်လေးသိသာခဲ့ပြီးကိုယ်ကိုကိုအထင်ကြီးနေတဲ့ မာစီရယ်လ်၊ တိုက်စစ်မှူးတစ်ယောက်ပုံစံထက် နပမ်းသမားပုံပေါက်နေတဲ့ လူကာကူလိုတိုက်စစ်မှူးတွေ ဆီကနေ ဂိုးတွေ ရဖို့ မျှော်လင့်နေရတဲ့ မန်ယူနည်းပြအတွက် ဒီရာသီမှာ ဂိုးပေါင်း၈၇ ဂိုးထိသွင်းယူထားတဲ့ မန်စီးတီးတိုက်စစ်ကို ပြိုင်ဖို့ရာ အတော်လေး ခက်ခဲနေမှာအသေအချာပါဘဲ။

ချန်ပီယံလိဂ်ဝင့်ခွင့်ကနေ ေ၀ဝါးလာတဲ့ အိမ်ရှင်မန်ယူအတွက် ဒီပွဲမှာမန်စီးတီးကိုအနိုင်ရဖို့ ဆိုတာထက် လက်ရှိကစားသမားတွေ စိတ်ဓာတ်ကြောင့် အရှက်တကွဲမရှုံးရင် အတော်လေး ကံကောင်း တယ် လို့ ပြောလို့ရတဲ့ အခြေအနေပါ။ ပွဲစဉ်တွေပြီးဆုံးဖို့ သုံးလေးပွဲ သာကျန်တော့တဲ့ အခြေအနေမှာအဆင့် လေးအတွင်းက အသင်းတွေ နဲ့ တစ်ပွဲစာ ၃ မှတ်ကွာဟနေပေမယ့် လက်ကျန် ပွဲတွေ ကအဆင့် ၄ နေရာကချယ်လ်ဆီး၊ တန်းဆင်းဇုန်ထဲက ဟက်ဒါစဖီးလ်နဲ့ နောက်ဆုံးအချိန်ထိရုန်းနေတဲ့ ကာဒစ်ဖ်တို့ ဖြစ်နေတဲ့ အတွက် လက်ကျန်ပွဲတွေမှာမန်ယူအတွက် အမှတ်တွေ က ခက်ခဲလာဖွယ်ရှိနေပါတယ်။မန်ယူအတွက် ဒီရာသီအိမ်ကွင်း ၃၂ ပွဲမှာ ၁၈ ပွဲနိုင် ၇ ပွဲသရေ ၇ ပွဲရှုံးပြီးသွင်းဂိုး ၆၁ ဂိုး ပေးဂိုး၄၃ ဂိုးထိရှိနေပါတယ်။

ဒီအချက်အလက်တွေအရမန်ယူခြေစွမ်းကယခုတလောအတော်လေးနိမ့်ကျ နေပြီးအသင်း လိုက်အားထုတ်မှု လျော့ရဲနေတဲ့အတွက် တကယ် ဖိဖိစီစီးကစားတဲ့ အသင်းတွေနဲ့တွေ့ ရင်  ရလဒ်ပိုင်းတွေ ဆိုးရွားနေတာကို ပြီးခဲ့တဲ့ အဲဗာတန်၊ ဝုဗ်၊ အာဆင်နယ် တွေနဲ့ ပွဲတွေမှာတွေ့ရမှာဖြစ်ပါတယ်။ချန်ပီယံလိဂ်ကနေမထင်မှတ်ဘဲစပါးကို အဝေးဂိုးနဲ့ ရှုံးခဲ့ရတဲ့ မန်စီးတီးကတော့ အမှတ်ပေးချန်ပီယံဆု အတွက် တစ်မှတ်ဆိုတစ်မှတ်အရေးကြီးနေတဲ့ ဒီအချိန်မှာ မန်ယူလို ဒါဘီပြိုင်ဘက်ကိုလျော့ကစားမှာမဟုတ် သလိုလက်တစ်ကမ်းက အမှတ်ပေးဖလားကိုလည်းလက်လွတ်ခံမှာမဟုတ်ပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့ စပါးနဲ့ ပွဲမှာအဂူရို၊ ဒီဗရိုင်းတို့ ဒဏ်ရာရခဲ့တဲ့ အတွက် မန်ယူကွင်းမှာကစားရမယ့် ဒါဘီပွဲမှာ ဆာနေး၊စတာလင်၊ ဂျီးဆပ်တို့နဲ့ ပွဲထွက်လာရဖွယ်ရှိနေပါတယ်။မန်စီးတီးအသင်းက ယခုရာသီအဝေး ကွင်း ၁၆ပွဲကစားခဲ့ရာမှာ၁၁ပွဲနိုင်ပြီး၂ ပွဲသရေ၁ ပွဲသာရှုံးခဲ့ပါတယ်။ အဲဒီ၁၆ပွဲမှာရဂိုး၃၁ဂိုးပေးဂိုး၁၁ဂိုးသာရှိပါ တယ်။ အိမ်ကွင်းပွဲစဉ် တွေမှာတစ်ပွဲကို၂ဂိုးသွင်းပြီးတစ်ဂိုးအောက် ပြန်ပေးရတဲ့ ခြေစွမ်းပါ။ဒီအတွက် မန်ယူ တိုက်စစ်မှူးတွေ ဂိုးရဖို့ အတော်လေးရုန်းကန်ရမှာဖြစ်သလိုမန်ယူနောက်တန်းအတွက်လည်းခက်ခက်ခဲခဲ ထိန်းချုပ်ရဖွယ်ရှိနေပါတယ်။

မန်ယူကွင်းနောက်ဆုံးတွေ့ဆုံမှု ၅ ကြိမ်မှာမန်စီးတီးက ၃ ပွဲနိုင် မန်ယူကတစ်ပွဲနိုင်ပြီးတစ်ပွဲသရေကျ ထားခဲ့ပါတယ်။ ယခုရာသီ ပထမအကျော့မှာလည်းမန်စီးတီးကအိမ်ကွင်းမှာမန်ယူကို ၃-၁ နဲ့အနိုင်ယူခဲ့ ပါတယ်။ ပွဲကြိုထွက်ပေါ်လာတဲ့ လူစာရင်းအရ အိမ်ရှင် မန်ယူအသင်းမှာတော့ ဂိုး-ဒီဂီယာ၊နောက်တန်းအက်ရှ်လေ ယန်း၊ လင်ဒီလော့ဖ်၊စမောလင်း၊လုခ်ရှော၊ အလယ်တန်း-မက်တွန်နေး၊ မာတစ်၊ ပေါ့ဂ်ဘာ၊ရှေ့တန်း-လင်ဒီဂတ်၊ လူကာကူ ၊ရပ်ရှ်ဖိုဒ့်တို့နဲ့ ပွဲထွက်လာဖို့ များပြီးမန်စီးတီးမှာဂိုး- အက်ဒါဆန်၊နောက်တန်း- ကိုင်လီဝေါ်လ်ကာ၊ဂျွန်စ တုန်း၊ လောပေါ်တီ၊ဇင်လင်စကီး၊ အလယ်တန်း- ဘာနာဒိုဆေးလ်ဗား၊ဖာနန်ဒင်ဟို၊ဒေးဗစ်လ် ဆေးလ်ဗား၊ ရှေ့ တန်း - စတာလင်း၊ ဂျီးဆပ်စ်၊ ဆာနေးတို့နဲ့ ပွဲထွက်လာဖွယ်ရှိနေပါတယ်။    

ဒီပွဲကိုဘွတ်ကီဒိုင်တွေကမန်စီးတီးဘက်ကနေအိမ်ရှင်မန်ယူကိုတစ်လုံး၁၀ ပြားအရှုံးပေးထားပြီး ဂိုးပေါင်းသုံးလုံးသရေပေးထား ပါတယ်။ဒီပွဲမှာဂိုးအပေါ်နေပြီးဘော်ဒီကိုပရီမီးယားအမှတ်ပေးချန်ပီယံအတွက် အမှားခံလို့ မရတော့တဲ့ မန်စီးတီးနဲ့ရပ်တည်တာ အကောင်းဆုံး လို့ထင်ပါကြောင်း….။။။။။

KON(SPORT)

(  Zawgyi  )

 ဒီညတစ္နာရီခြဲမွာပရီမီးယားလိဂ္ပြဲစဥ္ ၃၁ အျဖစ္ ပြဲႀကီး ပြဲေကာင္း တစ္ပြဲရွိပါတယ္။ဒီပြဲကပရီးမီးယား လိဂ္ေစာင့္ၾကည့္ သူေတြ အတြက္ ေစာင့္ေနရတဲ့ ပြဲတစ္ခုျဖစ္ၿပီး မန္ယူအသင္းေရာ၊ မန္စီးတီးအသင္းအတြက္ပါ အမွတ္ဆုံးရႈံးလို႔မရတဲ့ ပြဲစဥ္တစ္ခု လည္း ျဖစ္ေနတဲ့ အတြက္ ၿပိဳင္ဆိုင္မႈအားႀကီးတဲ့ ပြဲစဥ္ တစ္ခုျဖစ္ လာမွာ ေသခ်ာေနပါတယ္။
    
ဒီပြဲမွာလက္ရွိေျခစြမ္းအရဆိုမန္ယူအသင္းအက်ဘက္ေရာက္ၿပီး အေဝးကြင္းသုံးပြဲဆက္ႏိုင္ပြဲ ေပ်ာက္ ကာ ေလာေလာလတ္လတ္ ကစားခဲ့တဲ့ အဲဗာတန္နဲ႔ ပြဲမွာအရွက္တကြဲေျချပတ္ ဂိုးျပတ္နဲ႔ ေလးဂိုးျပတ္ ရႈံးခဲ့တဲ့ အတြက္ မန္စီးတီးနဲ႔ေတြ႕မယ့္ ဒါဘီပြဲမွာ မန္ယူအသင္းစိတ္ဓာတ္ကအႏိုင္ရလိုစိတ္ျပင္းျပေနမလားဆိုတာ ထည့္တြက္ဖို႔ လိုလာၿပီ ျဖစ္ပါတယ္။

မန္ယူအသင္းနည္းျပအျဖစ္ ဆိုးလ္ရွားကိုအတည္ခန႔္လိုက္ကတည္း ကရႈံးပြဲေတြ ႀကဳံလာရသလို ေမာ္ရင္ဟို လက္ထက္ကလိုဘဲ မန္ယူ အသင္း ကစားသမားေတြ စိတ္ဓာတ္ ကနည္းျပကို ကလန္ကဆန္ လုပ္ခ်င္တဲ့ စိတ္၊ ဒုကၡေပးခ်င္တဲ့စိတ္ကိုဆိုးလ္ရွားလက္ထက္မွာ ျပန္ေတြ႕ေနရၿပီ ျဖစ္ပါတယ္။ အထူးသျဖင့္ မာစီရယ္လ္၊ ေပါ့ဂ္ဘာ တို႔ကစားပုံကအဲဗာတန္ပြဲမွာအေတာ္ေလးသိသာခဲ့ၿပီးကိုယ္ကိုကိုအထင္ႀကီးေနတဲ့ မာစီရယ္လ္၊ တိုက္စစ္မႉးတစ္ေယာက္ပုံစံထက္ နပမ္းသမားပုံေပါက္ေနတဲ့ လူကာကူလိုတိုက္စစ္မႉးေတြ ဆီကေန ဂိုးေတြ ရဖို႔ ေမွ်ာ္လင့္ေနရတဲ့ မန္ယူနည္းျပအတြက္ ဒီရာသီမွာ ဂိုးေပါင္း၈၇ ဂိုးထိသြင္းယူထားတဲ့ မန္စီးတီးတိုက္စစ္ကို ၿပိဳင္ဖို႔ရာ အေတာ္ေလး ခက္ခဲေနမွာအေသအခ်ာပါဘဲ။

ခ်န္ပီယံလိဂ္ဝင့္ခြင့္ကေန ေ၀ဝါးလာတဲ့ အိမ္ရွင္မန္ယူအတြက္ ဒီပြဲမွာမန္စီးတီးကိုအႏိုင္ရဖို႔ ဆိုတာထက္ လက္ရွိကစားသမားေတြ စိတ္ဓာတ္ေၾကာင့္ အရွက္တကြဲမရႈံးရင္ အေတာ္ေလး ကံေကာင္း တယ္ လို႔ ေျပာလို႔ရတဲ့ အေျခအေနပါ။ ပြဲစဥ္ေတြၿပီးဆုံးဖို႔ သုံးေလးပြဲ သာက်န္ေတာ့တဲ့ အေျခအေနမွာအဆင့္ ေလးအတြင္းက အသင္းေတြ နဲ႔ တစ္ပြဲစာ ၃ မွတ္ကြာဟေနေပမယ့္ လက္က်န္ ပြဲေတြ ကအဆင့္ ၄ ေနရာကခ်ယ္လ္ဆီး၊ တန္းဆင္းဇုန္ထဲက ဟက္ဒါစဖီးလ္နဲ႔ ေနာက္ဆုံးအခ်ိန္ထိ႐ုန္းေနတဲ့ ကာဒစ္ဖ္တို႔ ျဖစ္ေနတဲ့ အတြက္ လက္က်န္ပြဲေတြမွာမန္ယူအတြက္ အမွတ္ေတြ က ခက္ခဲလာဖြယ္ရွိေနပါတယ္။မန္ယူအတြက္ ဒီရာသီအိမ္ကြင္း ၃၂ ပြဲမွာ ၁၈ ပြဲႏိုင္ ၇ ပြဲသေရ ၇ ပြဲရႈံးၿပီးသြင္းဂိုး ၆၁ ဂိုး ေပးဂိုး၄၃ ဂိုးထိရွိေနပါတယ္။

ဒီအခ်က္အလက္ေတြအရမန္ယူေျခစြမ္းကယခုတေလာအေတာ္ေလးနိမ့္က် ေနၿပီးအသင္း လိုက္အားထုတ္မႈ ေလ်ာ့ရဲေနတဲ့အတြက္ တကယ္ ဖိဖိစီစီးကစားတဲ့ အသင္းေတြနဲ႔ေတြ႕ ရင္  ရလဒ္ပိုင္းေတြ ဆိုး႐ြားေနတာကို ၿပီးခဲ့တဲ့ အဲဗာတန္၊ ဝုဗ္၊ အာဆင္နယ္ ေတြနဲ႔ ပြဲေတြမွာေတြ႕ရမွာျဖစ္ပါတယ္။ခ်န္ပီယံလိဂ္ကေနမထင္မွတ္ဘဲစပါးကို အေဝးဂိုးနဲ႔ ရႈံးခဲ့ရတဲ့ မန္စီးတီးကေတာ့ အမွတ္ေပးခ်န္ပီယံဆု အတြက္ တစ္မွတ္ဆိုတစ္မွတ္အေရးႀကီးေနတဲ့ ဒီအခ်ိန္မွာ မန္ယူလို ဒါဘီၿပိဳင္ဘက္ကိုေလ်ာ့ကစားမွာမဟုတ္ သလိုလက္တစ္ကမ္းက အမွတ္ေပးဖလားကိုလည္းလက္လြတ္ခံမွာမဟုတ္ပါဘူး။

ဒါေပမယ့္ ၿပီးခဲ့တဲ့ စပါးနဲ႔ ပြဲမွာအဂူ႐ို၊ ဒီဗ႐ိုင္းတို႔ ဒဏ္ရာရခဲ့တဲ့ အတြက္ မန္ယူကြင္းမွာကစားရမယ့္ ဒါဘီပြဲမွာ ဆာေနး၊စတာလင္၊ ဂ်ီးဆပ္တို႔နဲ႔ ပြဲထြက္လာရဖြယ္ရွိေနပါတယ္။မန္စီးတီးအသင္းက ယခုရာသီအေဝး ကြင္း ၁၆ပြဲကစားခဲ့ရာမွာ၁၁ပြဲႏိုင္ၿပီး၂ ပြဲသေရ၁ ပြဲသာရႈံးခဲ့ပါတယ္။ အဲဒီ၁၆ပြဲမွာရဂိုး၃၁ဂိုးေပးဂိုး၁၁ဂိုးသာရွိပါ တယ္။ အိမ္ကြင္းပြဲစဥ္ ေတြမွာတစ္ပြဲကို၂ဂိုးသြင္းၿပီးတစ္ဂိုးေအာက္ ျပန္ေပးရတဲ့ ေျခစြမ္းပါ။ဒီအတြက္ မန္ယူ တိုက္စစ္မႉးေတြ ဂိုးရဖို႔ အေတာ္ေလး႐ုန္းကန္ရမွာျဖစ္သလိုမန္ယူေနာက္တန္းအတြက္လည္းခက္ခက္ခဲခဲ ထိန္းခ်ဳပ္ရဖြယ္ရွိေနပါတယ္။

မန္ယူကြင္းေနာက္ဆုံးေတြ႕ဆုံမႈ ၅ ႀကိမ္မွာမန္စီးတီးက ၃ ပြဲႏိုင္ မန္ယူကတစ္ပြဲႏိုင္ၿပီးတစ္ပြဲသေရက် ထားခဲ့ပါတယ္။ ယခုရာသီ ပထမအေက်ာ့မွာလည္းမန္စီးတီးကအိမ္ကြင္းမွာမန္ယူကို ၃-၁ နဲ႔အႏိုင္ယူခဲ့ ပါတယ္။ ပြဲႀကိဳထြက္ေပၚလာတဲ့ လူစာရင္းအရ အိမ္ရွင္ မန္ယူအသင္းမွာေတာ့ ဂိုး-ဒီဂီယာ၊ေနာက္တန္းအက္ရွ္ေလ ယန္း၊ လင္ဒီေလာ့ဖ္၊စေမာလင္း၊လုခ္ေရွာ၊ အလယ္တန္း-မက္တြန္ေနး၊ မာတစ္၊ ေပါ့ဂ္ဘာ၊ေရွ႕တန္း-လင္ဒီဂတ္၊ လူကာကူ ၊ရပ္ရွ္ဖိုဒ့္တို႔နဲ႔ ပြဲထြက္လာဖို႔ မ်ားၿပီးမန္စီးတီးမွာဂိုး- အက္ဒါဆန္၊ေနာက္တန္း- ကိုင္လီေဝၚလ္ကာ၊ဂြၽန္စ တုန္း၊ ေလာေပၚတီ၊ဇင္လင္စကီး၊ အလယ္တန္း- ဘာနာဒိုေဆးလ္ဗား၊ဖာနန္ဒင္ဟို၊ေဒးဗစ္လ္ ေဆးလ္ဗား၊ ေရွ႕ တန္း - စတာလင္း၊ ဂ်ီးဆပ္စ္၊ ဆာေနးတို႔နဲ႔ ပြဲထြက္လာဖြယ္ရွိေနပါတယ္။    

ဒီပြဲကိုဘြတ္ကီဒိုင္ေတြကမန္စီးတီးဘက္ကေနအိမ္ရွင္မန္ယူကိုတစ္လုံး၁၀ ျပားအရႈံးေပးထားၿပီး ဂိုးေပါင္းသုံးလုံးသေရေပးထား ပါတယ္။ဒီပြဲမွာဂိုးအေပၚေနၿပီးေဘာ္ဒီကိုပရီမီးယားအမွတ္ေပးခ်န္ပီယံအတြက္ အမွားခံလို႔ မရေတာ့တဲ့ မန္စီးတီးနဲ႔ရပ္တည္တာ အေကာင္းဆုံး လို႔ထင္ပါေၾကာင္း….။။။။။

KON(SPORT)