,【 အားကစား 】အိမ်ကွင်း ပေးဂိုးများတဲ့ ဝက်စ်ဟမ်းကို ငြင်းပယ်ပြီး လီဗာပူးလ်နဲ့ ရပ်တည်မယ်

【   အားကစား  】အိမ်ကွင်း ပေးဂိုးများတဲ့ ဝက်စ်ဟမ်းကို ငြင်းပယ်ပြီး လီဗာပူးလ်နဲ့ ရပ်တည်မယ်

 ယနေ့ည၂ နာရီခွဲ မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ရဲ့ နောက်ဆုံးပွဲစဉ် အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ လီဗာပူးလ်အသင်းတို့ ယှဉ်ပြိုင် ကစား ကြ မှာ ဖြစ်ပါတယ်။

ဒီရာသီပထမအကျော့ လီဗာပူးလ်ကွင်းမှာကစားခဲ့စဉ်က အိမ်ရှင် အသင်း က ဝက်စ်ဟမ်းအသင်း ကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့အတွက်  ယခုပွဲမှာ အိမ်ရှင်ဝက်စ်ဟမ်းအသင်းက လီဗာပူးလ်အသင်းကို အိမ်ကွင်း အားနဲ့ ပြန် ခံကစားဖို့ ကြိုးစားလာမှာ သေချာနေပါတယ်။

ပရီးမီးယားလိဂ် အဆင့် ၁၂ နေရာက ဝက်စ်ဟမ်းအသင်းနဲ့ အဆင့် ၁ နေရာမှာရှိတဲ့ လီဗာပူးလ်အ သင်းတွေ့ဆုံမှုဖြစ်လို့ထုံးစံအရအပေါ် အသင်းအောက်အသင်းမှာ လီဗာပူးလ်အသာရနိုင်တယ် ဆိုတာ ကို သေချာပေမယ့် ဝက်စ်ဟမ်းအိမ်ကွင်းမှာ အသင်းကြီးတွေကို ဘယ်လို ဒုက္ခပေးလေ့ရှိလဲ ဆိုတာကို ထည့်တွက်ထားဖို့ လိုပါတယ်။

ပထမဆုံး သတိထားရမှာက လီဗာပူးလ်အသင်းရဲ့ အဝေးကွင်းခြေစွမ်း ကိုပါ။ ဒီရာသီအဝေးကွင်း ၁၂ ပွဲကစားခဲ့ရာမှာ ၉ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးပြီး ၂၃ ဂိုးသွင်းပြီး ၇ ဂိုးပြန်ပေးထားရပါတယ်။ တစ်ပွဲ ကို ၂ ဂိုးနူန်း သွင်းယူပြီး ဝဒသမ ၇  ဂိုးနူန်း ပြန်ပေးနေရပြီး၊ ဝက်စ် ဟမ်း အသင်းက အိမ်ကွင်း ၁၂ ပွဲမှာ ၅ ပွဲနိုင် ၂ ပွဲသရေ ၅ ပွဲရှုံး ထား ပါတယ်။၁၇ ဂိုးသွင်းပြီး ၁၈ ဂိုး ပြန်ပေးထားရပါတယ်။ တစ်ပွဲကို ၁ ဒသမ ၅ ဂိုးနူန်းပေးထားရကာ တစ်ပွဲကို ၁ ဂိုးနူန်းကျော် သွင်းယူထား ပါတယ်။

လီဗာပူးလ်အသင်းရဲ့အဝေးကွင်း ပေးဂိုးက ဝက်စ်ဟမ်းရဲ့ အိမ်ကွင်း ဂိုးပေးရထက် လျော့နည်းနေသလို ယခင် နှစ်ရလဒ်ကို ပြန်ကြည့် လိုက်ရင် လည်း လီဗာပူးလ်က ဝက်စ်ဟမ်းကို  ဂိုးပြတ်နိုင် ထားတာတွေ ကို တွေ့ ရမှာ ဖြစ်ပါတယ်။အနီးစပ်ဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ ဝက်စ်ဟမ်းက ဝုဗ်အသင်းကို အဝေးကွင်းမှာ ၃ ဂိုးပြတ်ရှုံး ခဲ့ပေမယ့် လီဗာပူးလ်အသင်းကတော့ လက်စတာအသင်းကို အိမ်ကွင်းမှာ ၁-၁ နဲ့ သရေသာ ကစားခဲ့ပါတယ်။

နည်းပြသစ် ပယ်ရီလီဂနီလက်ထက်မှာ ဝက်စ်ဟမ်းအသင်းဟာ အာဆင်နယ်က ဝီလ်ရှိုင်းယား၊ လူကပ် ပီရီးဇီး၊ ဖီအိုရင်တီးနား ကကား လို့စ်ဆန်းချက်ဇ်၊ ဆွမ်ဆီးကဖေဘီယန်စကီး၊ လာဇီယိုက ဖိလစ် အန် ဒါဆန်စတဲ့ ကစားသမားတွေ အားဖြည့်မှုများစွာပြုလုပ် ခဲ့ကာ အသင်းကိုပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အစောပိုင်းပွဲစဉ် တွေမှာ ရလဒ်မကောင်းခဲ့ပါဘူး။

ဒါပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာတော့ နိုင်ပွဲတွေ ရလာသလို ပွဲကိုထိန်းကစား တတ်တဲ့သူတွေ ဖြစ်တဲ့ ဇာဘလက်တာတို့ တိုက်စစ်က အာနူတိုဗစ်တို့ နဲ့ ခေါ်ထားတဲ့ ကစားသမားအသစ်တွေနဲ့ တွဲဖက်မိလာတဲ့ အတွက် ဝက်စ်ဟမ်းအသင်းကို ပေါ့ဆကစားမိတဲ့  အသင်းမှန်သမျှ ရလဒ်တွေ ဆုံးရှုံးခဲ့တာကို တွေ့ရပါတယ်။ဒါပေမယ့် အာနူတိုဗစ် နာနေတာ၊ ဒဏ်ရာရကစားသမားတွေ များနေတာက ဝက်စ်ဟမ်းကို ရှိသင့်တဲ့ အဆင့်နေရာမှာ မရှိရတဲ့ အကြောင်းအရာ ပါဘဲ။

လီဗာပူးလ်ကတော့ ဒီရာသီမှာ တိုက်စစ်မှူး ဆာလက်ချ် ဂိုးပေါက်ပြန်တွေ့ လာတာနဲ့ အတူ နေရာစုံက နေသွင်းယူတဲ့ ကစာစသမားတွေကြောင့် ဂိုးရမှာ မပူရတဲ့ အသင်းဖြစ်ပေမယ့် လက်စတာကို အိမ်ကွင်းမှာ သရေ ကျခဲ့တာက လီဗာပူးလ်တိုက်စစ် မက်ဂွီရီလို့ နောက်တန်းနဲ့တွေရင် လှုပ်မရတာ သတိထားဖွယ်ပါဘဲ။ ပယ်လ်ရီဂနီ လက်ထက် ၄-၁ ၄- ၁ ကစားကွက်နဲ့ ခင်းနေတဲ့ ဝက်စ်ဟမ်းအသင်း ကစားကွက်မှာနောက် တန်း က ဇာဘလက်တာ၊ ဘာဘူနာ၊ ဒစ်ပို့၊ အော့ဘွန်နာ၊ခရင်စ်ဝဲလ်အတွဲက ဆာလက်ချ်၊ ဖာမီနို၊ မာနေး ဦးဆောင်တဲ့ လီဗာပူးလ်တိုက်စစ်ကို ထိန်းနိုင်ဖို့ ဝါရင့်နည်းပြ ပယ်ရီလီဂနီက ဘယ်လောက်ပြင်ဆင်ထားမလဲ ဆိုတာ ကြည့်ရ မှာပါ။  

ပွဲကြိုစာရင်းအရ ဒီပွဲမှာ ဝက်စ်ဟမ်းအသင်းမှာဂိုး-ဖေဘီယန်စကီး၊နောက်တန်း- ဇာဘလက်တာ၊ ဒစ်ပို့၊ အော့ ဘွန်နာ၊ခရင်စ်ဝဲလ်၊ အလယ်တန်း - ဒီကလိုင်း ရီစ်၊ မာခ်နိုဘယ်၊ အန်တိုရီနို၊နာဆာရီ၊  ဖိလစ်အန်ဒါဆင်၊ ရှေ့တန်းမှာ အာနူတိုဗစ် ကိုတင်ပြီးအာဆင်နယ် ကို ရင်ဆိုင်ဖို့ ကြိုးစားလာမှာဖြစ်သလို ပွဲကြိုလူစာရင်းအရ လီဗာပူးလ် အသင်းမှာဂိုး-အယ်လစ်ဆန်၊ နောက်တန်း-  ဂျိမ်းမီလ်နာ ၊ ဗန်ဒစ်ချ်၊ ရောဘတ်ဆန်၊လိုဗရန့်၊ အလယ်တန်း-ဟန်ဒါဆင်၊ ဝိုင်နယ်လ်ဒယ်၊ဖာမီနို၊ရှာကွီရီ၊မာနေး၊  ရှေ့တန်း- ဆာလာတို့ နဲ့ ပွဲထွက်လာဖွယ်ရှိနေပါတယ်။

  ဝက်စ်ဟမ်းကွင်းမှာ ဝက်စ်ဟမ်းနဲ့ လီဗာပူးလ်အသင်းတွေဆုံမှု နောက်ဆုံး၅ ကြိမ်မှာလီဗာပူးလ်က  ၃ ကြိမ်နိုင်ပြီး ဝက်စ်ဟမ်းက ၂ ကြိမ်နိုင်ထားပါတယ်။ တစ်ပွဲကိုနှစ်သင်းပေါင်းသွင်းဂိုးပျမ်းမျှ ၃ ဂိုးအထက် ရှိတာကို တွေ့ရပါတယ်။

ဒီပွဲကိုဘွက်ကီဒိုင်တွေကအိမ်ရှင်လီဗာပူးလ်ဘက်ကနေနှစ်လုံးအသာ နဲ့ နိုင်ရင် ၁၀ ပြားအရှုံး နဲ့ ဂိုးပေါင်း က တော့ နှစ်သင်းပေါင်း သုံးလုံ ပြား၃၀ အရှုံးထိဈေးပေါက်နေတဲ့အတွက်  ဒီပွဲမှာ အဝေးကွင်း ပေးဂိုးများတဲ့ ဝက်စ်ဟမ်းအသင်းကိုရှောင်ပြီး လီဗာပူးလ်အသင်းနဲ့  ဂိုးအများကိုပိုအကြိုက်တွေ့မိကြောင်း…..။

KON(SPORT) 

(  Zawgyi  )

  ယေန႔ည၂ နာရီခြဲ မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၅ ရဲ႕ ေနာက္ဆုံးပြဲစဥ္ အျဖစ္ ဝက္စ္ဟမ္းအသင္းနဲ႔ လီဗာပူးလ္အသင္းတို႔ ယွဥ္ၿပိဳင္ ကစား ၾက မွာ ျဖစ္ပါတယ္။

ဒီရာသီပထမအေက်ာ့ လီဗာပူးလ္ကြင္းမွာကစားခဲ့စဥ္က အိမ္ရွင္ အသင္း က ၀က္စ္ဟမ္းအသင္း ကုိ ၄-၀ နဲ႔အႏုိင္ရခဲ့တဲ့အတြက္  ယခုပြဲမွာ အိမ္ရွင္၀က္စ္ဟမ္းအသင္းက လီဗာပူးလ္အသင္းကုိ အိမ္ကြင္း အားနဲ႔ ျပန္ ခံကစားဖို႕ ႀကိဳးစားလာမွာ ေသခ်ာေနပါတယ္။

ပရီးမီးယားလိဂ္ အဆင့္ ၁၂ ေနရာက ဝက္စ္ဟမ္းအသင္းနဲ႔ အဆင့္ ၁ ေနရာမွာရွိတဲ့ လီဗာပူးလ္အ သင္းေတြ႕ဆုံမႈျဖစ္လို႔ထုံးစံအရအေပၚ အသင္းေအာက္အသင္းမွာ လီဗာပူးလ္အသာရႏိုင္တယ္ ဆိုတာ ကို ေသခ်ာေပမယ့္ ဝက္စ္ဟမ္းအိမ္ကြင္းမွာ အသင္းႀကီးေတြကို ဘယ္လို ဒုကၡေပးေလ့ရွိလဲ ဆိုတာကို ထည့္တြက္ထားဖို႔ လိုပါတယ္။

ပထမဆုံး သတိထားရမွာက လီဗာပူးလ္အသင္းရဲ႕ အေဝးကြင္းေျခစြမ္း ကိုပါ။ ဒီရာသီအေဝးကြင္း ၁၂ ပြဲကစားခဲ့ရာမွာ ၉ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံးၿပီး ၂၃ ဂိုးသြင္းၿပီး ၇ ဂိုးျပန္ေပးထားရပါတယ္။ တစ္ပြဲ ကို ၂ ဂိုးႏူန္း သြင္းယူၿပီး ဝဒသမ ၇  ဂိုးႏူန္း ျပန္ေပးေနရၿပီး၊ ဝက္စ္ ဟမ္း အသင္းက အိမ္ကြင္း ၁၂ ပြဲမွာ ၅ ပြဲႏိုင္ ၂ ပြဲသေရ ၅ ပြဲရႈံး ထား ပါတယ္။၁၇ ဂိုးသြင္းၿပီး ၁၈ ဂိုး ျပန္ေပးထားရပါတယ္။ တစ္ပြဲကို ၁ ဒသမ ၅ ဂိုးႏူန္းေပးထားရကာ တစ္ပြဲကို ၁ ဂိုးႏူန္းေက်ာ္ သြင္းယူထား ပါတယ္။

လီဗာပူးလ္အသင္းရဲ႕အေဝးကြင္း ေပးဂိုးက ဝက္စ္ဟမ္းရဲ႕ အိမ္ကြင္း ဂိုးေပးရထက္ ေလ်ာ့နည္းေနသလို ယခင္ ႏွစ္ရလဒ္ကို ျပန္ၾကည့္ လိုက္ရင္ လည္း လီဗာပူးလ္က ဝက္စ္ဟမ္းကို  ဂိုးျပတ္ႏိုင္ ထားတာေတြ ကို ေတြ႕ ရမွာ ျဖစ္ပါတယ္။အနီးစပ္ဆုံး ကစားခဲ့တဲ့ ပြဲစဥ္မွာ ဝက္စ္ဟမ္းက ဝုဗ္အသင္းကို အေဝးကြင္းမွာ ၃ ဂိုးျပတ္ရႈံး ခဲ့ေပမယ့္ လီဗာပူးလ္အသင္းကေတာ့ လက္စတာအသင္းကို အိမ္ကြင္းမွာ ၁-၁ နဲ႔ သေရသာ ကစားခဲ့ပါတယ္။

နည္းျပသစ္ ပယ္ရီလီဂနီလက္ထက္မွာ ဝက္စ္ဟမ္းအသင္းဟာ အာဆင္နယ္က ဝီလ္ရႈိင္းယား၊ လူကပ္ ပီရီးဇီး၊ ဖီအိုရင္တီးနား ကကား လို႔စ္ဆန္းခ်က္ဇ္၊ ဆြမ္ဆီးကေဖဘီယန္စကီး၊ လာဇီယိုက ဖိလစ္ အန္ ဒါဆန္စတဲ့ ကစားသမားေတြ အားျဖည့္မႈမ်ားစြာျပဳလုပ္ ခဲ့ကာ အသင္းကိုျပင္ဆင္မႈေတြ ျပဳလုပ္ခဲ့ေပမယ့္ အေစာပိုင္းပြဲစဥ္ ေတြမွာ ရလဒ္မေကာင္းခဲ့ပါဘူး။

ဒါေပမယ့္ ေနာက္ပိုင္းပြဲစဥ္ေတြမွာေတာ့ ႏိုင္ပြဲေတြ ရလာသလို ပြဲကိုထိန္းကစား တတ္တဲ့သူေတြ ျဖစ္တဲ့ ဇာဘလက္တာတို႔ တိုက္စစ္က အာႏူတိုဗစ္တို႔ နဲ႔ ေခၚထားတဲ့ ကစားသမားအသစ္ေတြနဲ႔ တြဲဖက္မိလာတဲ့ အတြက္ ဝက္စ္ဟမ္းအသင္းကို ေပါ့ဆကစားမိတဲ့  အသင္းမွန္သမွ် ရလဒ္ေတြ ဆုံးရႈံးခဲ့တာကို ေတြ႕ရပါတယ္။ဒါေပမယ့္ အာႏူတိုဗစ္ နာေနတာ၊ ဒဏ္ရာရကစားသမားေတြ မ်ားေနတာက ဝက္စ္ဟမ္းကို ရွိသင့္တဲ့ အဆင့္ေနရာမွာ မရွိရတဲ့ အေၾကာင္းအရာ ပါဘဲ။

လီဗာပူးလ္ကေတာ့ ဒီရာသီမွာ တိုက္စစ္မႉး ဆာလက္ခ်္ ဂိုးေပါက္ျပန္ေတြ႕ လာတာနဲ႔ အတူ ေနရာစုံက ေနသြင္းယူတဲ့ ကစာစသမားေတြေၾကာင့္ ဂိုးရမွာ မပူရတဲ့ အသင္းျဖစ္ေပမယ့္ လက္စတာကို အိမ္ကြင္းမွာ သေရ က်ခဲ့တာက လီဗာပူးလ္တိုက္စစ္ မက္ဂြီရီလို႔ ေနာက္တန္းနဲ႔ေတြရင္ လႈပ္မရတာ သတိထားဖြယ္ပါဘဲ။ ပယ္လ္ရီဂနီ လက္ထက္ ၄-၁ ၄- ၁ ကစားကြက္နဲ႔ ခင္းေနတဲ့ ဝက္စ္ဟမ္းအသင္း ကစားကြက္မွာေနာက္ တန္း က ဇာဘလက္တာ၊ ဘာဘူနာ၊ ဒစ္ပို႔၊ ေအာ့ဘြန္နာ၊ခရင္စ္ဝဲလ္အတြဲက ဆာလက္ခ်္၊ ဖာမီႏို၊ မာေနး ဦးေဆာင္တဲ့ လီဗာပူးလ္တိုက္စစ္ကို ထိန္းႏိုင္ဖို႔ ဝါရင့္နည္းျပ ပယ္ရီလီဂနီက ဘယ္ေလာက္ျပင္ဆင္ထားမလဲ ဆိုတာ ၾကည့္ရ မွာပါ။  

ပြဲႀကိဳစာရင္းအရ ဒီပြဲမွာ ဝက္စ္ဟမ္းအသင္းမွာဂိုး-ေဖဘီယန္စကီး၊ေနာက္တန္း- ဇာဘလက္တာ၊ ဒစ္ပို႔၊ ေအာ့ ဘြန္နာ၊ခရင္စ္ဝဲလ္၊ အလယ္တန္း - ဒီကလိုင္း ရီစ္၊ မာခ္ႏိုဘယ္၊ အန္တိုရီႏို၊နာဆာရီ၊  ဖိလစ္အန္ဒါဆင္၊ ေရွ႕တန္းမွာ အာႏူတိုဗစ္ ကိုတင္ၿပီးအာဆင္နယ္ ကို ရင္ဆိုင္ဖို႔ ႀကိဳးစားလာမွာျဖစ္သလို ပြဲႀကိဳလူစာရင္းအရ လီဗာပူးလ္ အသင္းမွာဂိုး-အယ္လစ္ဆန္၊ ေနာက္တန္း-  ဂ်ိမ္းမီလ္နာ ၊ ဗန္ဒစ္ခ်္၊ ေရာဘတ္ဆန္၊လိုဗရန႔္၊ အလယ္တန္း-ဟန္ဒါဆင္၊ ဝိုင္နယ္လ္ဒယ္၊ဖာမီႏို၊ရွာကြီရီ၊မာေနး၊  ေရွ႕တန္း- ဆာလာတို႔ နဲ႔ ပြဲထြက္လာဖြယ္ရွိေနပါတယ္။

  ဝက္စ္ဟမ္းကြင္းမွာ ဝက္စ္ဟမ္းနဲ႔ လီဗာပူးလ္အသင္းေတြဆုံမႈ ေနာက္ဆုံး၅ ႀကိမ္မွာလီဗာပူးလ္က  ၃ ႀကိမ္ႏိုင္ၿပီး ဝက္စ္ဟမ္းက ၂ ႀကိမ္ႏိုင္ထားပါတယ္။ တစ္ပြဲကိုႏွစ္သင္းေပါင္းသြင္းဂိုးပ်မ္းမွ် ၃ ဂိုးအထက္ ရွိတာကို ေတြ႕ရပါတယ္။

ဒီပြဲကိုဘြက္ကီဒိုင္ေတြကအိမ္ရွင္လီဗာပူးလ္ဘက္ကေနႏွစ္လုံးအသာ နဲ႔ ႏိုင္ရင္ ၁၀ ျပားအရႈံး နဲ႔ ဂိုးေပါင္း က ေတာ့ ႏွစ္သင္းေပါင္း သုံးလုံ ျပား၃၀ အရႈံးထိေဈးေပါက္ေနတဲ့အတြက္  ဒီပြဲမွာ အေဝးကြင္း ေပးဂိုးမ်ားတဲ့ ဝက္စ္ဟမ္းအသင္းကိုေရွာင္ၿပီး လီဗာပူးလ္အသင္းနဲ႔  ဂိုးအမ်ားကိုပိုအႀကိဳက္ေတြ႕မိေၾကာင္း…..။

KON(SPORT)